သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင္႔အေရးေကာင္စီ ဆံုးျဖတ္ခ်က္ HRW ႀကိဳဆို


အဖဲြ႔၀င္ (၄၇)ႏိုင္ငံပါ၀င္တဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ

(Zawgyi/Unicode)

လူ႔အခြင့္အေရးေကာင္စီမွာ ဗုဒၶဟူးေန႔က ျမန္မာ့အေရးဆံုးျဖတ္ခ်က္ကို ကန္႔ကြက္သူမရွိ အတည္ျပဳလိုက္တာဟာ စစ္ေကာင္စီအေနနဲ႔ သူသြားေနတဲ့လမ္းေၾကာင္းကို ဘယ္ႏိုင္ငံကမွ ေထာက္ခံမႈမရွိဘူးဆိုတာျပသ လိုက္တာျဖစ္တယ္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးက ေျပာၾကားလိုက္ပါတယ္။

ျမန္မာစစ္တပ္နဲ႔ ဆက္စပ္ပတ္သက္ေနတဲ့ စီးပြားေရးလုပ္ငန္း အက်ဳိးအျမတ္ေတြကို စံုစမ္းစစ္ေဆးသြားဖို႔ တရုတ္အပါအ၀င္ ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေတြပါ လူ႔အခြင့္အေရးေကာင္စီကို တာ၀န္ေပးထားတဲ့ ျမန္မာ့အေရးဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ မအင္ၾကင္းႏိုင္က HRW အာရွေရးရာတာ၀န္ခံ Brad Adams ကို ဆက္သြယ္ေမးျမန္း တင္ျပမွာပါ။

အဖဲြ႔၀င္ (၄၇)ႏိုင္ငံပါ၀င္တဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီမွာ မေန႔က ကန္႔ကြက္သူမရွိ အတည္ျပဳလုိက္တဲ့ ျမန္မာ့အေရးဆံုးျဖတ္ခ်က္မ်ဳိးဟာ အလြန္ရွားပါးခဲယဥ္းသလို၊ ျမန္မာစစ္ေခါင္းေဆာင္ေတြအေနနဲ႔ သူတို႔သြားေနတဲ့ လမ္းေၾကာင္းကို ရပ္တန္႔ဖို႔၊ ျပန္သံုးသပ္ဖို႔ သတိေပး လိုက္တာျဖစ္တယ္လို႔ HRW အာရွေရးရာတာ၀န္ခံ Brad Adams က ဗီြအိုေအကို ေျပာပါတယ္။

”ဒီဆုံးျဖတ္ခ်က္က ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ ျမန္မာႏိုင္ငံအေနနဲ႔ အေပါင္းအသင္း မိတ္ေဆြ အနည္းအက်ဥ္းေလာက္ပဲရွိတယ္ဆိုတာ ျပသေနတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ တိုင္းျပည္တျပည္အေပၚ ဒီလိုျပစ္တင္ရႈတ္ခ်တဲ့ ဆုံးျဖတ္ခ်က္ကို ကန႔္ကြက္သူမရွိ တညီတၫြတ္တည္းရဖို႔ဆိုတာ အလြန္ရွားပါးခဲယဥ္းတာပါ။ ဆိုလိုတာက တ႐ုတ္၊ ႐ုရွား၊ က်ဴးဘား၊ ဗင္နီဇြဲလား စတဲ့ႏိုင္ငံေတြက ႏိုင္ငံတႏိုင္ငံခ်င္းစီအေပၚ ဆုံးျဖတ္ခ်က္ေတြကို အၿမဲတမ္းကန႔္ကြက္ေလ့ရွိတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ႏိုင္ငံေတြအေပၚမွာလည္း သူတို႔ကို ဆန႔္က်င္တဲ့ ဆုံးျဖတ္ခ်က္မ်ိဳးေတြ ခ်မွတ္မွာကို စိုးရိမ္ပူပန္ၾကတဲ့အတြက္ ကန႔္ကြက္ေနၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ အခုေတာ့ သူတို႔ ကန႔္ကြက္ျခင္းမရွိပါဘူး။ ဒါဘာေၾကာင့္လဲဆိုရင္ က်ေနာ္တို႔ရထားတဲ့ သတင္းေတြ၊ အခ်ိဳ႕အစိုးရေတြဆီကေန ရထားတဲ့ အခ်က္အလက္ေတြအရ တ႐ုတ္အေနနဲ႔အခု ျမန္မာစစ္ေကာင္စီရဲ႕လုပ္ရပ္ကို မႀကိဳက္ဘူးလို႔ သိရပါတယ္။ တပ္မေတာ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ အျခား အဆင့္ျမင့္ စစ္တပ္အရာရွိေတြနဲ႔ ပတ္သက္လို႔ တ႐ုတ္ကႏွစ္သက္တာမရွိဘူးလို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ ဘယ္အက်ိဳးစီးပြားပဲျဖစ္ျဖစ္ ကာကြယ္ဖို႔ဆိုၿပီး အာဏာသိမ္းဖို႔ မလိုအပ္ဘူးလို႔ တ႐ုတ္က ျမင္ပါတယ္။ အာဏာသိမ္းမႈဟာ တိုင္းျပည္ရဲ႕ တည္ၿငိမ္မႈ၊ ႏိုင္ငံေရးအရတည္ၿငိမ္မႈနဲ႔ေဒသတြင္း ဆက္ဆံေရးေတြကိုပါ ပ်က္စီးေစခဲ့ပါတယ္။ ဒါဟာ တကယ့္ကို ေဘးအႏၲရာယ္ႀကီးက်ေရာက္မႈတခုျဖစ္ပါတယ္။ အခုလို ျမန္မာ့အေရးဆုံးျဖတ္ခ်က္ကို ကန႔္ကြက္သူမရွိ အတည္ျပဳခဲ့တာ တကယ့္ကို ႀကိဳဆိုဝမ္းသာမိပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ စစ္အုပ္စုကို ဒီဆုံးျဖတ္ခ်က္က ေပးလိုက္တဲ့ အမွာစကားကေတာ့ သူတို႔သြားေနတဲ့ လမ္းေၾကာင္းကို ဘယ္သူမွ မေထာက္ခံၾကဘူးဆိုတာပါ။ သူတို႔အေနနဲ႔ ဒါကို ျပန္စဥ္းစားဖို႔လိုပါတယ္။”

အင္ၾကင္းႏိုင္။ ။ ဒီဆံုးျဖတ္ခ်က္ထဲမွာလည္း ျမန္မာစစ္တပ္နဲ႕သူနဲ႔ ပတ္သက္ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္းနဲ႕အက်ဳိးအျမတ္ေတြကို စံုစမ္းစစ္ေဆးဖို႔၊ ရရွိလာတဲ့ အခ်က္အလက္ေတြကို လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ အေသးစိတ္အစီအရင္ခံစာနဲ႔အႀကံဳျပဳခ်က္ေတြကိုတင္ျပဖို႔ ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေတြက လူ႔အခြင့္အေရးေကာင္စီကို တာ၀န္ေပးထားတဲ့ အခ်က္ပါတာ ေတြ႕ရပါတယ္။ ဒါဟာ ျမန္မာစစ္တပ္အေပၚ ထိေရာက္မႈဘယ္ေလာက္ရွိမလဲရွင့္။

Brad Adams ။။ ဒါက ျပင္းထန္တဲ့အေရးယူမႈအတြက္အေျခခံအုတ္ျမစ္ကို ျပင္ဆင္ဖို႔ အတြက္ ကြဲျပားတဲ့ ႏိုင္ငံေတြနဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီၾကားမွာ အတူတကြ ပိုမိုၿပီးအားေကာင္းေအာင္လုပ္ေဆာင္ဖို႔ လူ႔အခြင့္အေရးေကာင္စီရဲ႕ႀကိဳးပမ္းအားထုတ္မႈျဖစ္ပါတယ္။ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ ပစ္မွတ္ထားပိတ္ဆို႔မႈေတြကို ခ်မွတ္လို႔မရပါဘူး။ ဒါက သူ႔ရဲ႕လုပ္ပိုင္ခြင့္ထက္လည္း ေက်ာ္လြန္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံေတြအေနနဲ႔သူတို႔ကုိယ္တိုင္အေရးယူေဆာင္ရြက္ဖို႔ လိုအပ္တဲ့အခ်က္အလက္ေတြကို လူ႔အခြင့္အေရးေကာင္စီက ပံ့ပိုးေပးႏိုင္ပါတယ္။ ဒါအျပင္ စစ္ေကာင္စီနဲ႔ တပ္မေတာ္ရဲ႕ စီးပြားေရးအက်ဳိးအျမတ္ေတြကို စံုးစမ္းစစ္ေဆးမွာျဖစ္ပါတယ္။ ဒါက အမွန္တကယ္ မရွိမျဖစ္လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တရားမ၀င္ စစ္အုပ္စုအာဏာတည္ၿမဲေစတဲ့ ေငြေၾကးေတြျဖစ္ေနတာေၾကာင့္ပါ။

အင္ၾကင္းႏိုင္။ ။ ရန္ကုန္ အင္းစိန္ေထာင္ကေန ဖမ္းဆီးထားတဲ့ ဆႏၵျပသမားေတြထဲ အေယာက္ ၆၀၀ နီးပါးေလာက္ကို စစ္ေကာင္စီက မေန႔က ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒီလိုျပန္လႊတ္ေပးလိုက္တဲ့ အေၾကာင္းအရင္းကို ဘယ္လိုသံုးသပ္လဲရွင့္။

Brad Adams။ ။ သူတို႔ ဘာေၾကာင့္ လႊတ္ေပးသလဲဆိုတာ သိဖို႔ အလြန္ခဲယဥ္းပါတယ္။ ျမန္မာစစ္ေကာင္စီအေပၚ နားလည္ဖို႔ ခက္ခဲသလို၊ ထင္သာျမင္သာမႈမရွိတဲ့အျပင္ တံခါးေတြကိုလည္း ပိတ္ထားတာပါ။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ လူေတြကို မတရားဖမ္းဆီးထားတာကေန ျပန္လႊတ္ေပးတာကို သိသိသာသာႀကိဳဆိုပါတယ္။ သူတို႔ေတြဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကသူေတြျဖစ္ၿပီး အမ်ားစုက လူငယ္ေတြပါ။ ေနာက္ သတင္းတခုမွာ က်ေနာ္ေတြ႕လိုက္ ရတာက ဆႏၵျပပြဲတခုအၿပီး အဖမ္းခံခဲ့ရတဲ့ အုပ္စုတစုလည္း အစုလိုက္အၿပဳံလိုက္ လႊတ္ေပးတဲ့ အထဲမွာ ပါသြားတယ္ဆိုတာပါ။ ျဖစ္ႏိုင္တာကေတာ့ ေထာင္ေတြထဲမွာ လူဦးေရ သိပ္မ်ားလြန္းေနလို႔ ျဖစ္ႏိုင္ပါတယ္။ ေနာက္ ဆႏၵျပသူေတြထဲမွာ တခ်ိဳ႕ သူတို႔ရဲ႕မိဘေတြဟာ စစ္ေကာင္စီ နဲ႔ အဆက္အသြယ္ေတြ ရွိေနၿပီး သူတို႔ကေလးေတြ ဖမ္းဆီးခံထားရတာကို စစ္ေကာင္စီကို တိုင္ၾကားခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။

ျဖစ္ႏိုင္ေခ်ရွိတာ ေနာက္တခုက ဆႏၵျပသူေတြၾကား စစ္အုပ္စုက ခြဲခြဲျခားျခားျခား သိေအာင္လုပ္တာလည္းျဖစ္ႏိုင္ပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြနဲ႔ အျခားသူေတြၾကားမွာ အခုလႊတ္ေပးလိုက္သူေတြဟာ သူတို႔အေပၚ သိပ္ၿပီးၿခိမ္းေျခာက္မႈရွိမေနဘူးလို႔ စစ္အုပ္စုက ျမင္လို႔လည္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့လည္း စိတ္ဝင္စားဖို႔ေကာင္းတာက ဆႏၵျပတဲ့လူငယ္တခ်ိဳ႕ ဟာ လက္သုံးေခ်ာင္း ေထာင္ၿပီးထြက္လာၾကတာပါ။ ဒါက အေျခခံအားျဖင့္ သူတို႔အေနနဲ႔ ေနာက္ဆုတ္မွာ မဟုတ္ သလို စစ္ေကာင္စီကိုလည္း သူတို႔ ေက်နပ္လက္ခံမွာမဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း ျပသလိုက္တာျဖစ္ပါတယ္။ ဒါအျပင္ အက်ဥ္းေထာင္ကလြတ္လာတဲ့သူေတြနဲ႔ အင္တာဗ်ဴးကို က်ေနာ္ၾကည့္တဲ့အခါမွာ သူတို႔မွာ စိတ္ဓါတ္ခြန္အားအျပည့္ရွိေနတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ သူတို႔အေနနဲ႔ ေနာက္ဆုတ္သြားမွာမဟုတ္ပဲ ဒီမိုကေရစီမရမခ်င္း ဆႏၵျပလႈပ္ရွားသြားမယ္လို႔ေျပာဆိုတာေတြ ေတြ႕ခဲ့ရပါတယ္။”

HRW အာရွေရးရာတာ၀န္ခံ Brad Adams ေျပာသြားတာပါ။ အခုလို ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီရဲ႕ ဖိႏွိပ္အုပ္ခ်ုပ္မႈေတြကို ရပ္တန္႔ေအာင္ လက္ရွိ လူ႔အခြင့္အေရးေကာင္စီကအတည္ျပဳလုိက္တဲ့ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ကို အေျခခံၿပီး ကုလသမဂၢလံုၿခံဳေရးေကာင္စီအေနနဲ႔ ျမန္မာစစ္တပ္ကို ပစ္မွတ္ထား ပိတ္ဆို႔အေရးယူရဖို႔၊ ကမၻာလံုးဆိုင္ရာ လက္နက္ေရာင္းခ်မႈကို ပိတ္ဆို႔ဖို႔ လိုအပ္ေၾကာင္းနဲ႔ စစ္တပ္ရဲ႕ ပိုင္ဆိုင္မႈေတြ၊ ဘဏ္အေကာင့္ ေငြေၾကးေတြကို ထိထိေရာက္ ပိတ္ဆို႔ႏိုင္မွ ျမန္မာစစ္ေခါင္းေဆာင္ေတြ အေပၚ တကယ္ထိခိုက္ႏိုင္မွာ ျဖစ္ၿပီး ဒါဟာ ကုလသမဂၢလံုၿခံဳေရးေကာင္စီရဲ႕ တာ၀န္ျဖစ္တယ္လို႔ Brad Adams က ေျပာပါတယ္။

လူ႔အခြင္႔အေရးေကာင္စီ ဆံုးျဖတ္ခ်က္ HRW ႀကိဳဆို
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္
လူ႔အခြင့္အေရးေကာင္စီ ဆုံးျဖတ္ခ်က္ HRW ႀကိဳဆို
please wait

No media source currently available

0:00 0:05:26 0:00



.................

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် HRW ကြိုဆို

(Unicode)

လူ့အခွင့်အရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဟာ စစ်ကောင်စီအနေနဲ့ သူသွားနေတဲ့လမ်းကြောင်းကို ဘယ်နိုင်ငံကမှ ထောက်ခံမှုမရှိဘူးဆိုတာပြသ လိုက်တာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း အကျိုးအမြတ်တွေကို စုံစမ်းစစ်ဆေးသွားဖို့ တရုတ်အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေပါ လူ့အခွင့်အရေးကောင်စီကို တာဝန်ပေးထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က HRW အာရှရေးရာတာဝန်ခံ Brad Adams ကို ဆက်သွယ်မေးမြန်း တင်ပြမှာပါ။

အဖွဲ့ဝင် (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မနေ့က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မျိုးဟာ အလွန်ရှားပါးခဲယဉ်းသလို၊ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့သွားနေတဲ့ လမ်းကြောင်းကို ရပ်တန့်ဖို့၊ ပြန်သုံးသပ်ဖို့ သတိပေး လိုက်တာဖြစ်တယ်လို့ HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

”ဒီဆုံးဖြတ်ချက်က နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ အပေါင်းအသင်း မိတ်ဆွေ အနည်းအကျဉ်းလောက်ပဲရှိတယ်ဆိုတာ ပြသနေတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်တပြည်အပေါ် ဒီလိုပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်းရဖို့ဆိုတာ အလွန်ရှားပါးခဲယဉ်းတာပါ။ ဆိုလိုတာက တရုတ်၊ ရုရှား၊ ကျူးဘား၊ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေက နိုင်ငံတနိုင်ငံချင်းစီအပေါ် ဆုံးဖြတ်ချက်တွေကို အမြဲတမ်းကန့်ကွက်လေ့ရှိတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံတွေအပေါ်မှာလည်း သူတို့ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်မှာကို စိုးရိမ်ပူပန်ကြတဲ့အတွက် ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့ ကန့်ကွက်ခြင်းမရှိပါဘူး။ ဒါဘာကြောင့်လဲဆိုရင် ကျနော်တို့ရထားတဲ့ သတင်းတွေ၊ အချို့အစိုးရတွေဆီကနေ ရထားတဲ့ အချက်အလက်တွေအရ တရုတ်အနေနဲ့အခု မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ကို မကြိုက်ဘူးလို့ သိရပါတယ်။ တပ်မတော်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြား အဆင့်မြင့် စစ်တပ်အရာရှိတွေနဲ့ ပတ်သက်လို့ တရုတ်ကနှစ်သက်တာမရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အကျိုးစီးပွားပဲဖြစ်ဖြစ် ကာကွယ်ဖို့ဆိုပြီး အာဏာသိမ်းဖို့ မလိုအပ်ဘူးလို့ တရုတ်က မြင်ပါတယ်။ အာဏာသိမ်းမှုဟာ တိုင်းပြည်ရဲ့ တည်ငြိမ်မှု၊ နိုင်ငံရေးအရတည်ငြိမ်မှုနဲ့ဒေသတွင်း ဆက်ဆံရေးတွေကိုပါ ပျက်စီးစေခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ဘေးအန္တရာယ်ကြီးကျရောက်မှုတခုဖြစ်ပါတယ်။ အခုလို မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ တကယ့်ကို ကြိုဆိုဝမ်းသာမိပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို ဒီဆုံးဖြတ်ချက်က ပေးလိုက်တဲ့ အမှာစကားကတော့ သူတို့သွားနေတဲ့ လမ်းကြောင်းကို ဘယ်သူမှ မထောက်ခံကြဘူးဆိုတာပါ။ သူတို့အနေနဲ့ ဒါကို ပြန်စဉ်းစားဖို့လိုပါတယ်။”

အင်ကြင်းနိုင်။ ။ ဒီဆုံးဖြတ်ချက်ထဲမှာလည်း မြန်မာစစ်တပ်နဲ့သူနဲ့ ပတ်သက်ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့အကျိုးအမြတ်တွေကို စုံစမ်းစစ်ဆေးဖို့၊ ရရှိလာတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေးကောင်စီအနေနဲ့ အသေးစိတ်အစီအရင်ခံစာနဲ့အကြုံပြုချက်တွေကိုတင်ပြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လူ့အခွင့်အရေးကောင်စီကို တာဝန်ပေးထားတဲ့ အချက်ပါတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာစစ်တပ်အပေါ် ထိရောက်မှုဘယ်လောက်ရှိမလဲရှင့်။

Brad Adams ။။ ဒါက ပြင်းထန်တဲ့အရေးယူမှုအတွက်အခြေခံအုတ်မြစ်ကို ပြင်ဆင်ဖို့ အတွက် ကွဲပြားတဲ့ နိုင်ငံတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကြားမှာ အတူတကွ ပိုမိုပြီးအားကောင်းအောင်လုပ်ဆောင်ဖို့ လူ့အခွင့်အရေးကောင်စီရဲ့ကြိုးပမ်းအားထုတ်မှုဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီအနေနဲ့ ပစ်မှတ်ထားပိတ်ဆို့မှုတွေကို ချမှတ်လို့မရပါဘူး။ ဒါက သူ့ရဲ့လုပ်ပိုင်ခွင့်ထက်လည်း ကျော်လွန်ပါတယ်။ ဒါပေမယ့် နိုင်ငံတွေအနေနဲ့သူတို့ကိုယ်တိုင်အရေးယူဆောင်ရွက်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို လူ့အခွင့်အရေးကောင်စီက ပံ့ပိုးပေးနိုင်ပါတယ်။ ဒါအပြင် စစ်ကောင်စီနဲ့ တပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ်တွေကို စုံးစမ်းစစ်ဆေးမှာဖြစ်ပါတယ်။ ဒါက အမှန်တကယ် မရှိမဖြစ်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင် စစ်အုပ်စုအာဏာတည်မြဲစေတဲ့ ငွေကြေးတွေဖြစ်နေတာကြောင့်ပါ။

အင်ကြင်းနိုင်။ ။ ရန်ကုန် အင်းစိန်ထောင်ကနေ ဖမ်းဆီးထားတဲ့ ဆန္ဒပြသမားတွေထဲ အယောက် ၆၀၀ နီးပါးလောက်ကို စစ်ကောင်စီက မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းအရင်းကို ဘယ်လိုသုံးသပ်လဲရှင့်။

Brad Adams။ ။ သူတို့ ဘာကြောင့် လွှတ်ပေးသလဲဆိုတာ သိဖို့ အလွန်ခဲယဉ်းပါတယ်။ မြန်မာစစ်ကောင်စီအပေါ် နားလည်ဖို့ ခက်ခဲသလို၊ ထင်သာမြင်သာမှုမရှိတဲ့အပြင် တံခါးတွေကိုလည်း ပိတ်ထားတာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူတွေကို မတရားဖမ်းဆီးထားတာကနေ ပြန်လွှတ်ပေးတာကို သိသိသာသာကြိုဆိုပါတယ်။ သူတို့တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေဖြစ်ပြီး အများစုက လူငယ်တွေပါ။ နောက် သတင်းတခုမှာ ကျနော်တွေ့လိုက် ရတာက ဆန္ဒပြပွဲတခုအပြီး အဖမ်းခံခဲ့ရတဲ့ အုပ်စုတစုလည်း အစုလိုက်အပြုံလိုက် လွှတ်ပေးတဲ့ အထဲမှာ ပါသွားတယ်ဆိုတာပါ။ ဖြစ်နိုင်တာကတော့ ထောင်တွေထဲမှာ လူဦးရေ သိပ်များလွန်းနေလို့ ဖြစ်နိုင်ပါတယ်။ နောက် ဆန္ဒပြသူတွေထဲမှာ တချို့ သူတို့ရဲ့မိဘတွေဟာ စစ်ကောင်စီ နဲ့ အဆက်အသွယ်တွေ ရှိနေပြီး သူတို့ကလေးတွေ ဖမ်းဆီးခံထားရတာကို စစ်ကောင်စီကို တိုင်ကြားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ချေရှိတာ နောက်တခုက ဆန္ဒပြသူတွေကြား စစ်အုပ်စုက ခွဲခွဲခြားခြားခြား သိအောင်လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အခြားသူတွေကြားမှာ အခုလွှတ်ပေးလိုက်သူတွေဟာ သူတို့အပေါ် သိပ်ပြီးခြိမ်းခြောက်မှုရှိမနေဘူးလို့ စစ်အုပ်စုက မြင်လို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း စိတ်ဝင်စားဖို့ကောင်းတာက ဆန္ဒပြတဲ့လူငယ်တချို့ ဟာ လက်သုံးချောင်း ထောင်ပြီးထွက်လာကြတာပါ။ ဒါက အခြေခံအားဖြင့် သူတို့အနေနဲ့ နောက်ဆုတ်မှာ မဟုတ် သလို စစ်ကောင်စီကိုလည်း သူတို့ ကျေနပ်လက်ခံမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်။ ဒါအပြင် အကျဉ်းထောင်ကလွတ်လာတဲ့သူတွေနဲ့ အင်တာဗျူးကို ကျနော်ကြည့်တဲ့အခါမှာ သူတို့မှာ စိတ်ဓါတ်ခွန်အားအပြည့်ရှိနေတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့အနေနဲ့ နောက်ဆုတ်သွားမှာမဟုတ်ပဲ ဒီမိုကရေစီမရမချင်း ဆန္ဒပြလှုပ်ရှားသွားမယ်လို့ပြောဆိုတာတွေ တွေ့ခဲ့ရပါတယ်။”

HRW အာရှရေးရာတာဝန်ခံ Brad Adams ပြောသွားတာပါ။ အခုလို မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကို ရပ်တန့်အောင် လက်ရှိ လူ့အခွင့်အရေးကောင်စီကအတည်ပြုလိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အခြေခံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုကို ပိတ်ဆို့ဖို့ လိုအပ်ကြောင်းနဲ့ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်အကောင့် ငွေကြေးတွေကို ထိထိရောက် ပိတ်ဆို့နိုင်မှ မြန်မာစစ်ခေါင်းဆောင်တွေ အပေါ် တကယ်ထိခိုက်နိုင်မှာ ဖြစ်ပြီး ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တာဝန်ဖြစ်တယ်လို့ Brad Adams က ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG