သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတဝန္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပတဲ့ ေသဆုံး၊ ဒဏ္ရာရသူေတြ ထပ္တိုး


မတ္လ ၂၂ ရက္ေန႔ မႏၱေလးၿမိဳ႕ သပိတ္ စစ္ေၾကာင္း ျဖိဳခြင္းမႈအတြင္း ဒဏ္ရာရသူတဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (မတ္ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္မႈေတြ ႏိုင္ငံတဝန္း နည္းမ်ဳိးစုံနဲ႔ ဆက္လက္ ျပဳလုပ္ေနၾကတဲ့တခ်ိန္ထဲမွာပဲ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြလည္း ဆက္တိုက္ရွိေနတာေၾကာင့္ ေန႔စဥ္နီးပါး အသက္ဆုံးရႈံးမႈေတြ ျဖစ္ေနတာပါ။ ျမန္မာႏိုင္ငံတဝန္း ဒီကေန႔ ဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖိဳခြဲခဲ့တဲ့အေၾကာင္း မႏၱေလးၿမိဳ႕က ေပးပုိ႔ထားတဲ့ သတင္းကုိ ကိုေဇာ္၀င္းလႈိင္က စုစည္း တင္ျပေပးထားပါတယ္။

ဒီကေန႔ မတ္လ ၂၅ ရက္ေန႔ ျမန္မာႏိုင္ငံတဝန္း ဆနၵထုတ္ေဖာ္မႈေတြ ျဖစ္ေပၚခဲ့ၿပီး စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ လူေသဆုံုးခဲ့သလို၊ ဖမ္းဆီးခံရတာေတြလည္း ရွိခဲ့ပါတယ္။ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕မွာေတာ့ ဆႏၵျပသပိတ္ကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင္ လူေသဆံုးခဲ့တယ္လို႔ ေတာင္ႀကီး ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

“အခုေလာေလာဆယ္ ႏွစ္ ေယာက္ထိသြားတယ္။ တစ္ ေယာက္ကေတာ့ Head Shot ေပါ့ေနာ္။ တေယာက္ကေတာ့ က်ည္ေပါက္ၿပီး ထိသြားတယ္။ အခုေလာေလာဆယ္ အေနာက္ၿမိဳ႕ပတ္လမ္းဘက္မွာ ပစ္ေနတယ္။ နည္းနည္းအၾကမ္းဖက္ေနတယ္။ အေနာက္ၿမိဳ႕ပတ္လမ္းဘက္မွာ။ တေယာက္ကေတာ့ ေသဆုံးသြားတယ္။ ေနာက္တေယာက္ကေတာ့ မေသခ်ာေသးဘူး။ ဒါေပမဲ့ အေျခအေနမေကာင္းဘူး။ သူက က်ည္ေပါက္သြားတယ္ဆိုေတာ့ေလ။ အဲ့ဒီဟာကေတာ့ မေသခ်ာေသးဘူး။ တေယာက္ကေတာ့ ေသခ်ာတယ္။ မနက္က ဆိုင္ကယ္သပိတ္ၿဖိဳခြဲ ေနာက္ၿပီး ကံသာၿမိဳ႕မဘက္ေတြ ပစ္တယ္။ ေနာက္ၿပီး ၃ လမ္းဆုံေတြ ေရာက္ေနတယ္။ သူတို႔ အေနာက္ၿမိဳ႕ပတ္လမ္း ေတာက္ေလွ်ာက္ ၀င္ေနတာေပ့ါ။"

မေန႔ မတ္လ ၂၄ ရက္ ညပိုင္းမွာ စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ ခင္ဦးၿမိဳ႕နယ္မွာ ရပ္ကြက္ကင္းေစာင့့္ေနသူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က လာေရာက္ဖမ္းဆီးသြားၿပီး ၿမိဳ႕ခံေတြက ျပန္ေတာင္းဆိုတဲ့အတြက္ ျပန္လႊတ္ေပးခဲ့ေပမဲ့ ဒီကေန႔ မနက္ပိုင္းမွာေတာ့ ခင္ဦးၿမိဳ႕ေပၚမွာ ပစ္ခတ္တာေတြလုပ္လို႔ ဒဏ္ရာရတာေတြ ရွိခဲ့ၿပီး ၿမိဳ႕ခံေတြက နီးစပ္ရာ ရြာေတြဆီမွာ ထြက္ေျပးခိုလံႈေနရတယ္လို႔ ခင္ဦးၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

“ဒဏ္ရာရတာ သံုး ဦးရွိတယ္။ ဒါအတည္ျပဳႏိုင္တာေပါ့။ စာရင္းအတိအက်။ ထြက္ေျပးလာတဲ့သူေတြေျပာတာကေတာ့ ၿမိဳ႕ထဲမွာ ထပ္ထိခိုက္ဒဏ္ရာရမႈေတြလည္း ရွိေနတယ္။ သူတို႔ကေတာ့ ၅ ဦး ရွိတယ္ေျပာတယ္။ ဒါေပမဲ့ လက္ကို ထိခိုက္ဒဏ္ရာရသူကေတာ့ ဘုန္းႀကီးေက်ာင္းထဲမွာ ေဆးကုသမႈခံယူေန အေရးေပၚ ကုသမႈခံယူေနစဥ္မွာပဲ လာေရာက္ဖမ္းသြားတဲ့အတြက္ အဲ့ဒီလူကေတာ့ အဖမ္းခံလိုက္ရတာ ေသခ်ာတယ္။ လက္ျပတ္လုနီးပါး ဒဏ္ရာရသူေပါ့။ အဲ့ဒီလူကေတာ့ အဖမ္းခံလိုက္ရတယ္။ ၿမိဳ႕ေပၚကလူေတြလည္း ေရွာင္ေျပးေနၿပီး ေဘးနားက ရြာေတြကို သြားေရာက္ခိုလံႈေနရၿပီေပါ့။”

ဒါ့အျပင္ ေမာ္လၿမိင္ၿမိဳ႕မွာလည္း ဆႏၵထုတ္ေဖာ္သူေတြကို ပစ္ခတ္ၿဖိဳခြင္းတာေၾကာင့္ ဒဏ္ရာရသူေတြ ရွိၿပီး လူ ၂၀ ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔ ေမာင္လၿမိဳင္ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

“မနက္က ပစ္ၾကေတာ့ ေက်ာင္းသားေလးေတြက လမုတန္းရပ္ကြက္ဆိုတာရွိတယ္။ ေစ်းအေနာက္ဘက္မွာေလ... အဲ့ဒီဘက္ကိုေျပး၀င္ၾကေတာ့ သူတို႔လိုက္ဖမ္းတယ္ေပါ့ေနာ္။ အခုသိသေလာက္ ၁၉ ေယာက္ေလာက္ပါသြားတယ္ေျပာတယ္။ က်န္တာလည္း အဲ့ဒီရပ္ကြက္မွာ ပိတ္မိေနေတာ့ ဆိုင္ကယ္နဲ႔အုပ္စုက တျခားေနရာကေန ဒီေကာင္ေတြကို ဆႏၵျပန္ျပၿပီး ျပန္ေခၚထုတ္တယ္ေပါ့။ ရဲေတြကို ျပန္ေခၚထုတ္ေတာ့ အခုေတာ့ အဲ့ဒီမွာ ပိတ္မိေနတဲ့ ကေလးေတြေတာ့ လြတ္သြားၿပီ။ လမ္းမႀကီးမွာေတာ့ ၅ ေနရာ၊ ၆ ေနရာေလာက္ လမ္းပိတ္ထားတယ္။ ဒီဘက္က ေသဆံုးေတာ့မရွိဘူး။ မနက္ကဆို ၃ ေယာက္ထိတယ္။ တေယာက္ကဆို က်ည္အစစ္နဲ႔ထိတယ္။ ေနာက္ ၂ ေယာက္လား၊ ၃ ေယာက္လားမသိဘူး။ ရာဘာက်ည္ထိတယ္။”

ကခ်င္ျပည္နယ္ မိုးညွင္းၿမိဳ႕မွာလည္း ဆႏၵထုတ္ေဖာ္သူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္ၿဖိဳခြင္းတာေၾကာင့္ ၁ ေယာက္ေသဆံုးၿပီး ၃ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ မုိးညွင္းေဒသခံေတြက ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း လက္နက္ကိုင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ မေန႔ညက ဆယ္ေက်ာ္သက္လူငယ္တဦး ေသဆုံးခဲ့ပါတယ္။

စစ္ေကာင္စီဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္တာေတြေၾကာင့္ ေသဆံုးသူ ၃၀၀ နီးပါးအထိရွိလာၿပီး ဖမ္းဆီးခံရသူ ၂,၀၀၀ ေက်ာ္ရွိေနတာပါ။ မေန႔ မတ္လ ၂၄ ရက္ေန႔မွာေတာ့ ဖမ္းဆီးထိန္းသိမ္းထားသူ ၇၀၀ ဝန္းက်င္ေလာက္ကို ျပန္လႊတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုး

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှုတွေ နိုင်ငံတဝန်း နည်းမျိုးစုံနဲ့ ဆက်လက် ပြုလုပ်နေကြတဲ့တချိန်ထဲမှာပဲ အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ဆက်တိုက်ရှိနေတာကြောင့် နေ့စဉ်နီးပါး အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံတဝန်း ဒီကနေ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အကြောင်း မန္တလေးမြို့က ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒီကနေ့ မတ်လ ၂၅ ရက်နေ့ မြန်မာနိုင်ငံတဝန်း ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူသေဆုံးခဲ့သလို၊ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာတော့ ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင် လူသေဆုံးခဲ့တယ်လို့ တောင်ကြီး မြို့ခံတစ်ဦးကပြောပါတယ်။

“အခုလောလောဆယ် နှစ် ယောက်ထိသွားတယ်။ တစ် ယောက်ကတော့ Head Shot ပေါ့နော်။ တယောက်ကတော့ ကျည်ပေါက်ပြီး ထိသွားတယ်။ အခုလောလောဆယ် အနောက်မြို့ပတ်လမ်းဘက်မှာ ပစ်နေတယ်။ နည်းနည်းအကြမ်းဖက်နေတယ်။ အနောက်မြို့ပတ်လမ်းဘက်မှာ။ တယောက်ကတော့ သေဆုံးသွားတယ်။ နောက်တယောက်ကတော့ မသေချာသေးဘူး။ ဒါပေမဲ့ အခြေအနေမကောင်းဘူး။ သူက ကျည်ပေါက်သွားတယ်ဆိုတော့လေ။ အဲ့ဒီဟာကတော့ မသေချာသေးဘူး။ တယောက်ကတော့ သေချာတယ်။ မနက်က ဆိုင်ကယ်သပိတ်ဖြိုခွဲ နောက်ပြီး ကံသာမြို့မဘက်တွေ ပစ်တယ်။ နောက်ပြီး ၃ လမ်းဆုံတွေ ရောက်နေတယ်။ သူတို့ အနောက်မြို့ပတ်လမ်း တောက်လျှောက် ဝင်နေတာပေ့ါ။"

မနေ့ မတ်လ ၂၄ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ ရပ်ကွက်ကင်းစောင့်နေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး မြို့ခံတွေက ပြန်တောင်းဆိုတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ခင်ဦးမြို့ပေါ်မှာ ပစ်ခတ်တာတွေလုပ်လို့ ဒဏ်ရာရတာတွေ ရှိခဲ့ပြီး မြို့ခံတွေက နီးစပ်ရာ ရွာတွေဆီမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ခင်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

“ဒဏ်ရာရတာ သုံး ဦးရှိတယ်။ ဒါအတည်ပြုနိုင်တာပေါ့။ စာရင်းအတိအကျ။ ထွက်ပြေးလာတဲ့သူတွေပြောတာကတော့ မြို့ထဲမှာ ထပ်ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေတယ်။ သူတို့ကတော့ ၅ ဦး ရှိတယ်ပြောတယ်။ ဒါပေမဲ့ လက်ကို ထိခိုက်ဒဏ်ရာရသူကတော့ ဘုန်းကြီးကျောင်းထဲမှာ ဆေးကုသမှုခံယူနေ အရေးပေါ် ကုသမှုခံယူနေစဉ်မှာပဲ လာရောက်ဖမ်းသွားတဲ့အတွက် အဲ့ဒီလူကတော့ အဖမ်းခံလိုက်ရတာ သေချာတယ်။ လက်ပြတ်လုနီးပါး ဒဏ်ရာရသူပေါ့။ အဲ့ဒီလူကတော့ အဖမ်းခံလိုက်ရတယ်။ မြို့ပေါ်ကလူတွေလည်း ရှောင်ပြေးနေပြီး ဘေးနားက ရွာတွေကို သွားရောက်ခိုလှုံနေရပြီပေါ့။”

ဒါ့အပြင် မော်လမြိင်မြို့မှာလည်း ဆန္ဒထုတ်ဖော်သူတွေကို ပစ်ခတ်ဖြိုခွင်းတာကြောင့် ဒဏ်ရာရသူတွေ ရှိပြီး လူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မောင်လမြိုင်မြို့ခံတစ်ဦးကပြောပါတယ်။

“မနက်က ပစ်ကြတော့ ကျောင်းသားလေးတွေက လမုတန်းရပ်ကွက်ဆိုတာရှိတယ်။ ဈေးအနောက်ဘက်မှာလေ... အဲ့ဒီဘက်ကိုပြေးဝင်ကြတော့ သူတို့လိုက်ဖမ်းတယ်ပေါ့နော်။ အခုသိသလောက် ၁၉ ယောက်လောက်ပါသွားတယ်ပြောတယ်။ ကျန်တာလည်း အဲ့ဒီရပ်ကွက်မှာ ပိတ်မိနေတော့ ဆိုင်ကယ်နဲ့အုပ်စုက တခြားနေရာကနေ ဒီကောင်တွေကို ဆန္ဒပြန်ပြပြီး ပြန်ခေါ်ထုတ်တယ်ပေါ့။ ရဲတွေကို ပြန်ခေါ်ထုတ်တော့ အခုတော့ အဲ့ဒီမှာ ပိတ်မိနေတဲ့ ကလေးတွေတော့ လွတ်သွားပြီ။ လမ်းမကြီးမှာတော့ ၅ နေရာ၊ ၆ နေရာလောက် လမ်းပိတ်ထားတယ်။ ဒီဘက်က သေဆုံးတော့မရှိဘူး။ မနက်ကဆို ၃ ယောက်ထိတယ်။ တယောက်ကဆို ကျည်အစစ်နဲ့ထိတယ်။ နောက် ၂ ယောက်လား၊ ၃ ယောက်လားမသိဘူး။ ရာဘာကျည်ထိတယ်။”

ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာကြောင့် ၁ ယောက်သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာလည်း လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် မနေ့ညက ဆယ်ကျော်သက်လူငယ်တဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေကြောင့် သေဆုံးသူ ၃၀၀ နီးပါးအထိရှိလာပြီး ဖမ်းဆီးခံရသူ ၂,၀၀၀ ကျော်ရှိနေတာပါ။ မနေ့ မတ်လ ၂၄ ရက်နေ့မှာတော့ ဖမ်းဆီးထိန်းသိမ်းထားသူ ၇၀၀ ဝန်းကျင်လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG