သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတဝန္း အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပပြဲေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္လက္ျဖစ္ေပၚ


ကေလးၿမိဳ႕ ဆိုင္ကယ္သပိတ္စစ္ေၾကာင္းျမင္ကြင္း။ (ဓာတ္ပုံ - CJ- မတ္ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအႏွံ႔ၿမိဳ႕ေတြမွာ မေန႔ ဗုဒၶဟူးေန႔က အသံတိတ္သပိတ္ဆင္ႏဲႊခဲ့ၾကေပမဲ့ ဒီကေန႔ေတာ့ လမ္းမေပၚခ်ီတက္ဆႏၵျပတာေတြ ျပန္လုပ္လာၾကပါတယ္။ ရန္ကုန္၊ မုံ႐ြာ၊ မႏၲေလး၊ မိတၳီလာ၊ ပခုကၠဴ၊ ပဲခူး၊ ထားဝယ္၊ ျပင္ဦးလြင္၊ ကသာစတဲ့ၿမိဳ႕ေတြမွာ လူေထာင္ခ်ီပါဝင္တဲ့သပိတ္ေတြ၊ အ႐ုဏ္ဦးသပိတ္ေတြအျပင္ ဆိုင္ကယ္သပိတ္ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မႏၱေလးၿမိဳ႕က အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္႐ွားသူ ဆရာဝန္ေတြအပါအဝင္ က်န္းမာေရးဝန္ထမ္းေတြ၊ ဆိုင္ကယ္ေတြနဲ႔ စီတန္းလွည့္လည္ ဆႏၵျပသံေတြျဖစ္ပါတယ္။ အလားတူ လမ္းေလ ွ်ာက္ ခ်ီတက္ဆႏၵျပသူေတြလည္း အမ်ားအျပား႐ွိပါတယ္။

"စစ္အာဏာရွင္ က်ဆံုးေရး... ဒို႔အေရး ဒို႔အေရး၊ စစ္အာဏာရွင္ က်ဆံုးေရး... ဒို႔အေရး ဒို႔အေရး။"

ေတာင္ႀကီးက ဆႏၵျပပြဲမွာေတာ့ စစ္တပ္နဲ႔ ရဲက ပစ္ခတ္ၿဖိဳခြင္းလို႔ အမ်ိဳးသား ၂ ဦး ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးခဲ့ပါတယ္။ မိုးညႇင္းၿမိဳ႕နယ္မွာလည္း တစ္ဦးေသဆုံးခဲ့တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။ ဘားအံမွာလည္း မနက္ပိုင္း ဆႏၵျပေနသူေတြကို ရဲတပ္ဖြဲ႕က ပစ္ခတ္ၿဖိဳခြင္းလို႔ ၃ ဦးထက္ မနည္းဒဏ္ရာရခဲ့တယ္လို႔ မ်က္ျမင္ေတြက ဗြီအိုေအကိုေျပာပါတယ္။ ေမာ္လၿမိဳင္မွာေတာ့ လူ ၂၀ ေက်ာ္ ဖမ္းဆီးခံရပါတယ္။ ဒါ့အျပင္ စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕မွာလည္း ၃ ဦး ေသနတ္ဒဏ္ရာရခဲ့ၿပီးေတာ့ ၁၀ ဦးထက္မနည္း ဖမ္းဆီးခံရပါတယ္။

မေန႔ညကလည္း ​ေက်ာက္ပန္း​ေတာင္းၿမိဳ႕မွာ စစ္ေကာင္စီတပ္က ပစ္ခတ္လို႔ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးေသဆုံးခဲ့ပါတယ္။ စစ္ေကာင္စီတပ္က ေန႔ေရာ၊ ညပါ ပစ္ခတ္ၿဖိဳခြင္းလို႔ ေသဆုံးဒဏ္ရာရတာေတြ ရွိေနပမဲ့ ၿမိဳ႕အေတာ္မ်ားမ်ားမွာေတာ့ ပုံစံမ်ိဳးစုံနဲ႔ ဆႏၵထုတ္ေဖာ္တာေတြ အရွိန္မပ်က္ဆက္ရွိေနဆဲပါ။

ရန္ကုန္ၿမိဳ႕မွာဆိုရင္ စစ္အာဏာရွင္ကို ဆန္႔က်င္ဆႏၵျပသူေတြ မိုးမလင္းခင္ကတည္းက လမ္းမေတြေပၚ ျပန္ေရာက္လာခဲ့ပါတယ္။

လႈိင္၊ အင္းစိန္၊ မရမ္းကုန္း၊ ၊ သန္လ်င္၊ ေတာင္ဥကၠလာ၊​ တာေမြစတဲ့ ၿမိဳ႕နယ္ေတြမွာ အ႐ုဏ္ဦး သပိတ္ေတြကို ေနရာအႏွံ႔ဆင္ႏႊဲခဲ့ၾကၿပီးေတာ့ ေျမာက္ဒဂုံ၊ သာေကတနဲ႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ေတြမွာ လမ္းေလွ်ာက္ခ်ီတက္ဆႏၵျပၾကပါတယ္။ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲကၿဖိဳခြင္းလို႔ သဃၤန္းကြၽန္း သုဝဏၰမွာ ၃ ဦးထက္မနည္း ဒဏ္ရာရရွိထားၿပီး ၁၀ ဦးထက္မနည္း ဖမ္းဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ သဃၤန္းကြၽန္း လမ္းမေပၚက အတားအဆီးလုပ္ထားတဲ့ တာယာေတြ မီးေလာင္ေနတာလည္းေတြ႕ရပါတယ္။ ရန္ကုန္ၿမိဳ႕ထဲ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ လမ္းေပၚထြက္ ခ်ီတက္ၾကတဲ့ လမ္းေလွ်ာက္သပိတ္ေတြအျပင္ လူမဲ့သပိတ္၊ စစ္အာဏာရွင္ဆန္႔က်င္ေၾကာင္း စာသားခ်ိတ္ဆြဲထားတဲ့ မိုးပ်ံပူေဖါင္းသပိတ္ေတြနဲ႔ ပုံစံမ်ိဳးစုံဆင္ႏဲႊခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်

မြန်မာနိုင်ငံအနှံ့မြို့တွေမှာ မနေ့ ဗုဒ္ဓဟူးနေ့က အသံတိတ်သပိတ်ဆင်နွဲှခဲ့ကြပေမဲ့ ဒီကနေ့တော့ လမ်းမပေါ်ချီတက်ဆန္ဒပြတာတွေ ပြန်လုပ်လာကြပါတယ်။ ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ ပဲခူး၊ ထားဝယ်၊ ပြင်ဦးလွင်၊ ကသာစတဲ့မြို့တွေမှာ လူထောင်ချီပါဝင်တဲ့သပိတ်တွေ၊ အရုဏ်ဦးသပိတ်တွေအပြင် ဆိုင်ကယ်သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့က အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားသူ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြသံတွေဖြစ်ပါတယ်။ အလားတူ လမ်းလေ ျှာက် ချီတက်ဆန္ဒပြသူတွေလည်း အများအပြားရှိပါတယ်။

"စစ်အာဏာရှင် ကျဆုံးရေး... ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင် ကျဆုံးရေး... ဒို့အရေး ဒို့အရေး။"

တောင်ကြီးက ဆန္ဒပြပွဲမှာတော့ စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းလို့ အမျိုးသား ၂ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ မိုးညှင်းမြို့နယ်မှာလည်း တစ်ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဘားအံမှာလည်း မနက်ပိုင်း ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းလို့ ၃ ဦးထက် မနည်းဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကိုပြောပါတယ်။ မော်လမြိုင်မှာတော့ လူ ၂၀ ကျော် ဖမ်းဆီးခံရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာလည်း ၃ ဦး သေနတ်ဒဏ်ရာရခဲ့ပြီးတော့ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။

မနေ့ညကလည်း ကျောက်ပန်းတောင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်က နေ့ရော၊ ညပါ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးဒဏ်ရာရတာတွေ ရှိနေပမဲ့ မြို့အတော်များများမှာတော့ ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်တာတွေ အရှိန်မပျက်ဆက်ရှိနေဆဲပါ။

ရန်ကုန်မြို့မှာဆိုရင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေ မိုးမလင်းခင်ကတည်းက လမ်းမတွေပေါ် ပြန်ရောက်လာခဲ့ပါတယ်။

လှိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ ၊ သန်လျင်၊ တောင်ဥက္ကလာ၊ တာမွေစတဲ့ မြို့နယ်တွေမှာ အရုဏ်ဦး သပိတ်တွေကို နေရာအနှံ့ဆင်နွှဲခဲ့ကြပြီးတော့ မြောက်ဒဂုံ၊ သာကေတနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ လမ်းလျှောက်ချီတက်ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲကဖြိုခွင်းလို့ သင်္ဃန်းကျွန်း သုဝဏ္ဏမှာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိထားပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ဃန်းကျွန်း လမ်းမပေါ်က အတားအဆီးလုပ်ထားတဲ့ တာယာတွေ မီးလောင်နေတာလည်းတွေ့ရပါတယ်။ ရန်ကုန်မြို့ထဲ မြို့နယ်အတော်များများမှာ လမ်းပေါ်ထွက် ချီတက်ကြတဲ့ လမ်းလျှောက်သပိတ်တွေအပြင် လူမဲ့သပိတ်၊ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စာသားချိတ်ဆွဲထားတဲ့ မိုးပျံပူဖေါင်းသပိတ်တွေနဲ့ ပုံစံမျိုးစုံဆင်နွဲှခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG