သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံအတြင္း ေရႊႀတိဂံကလာတဲ့ စိတ္ႂကြေဆးျပား အမ်ားအျပားဖမ္းမိ


စိတ္ၾကြေဆးျပားေတြ ပို႔ေဆာင္ခဲ့ေသာ လားဟူအမ်ိဳးသမီးငယ္ ၆ ဦးကုိ ထုိင္းအာဏာပုိင္ေတြက ဖမ္းမိခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထုိင္းနယ္ျခားေစာင့္တပ္)

[Zawgyi/Unicode]

ထိုင္းျမန္မာနယ္စပ္ ေရႊႀတိဂံေဒသကေန လာတဲ့ မူးယစ္ေဆး၀ါးေတြကို ခ်င္းရိုင္ျပည္နယ္နဲ႔ ပထံုဌာနျပည္နယ္ေတြမွာ ဖမ္းမိခဲ့ျပီး ဒီရက္ပုိင္းအတြင္းမွာပဲ စိတ္ၾကြေဆးျပားသန္း ၂၀ ေလာက္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္းျမန္မာနယ္စပ္ ခ်င္းရိုင္ျပည္နယ္ကေန Pathumthani ျပည္နယ္အတြင္းကုိ ကုန္တင္ကားေတြနဲ႔ စိတ္ၾကြေဆးေတြ သယ္ေဆာင္လာျပီး ဂိုေထာင္တခုအတြင္းမွာ သို၀ွက္ထားရာ ထိုင္းရဲတပ္ဖြဲ႔က မတ္လ ၂၃ ရက္ေန႔မွာ စိတ္ၾကြေဆးျပား ၈,၀၀၀,၀၀၀ ကို ရွာေဖြ ဖမ္းဆီးခဲ့ျပီး မူးယစ္ေဆး၀ါးေတြနဲ႔အတူ မူးယစ္ေဆး၀ါးေရာင္း၀ယ္သူ ၇ ဦးကိုလည္း ဖမ္းဆီးလိုက္ပါတယ္။

အခုဖမ္းမိခဲ့တဲ့ စိတ္ၾကြေဆး ၈,၀၀၀,၀၀၀ ဟာ ထိုင္းျမန္မာနယ္စပ္ ခ်င္းရိုင္ျပည္နယ္ကေန ၀င္ေရာက္လာတဲ့ မူးယစ္ေဆး၀ါးေတြျဖစ္ျပီး မူးယစ္ေဆး၀ါးမွုနဲ ့ ထြက္ေျပးတိမ္းေရွာင္ေနသူ တရုတ္ႏြယ္ဖြား တစ္ဦးျဖစ္တဲ့ Narai Sae Lee ရဲ ့ မူးယစ္ဂိုဏ္း၀င္ေတြက သယ္ယူလာတာျဖစ္တယ္လို ့ ထိုင္းအမွတ္ ၃ ေဒသ မူးယစ္ႏွိမ္နင္းေရး ရဲမွဴး Pornchai Charoenwong က မတ္လ ၂၄ ရက္ေန႔မွာ သတင္းစာရွင္းလင္းခဲ့ပါတယ္။

"ဒီမူးယစ္ဂိုဏ္း၀င္ေတြကို ဖမ္းမိနိုင္ဖို ့အတြက္ ရဲတပ္ဖြဲ ့က ေနာက္ေယာင္ခံေထာက္လွမ္းေနတာ နွစ္နဲ႔ခ်ီ အခ်ိန္ယူရပါတယ္။ ခ်င္းရိုင္ျပည္နယ္ကေန ပထုန္ဌာနီျပည္နယ္ထဲမွာ ကုန္ေလွာင္ရံု ငွားၿပီး စိတ္ၾကြေဆးေတြကို ေလွာင္ထားၿပီး ေနာက္တဆင့္အေနနဲ ့ထိုင္းေတာင္ပုိင္းျပည္နယ္ေတြအထိ ဆက္လက္ ျဖန္႔ျဖဴးေနတာျဖစ္ပါတယ္။" လို ့ ထုိင္းဘာသာနဲ႔ ေျပာသြားတာပါ။

ဒီရက္ပုိင္းမွာပဲ မူးယစ္ဂိုဏ္းေတြ၀င္ဟာ ျမန္မာနိုင္ငံနယ္စပ္ကေန လူကယ္ရီေတြနဲ ့ စိတ္ၾကြေဆးျပားေတြ ပို ့ေဆာင္ေနရာမွာ အသက္ ၁၄ ႏွစ္နဲ ့၁၅ ႏွစ္သာရွိေသးတဲ့ လားဟူ တိုင္းရင္းသူ ေျခာက္ဦးကုိလည္း အသံုးျပဳခဲ့ေၾကာင္းကိုလည္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ထိုင္းျမန္မာနယ္စပ္ ေရႊၾတိဂံေဒသကေန သယ္လာတဲ့ စိတ္ၾကြေဆးျပားေတြနဲ ့ မူးယစ္ေဆးဝါးမ်ိဳးစံုကို ျပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ထိုင္း မူးယစ္ႏိွမ္နင္းေရး တပ္ဖဲြ႔၀င္ေတြနဲ ့ထိုင္းနယ္ျခားေစာင့္တပ္ေတြက ပိတ္ဆို႔ဖမ္းဆီးခဲ့ရာမွာ စိတ္ၾကြေဆး သန္း ၂၀ ေက်ာ္နဲ႔ အိုက္စ္လို႔ ေခၚတဲ့ မူးယစ္ေဆး ကီလို ၁,၀၀၀ နဲ ့ မူးယစ္ေဆး၀ါးအမႈနဲ႔ အလိုရွိေနတဲ့ တရားခံ ၂၆ ဦးကိုလည္း ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ထိုင္းအာဏာပိုင္ေတြက သတင္းထုတ္ျပန္သြားပါတယ္။ စုစုေပါင္း မူးယစ္ေဆး၀ါးေတြရဲ ့ကာလတန္ဖိုးကေတာ့ ထိုင္းဘတ္ေငြ သန္းေပါင္း ၃,၀၀၀ ေက်ာ္ေလာက္တန္ဖိုးရွိတယ္လို႔ ခန္႔မွန္းၾကပါတယ္။

ကုိဗစ္ကပ္ေရာဂါကာလမွာ အသြားအလာေတြ ကန္႔သတ္ထိန္းခ်ဳပ္ထားေပမဲ့ မူးယစ္ေဆး၀ါး ေမွာင္ခုိသူေတြကေတာ့ လမ္းေၾကာင္းအသစ္ေတြနဲ႔ တင္သြင္းေနဆဲျဖစ္ေၾကာင္းကိုလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က ေျပာဆုိထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲ ျမန္မာႏုိင္ငံအပါအ၀င္ အာရွနဲ႔ အေရွ႕ေတာင္အာရွေဒသထဲမွာ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈပမာဏဟာ ေဒၚလာ ၇၁ ဘီလီယံထက္မနည္း ရွိခဲ့ၿပီး ဒီအထဲမွာ Methamphetamine စိတ္ၾကြေဆး ေမွာင္ခုိမႈက ၆၁ ဘီလီယံအထိ ရွိခဲ့တယ္လုိ႔လည္း UNODC က ခန္႔မွန္းထားပါတယ္။ ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးဝါးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀န္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းကိုလည္း UNODC က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံအတွင်း ရွှေတြိဂံကလာတဲ့ စိတ်ကြွဆေးပြား အများအပြားဖမ်းမိ

ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံဒေသကနေ လာတဲ့ မူးယစ်ဆေးဝါးတွေကိုချင်းရိုင်ပြည်နယ်နဲ့ပထုံဌာနပြည်နယ်တွေမှာ ဖမ်းမိခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ စိတ်ကြွဆေးပြားသန်း ၂၀ လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ Pathumthani ပြည်နယ်အတွင်းကို ကုန်တင်ကားတွေနဲ့ စိတ်ကြွဆေးတွေ သယ်ဆောင်လာပြီး ဂိုထောင်တခုအတွင်းမှာ သိုဝှက်ထားရာ ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ စိတ်ကြွဆေးပြား ၈,၀၀၀,၀၀၀ ကို ရှာဖွေ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

အခုဖမ်းမိခဲ့တဲ့ စိတ်ကြွဆေး ၈,၀၀၀,၀၀၀ ဟာ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ တရုတ်နွယ်ဖွား တစ်ဦးဖြစ်တဲ့ Narai Sae Lee ရဲ့ မူးယစ်ဂိုဏ်းဝင်တွေက သယ်ယူလာတာဖြစ်တယ်လို့ ထိုင်းအမှတ် ၃ ဒေသ မူးယစ်နှိမ်နင်းရေး ရဲမှူး Pornchai Charoenwong က မတ်လ ၂၄ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

"ဒီမူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းမိနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က နောက်ယောင်ခံထောက်လှမ်းနေတာ နှစ်နဲ့ချီ အချိန်ယူရပါတယ်။ ချင်းရိုင်ပြည်နယ်ကနေ ပထုန်ဌာနီပြည်နယ်ထဲမှာ ကုန်လှောင်ရုံ ငှားပြီး စိတ်ကြွဆေးတွေကို လှောင်ထားပြီး နောက်တဆင့်အနေနဲ့ထိုင်းတောင်ပိုင်းပြည်နယ်တွေအထိ ဆက်လက် ဖြန့်ဖြူးနေတာဖြစ်ပါတယ်။" လို့ ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

ဒီရက်ပိုင်းမှာပဲ မူးယစ်ဂိုဏ်းတွေဝင်ဟာ မြန်မာနိုင်ငံနယ်စပ်ကနေ လူကယ်ရီတွေနဲ့ စိတ်ကြွဆေးပြားတွေ ပို့ဆောင်နေရာမှာ အသက် ၁၄ နှစ်နဲ့၁၅ နှစ်သာရှိသေးတဲ့ လားဟူ တိုင်းရင်းသူ ခြောက်ဦးကိုလည်း အသုံးပြုခဲ့ကြောင်းကိုလည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံဒေသကနေ သယ်လာတဲ့ စိတ်ကြွဆေးပြားတွေနဲ့ မူးယစ်ဆေးဝါးမျိုးစုံကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်း မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေနဲ့ထိုင်းနယ်ခြားစောင့်တပ်တွေက ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ စိတ်ကြွဆေး သန်း ၂၀ ကျော်နဲ့ အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေး ကီလို ၁,၀၀၀ နဲ့ မူးယစ်ဆေးဝါးအမှုနဲ့ အလိုရှိနေတဲ့ တရားခံ ၂၆ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်သွားပါတယ်။ စုစုပေါင်း မူးယစ်ဆေးဝါးတွေရဲ ့ကာလတန်ဖိုးကတော့ ထိုင်းဘတ်ငွေ သန်းပေါင်း ၃,၀၀၀ ကျော်လောက်တန်ဖိုးရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းအသစ်တွေနဲ့ တင်သွင်းနေဆဲဖြစ်ကြောင်းကိုလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ အရှေ့တောင်အာရှဒေသထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိခဲ့တယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းကိုလည်း UNODC က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG