သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္ ေရြးေကာ္မရွင္အဖဲြ႕၀င္ေနအိမ္အနီး ဗံုးႏွစ္လံုးေတြ႕


ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ ဥကၠ႒ ေနအိမ္။ (ဓာတ္ပံု - Tin Htoo Wai via RFA Burmese)

[Zawgyi/Unicode]

ေနျပည္ေတာ္ ေရြးေကာက္ပဲြ တာ၀န္ရွိသူတဦးေနအိမ္မွာ လက္ပစ္ဗုံး ၂ လုံး ရွာေဖြေတြ႔ရွိခဲ့ၿပီးေနာက္၊ ဘယ္သူ႔လက္ခ်က္ဆုိတာ စုံစမ္းစစ္ေဆးေနတဲ့အေၾကာင္းကို ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ ဥကၠ႒ ေနအိမ္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာပဲ လက္ပစ္ဗုံး ၂ လုံးကုိ တရက္စီျခား ေတြ႔ရွိခဲ့ၿပီးေနာက္၊ ဘယ္သူ႔လက္ခ်က္ဆုိတ သိႏုိင္ဖုိ႔ စုံစမ္းေနတယ္လုိ႔ တာ၀န္ရွိသူေတြက ဒီကေန႔ပဲ ေျပာဆုိလုိက္တာပါ။ ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ ထန္းတပင္ကြက္သစ္က ဦးသိန္းေထြး ေနအိမ္မွာ စေနေန႔ ညေနပုိင္းက လက္ပစ္ဗုံးတလုံး ေတြ႔ရွိခဲ့ၿပီးေနာက္ လုံၿခံဳေရးကင္မရာ မွတ္တမ္းေတြကေန ဆက္လက္ စစ္ေဆးရွာေဖြခဲ့ရာက ေနာက္တေန႔ တနဂၤေႏြေန႔မွာ ဗုံးတလုံး ထပ္မံေတြ႔ရွိခဲ့တာလုိ႔လည္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးက ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

"မေန႔ကေန႔လယ္ ၂ နာရီ ၂၀ မွာထပ္ေတြ႕တာပါ။ အသစ္ေတာ့ မဟုတ္ပါဘူး။ ယခင္ေတြ႔ရွိခဲ့တဲ့ဟာနဲ႔ တခ်ိန္တည္း တျပိဳင္တည္း ပစ္သြားတဲ့ဟာပဲ ျဖစ္ႏိုင္တယ္။ မိသားစုနဲ႔ ရဲေတြက သူတို႔တပ္ထားတဲ့ CCTV ေတြကို ျပန္ၾကည့္တာမွာ ည ၉ နာရီ ၄၈ မွာ သူတို႔ၿခံဝန္းထဲက အပင္တပင္ကို ေထာင္ထားတဲ့ မတ္တပ္ရပ္ တံျမက္စည္း တေခ်ာင္းဟာ အရာ၀တၳဳထခုနဲ႔ တိုက္မိၿပီးေတာ့ လဲွက်သြားတာေတြ႔ရတယ္။ အဲနားေလးပတ္၀န္းက်င္ကို ရွာတဲ့အခါမွာ သစ္ရြက္ေတြၾကားထဲကို ရွာတဲ့အခါမွာ ဗံုးတလံုးထပ္ၿပီးေတာ့ ေတြ႔တယ္လို႔ ေျပာပါတယ္။ လက္ပစ္ဗံုးတလံုး ထပ္ေတြ႔တယ္။ အဲ့လက္ပစ္ဗံုးကေတာ့ ဟိုတေန႔ကေတြ႔တဲ့ လက္ပစ္ဗံုးနဲ႔ အမ်ိဳးစားအတူတူ ျဖစ္တယ္။"

မေပါက္ကဲြေသးတဲ့ လက္ပစ္ဗုံးေတြနဲ႔ ပတ္သက္လုိ႔ အခုအခါ အာဏာပုိင္ေတြ စုံစမ္းစစ္ေဆးေနတယ္လုိ႔လည္း တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"လက္နက္ကိုင္ေသာင္းက်န္းသူတခ်ိဳ႕ အသံုးျပဳေနတဲ့ ဗုံးအမ်ိဳးအစားလို႔ ထင္ပါတယ္။ အဲဒါကေတာ့ နည္းပညာပိုင္းဆိုင္ရာနဲ႔ တရားခံနဲ႔ ပတ္သက္ၿပီးေတာ့ ရဲတပ္ဖြဲ႕က ဆက္လက္ေဆာင္ရြက္ေနတာ ရွိပါတယ္။ သူတို႔လည္း အေသးစိတ္သတင္းေတြ သိရေအာင္လို႔လည္း သူတို႔ထုတ္ျပန္သြားပါလိမ့္မယ္။"

လက္ပစ္ဗုံးေတြ ေတြ႔ရွိခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ ကာယကံရွင္ ျဖစ္သူ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ ဥကၠ႒ ဦးသိန္းေထြးကို ေမးျမန္းဖုိ႔ ဆက္သြယ္ခဲ့ေပမဲ့ ေျဖၾကားတာမရွိပါဘူး။ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အတြင္းေရးမွဴး ဦးေအာင္စိုးဝင္းကေတာ့ အခုလိုသုံးသပ္ပါတယ္။

"က်ေနာ္တို႔လည္း မေျပာတတ္ဘူး က်ေနာ္တို႔ မ်က္ျမင္ေတာ့ ဘာရန္ၿငိဴးရန္စမွာ မရွိဘူး။ ရဲေတြေတာ့ လုပ္ေနတာေပါ့။ ဗံုးရွင္းလင္းေရးအဖဲြ႔ေတြ လာယူသြားတယ္။ တခ်ိဳ႕သံုးသပ္ေနတာကေတာ့ လူ ၂ ေယာက္ေလာက္ေတာ့ ျဖစ္မယ္။ ကားနဲ႔ လာသြားတယ္။ ပထမတုန္းကေတာ့ အိမ္ေခါင္မိုးကေန အသံၾကားတယ္ဆိုေတာ့ သတိထားမိတာေပါ့။ ဒုတိယတလံုးက်ေတာ့ ေဘးနားကေနျဖစ္တာဆိုေတာ့ သတိမထားမိဘူးေလ။"

ရွာေဖြေတြ႔ရွိခဲ့တဲ့ လက္ပစ္ဗုံးေတြကိုေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ စစ္ေျမျပင္အင္ဂ်င္နီယာ တပ္ဖြဲ႕ဝင္ေတြ သြားေရာက္စစ္ေဆးၿပီး ေပါက္ကြဲမႈ မျဖစ္ေအာင္ သိမ္းဆည္းခဲ့တယ္လို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ေနျပည္ေတာ္ အပါအ၀င္ ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ အသြားအလာေတြ ကန္႔သတ္ထားတဲ့ အခ်ိန္မွာပဲ အခုလုိ ဘယ္သူ႔လက္ခ်က္မွန္း မသိရတဲ့ လက္ပစ္ဗုံးေတြ ေတြ႔ရွိတဲ့ သတင္းေတြေၾကာင့္ လုံၿခံဳေရးအတြက္ စုိးရိမ္တဲ့အသံေတြလည္း ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နေပြည်တော် ရွေးကော်မရှင်အဖွဲ့ဝင်နေအိမ်အနီး ဗုံးနှစ်လုံးတွေ့

နေပြည်တော် ရွေးကောက်ပွဲ တာဝန်ရှိသူတဦးနေအိမ်မှာ လက်ပစ်ဗုံး ၂ လုံး ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ ဘယ်သူ့လက်ချက်ဆိုတာ စုံစမ်းစစ်ဆေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နေအိမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ လက်ပစ်ဗုံး ၂ လုံးကို တရက်စီခြား တွေ့ရှိခဲ့ပြီးနောက်၊ ဘယ်သူ့လက်ချက်ဆိုတ သိနိုင်ဖို့ စုံစမ်းနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကွက်သစ်က ဦးသိန်းထွေး နေအိမ်မှာ စနေနေ့ ညနေပိုင်းက လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးကင်မရာ မှတ်တမ်းတွေကနေ ဆက်လက် စစ်ဆေးရှာဖွေခဲ့ရာက နောက်တနေ့ တနင်္ဂနွေနေ့မှာ ဗုံးတလုံး ထပ်မံတွေ့ရှိခဲ့တာလို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

"မနေ့ကနေ့လယ် ၂ နာရီ ၂၀ မှာထပ်တွေ့တာပါ။ အသစ်တော့ မဟုတ်ပါဘူး။ ယခင်တွေ့ရှိခဲ့တဲ့ဟာနဲ့ တချိန်တည်း တပြိုင်တည်း ပစ်သွားတဲ့ဟာပဲ ဖြစ်နိုင်တယ်။ မိသားစုနဲ့ ရဲတွေက သူတို့တပ်ထားတဲ့ CCTV တွေကို ပြန်ကြည့်တာမှာ ည ၉ နာရီ ၄၈ မှာ သူတို့ခြံဝန်းထဲက အပင်တပင်ကို ထောင်ထားတဲ့ မတ်တပ်ရပ် တံမြက်စည်း တချောင်းဟာ အရာဝတ္ထုထခုနဲ့ တိုက်မိပြီးတော့ လဲှကျသွားတာတွေ့ရတယ်။ အဲနားလေးပတ်ဝန်းကျင်ကို ရှာတဲ့အခါမှာ သစ်ရွက်တွေကြားထဲကို ရှာတဲ့အခါမှာ ဗုံးတလုံးထပ်ပြီးတော့ တွေ့တယ်လို့ ပြောပါတယ်။ လက်ပစ်ဗုံးတလုံး ထပ်တွေ့တယ်။ အဲ့လက်ပစ်ဗုံးကတော့ ဟိုတနေ့ကတွေ့တဲ့ လက်ပစ်ဗုံးနဲ့ အမျိုးစားအတူတူ ဖြစ်တယ်။"

မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေနဲ့ ပတ်သက်လို့ အခုအခါ အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတယ်လို့လည်း တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"လက်နက်ကိုင်သောင်းကျန်းသူတချို့ အသုံးပြုနေတဲ့ ဗုံးအမျိုးအစားလို့ ထင်ပါတယ်။ အဲဒါကတော့ နည်းပညာပိုင်းဆိုင်ရာနဲ့ တရားခံနဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေတာ ရှိပါတယ်။ သူတို့လည်း အသေးစိတ်သတင်းတွေ သိရအောင်လို့လည်း သူတို့ထုတ်ပြန်သွားပါလိမ့်မယ်။"

လက်ပစ်ဗုံးတွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ဖြစ်သူ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားတာမရှိပါဘူး။ နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးဝင်းကတော့ အခုလိုသုံးသပ်ပါတယ်။

"ကျနော်တို့လည်း မပြောတတ်ဘူး ကျနော်တို့ မျက်မြင်တော့ ဘာရန်ငြိူးရန်စမှာ မရှိဘူး။ ရဲတွေတော့ လုပ်နေတာပေါ့။ ဗုံးရှင်းလင်းရေးအဖွဲ့တွေ လာယူသွားတယ်။ တချို့သုံးသပ်နေတာကတော့ လူ ၂ ယောက်လောက်တော့ ဖြစ်မယ်။ ကားနဲ့ လာသွားတယ်။ ပထမတုန်းကတော့ အိမ်ခေါင်မိုးကနေ အသံကြားတယ်ဆိုတော့ သတိထားမိတာပေါ့။ ဒုတိယတလုံးကျတော့ ဘေးနားကနေဖြစ်တာဆိုတော့ သတိမထားမိဘူးလေ။"

ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံးတွေကိုတော့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးပြီး ပေါက်ကွဲမှု မဖြစ်အောင် သိမ်းဆည်းခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်ထားတဲ့ အချိန်မှာပဲ အခုလို ဘယ်သူ့လက်ချက်မှန်း မသိရတဲ့ လက်ပစ်ဗုံးတွေ တွေ့ရှိတဲ့ သတင်းတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်တဲ့အသံတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG