သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မံုရြာစစ္ေဆးေရးဂိတ္ ေပါက္ကဲြမႈ ရဲတခ်ိဳ႕ ဒဏ္ရာရ (ေဒသခံတဦး)


မံုရြာၿမိဳ႕အ၀င္ (ဓါတ္ပံု- wikipedia)

(Zawgyi/Unicode)

စစ္ကုိင္းတုိင္း၊ မုံရြာၿမိဳ ႔အ၀င္စစ္ေဆးေရးဂိတ္နားမွာ ဧၿပီ ၁၃ ရက္ေန႔က ဗုံးေပါက္ကြဲခဲ့တဲ့အတြက္ ရဲတပ္သား တဦးထက္မနည္း ဒဏ္ရာရသြားတယ္လို႔ မုံရြာေဒသခံတေယာက္က ဗြီအိုေအကို ေျပာပါတယ္။

စစ္သားနဲ႔ ရဲတပ္ဖြဲ႔၀င္ေတြ ပူးေပါင္းထားတဲ့ ၿမိဳ ႔ေတာင္ဖက္က စစ္ေဆးေရးဂိတ္မွာ မုိင္း ၂ ခါကြဲခဲ့တာပါ။ မုံရြာစက္မႈဇုံမွာေရာ ၿမိဳ ႔ထဲက ကမ္းနားဆိပ္မွာလည္း မုိင္းကြဲခဲ့တယ္လို႔ နာမည္မေဖာ္လိုတဲ့အဲဒီေဒသခံက ေျပာပါတယ္။ မုံရြာအထြက္ ၿမိဳ ႔ေျမာက္ဖက္က စစ္ေဆးေရးဂိတ္မွာေရာ ၿမိဳ ႔ထဲက ဘဏ္နားမွာပါမုိင္းကြဲတာအားလုံးေပါင္းရင္ စုစုေပါင္း မုိင္းကြြဲတာ ၁၀ ႀကိမ္ေလာက္ရွိတယ္လို႔လည္း ေျပာပါတယ္။ ဒီေပါက္ကြဲမႈေတြနဲ႔ပတ္သက္ၿပီးဘယ္သူကမွသူတို႔လက္ခ်က္အျဖစ္ ေျပာဆိုတာမ်ိဳးမရွိေပမယ့္ စစ္တပ္ရဲ ႔လက္ခ်က္အျဖစ္္ ယူဆသူေတြရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ ဗုံးေပါက္ကြဲတဲ့ျဖစ္စဥ္ေတြက တကယ္ေတာ့ ျပည္သူေတြလန္႔ေအာင္ ေျခာက္လွန္႔ေနတဲ့ျဖစ္စဥ္လို႔ က်ေနာ္တို႔ျမင္ပါတယ္။ ဒါေတြက စစ္တပ္ဖက္က လုပ္တယ္လို႔ က်ေနာ္တို႔ျပည္သူေတြကေတာ့ ျမင္ထားတာေပါ့ေနာ္။ လမ္းေပၚထြက္မလာေအာင္ အဲဒီလိုေျခာက္လွန္႔ေနတယ္လု႔ိ က်ေနာ္တို႔ျမင္ပါတယ္။ ဒီေန႔ဆိုလို႔ရွိရင္လည္း မုံရြာမွာက လမ္းေပၚမွာ ဗုံးေပါက္ကြဲတဲ့ေနရာက ခပ္စိပ္စိပ္ျဖစ္ေနတာေၾကာင့္မို႔လို႔ ျပည္သူေတြကလည္း လမ္းေပၚထြက္မလာၾကပါဘူး။ မနက္ခင္းမွာေတာ့ ဆႏၵျပမႈေတြကေတာ့ ဆက္ရွိေနပါတယ္ဗ်”

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵုျပျပည္သူေတြကို အၾကမ္းဖက္ႏွိမ္ႏွင္းေနေပမယ့္ ဆႏၵျပပြဲေတြရပ္မသြားပဲ နည္းေပါင္းစုံနဲ႔ဆက္ၿပိီးေပၚေပါက္ေနတာျဖစ္ပါတယ္။ ေပါက္ကြဲမႈေတြနဲ႔ပတ္သက္လို မုံရြာရဲစခန္းကို ဗြီအိုေအက ဖုန္းဆက္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုမယ့္သူမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


...............

မုံရွာစစ်ဆေးရေးဂိတ် ပေါက်ကွဲမှု ရဲတချို့ ဒဏ်ရာရ (ဒေသခံတဦး)

(Unicode)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်စစ်ဆေးရေးဂိတ်နားမှာ ဧပြီ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရဲတပ်သား တဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မုံရွာဒေသခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ မြို့တောင်ဖက်က စစ်ဆေးရေးဂိတ်မှာ မိုင်း ၂ ခါကွဲခဲ့တာပါ။ မုံရွာစက်မှုဇုံမှာရော မြို့ထဲက ကမ်းနားဆိပ်မှာလည်း မိုင်းကွဲခဲ့တယ်လို့ နာမည်မဖော်လိုတဲ့အဲဒီဒေသခံက ပြောပါတယ်။ မုံရွာအထွက် မြို့မြောက်ဖက်က စစ်ဆေးရေးဂိတ်မှာရော မြို့ထဲက ဘဏ်နားမှာပါမိုင်းကွဲတာအားလုံးပေါင်းရင် စုစုပေါင်း မိုင်းကွဲတာ ၁၀ ကြိမ်လောက်ရှိတယ်လို့လည်း ပြောပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီးဘယ်သူကမှသူတို့လက်ချက်အဖြစ် ပြောဆိုတာမျိုးမရှိပေမယ့် စစ်တပ်ရဲ့လက်ချက်အဖြစ် ယူဆသူတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်တွေက တကယ်တော့ ပြည်သူတွေလန့်အောင် ခြောက်လှန့်နေတဲ့ဖြစ်စဉ်လို့ ကျနော်တို့မြင်ပါတယ်။ ဒါတွေက စစ်တပ်ဖက်က လုပ်တယ်လို့ ကျနော်တို့ပြည်သူတွေကတော့ မြင်ထားတာပေါ့နော်။ လမ်းပေါ်ထွက်မလာအောင် အဲဒီလိုခြောက်လှန့်နေတယ်လု့ိ ကျနော်တို့မြင်ပါတယ်။ ဒီနေ့ဆိုလို့ရှိရင်လည်း မုံရွာမှာက လမ်းပေါ်မှာ ဗုံးပေါက်ကွဲတဲ့နေရာက ခပ်စိပ်စိပ်ဖြစ်နေတာကြောင့်မို့လို့ ပြည်သူတွေကလည်း လမ်းပေါ်ထွက်မလာကြပါဘူး။ မနက်ခင်းမှာတော့ ဆန္ဒပြမှုတွေကတော့ ဆက်ရှိနေပါတယ်ဗျ”

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒုပြပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းနေပေမယ့် ဆန္ဒပြပွဲတွေရပ်မသွားပဲ နည်းပေါင်းစုံနဲ့ဆက်ပြီးပေါ်ပေါက်နေတာဖြစ်ပါတယ်။ ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို မုံရွာရဲစခန်းကို ဗွီအိုအေက ဖုန်းဆက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမယ့်သူမရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG