သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ျမန္မာ့အေရး ဆုေတာင္းေပးဖို႔ မယ္စၾကၤ၀ဠာပဲြမွာ ျမန္မာအလွမယ္တိုက္တြန္း


ေဟာလိ၀ုဒ္မွာ မယ္စၾကၤ၀ဠာပဲြ ျပိုင္ပြဲ၀င္ေနတဲ့ မသူဇာ၀င့္လြင္ ( ဓာတ္ပံု-courtesy)

(Zawgyi/Unicode)
၆၇ ႀကိမ္ေျမာက္ မယ္စၾကဝဠာ ေရြးခ်ယ္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ မသူဇာဝင့္လြင္က စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးၾကဖို႔ ပန္ၾကားလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ Hollywood ၿမိဳ႕မွာ က်င္းပတဲ့ဒီေရြးခ်ယ္ပြဲမွာ ၾကာသပေတးေန႔ကေတာ့ အမ်ိဳးသားဝတ္စံုနဲ႔ ယွဥ္ၿပိဳင္ရတာ ျဖစ္ၿပီး ခ်င္းတိုင္းရင္းသားဝတ္စံုဝတ္ထားတဲ့ မသူဇာဝင့္လြင္က စင္ေပၚကေန ျမန္မာအတြက္ဆုေတာင္းေပးဖို႔ ဆိုတဲ့ Pray for Myanmar စာတမ္းနဲ႔ ပန္ၾကားလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သား အစိုးရလက္ကေန ေဖေဖၚဝါရီလ ၁ ရက္မွာ စစ္တပ္က အာဏာသိမ္းယူ ခဲ့တဲ့ေနာက္ စစ္အုပ္ခ်ဳပ္မႈကို လက္မခံတဲ့ ျပည္သူေတြက လမ္းေတြေပၚထြက္ ဆႏၵျပခဲ့ၾကသလို အၾကမ္းမဖက္အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈေတြျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ စစ္တပ္နဲ႔ရဲေတြက ဒီဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ၿဖိဳခြဲေနတဲ့ အတြက္ အခုအခ်ိန္အထိဆို ေသဆံုးရသူ ၇၈၀ ေက်ာ္ေနၿပီျဖစ္သလို အဖမ္းဆီးခံေနရသူက ၃၉၀၀ ေက်ာ္ရွိေနတယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က ေျပာပါတာ္။

အသက္ ၂၂ ႏွစ္အရြယ္ မသူဇာဝင့္လြင္ဟာ ရန္ကုန္အေရွ႕ပိုင္း တကၠသိုလ္ အဂၤလိပ္စာအဓိက ေက်ာင္းသူတဦးျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ရွိေနစဥ္ အာဏာသိမ္းစစ္တပ္ကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြပါ ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ နံမည္ႀကီး အႏုပညာရွင္ေတြကို စစ္အာဏာပိုင္ေတြက ဖမ္းဝရမ္းေတြ ထုတ္ေနခ်ိန္မွာ ဖမ္းဆီးမယ့္ စာရင္းမေပါက္ေသးတဲ့ သူမဟာ ေမလ ၇ ရက္မွာ ဖေလာ္ရီဒါကို ေလေၾကာင္းနဲ႔ ထြက္လာတာ ျဖစ္ပါတယ္။ ၾကာသပေတးေန႔ တိုင္းရင္းသားဝတ္စံုနဲ႔ ၿပိဳင္ပြဲမွာ သူဝတ္မယ့္ ဝတ္စံုထည့္ထားတဲ့ ေသတၱာကေတာ့ ဒီေလယာဥ္ခရီးစဥ္မွာပဲ ေပ်ာက္ဆံုးသြားတယ္လို႔ လည္း သတင္းေတြမွာ ေဖၚျပပါတယ္။

သူအခု ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ ၆၇ ႀကိမ္ေျမာက္ မယ္စၾကဝဠာ ေရြးပြဲ ေနာက္ဆံုးအဆင့္ ၿပိဳင္ပြဲကေတာ့ တနဂၤေႏြေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

.................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့အရေး ဆုတောင်းပေးဖို့ မယ်စင်္ကြဝဠာပွဲမှာ မြန်မာအလှမယ်တိုက်တွန်း

(Unicode)

၆၇ ကြိမ်မြောက် မယ်စကြဝဠာ ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မသူဇာဝင့်လွင်က စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ ပန်ကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Hollywood မြို့မှာ ကျင်းပတဲ့ဒီရွေးချယ်ပွဲမှာ ကြာသပတေးနေ့ကတော့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး ချင်းတိုင်းရင်းသားဝတ်စုံဝတ်ထားတဲ့ မသူဇာဝင့်လွင်က စင်ပေါ်ကနေ မြန်မာအတွက်ဆုတောင်းပေးဖို့ ဆိုတဲ့ Pray for Myanmar စာတမ်းနဲ့ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ကနေ ဖေဖေါ်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူ ခဲ့တဲ့နောက် စစ်အုပ်ချုပ်မှုကို လက်မခံတဲ့ ပြည်သူတွေက လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြသလို အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ရဲတွေက ဒီဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ အတွက် အခုအချိန်အထိဆို သေဆုံးရသူ ၇၈၀ ကျော်နေပြီဖြစ်သလို အဖမ်းဆီးခံနေရသူက ၃၉၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြောပါတာ်။

အသက် ၂၂ နှစ်အရွယ် မသူဇာဝင့်လွင်ဟာ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် အင်္ဂလိပ်စာအဓိက ကျောင်းသူတဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိနေစဉ် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပါ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နံမည်ကြီး အနုပညာရှင်တွေကို စစ်အာဏာပိုင်တွေက ဖမ်းဝရမ်းတွေ ထုတ်နေချိန်မှာ ဖမ်းဆီးမယ့် စာရင်းမပေါက်သေးတဲ့ သူမဟာ မေလ ၇ ရက်မှာ ဖလော်ရီဒါကို လေကြောင်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ တိုင်းရင်းသားဝတ်စုံနဲ့ ပြိုင်ပွဲမှာ သူဝတ်မယ့် ဝတ်စုံထည့်ထားတဲ့ သေတ္တာကတော့ ဒီလေယာဉ်ခရီးစဉ်မှာပဲ ပျောက်ဆုံးသွားတယ်လို့ လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

သူအခု ပါဝင်ယှဉ်ပြိုင်နေတဲ့ ၆၇ ကြိမ်မြောက် မယ်စကြဝဠာ ရွေးပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG