သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်း နိုင်ငံအထိမ်းအမှတ်ဝတ်စုံဆု ရရှိ


မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်း နိုင်ငံအထိမ်းအမှတ်ဝတ်စုံဆု ရရှိ
မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်း နိုင်ငံအထိမ်းအမှတ်ဝတ်စုံဆု ရရှိ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာ အသက် ၂၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသူ Iris Mittenaere က မယ်စကြာဝဠာဆုရသွားပါတယ်။

မယ်စကြာဝဠာဆုရသွားတဲ့ Iris Mittenaere
မယ်စကြာဝဠာဆုရသွားတဲ့ Iris Mittenaere

“သရဖူကို ကျမ အမြဲတမ်းပဲ ကိုင်ကြည့်နေပြီး ဘုရားသခင်၊ ငါ့ခေါင်းမှာ သရဖူ ရောက်နေပါရော့လားလို့ ပြောမိပါတယ်။ မယုံနိုင်လောက်အောင်ပါပဲရှင်၊ တကယ့်ကို အံ့သြစရာကြီးပါ။ အဆင့်တိုင်းဟာ အံ့အားသင့်ဖွယ်ရာဖြစ်ပြီး အဆင့်တိုင်းမှာ ကျမ ငိုချင်မိပါတယ်။ ကျမ သိပ်ကို ဂုဏ်ယူပါတယ်၊ တကယ့်ကိုပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ရှင်။” လို့ မယ်စကြာဝဠာ Iris Miittenaere ကပြောပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်းကတော့ National Costume လို့ခေါ်တဲ့ နိုင်ငံအထိမ်းအမှတ် ဝတ်စုံပြိုင်ပွဲမှာ ဆုရခဲ့ပါတယ်။ ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးဝတ်စုံနဲ့ ကပြ ဖျော်ဖြေပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။ ပြိုင်ထားပြီးသမျှ မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အခုလို ဝတ်စုံဆုရတာ ပထမဆုံးပါ။

၂၀၁၀ ပြည့်နှစ် ဟေတီ ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ်၊ ဟေတီ မယ်စကြာဝဠာ Haiti Raquel Pelissier က ပထမဆု၊ အသက် ၂၃ နှစ်အရွယ် ကိုလံဘီယာ မယ်စကြာဝဠာ Andrea Tovar က ဒုတိယဆု အသီးသီးရသွားပါတယ်။

ဒီပြိုင်ပွဲမှာ နိုင်ငံနဲ့ဒေသ ၈၅ ခုကို ကိုယ်စားပြုတဲ့ မယ်စကြာဝဠာတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်း နိုင်ငံအထိမ်းအမှတ်ဝတ်စုံဆုရရှိ
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG