သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်က မယ်စကြဝဠာပြိုင်ပွဲ အကြို

 မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်း(missuniverse.com)
မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်း(missuniverse.com)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပမယ့် ၆၅ ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့ကနေစတင်ပြီး အကြိုပြိုင်ပွဲတွေ ကျင်းပသွားမှာဖြစ်သလို National Costume ပြိုင်ပွဲမှာတေ့ာ ရုပ်သေးမင်းသမီးအနေနဲ့ ကပြယှဉ်ပြိုင်မှာပါ။

အရင်နှစ်တွေတုန်းကတော့ အနောက်နိုင်ငံတွေမှာ မယ်စကြဝဠာ ပြိုင်ပွဲတွေ ကျင်းပတာဖြစ်ပြီး ၂၀၁၆ ပြိုင်ပွဲကိုတော့ အာရှဒေသတွင်းမှာ ကျင်းပတာကြောင့် သွားရေးလာရေး အဆင်ပြေတယ်လို့ မြန်မာမယ်စကြာဝဠာ ရွေးချယ်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်စိုးယုဝေကပြောပါတယ်။ ဒါ့အပြင် မြန်မာမယ်စကြာဝဠာဟာ ပြိုင်ပွဲဝင်တွေကြား ပေါ်လွင်ထင်ရှားတာကြောင့် ပိုအားတက်မိကြောင်းနဲ့ ဖိလစ်ပိုင် လူထုကလည်း အားပေးကြောင်း ပြောပါတယ်။ မဲပေးတဲ့စနစ်နဲ့ ပတ်သက်လို့တော့ ဒေါ်စိုးယုဝေက အခုလို ပြောသွားပါတယ်။

“ မဲက ၄ မျိုးပေးလို့ရတယ်ရှင့် Twitter ရယ်၊ မိုလ်ဘိုင်း application ဖြစ်တဲ့ VODI နောက်ပြီးတော့ facebook ရယ် website (www.missuniverse.com/voting) ရယ်ပေါ့နော် အဲလို ၄ မျိုးပေးလို့ရပါတယ်။ အဲဒီ ၄ မျိုးမှာ ၁ ရက်ကို အကောင့်တခုကို ၁၀ ကြိမ် ပေးလို့ရပါတယ်ရှင့်။ ၄ မျိုးလုံးကိုလည်း ပေးလို့ရတယ်ရှင့်။"

အသက် ၂၄ နှစ်အရွယ် မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်းဟာ ပရဟိတအလှုအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်နေပြီး တကယ်လို့သာ မယ်စကြဝဠာအဖြစ် ရွေးချယ်ခံရမယ်ဆိုရင် HIV ဝေဒနာရှင်တွေရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပါတ်သတ်ပြီး လူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်အောင် လုပ်ဆောင်သွားမယ့်အကြောင်း မယ်စကြဝဠာ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မယ်စကြာဝဠာ ရွေးချယ်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်စိုးယုဝေကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားတဲ့ အပြည့်အစုံ အသံဖိုင်ကို နားဆင်နိုင်ပါပြီ။

ဖိလစ်ပိုင်က မယ်စကြဝဠာပြိုင်ပွဲ အကြို
please wait

No media source currently available

0:00 0:03:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG