ကမ္ဘာ့အလှဆုံး အမျိုးသမီး ၈၇ ဦးတို့ဟာ နိုဝင်ဘာလ ၉ ရက် စနေနေ့မှာ ကျင်းပမယ့် ၂၀၁၃ ခုနှစ် အတွက် မယ်စကြဝဠာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အောက်တိုဘာလ ၂၀ ရက်နေ့ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေကြပါပြီ။ ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပါပြီ။ ဒီမယ်စကြဝဠာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ကိုယ်စားပြု ဝင်ရွေးခံမယ့် မိုးစက်ဝိုင်လည်း ရောက်ရှိနေပါတယ်။ မော်စကိုမြို့ကို ရောက်ရှိနေသူတွေထဲမှာ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်းလည်း ပါဝင်ပါတယ်။ မယ်စကြဝဠာ ရွေးပွဲအတွက် ပြင်ဆင်မှုတွေ အကြောင်းအပြင် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့အမျိုးသား ဝတ်စုံ ပြိုင်ပွဲနဲ့ ပတ်သက်လို့ မမိုးစက်ဝိုင်ကို ဦးရော်နီညိမ်းက မေးမြန်းခဲ့တာမှာတော့ သူက အခုလို စတင်ဖြေကြားပါတယ်။
မိုးစက်ဝိုင်။ ။ “မနေ့ကပွဲကတော့ နိုင်ငံပေါင်းစုံကပေါ့နော်၊ သူတို့ထွင်လာတဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံတွေ ဝတ်ကြတယ်။ ဒါပေမယ့် မိုးစက်တို့ မြန်မာနိုင်ငံ အနေနဲ့ ဝတ်ခဲ့တာကတော့ အဓိက မြန်မာနိုင်ငံရဲ့ ရိုးရာဝတ်စုံ ဘယ်သူမှ ကမ္ဘာက မသိဘူးပေါ့နော်။ အဲဒီအတွက် ရိုးရာဝတ်စုံ ဆန်ဆန်လေးပဲ ဝတ်ချင်ပါတယ်လို့ ဒီဇိုင်းတွေ ဘာတွေ စတန့်တွေ ဘာတွေ မထွင်ထားဘူးပေါ့နော်။ အဓိက ကတော့ ရခိုင်ချိတ်၊ ရခိုင် မင်းသမီးလေး တယောက်ပါ။ ရခိုင် မင်းသမီး တယောက်ရဲ့ ပုံစံကို ပြန်ပြီး ဝတ်ထားတာပေါ့နော်။ သူက ပုဝါတွေရော။
“အဓိက ပြချင်တာကတော့ မြန်မာတွေက အရမ်းယဉ်ကျေးတယ်။ ပြီးတဲ့ အခါမှာ ထည်ထည်ဝါဝါ ဝတ်ဆင်တတ်တယ်။ ဆံပင်က လုံး၀ အပြောင် သိမ်းထားတယ် ဆိုတာကလည်း အဲဒီ ရခိုင် မင်းသမီးကလည်း ဒီ ရှေးခေတ်က မြန်မာတွေ ကလည်း ဆံပင်ကို လုံး၀ အပြောင်သိမ်းတယ်ပေါ့နော်။ ဘာမှ မကျန်ရဘူး။ အဲဒီ အတွက် ဆံပင်ကို လုံး၀ အပြောင်သိမ်းလိုက်တယ်။ ဘီးဆံပတ်ထားထားတယ်။ ပြီးတော့ စိန်ဆံထိုး ထိုးထားတယ်။ ပြီးတော့ ကျန်တဲ့ ရတနာ ပစ္စည်းတွေ ပြောက်ပြောက်တောက်တောက် တောက်တောက်လေး ဝတ်ထားတယ်ပေါ့နော်။ ဒါရှေးခေတ်ကတည်းက မြန်မာတွေ ဝတ်နေကြ ပုံစံမျိုး။ အဲဒီပုံစံကို ရအောင် ဖမ်းထားတာပေါ့နော်။ တချို့တွေက ပြောကြတယ်။ ရှေးခေတ်က အဖွားကြီးနဲ့ တူသွားတယ် ဘာညာ။ တကယ်တော့လည်း တူပါတယ်။ အဲဒီပုံကိုပဲ ဖမ်းထားတာပါ။”
ဦးရော်နီညိမ်း။ ။ မိုးစက်တို့ အခု ကမ့် ဝင်ကြတဲ့ အကြောင်းကို ကိုယ်တို့ သိရတဲ့ အခါမှာ တခါတလေလည်း ညတွေ မိုးချုပ်တဲ့ အခါမှာလည်းဘဲ ပရိုဂရမ်တွေ လည်း ရှိနေတယ်လို့ သိရတယ်ပေါ့နော်။ အဲဒီတော့ ပင်ပန်းရော ခံနိုင်ရဲ့လား၊ နောက် တယောက်နဲ့ တယောက် နီးနီးကပ်ကပ် ဒီ ကမ့်တခုတည်းမှာ အကြာကြီး ထားလို့ ရှိရင် ရက်ပေါင်းများစွာဆိုလို့ ရှိရင် အဆင်မပြေတာလေးတွေ ဖြစ်တတ်တယ်။ အဲလို ကိစ္စမျိုးတွေရော မိုးစက် ဘယ်လို ကျော်လွှားခဲ့ပါသလဲ။
မိုးစက်ဝိုင်။ ။ “ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့တော့ ပိုပြီး သတိထားတာပေါ့နော်။ ကိုယ်သောက်ချင်တာကိုယ် မသောက်ရဘူး။ အေးရင်လည်း မသောက်ရဘူး။ ညအိပ်မယ်ဆိုရင်လည်း အေးလို့ မရအောင် ဂရုစိုက်တာပေါ့။ ကိုယ့်ခန္ဓာကိုယ် အကြောင်း ကိုယ်အသိဆုံးဆိုတော့ အအေးမိတာ လွယ်တဲ့လူဆိုတော့ အအေးမမိအောင်လို့ ပိုပြီး သတိထားတာပေါ့နော်။ ဒါမျိုးလေးတွေတော့ ရှိတယ်။ ပြီးတဲ့ အခါမှာလည်း ပင်ပန်းတာနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ထဲမှာတော့ တခြား အယောက် ၈၀ ကျော်တောင်မှ လုပ်နိုင်တာဘဲပေါ့နော် ကိုယ်လည်း လုပ်နိုင်ရမှာပေါ့ ဆိုပြီး အဲလိုမျိုးတော့ စိတ်ထဲ အမြဲသွင်းတယ်။ တကယ်လို့ ပင်ပန်းသွားပြီ ဆိုရင်- ကမ့် ထဲမှာက ဆက်ဆံရေးပေါ့နော်။ အထူးသဖြင့် အနီးကပ်ဆုံး ထိတွေ့ရတာက Roommate (အခန်းဖော်) ပေါ့နော်။ ဒါပေမယ့် ကမ့် ထဲက အမျိုးသမီးတွေက Educated and Well Trained ပေါ့နော်။ အဲဒီတော့ ဆက်ဆံရေး ခက်ခဲတာ တယောက်မှ မိုးစက် မတွေ့သေးဘူးပေါ့နော်။ အကုန်လုံးက တကယ့်ကို ဖော်ဖော်ရွေရွေ နေတတ်ကြတယ်။”
ဦးရော်နီညိမ်း။ ။ မနေ့ကလို အများပြည်သူပါ ကြည့်ခွင့်ရတဲ့ National Costume Contest ရှိသလို အများပြည်သူ ကြည့်ခွင့်မရဘဲနဲ့ Camp ထဲမှာပဲ ပြိုင်ရတဲ့ပွဲတွေ လည်း ရှိမှာပေါ့။ အဲဒီတော့ အခု ရက်ပေါင်း ဒီလောက် ရှည်ရှည်ကြာကြာ ကိုယ်နွှဲခဲ့သမျှ ပြိုင်ပွဲတွေနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ယှဉ်ပြိုင်ခဲ့မှုအပေါ်မှာ ဘယ်လောက် ဘယ်လောက်ထိ အားရတဲ့အနေအထား ရှိပါသလဲ။
မိုးစက်ဝိုင်။ ။ “အားရတဲ့အနေအထားမှာတော့ အမှန်အတိုင်းပြောရရင် ပြင်ချိန်သိပ်မရှိလိုက်တာလည်းပါတယ်။ အကုန်လုံး အဲလောက်ကြီးတော့ အားမရဘူးပေါ့။ ဒါပေမဲ့ မိုးစက်စိတ်ထဲမှာ သတ်မှတ်ထားတာကတော့ ဒီလို Experience မရှိတာကလည်း ပြောင်းလဲလို့ရတဲ့အရာ မဟုတ်ဘူးပေါ့နော်။ ဒီလို ပြောင်းလဲမှုလုပ်လို့ မရတဲ့အရာတွေမှာ ထိုင်ပြီးတော့ စိတ်ညစ်နေမယ့်အစား ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးလုပ်သွားတာက အကောင်းဆုံးပါပဲ။ အဲဒီအတွက် ပေးတဲ့အခြေအနေမှာ အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ကြုံရင် ကြုံလာသလိုလည်း သူများဆီက လေ့လာလိုက်တယ်ပေါ့နော်။ ဒီမိန်းကလေး အယောက် ၈၀ ကျော်ဆီက ကိုယ် ကြုံရင်ကြုံတဲ့ဟာ သူတို့ရဲ့ အားသာချက်လေးတွေကို တွေ့သလို လိုက်ပြီး အတုခိုးပါတယ်။”
ဦးရော်နီညိမ်း။ ။ မိုးစက်အနေနဲ့ပေါ့နော်- ထိပ်ဆုံးဖြစ်တဲ့ Miss Universe ကိုလည်း ဒါကတော့ ကိုယ်ကလည်း မှန်းထားမှာပဲလေ။ ဒါပေမယ့် ရန်ကုန်မှာ ပီးသွားတဲ့ပွဲလိုပေါ့နော်၊ Miss Universe Myanmar ဆုအပြင် ကိုယ်ရခဲ့တာ ရှိသေးတယ်မို့လား။ တခြား Miss Famous ဆုလိုမျိုး၊ အဲလိုမျိုးပေါ့နော်၊ အဲဒါမျိုးကော တခြားဆက်စပ်နေတဲ့ ဆု၊ ဘယ်လိုဆုမျိုးကို ကိုယ်က ရနိုင်မယ်လို့ မှန်းထားတာမျိုး ရှိပါသေးလား။
မိုးစက်ဝိုင်။ ။ “အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး တစ်ခုကွာခြားတာက ရန်ကုန်မှာ တုန်းက ပွဲမှာ ဘာ Title ဆုတွေရှိလဲဆိုတာ ကြိုသိရတယ်ပေါ့နော်။ ဒီဘက်မှာက ဘာ Title ဆုတွေရှိလဲဆိုတာ မိုးစက်မသိဘူးပေါ့နော်။ အဲဒီတော့ ဘာဆုကို မှန်းရမယ်ဆိုတာ မသိဘူးပေါ့။ လောလောဆယ်ကတော့ အလိုချင်ဆုံး- ဘယ်လိုပြောမလဲ၊ Miss Universe ဆုကြီးက အကြီးဆုံး၊ Miss Congeniality ဆု ဆိုပြီးတော့ ရှိရင်လည်း ရှိလိမ့်မယ်ပေါ့နော်။ မိုးစက်က ရှိမရှိတောင် မသေချာဘူး ဖြစ်နေတာ။ သူတို့ကလည်း ဒါတွေ မပြောဘူး။ အဲဒီတော့ ဘာ Title တွေ ရှိမှန်းတောင် မသိဘူး။
"အဲဒီအတွက် ဘာမှန်းလဲ ဆိုတော့ ဒီပွဲကနေပြီးတော့ မိုးစက်အဓိက မှန်းတာကတော့ ဒီပွဲပြီးတဲ့အခါမှာ အနည်းဆုံးတော့ ဒီ Miss ၈၀ ကျော်ကပေါ့နော်- ၈၆ ယောက် က မြန်မာဆိုတာ သိရမယ်၊ မြန်မာဆိုရင် ဟာ-ဘာလဲမသိဘူး- အဲလိုမဖြစ်ရအောင်ပေါ့နော်။ ပြီးတော့ လူအများစုကလည်း “မြန်မာ” ဆိုပြီးတော သိသွားရမယ်။ အဲဒီဟာလေးကို ပိုပြီး မှန်းထားပါတယ်။ ဟုတ်ကဲ့။”
ဦးရော်နီညိမ်း။ ။ အခု ရက်ကလည်း နည်းနည်းပဲကျန်တယ်ဆိုတော့ အခုနက မိုးစက်ပြောတာနဲ့ဆက်စပ်ပြီးတော့ပေါ့- ကိုယ်က ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုပြီးလာတယ်။ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုပြီး လာတဲ့နေရာမှာ မယ်စကြဝဠာရွေးပွဲ နှစ်ပေါင်း ၅၃ နှစ်လောက် မပြိုင်ဘဲနေခဲ့တဲ့ပွဲကို ကိုယ်က အခုပြန်ပြီးတော့ ကိုယ်စားပြုရတာ။ အရင်ဆုံး Pioneer တစ်ယောက်အနေနဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့အခါမှာ ဘယ်လိုမျိုး စိတ်ထဲမှာ သံန္နိဌာန်ချထားပါသလဲ။ အဲဒါကတော့ မိုးစက် ရင်ထဲမှာရှိတာကို ပြန်ပြီးတော့ ကျနော်တို့က တိုက်ရိုက်တင်ပြပေးချင်လို့ပါ။ ကိုယ့်ရင်ထဲမှာရှိသလောက် ပွင့်ပွင့်လင်းလင်း ပြောပြပေးပါခင်ဗျာ။
မိုးစက်ဝိုင်။ ။ “ဟုတ်ကဲ့ပါ။ (ရယ်သံ…) စိတ်ထဲမှာရှိတာက ဒီလို ပထမဆုံး ပါဝင်ခွင့်ရတဲ့အတွက်ပေါ့နော်- ဒီဟာကလည်း မိုးစက်က ဘာဖြစ်ဖြစ် ၂၅ နှစ်ရှိပြီဆိုတော့ ပေါ့နော်။ ပါမယ်ဆိုလည်း ဒီနှစ်ပဲ ပါမှာပေါ့နော်။ နောက်နှစ်စောင့်မယ်တွေ ဘာတွေလည်းပဲ မရည်စူးတော့ဘူးပေါ့။ အဲဒီတော့ ဒီအခွင့်အရေး ရတဲ့အခါမှာ အရမ်းဝမ်းသာတယ်၊ အရမ်းလည်း ကျေးဇူးတင်တယ်။ ဒီဟာက ဘုရားပေးတဲ့အခွင့်အရေးလို့လည်း ယူဆတယ်ပေါ့နော်။ အဲဒီအတွက် အရမ်းတန်ဖိုးထားတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ဖြစ်စေချင်တဲ့ အဓိက-ကတော့ အဲဒီ မြန်မာကို လူတွေ ပိုသိစေချင်တယ်။ ကမ္ဘာကပေါ့နော်။ အဲလို နိုင်ငံခြားသွားတဲ့လူတွေ ဘာတွေကြုံဖူးမယ်။ နိုင်ငံခြားမှာ စာသင်နေတဲ့သူတွေ ကြုံဖူးလိမ့်မယ်။ မြန်မာလို့ ပြောလို့ရှိရင် မသိကြတဲ့သူတွေ ရှိကြတယ်။ အဲလိုမျိုးအထိ လူတွေကို ထပ်ပြီးတော့ နောင် Generation တွေက ဒီလိုမျိုးထပ်ပြီး မကြုံစေချင်ဘူးပေါ့နော်။ ဒါကတော့ Miss Universe (Myanmar) ၂၀၁၃ အနေနဲ့ ပါဝင်ရတဲ့ အဓိက ရည်ရွယ်ချက်ပါ။ ဟုတ်ကဲ့။”
ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံ ပြည်သူလူထုကြီးကို မိုးစက် ဘယ်လို နှုတ်ဆက်စကား ပြောချင်လဲ။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း လိုရင်း တိုရှင်းလေး ပြောပြီးတော့ နှုတ်ဆက်ပေးလိုက်ပါအုံး။
မိုးစက်ဝိုင်။ ။ “အမှန်တကယ်ဆို မနက်ဖြန်လည်း အရမ်းအရေးကြီးတယ်။ ဒါပေမယ့် မနက်ဖြန် တီဗွီဖန်သားပြင်ပေါ်မှာ မပါဘူး၊ နိုဝင်ဘာ (၉) ရက် နေ့ကျရင် ဘယ်မှာပဲဖြစ်ဖြစ် (၁၆) ထဲ ပါပါ မပါပါပေါ့နော်- မြန်မာ ဆိုပြီးတော့ ကမ္ဘာက Stage ပေါ်မှာတွေ့ရမယ်။ ပြီးရင် “မြန်မာ”ဆိုပြီးတော့လည်း အော်ရမယ်။ ကိုယ့်နိုင်ငံကိုပေါ့နော်။ အဲလို အကျယ်ကြီးအော်ရမယ်။ အဲဒီကျရင် မိုးစက် အသံအကျယ်ကြီးအော်မယ်။ အားလုံးကလည်း အကျယ်ကြီး နားထောင်ကြ-လို့ အဲလို ပြောချင်ပါတယ်။”
ဦးရော်နီညိမ်း။ ။ ကျေးဇူးတင်ပါတယ်။ မိုးစက်ဝိုင် အောင်မြင်မှုရပါစေ-လို့။