{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ႏွိမ္ႏွင္းေနတဲ့အေပၚ အေမရိကန္ျပည္ေထာင္စုနဲ႔ ၾသစေၾတးလ် ႏွစ္ႏိုင္ငံစလုံးက ရႈတ္ခ်တဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဝါရွင္တန္ၿမိဳ႕ေတာ္ကို ေရာက္လာတဲ့ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne နဲ႔ မေန႔က ပူးတြဲက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။
“အေမရိကန္ျပည္ေထာင္စုနဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ ရင္ဆိုင္ေနရတဲ့ အဓိက စိန္ေခၚမႈအေတာ္မ်ားမ်ားကို ဒီကေန႔ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆံုခ်ိန္မွာ ေျပာဆိုၾကပါတယ္။
ျမန္မာ့အေရးနဲ႔ပတ္သက္လို႔လည္း ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြနဲ႔ အရပ္ဘက္အဖြဲ႔အစည္းက လူေတြကို စစ္တပ္က အၾကမ္းဖက္တိုက္ခိုက္တာ၊ ဒီလို တိုက္ခိုက္ေနတာေတြကို အျပစ္ေပး အေရးယူတာမရွိဘဲ ဆက္လက္ခြင့္ျပဳေနတာေတြအေပၚ ႏွစ္ႏိုင္ငံစလုံးက ျပင္းျပင္းထန္ထန္ ရႈတ္ခ်တယ္ဆိုတာလည္း က်ေနာ္တို႔ ႏွစ္ေယာက္ ေဆြးေႏြးခဲ့ပါတယ္။
ဒီိမိုကေရစီနည္းက် ေရြးေကာက္ခံအစိုးရကို အာဏာျပန္ၿပီးအပ္ႏွင္းဖို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ႏွစ္ႏိုင္ငံစလုံးက ေတာင္းဆိုပါတယ္" လို႔ ၀န္ႀကီး Blinken ကေျပာပါတယ္။
ၾသစေၾတးလ် ႏိုင္ငံျခားေရး၀န္ႀကီးလည္းျဖစ္၊ အမ်ဳိးသမီးေရးရာဝန္ႀကီးလည္းျဖစ္တဲ့ Marise Payne ရဲ႕ခရီးစဥ္ဟာ သမၼတ Biden အစိုးရလက္ထက္ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး အေမရိကန္ျပည္ေထာင္စုကို လူကိုယ္တိုင္လာေရာက္တဲ့ ပထမဆုံးခရီးစဥ္ျဖစ္ၿပီး အင္ဒို ပစိဖိတ္ေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြရွိေနတဲ့ အေမရိကန္နဲ႔ ၾသစေၾတးလ်အၾကား မဟာမိတ္အျဖစ္ လက္တြဲခိုင္မာမႈကို ျပသလိုက္တာလို႔လည္း ၀န္ႀကီး Blinken ကေျပာပါတယ္။
ႏိုင္ငံျခားေရးမူဝါဒ၊ အမ်ဳိးသားလုံျခဳံေရး၊ က်န္းမာေရးအရ ေဘးကင္းလုံျခံဳမႈ၊ သတင္းအခ်က္အလက္အမွားေတြျဖန္႔ေ၀မႈကို တုံ႔ျပန္ေရး စတဲ့ အေၾကာင္းအရာကိစၥေတြကို ႏွစ္ဘက္ ေဆြးေႏြးခဲ့ၾကၿပီး ျမန္မာႏိုင္ငံအေရးကိုလည္း အေၾကာင္းကိစၥတခုအျဖစ္ ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးအရ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ရာမွာ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ၾသစေၾတးလ်ႏိုင္ငံ တႏိုင္ငံထဲ ရင္ဆိုင္ဖို႔ ပစ္ထားမွာ မဟုတ္တဲ့အေၾကာင္းလည္း ၀န္ႀကီး Blinken က အေလးအနက္ ေျပာဆိုသြားပါတယ္။
.........................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်နှိမ်နှင်းနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျ နှစ်နိုင်ငံစလုံးက ရှုတ်ချတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ မနေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
“အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုအတော်များများကို ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုကြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက လူတွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်တာ၊ ဒီလို တိုက်ခိုက်နေတာတွေကို အပြစ်ပေး အရေးယူတာမရှိဘဲ ဆက်လက်ခွင့်ပြုနေတာတွေအပေါ် နှစ်နိုင်ငံစလုံးက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတာလည်း ကျနော်တို့ နှစ်ယောက် ဆွေးနွေးခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာပြန်ပြီးအပ်နှင်းဖို့ စစ်အုပ်ချုပ်ရေးကောင်စီကို နှစ်နိုင်ငံစလုံးက တောင်းဆိုပါတယ်" လို့ ဝန်ကြီး Blinken ကပြောပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အမျိုးသမီးရေးရာဝန်ကြီးလည်းဖြစ်တဲ့ Marise Payne ရဲ့ခရီးစဉ်ဟာ သမ္မတ Biden အစိုးရလက်ထက် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို လူကိုယ်တိုင်လာရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အင်ဒို ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတဲ့ အမေရိကန်နဲ့ သြစတြေးလျအကြား မဟာမိတ်အဖြစ် လက်တွဲခိုင်မာမှုကို ပြသလိုက်တာလို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။
နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားလုံခြုံရေး၊ ကျန်းမာရေးအရ ဘေးကင်းလုံခြုံမှု၊ သတင်းအချက်အလက်အမှားတွေဖြန့်ဝေမှုကို တုံ့ပြန်ရေး စတဲ့ အကြောင်းအရာကိစ္စတွေကို နှစ်ဘက် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအရေးကိုလည်း အကြောင်းကိစ္စတခုအဖြစ် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သြစတြေးလျနိုင်ငံ တနိုင်ငံထဲ ရင်ဆိုင်ဖို့ ပစ်ထားမှာ မဟုတ်တဲ့အကြောင်းလည်း ဝန်ကြီး Blinken က အလေးအနက် ပြောဆိုသွားပါတယ်။