သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

'ဝ' နယ္ကဆိုတဲ့ မူးယစ္ေဆး ထိုင္းမွာဖမ္းဆီးရမႈ UWSA ျငင္းဆန္


မယ့္အိုင္းေဒသမွာ အမွတ္ ၅ ေဒသ ရဲတပ္ဖဲြ႔က ဖမ္းမိတဲ့ မူးယစ္ေဆးဝါးမ်ား။ (ဓာတ္ပုံ - အမွတ္ ၅ ေဒသရဲတပ္ဖဲြ႔)

(Zawgyi / Unicode)

ထုိင္း-ျမန္မာနယ္စပ္ ခ်င္းမုိင္ျပည္နယ္ မယ့္အိုင္းၿမိဳ႕နယ္ထဲမွာ ဖမ္းမိတဲ့ စိတ္ႂကြေဆး ၅ သန္းေလာက္ဟာ ရွမ္းျပည္နယ္ မုိင္းေယာင္း ဝလက္နက္ကိုင္ေတြ ထိန္းခ်ဳပ္ရာေဒသကလာေၾကာင္း ထုိင္းအာဏာပုိင္ေတြ ေျပာဆိုခ်က္ကို ကုိးကားၿပိီး ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ျပည္နယ္ မယ့္အိုင္းၿမိဳ႕နယ္ မယ့္ေစာင္ေက်းရြာ အမွတ္ ၆ အနီး လမ္းမေပၚမွာ ၾကယ္ငါးပြင့္ ၉၉၉ တံဆိပ္ပါ စိတ္ႂကြေဆး ဆာလာအိတ္ ၃၇ အိတ္ကုိ သယ္ေဆာင္ၿပီး ေမာင္္းႏွင္လာတဲ့ ပစ္ကပ္ကားငယ္သံုးစီးကို နယ္ျခားေစာင့္တပ္ဖြဲ႔ဝင္ေတြက လိုက္လံဖမ္းဆီးခဲ့တာပါ။

ကားေမာင္းသူေတြဟာ ကားေတြကုိ ေတာစပ္မွာရပ္ၿပီး ထြက္ေျပးသြားခဲ့ၾကေပမယ့္ ဆက္လက္စစ္ေဆး ေဖာ္ထုတ္ခ်က္ေတြအရ ထြက္ေျပးသြားသူေတြဟာ ျမန္မာႏြယ္ဖြား ထိုင္းေတာင္ေပၚသားကတ္ ကိုင္ေဆာင္ထားသူေတြျဖစ္ေၾကာင္း အမွတ္ ၅ ေဒသ နယ္ျခားေစာင့္ရဲတပ္ဖဲြ႔က ေမလ ၁၅ ရက္ေန႔က သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

ဖမ္းမိတဲ့ စိတ္ႂကြေဆးေတြဟာ ရွမ္းျပည္နယ္ မို္င္းေယာင္းေဒသ ဝလက္နက္ကိုင္အင္အားစုမ်ား ထိန္းခ်ဳပ္ထားရာ နယ္ေျမကျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ဒီလိုေျပာဆုိခ်က္အေပၚ UWSA ဝတပ္ဖဲြ႔ လား႐ႈိးၿမိဳ႕ ဆက္ဆံေရး႐ုံး တာဝန္ခံ ဦးညီရမ္းကေတာ့ အခုလို ျငင္းဆုိသြားပါတယ္။

“ဒီလိုပဲ စြပ္စြဲေနၾကပါပဲ။ ဘာမွ အေျခအျမစ္လည္း မရွိဘူးေနာ္။ ဘာမွ သက္ေသအေထာက္အထားလည္း မျပႏုိင္ဘူး။ က်ေနာ္တို႔ဘက္က ျဖတ္သြားတယ္ ဆုိေပမယ့္လည္း က်ေနာ္တို႔ ပိုက္စိတ္တိုက္ ဖမ္းဆီးႏွိမ္နင္းတယ္ ဆုိတာလည္း အားလံုးအသိပါပဲ။ ရာႏႈန္းျပည့္ ပိတ္ဆို႔ႏုိင္ဖို႔ ဆုိတာလည္း အခက္အခဲရွိပါတယ္။ နယ္စပ္တေၾကာမွာလည္း ကီလိုမီတာက နည္းနည္းေနာေနာမဟုတ္ဘူး။ တကယ္လို႔ သက္ေသအေထာက္အထား ျပႏုိင္တယ္ဆုိရင္ေတာ့ အေရးယူဖို႔ အဆင္သင့္ပါပဲ။ ဝေတာင္ပုိ္င္းေပါ့ေနာ္၊ အဲဒီဘက္ေဒသက ျဖတ္သန္းေနတဲ့ မူးယစ္ေမွာင္ခုိမႈေတြက ရွိတယ္။ က်ေနာ္တို႔လည္း လိုက္လံဖမ္းဆီး ထိန္းခ်ဳပ္မႈေတြ ရွိတယ္ဆုိတာ အားလံုးလည္းသိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ နယ္စပ္တေၾကာမွာေတာ့ မူးယစ္ေမွာင္ခိုဂိုဏ္းေတြကေတာ့ ရွိေနတာပဲ။”

မယ့္အိုင္းၿမိဳ႕နယ္အတြင္းမွာ ဖမ္းဆီးမိခဲ့တဲ့ စိတ္ႂကြေဆးျပား ၅ သန္းနီးပါးဟာ ေမလအတြင္း ဒုတိယအႀကိမ္ အမ်ားဆံုး ဖမ္းဆီးႏုိင္ခဲ့တာ ျဖစ္တယ္လို႔ ခ်င္းမိုင္ျပည္နယ္ အမွတ္ ၅ ေဒသ ရဲတပ္ဖြဲ႔ရဲ႕ သတင္းထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ထိုင္းသတင္းေတြမွာ ေရးသားေဖာ္ျပထားပါတယ္။ စိတ္ႂကြေဆးေတြရဲ႕ ကာလတန္ဖိုးကေတာ့ ဘတ္ေငြသန္းေပါင္း ၁,၀၀၀ ေလာက္ရိွတယ္လို႔ ခန္႔မွန္းၾကပါတယ္။

ျမန္မာႏုိင္ငံအတြင္း ႏုိင္ငံေရးမတည္ၿငိမ္မႈကို အခြင့္ေကာင္းယူၿပီး မူးယစ္ဂိုဏ္းေတြဟာ စိတ္ႂကြေဆးျပားေတြကို သန္းေပါင္းမ်ားစြာ သယ္လာေနတဲ့ သတင္းေတြကို ႀကိဳတင္ရထားတဲ့အတြက္ နယ္စပ္လမ္းအားလံုးမွာ ပိတ္ဆို႔ ေစာင့္ၾကည့္ေနခ်ိန္မွာ ဖမ္းမိခဲ့တာျဖစ္ေၾကာင္း အမွတ္ ၅ ေဒသ ဗိုလ္ခ်ဳပ္ Narit Thavornwong က ေျပာဆိုခဲ့ၿပီး အခုလို မူးယစ္ေဆးဝါး ကုန္ကူးမႈေတြမွာ ထိုင္းႏုိင္ငံသားေတြ မပါဝင္ၾကဖို႔ကုိလည္း သတိေပးသြားပါတယ္။

ကုိဗစ္ကပ္ေရာဂါကာလမွာ အသြားအလာေတြ ကန္႔သတ္ထိန္းခ်ဳပ္ထားေပမယ့္ မူးယစ္ေဆးဝါး ေမွာင္ခုိသူေတြကေတာ့ လမ္းေၾကာင္းသစ္ေတြနဲ႔ တင္သြင္းေနဆဲ ျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆုိင္ရာ႐ုံး (UNODC) က ေျပာဆုိထားပါတယ္္။

ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတဝန္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆး ေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း UNODC က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

'ဝ' နယ်ကဆိုတဲ့ မူးယစ်ဆေး ထိုင်းမှာဖမ်းဆီးရမှု UWSA ငြင်းဆန်

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မယ့်အိုင်းမြို့နယ်ထဲမှာ ဖမ်းမိတဲ့ စိတ်ကြွဆေး ၅ သန်းလောက်ဟာ ရှမ်းပြည်နယ် မိုင်းယောင်း ဝလက်နက်ကိုင်တွေ ထိန်းချုပ်ရာဒေသကလာကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မယ့်အိုင်းမြို့နယ် မယ့်စောင်ကျေးရွာ အမှတ် ၆ အနီး လမ်းမပေါ်မှာ ကြယ်ငါးပွင့် ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေး ဆာလာအိတ် ၃၇ အိတ်ကို သယ်ဆောင်ပြီး မောင်းနှင်လာတဲ့ ပစ်ကပ်ကားငယ်သုံးစီးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့တာပါ။

ကားမောင်းသူတွေဟာ ကားတွေကို တောစပ်မှာရပ်ပြီး ထွက်ပြေးသွားခဲ့ကြပေမယ့် ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်တွေအရ ထွက်ပြေးသွားသူတွေဟာ မြန်မာနွယ်ဖွား ထိုင်းတောင်ပေါ်သားကတ် ကိုင်ဆောင်ထားသူတွေဖြစ်ကြောင်း အမှတ် ၅ ဒေသ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မေလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဖမ်းမိတဲ့ စိတ်ကြွဆေးတွေဟာ ရှမ်းပြည်နယ် မိုင်းယောင်းဒေသ ဝလက်နက်ကိုင်အင်အားစုများ ထိန်းချုပ်ထားရာ နယ်မြေကဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုချက်အပေါ် UWSA ဝတပ်ဖွဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ အခုလို ငြင်းဆိုသွားပါတယ်။

“ဒီလိုပဲ စွပ်စွဲနေကြပါပဲ။ ဘာမှ အခြေအမြစ်လည်း မရှိဘူးနော်။ ဘာမှ သက်သေအထောက်အထားလည်း မပြနိုင်ဘူး။ ကျနော်တို့ဘက်က ဖြတ်သွားတယ် ဆိုပေမယ့်လည်း ကျနော်တို့ ပိုက်စိတ်တိုက် ဖမ်းဆီးနှိမ်နင်းတယ် ဆိုတာလည်း အားလုံးအသိပါပဲ။ ရာနှုန်းပြည့် ပိတ်ဆို့နိုင်ဖို့ ဆိုတာလည်း အခက်အခဲရှိပါတယ်။ နယ်စပ်တကြောမှာလည်း ကီလိုမီတာက နည်းနည်းနောနောမဟုတ်ဘူး။ တကယ်လို့ သက်သေအထောက်အထား ပြနိုင်တယ်ဆိုရင်တော့ အရေးယူဖို့ အဆင်သင့်ပါပဲ။ ဝတောင်ပိုင်းပေါ့နော်၊ အဲဒီဘက်ဒေသက ဖြတ်သန်းနေတဲ့ မူးယစ်မှောင်ခိုမှုတွေက ရှိတယ်။ ကျနော်တို့လည်း လိုက်လံဖမ်းဆီး ထိန်းချုပ်မှုတွေ ရှိတယ်ဆိုတာ အားလုံးလည်းသိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နယ်စပ်တကြောမှာတော့ မူးယစ်မှောင်ခိုဂိုဏ်းတွေကတော့ ရှိနေတာပဲ။”

မယ့်အိုင်းမြို့နယ်အတွင်းမှာ ဖမ်းဆီးမိခဲ့တဲ့ စိတ်ကြွဆေးပြား ၅ သန်းနီးပါးဟာ မေလအတွင်း ဒုတိယအကြိမ် အများဆုံး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ချင်းမိုင်ပြည်နယ် အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။ စိတ်ကြွဆေးတွေရဲ့ ကာလတန်ဖိုးကတော့ ဘတ်ငွေသန်းပေါင်း ၁,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဂိုဏ်းတွေဟာ စိတ်ကြွဆေးပြားတွေကို သန်းပေါင်းများစွာ သယ်လာနေတဲ့ သတင်းတွေကို ကြိုတင်ရထားတဲ့အတွက် နယ်စပ်လမ်းအားလုံးမှာ ပိတ်ဆို့ စောင့်ကြည့်နေချိန်မှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း အမှတ် ၅ ဒေသ ဗိုလ်ချုပ် Narit Thavornwong က ပြောဆိုခဲ့ပြီး အခုလို မူးယစ်ဆေးဝါး ကုန်ကူးမှုတွေမှာ ထိုင်းနိုင်ငံသားတွေ မပါဝင်ကြဖို့ကိုလည်း သတိပေးသွားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမယ့် မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။

ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG