သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံဘက္ တရားမဝင္ ဝင္တဲ့ ျမန္မာေတြ ဆက္တိုက္ဖမ္းဆီးခံေနရ


ထုိင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္မွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပံု - ROYAL THAI ARMY via AFP - ေမ ၁၃၊ ၂၀၂၁ )

[Zawgyi/Unicode]

ျမန္မာႏိုင္ငံဘက္က တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာသူေတြကို ထိုင္းႏိုင္ငံဘက္ကေန တင္းတင္းၾကပ္ၾကပ္ေစာင့္ၾကည့္ေနခ်ိန္မွာပဲ ဘုရားသံုးဆူနဲ႔ကပ္ေနတဲ့ ကန္ခ်နဘူရီျပည္နယ္ထဲအပါအဝင္ ေနရာ ၃ ခုမွာ စုစုေပါင္း ၁၀၀ ေက်ာ္ ဖမ္းမိခဲ့ပါတယ္။ တေနရာမွာ ပစ္ကပ္ကား ၃ စီးနဲ႔ပါလာသူေတြကို ထိုင္းရဲေတြ လုိက္လံဖမ္းစဥ္မွာ ကား ၁ စီးတိမ္းေမွာက္ခဲ့လို႔ တခ်ဳိ႕ ဒဏ္ရာရခ့ဲၾကပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္မွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပံု - ROYAL THAI ARMY via AFP - ေမ ၁၃၊ ၂၀၂၁ )
ထုိင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္မွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပံု - ROYAL THAI ARMY via AFP - ေမ ၁၃၊ ၂၀၂၁ )

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ ထိုင္းႏိုင္ငံဘက္ကို တရားမဝင္ ဝင္ေရာက္ေနသူေတြ ျပန္မ်ားလာေနတာနဲ႔အတူ ထိုင္းဘက္ကလည္း လံုျခံဳေရးတင္းၾကပ္ထားပါတယ္။ ေမလ ၁၂ ရက္ေန႔ကေတာ့ ျမန္မာႏိုင္ငံနဲ႔ ကပ္ေနတဲ့ ထိုင္းနိုင္ငံ ကန္ခ်နဘူရီျပည္နယ္ ေထာင္ပါပြန္နယ္စပ္ကေန မနက္ ၁ နာရီေလာက္ ကား ၃ စီးနဲ႔ဝင္လာသူေတြကို ထိုင္းနယ္ျခားေစာင့္တပ္ေတြက ပိတ္ဆို႔ ဖမ္းဆီးခဲ့ပါတယ္။

လူေမွာင္ခိုဂိုဏ္းဝင္ေတြရဲ႕ ကားေတြကို ဖမ္းဆီးမႈအတြင္း ကား ၁ စီးက ေမာင္းႏွင္ထြက္ေျပးခဲ့လို႔ အ႐ွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ခဲ့တဲ့အတြက္ ကားေပၚမွာ လိုက္ပါလာတဲ့ ျမန္မာနိုင္ငံသား ၆ ဦး ဒဏ္ရာရခဲ့တယ္လို႔ ထုိင္းသတင္းေတြမွာေဖာ္ျပၾကပါတယ္။

အဲဒီကား ၃ စီးေပၚက ဖမ္းဆီးမိသူ တရားမဝင္ ဝင္လာတဲ့ ျမန္မာႏိုင္ငံသား ၇၇ ေယာက္က သူတုိ႔ မြန္ျပည္နယ္က လာၾကတယ္လို႔ေျပာပါတယ္။ ေတာလမ္းအတိုင္း ၂ ရက္ၾကာ လမ္းေလ ွ်ာက္လာခဲ့ၾကၿပီး ထိုင္းလူေမွာင္ခိုေတြကို တေယာက္ ထိုင္းဘတ္ေငြ ၁၆,၀၀၀ ေပးခဲ့ရတယ္လို႔ စစ္ေဆးသိရတဲ့အေၾကာင္း ထုိင္းအာဏာပိုင္ေတြကို ကိုးကားၿပီး ထုိင္းသတင္းေတြမွာေဖာ္ျပၾကပါတယ္။

ခုလို ကန္ခ်နဘူရီျပည္နယ္ထဲ ကား ၃ စီးနဲ႔ တရားမဝင္ ဝင္လာသူေတြအျပင္ ေနရာ ၃ ေနရာမွာ စုစုေပါင္း ျမန္မာႏိုင္ငံဘက္က လူ ၁၀၀ ေက်ာ္ကို ေမလ ၁၂ ရက္ ၁ ရက္ထဲမွာ ဖမ္းမိတယ္လို႔ ထုိင္းေတာင္ပုိင္းပညာေရးနဲ႔ ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက ခုလိုေျပာျပပါတယ္။

"ကားကေတာ့ သံုးစီး၊ အဲဒီမွာ ၂ စီးမွာ တစီးက ေမွာက္တယ္။ တစီးက တုိက္တယ္ေျပာတယ္။ ဒါေပမဲ့ ေမွာက္တာကေတာ့ ဒါဏ္ရာအႀကီးအက်ယ္ေတာ့ မရဘူး။ ကားကတစီးကေမွာက္တယ္။ တစီးကတုိက္တာကိုး။ အဲဒီမွာ တေန႔တည္း မေန႔က ၃ ေနရာမွာျဖစ္တာက လမ္းပူးဘက္မွာလည္း မိတယ္။ ေနာက္ျပီးေတာ့ ကန္ခ်နဘူရီ ေထာင္ပါပြန္။ တျခားေနရာတခုကေတာ့ မဲေဆာက္အေပၚဘက္က ဖြတ္ဖရဘက္မွာလည္းမိတယ္။ အားလံုးမိတာဆို လူ ၁၀၀ ေက်ာ္တယ္။"

ကန္ခ်နဘူရီျပည္နယ္ အမွတ္ ၇ ေဒသ ရဲမွဴး Wattana Yi Chin က ျမန္မာႏိုင္ငံဘက္က တရားမဝင္ လာေရာက္သူေတြကို ဖမ္းဆီးမိတာနဲ႔ ပတ္သက္လို႔ ေမ ၁၂ ရက္ေန ့ သတင္းစာရွင္းပြဲမွာလည္း ထိုင္းဘာသာနဲ႔ အခုလိုေျပာဆုိသြားပါတယ္။

"ရာနဲ ့ခ်ီတဲ့ ျမန္မာနိုင္ငံသားေတြ ဆက္တိုက္ ၀င္ေရာက္ေနတာေတြကို ဖမ္းဆီးနိုင္တာက ထုိင္းနယ္ျခားရဲတပ္ဖြဲ ့၀င္ေတြရဲ ့ စြမ္းေဆာင္ခ်က္ေတြေၾကာင့္ အခုလို ဖမ္းဆီးနိုင္ခဲ့တာပါ။"

ကန္ခ်နဘူရီျပည္နယ္ထဲမွာ လံုျခံဳေရးေတြ တင္းၾကပ္စြာခ်ထားတဲ့အထဲကပဲ ျပီးခဲ့တဲ့အပတ္ကလည္း ျမန္မာႏုိိင္ငံသားေတြ ရာနဲ႔ခ်ီ ဖမ္းမိသလို မေန႔ကလည္း ထပ္ၿပီး ၁၀၀ ေက်ာ္ ဖမ္းမိခဲ့တာပါ။ ျမန္မာႏို္င္ငံသားေတြဟာ ႏို္င္ငံတြင္းႏို္င္ငံေရးမတည္ျငိမ္မႈ၊ စီးပြားေရးအရ အဆင္မေျပမႈ၊၊ ဆႏၵျပသူေတြကို လုိက္လံဖမ္းဆီးေနမႈေတြေၾကာင့္ ခုလို ထုိင္းႏို္္င္ငံထဲကုိ ဝင္ေရာက္ႏိုင္ဖုိ႔ ႀကိဳးစားၾကတာျဖစ္ပါတယ္။

ကိုဗစ္တတိယလႈိင္း ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔ ႀကိဳးစားေနတဲ့ ထုိင္းႏိုင္ငံဘက္ကလည္း နယ္စပ္ေဒသေတြကေန သူ႔ႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္လာမယ့္သူေတြကို မျပတ္ေစာင့္ၾကည့္ ဖမ္းဆီးမႈေတြ လုပ္ေနတာျဖစ္ပါတယ္။​

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်တဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မြန်မာနိုင်ငံဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို ထိုင်းနိုင်ငံဘက်ကနေ တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေချိန်မှာပဲ ဘုရားသုံးဆူနဲ့ကပ်နေတဲ့ ကန်ချနဘူရီပြည်နယ်ထဲအပါအဝင် နေရာ ၃ ခုမှာ စုစုပေါင်း ၁၀၀ ကျော် ဖမ်းမိခဲ့ပါတယ်။ တနေရာမှာ ပစ်ကပ်ကား ၃ စီးနဲ့ပါလာသူတွေကို ထိုင်းရဲတွေ လိုက်လံဖမ်းစဉ်မှာ ကား ၁ စီးတိမ်းမှောက်ခဲ့လို့ တချို့ ဒဏ်ရာရခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေသူတွေ ပြန်များလာနေတာနဲ့အတူ ထိုင်းဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။ မေလ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ပါပွန်နယ်စပ်ကနေ မနက် ၁ နာရီလောက် ကား ၃ စီးနဲ့ဝင်လာသူတွေကို ထိုင်းနယ်ခြားစောင့်တပ်တွေက ပိတ်ဆို့ ဖမ်းဆီးခဲ့ပါတယ်။

ျမန္မာႏိုင္ငံသားေတြကို လူကုန္ကူးလာတဲ့ကား တိမ္းေမွာက္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထုိင္းနယ္ျခားေစာင့္တပ္ - ေမ ၁၂၊ ၂၀၂၁)
ျမန္မာႏိုင္ငံသားေတြကို လူကုန္ကူးလာတဲ့ကား တိမ္းေမွာက္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထုိင္းနယ္ျခားေစာင့္တပ္ - ေမ ၁၂၊ ၂၀၂၁)

လူမှောင်ခိုဂိုဏ်းဝင်တွေရဲ့ ကားတွေကို ဖမ်းဆီးမှုအတွင်း ကား ၁ စီးက မောင်းနှင်ထွက်ပြေးခဲ့လို့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တဲ့အတွက် ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာ နိုင်ငံသား ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

အဲဒီကား ၃ စီးပေါ်က ဖမ်းဆီးမိသူ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်က သူတို့ မွန်ပြည်နယ်က လာကြတယ်လို့ပြောပါတယ်။ တောလမ်းအတိုင်း ၂ ရက်ကြာ လမ်းလေ ျှာက်လာခဲ့ကြပြီး ထိုင်းလူမှောင်ခိုတွေကို တယောက် ထိုင်းဘတ်ငွေ ၁၆,၀၀၀ ပေးခဲ့ရတယ်လို့ စစ်ဆေးသိရတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

ခုလို ကန်ချနဘူရီပြည်နယ်ထဲ ကား ၃ စီးနဲ့ တရားမဝင် ဝင်လာသူတွေအပြင် နေရာ ၃ နေရာမှာ စုစုပေါင်း မြန်မာနိုင်ငံဘက်က လူ ၁၀၀ ကျော်ကို မေလ ၁၂ ရက် ၁ ရက်ထဲမှာ ဖမ်းမိတယ်လို့ ထိုင်းတောင်ပိုင်းပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ခုလိုပြောပြပါတယ်။

"ကားကတော့ သုံးစီး၊ အဲဒီမှာ ၂ စီးမှာ တစီးက မှောက်တယ်။ တစီးက တိုက်တယ်ပြောတယ်။ ဒါပေမဲ့ မှောက်တာကတော့ ဒါဏ်ရာအကြီးအကျယ်တော့ မရဘူး။ ကားကတစီးကမှောက်တယ်။ တစီးကတိုက်တာကိုး။ အဲဒီမှာ တနေ့တည်း မနေ့က ၃ နေရာမှာဖြစ်တာက လမ်းပူးဘက်မှာလည်း မိတယ်။ နောက်ပြီးတော့ ကန်ချနဘူရီ ထောင်ပါပွန်။ တခြားနေရာတခုကတော့ မဲဆောက်အပေါ်ဘက်က ဖွတ်ဖရဘက်မှာလည်းမိတယ်။ အားလုံးမိတာဆို လူ ၁၀၀ ကျော်တယ်။"

ကန်ချနဘူရီပြည်နယ် အမှတ် ၇ ဒေသ ရဲမှူး Wattana Yi Chin က မြန်မာနိုင်ငံဘက်က တရားမဝင် လာရောက်သူတွေကို ဖမ်းဆီးမိတာနဲ့ ပတ်သက်လို့ မေ ၁၂ ရက်နေ့ သတင်းစာရှင်းပွဲမှာလည်း ထိုင်းဘာသာနဲ့ အခုလိုပြောဆိုသွားပါတယ်။

"ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဝင်ရောက်နေတာတွေကို ဖမ်းဆီးနိုင်တာက ထိုင်းနယ်ခြားရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ချက်တွေကြောင့် အခုလို ဖမ်းဆီးနိုင်ခဲ့တာပါ။"

ကန်ချနဘူရီပြည်နယ်ထဲမှာ လုံခြုံရေးတွေ တင်းကြပ်စွာချထားတဲ့အထဲကပဲ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ဖမ်းမိသလို မနေ့ကလည်း ထပ်ပြီး ၁၀၀ ကျော် ဖမ်းမိခဲ့တာပါ။ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတွင်းနိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအရ အဆင်မပြေမှု၊၊ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေမှုတွေကြောင့် ခုလို ထိုင်းနို်င်ငံထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်း ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဒေသတွေကနေ သူ့နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို မပြတ်စောင့်ကြည့် ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG