သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူေမွာင္ခိုသြင္းသူေတြအေပၚ ထိုင္း ျပစ္ဒဏ္တိုး ခ်မွတ္မည္


ေမလ ၉ရက္ေန႔က ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓါတ္ပံု- Thai police)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစု အလုပ္လုပ္ၾကတဲ့ ေနရာေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ခပ္စိပ္စိပ္ေတ႔ြလာတာေၾကာင့္ တရားမဝင္ ေ႐ႊ႕ေျပာင္းလုပ္သားေတြ၊ လူေမွာင္ခို ကူးသူေတြကို ေငြဒဏ္ အမ်ားအျပားနဲ႔ ဒဏ္႐ိုက္မွာျဖစ္တယ္လို႔ ထုိင္းအစိုးရက ေမလ ၁၀ ရက္ တနလၤာေန႔ က ထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီိအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ကိုဗစ္ တတိယလႈိင္းကို ထိန္းခ်ဳပ္ဖုိ႔ႀကိဳးစားေနတဲ့ ထိုင္းႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးမူေတြ ျမင့္တက္ လာေနသလို၊ အတည္ျပဳလူနာသစ္ေတြလည္း တိုးေနပါတယ္။

အတည္ျပဳလူနာသစ္ေတြ တိုးတဲ့ေနရာေတြဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစု အလုပ္လုပ္ၾကတဲ့ ေနရာေတြ ျဖစ္ေနတာေၾကာင့္ တရားမ၀င္ ႏိုင္ငံထဲ ဝင္ေရာက္သူ၊ လူကုန္ကူးမႈ လက္ခံထားတဲ့အလုပ္ရွင္ေတြကို ျပင္းထန္တဲ့အေရးယူမူ အသစ္ေတြကို ထုိင္းအစုိးရက ထုတ္ျပန္လိုက္တယ္လို႔ ထုိင္းေတာင္ပုိင္းအေျခစုိက္ ပညာေရးနဲ႔ ဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္႐ွားသူ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“အခု ဒဏ္ေၾကးကေတာ့ ဘတ္ေငြ ၄ေသာင္းအထိ လို႕ေျပာတယ္။ ခိုး၀င္တဲ့ အလုပ္သမားေတြ တရားမ၀င္ အလုပ္သမားေတြ ကိုေပါ့၊ အလုပ္ရွင္ကေတာ့ တေယာက္ကို တေသာင္း ၁၀ ေယာက္ဆိုရင္ တသိန္းေပါ့။ ေနာက္တႀကိမ္ ထပ္က်ဴးလြန္ရင္ေတာ့ အလုပ္သမားဌားရမ္းခြင့္ ပိတ္တာတို႔ ဒဏ္ေငြကို ႏွစ္ဆတိုးတာတို႔ ဒုတိယအႀကိမ္ဆိုရင္ေတာ့ တႏွစ္မေက်ာ္တဲ့ အခ်ဳပ္က်မွာတို႔ေပါ့။ အလုပ္ရွင္ေတြ အတြက္ ေျပာတာ အလုပ္သမားေတြ အတြက္ကေတာ့ ေနာက္တႀကိမ္တုိင္းျပည္ထဲကို ျပန္၀င္လို႔ မရေအာင္ ကုိယ္ေရးအခ်က္အလက္ေတြကို မွတ္တမ္းထားမယ္ဆုိတာေတြပါတယ္။”

ကိုဗစ္ကပ္ေရာဂါ စတင္ခဲ့တဲ့ ၂၀၂၀ မတ္လထဲက ထိုင္းႏိုင္ငံက နယ္စပ္အဝင္အထြက္ေတြ အားလံုးကို တင္းၾကပ္ ကန္႔သတ္ထားပါတယ္။ ဒီၾကားထဲကပဲ ျမန္မာႏိုင္ငံဘက္က ခိုး၀င္လာသူ တပတ္အတြင္း ၄၀၀ ေက်ာ္ ဖမ္းမိခဲ့ပါတယ္။ ေမလ ၉ ရက္ တနဂၤေႏြေန႔ကလည္း ျမန္မာဘက္က ခုိး၀င္လာသူ ၆၀ ေက်ာ္ ကို ဖမ္းမိပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ ျပင္းထန္တဲ့အေရးယူမႈေတြလုပ္မယ္လို႔ ထိုင္းအစိုးရက ထုတ္ျပန္တာျဖစ္ပါတယ္။

“ပက်ြတ္မွာလည္း ၃၂ ေယာက္ေတြ႔တယ္။ ကန္ခ်နဘူရီဘက္မွာလည္း ၃၀ ေက်ာ္တယ္။ အဲဒါ ေတာက္ေလ်ာက္လို ျဖစ္ေနတယ္။ အိႏိၵယ၊ ဘရာဇီးနဲ႔ ကူးစက္ျမန္ ကိုဗစ္ေရာဂါကူးစက္မယ္ဆုိရင္ တရားမ၀င္ ေရႊ႕ေျပာင္းအလုပ္သမားေတြကေန တဆင့္သူတို႔ဆီ ကူးစက္လာႏိုင္မယ္။ စတုတၳလိွဳင္းျဖစ္လာႏိုင္မယ္တို႕ အဲဒီလို ျဖစ္လာႏိုင္မယ္တို႔ ၊ အဲဒီလိုမျဖစ္လာေအာင္ တရားမ၀င္အလုပ္သမား ခိုး၀င္ခိုးထြက္ တာေတြ အလုပ္ရွင္ေတြကေတာ ့တရားမ၀င္အလုပ္သမားခန္႔တဲ့ အလုပ္ရွင္ေတြနဲ႔ နယ္စပ္အေပါက္ေတြ စီစစ္ဖို႔ ထုတ္ျပန္ခ်က္ ဒီေန႔ထုတ္ျပန္တာေပါ့။ ျပင္းျပင္းထန္ထန္ အေရးယူမယ္ေပါ့၊ ျဖစ္လာရင္ မိလာရင္ သတ္မွတ္ထားတဲ့ တရားမ၀င္ ခိုး၀င္လာရင္ လ၀က ဥပေဒနဲ႔ အေရးယူမယ္။ ကိုဗစ္ေရာဂါ ထိမ္းခ်ဳပ္ေရးနဲ႔လည္း အေရးယူမယ္။ အခုကာလမွာ အေရးေပၚ အမိန္႔ထုတ္ျပန္ထားတာ ေဖာက္ဖ်က္က်ဴးလြန္တဲ့အတြက္လည္း အဲဒါနဲ႔လည္း အေရးယူမယ္ေျပာတယ္။”

ထိုင္းနိုင္ငံ ၊ စမုတ္ပရကန္ျပည္နယ္၊ ပကၽြတ္ကရိန္ကန္ျပည္နယ္ထဲက ၿမိဳ႕ေတြအျပင္၊ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ရေနာင္းၿမိဳ႕ေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား စုစုေပါင္း ၁၀၀ ထက္မနည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနၾကပါတယ္။

ထိုင္းႏုိင္ငံထဲ တရားမဝင္ ဝင္လာလုိ႔ ဖမ္းမိ တဲ့ျမန္မာနိုင္ငံသားေတြအေနနဲ့ နယ္စပ္နဲ႕ ၁၀ကီလိုမီတာအတြင္း ၀င္ေရာက္လာမယ္ဆိုရင္ေတာ့ ထိုင္းႏိုင္ငံကခ်က္ခ်င္း ျပန္ပို ့ေနသလို ၁၀ ကီလိုမီတာ အထက္ေက်ာ္လြန္ျပီး အတြင္းပုိင္း ကို ၀င္လာရင္ေတာ့ ဥပေဒနဲ႕ အေရးယူေနတဲ့ၾကားကပဲ ကလးငယ္ေတြပါ ေခၚလာျပီး မိသားစုလိုက္ ေတာလမ္းေတြကေန ဆက္တိုက္၀င္ေရာက္လာေနၾကတာပါ။ ဒါဟာ ျမန္မာနိုင္ငံအတြင္း ႏိုင္ငံေရးမတည္ျငိမ္မူ အလုပ္အကိုင္ ရွားပါးမႈ၊ စီးပြားေရး အဆင္မေျပမႈေတြေၾကာင့္ ျဖစ္ေၾကာင္း ဖမ္းဆီးခံရသူေတြရဲ႕ ထြက္ဆိုခ်က္ေတြကို ကုိးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

လူမှောင်ခိုသွင်းသူတွေအပေါ် ထိုင်း ပြစ်ဒဏ်တိုး ချမှတ်မည်

(Unicode)

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အများစု အလုပ်လုပ်ကြတဲ့ နေရာတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ခပ်စိပ်စိပ်တေ့ွလာတာကြောင့် တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ၊ လူမှောင်ခို ကူးသူတွေကို ငွေဒဏ် အများအပြားနဲ့ ဒဏ်ရိုက်မှာဖြစ်တယ်လို့ ထိုင်းအစိုးရက မေလ ၁၀ ရက် တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ကိုဗစ် တတိယလှိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမူတွေ မြင့်တက် လာနေသလို၊ အတည်ပြုလူနာသစ်တွေလည်း တိုးနေပါတယ်။ အတည်ပြုလူနာသစ်တွေ တိုးတဲ့နေရာတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ အများစု အလုပ်လုပ်ကြတဲ့ နေရာတွေ ဖြစ်နေတာကြောင့် တရားမဝင် နိုင်ငံထဲ ဝင်ရောက်သူ၊ လူကုန်ကူးမှု လက်ခံထားတဲ့အလုပ်ရှင်တွေကို ပြင်းထန်တဲ့အရေးယူမူ အသစ်တွေကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

“အခု ဒဏ်ကြေးကတော့ ဘတ်ငွေ ၄သောင်းအထိ လို့ပြောတယ်။ ခိုးဝင်တဲ့ အလုပ်သမားတွေ တရားမဝင် အလုပ်သမားတွေ ကိုပေါ့၊ အလုပ်ရှင်ကတော့ တယောက်ကို တသောင်း ၁၀ ယောက်ဆိုရင် တသိန်းပေါ့။ နောက်တကြိမ် ထပ်ကျူးလွန်ရင်တော့ အလုပ်သမားဌားရမ်းခွင့် ပိတ်တာတို့ ဒဏ်ငွေကို နှစ်ဆတိုးတာတို့ ဒုတိယအကြိမ်ဆိုရင်တော့ တနှစ်မကျော်တဲ့ အချုပ်ကျမှာတို့ပေါ့။ အလုပ်ရှင်တွေ အတွက် ပြောတာ အလုပ်သမားတွေ အတွက်ကတော့ နောက်တကြိမ်တိုင်းပြည်ထဲကို ပြန်ဝင်လို့ မရအောင် ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းထားမယ်ဆိုတာတွေပါတယ်။”

ကိုဗစ်ကပ်ရောဂါ စတင်ခဲ့တဲ့ ၂၀၂၀ မတ်လထဲက ထိုင်းနိုင်ငံက နယ်စပ်အဝင်အထွက်တွေ အားလုံးကို တင်းကြပ် ကန့်သတ်ထားပါတယ်။ ဒီကြားထဲကပဲ မြန်မာနိုင်ငံဘက်က ခိုးဝင်လာသူ တပတ်အတွင်း ၄၀၀ ကျော် ဖမ်းမိခဲ့ပါတယ်။ မေလ ၉ ရက် တနင်္ဂနွေနေ့ကလည်း မြန်မာဘက်က ခိုးဝင်လာသူ ၆၀ ကျော် ကို ဖမ်းမိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပြင်းထန်တဲ့အရေးယူမှုတွေလုပ်မယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်တာဖြစ်ပါတယ်။

“ပကျွတ်မှာလည်း ၃၂ ယောက်တွေ့တယ်။ ကန်ချနဘူရီဘက်မှာလည်း ၃၀ ကျော်တယ်။ အဲဒါ တောက်လျောက်လို ဖြစ်နေတယ်။ အိန္ဒိယ၊ ဘရာဇီးနဲ့ ကူးစက်မြန် ကိုဗစ်ရောဂါကူးစက်မယ်ဆိုရင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကနေ တဆင့်သူတို့ဆီ ကူးစက်လာနိုင်မယ်။ စတုတ္ထလှိုင်းဖြစ်လာနိုင်မယ်တို့ အဲဒီလို ဖြစ်လာနိုင်မယ်တို့ ၊ အဲဒီလိုမဖြစ်လာအောင် တရားမဝင်အလုပ်သမား ခိုးဝင်ခိုးထွက် တာတွေ အလုပ်ရှင်တွေကတော့တရားမဝင်အလုပ်သမားခန့်တဲ့ အလုပ်ရှင်တွေနဲ့ နယ်စပ်အပေါက်တွေ စီစစ်ဖို့ ထုတ်ပြန်ချက် ဒီနေ့ထုတ်ပြန်တာပေါ့။ ပြင်းပြင်းထန်ထန် အရေးယူမယ်ပေါ့၊ ဖြစ်လာရင် မိလာရင် သတ်မှတ်ထားတဲ့ တရားမဝင် ခိုးဝင်လာရင် လဝက ဥပဒေနဲ့ အရေးယူမယ်။ ကိုဗစ်ရောဂါ ထိမ်းချုပ်ရေးနဲ့လည်း အရေးယူမယ်။ အခုကာလမှာ အရေးပေါ် အမိန့်ထုတ်ပြန်ထားတာ ဖောက်ဖျက်ကျူးလွန်တဲ့အတွက်လည်း အဲဒါနဲ့လည်း အရေးယူမယ်ပြောတယ်။”

ထိုင်းနိုင်ငံ ၊ စမုတ်ပရကန်ပြည်နယ်၊ ပကျွတ်ကရိန်ကန်ပြည်နယ်ထဲက မြို့တွေအပြင်၊ မြန်မာနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၀၀ ထက်မနည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြပါတယ်။

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာလို့ ဖမ်းမိ တဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်နဲ့ ၁၀ကီလိုမီတာအတွင်း ဝင်ရောက်လာမယ်ဆိုရင်တော့ ထိုင်းနိုင်ငံကချက်ချင်း ပြန်ပို့နေသလို ၁၀ ကီလိုမီတာ အထက်ကျော်လွန်ပြီး အတွင်းပိုင်း ကို ဝင်လာရင်တော့ ဥပဒေနဲ့ အရေးယူနေတဲ့ကြားကပဲ ကလးငယ်တွေပါ ခေါ်လာပြီး မိသားစုလိုက် တောလမ်းတွေကနေ ဆက်တိုက်ဝင်ရောက်လာနေကြတာပါ။ ဒါဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မူ အလုပ်အကိုင် ရှားပါးမှု၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ဖြစ်ကြောင်း ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG