သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

PR ကိစၥအပါ ေရြးေကာက္ပဲြဥပေဒေတြ ျပင္ဖို႔ ပါတီေတြနဲ႔ ေဆြးေႏြးမည္ - UEC


ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ႐ုံးခ်ဳပ္။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၅)

(Zawgyi / Unicode)

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းအၿပီး ျပန္လည္ဖြဲ႔စည္းလိုက္တဲ့ ေရြးေကာက္ပြဲေကာ္မရွင္က တည္ဆဲ ေရြးေကာက္ပြဲဥပေဒကို ျပင္ဆင္ဖို႔နဲ႔ ေရြးေကာက္ပဲြမွာ PR အခ်ိဳးက် ကိုယ္စားျပဳစနစ္ က်င့္သုံးႏုိင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ရန္ကုန္ကေပးပို႔တဲ့သတင္းကို မခြါညိဳ တင္ျပေပးထားပါတယ္။

ေရြးေကာက္ပဲြစည္းမ်ဥ္းဥပေဒေတြကို ျပင္ဆင္ဖို႔အတြက္ ႏုိင္ငံေရးပါတီေတြနဲ႔ ေခၚယူညႇိႏႈိင္းသြားမယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဒီကေန႔ျပဳလုပ္တဲ့ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမွဴး ဦးခင္ေမာင္ဦးက ေျပာဆိုသြားတာပါ။

“ေရြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒမ်ားကို ျပင္ဆင္ႏုိင္ေရးအတြက္ သုံးသပ္ ေဆာင္ရြက္လ်က္လည္း ရွိပါတယ္။ မဲစာရင္း၊ ဆႏၵမဲေပးပုိင္ခြင့္ရွိသူမ်ားေပါ့၊ ဒီဟာနဲ႔ ပတ္သက္လို႔ရွိရင္လည္း ျပ႒ာန္းထားတာေတာ့ ေရြးေကာက္ပြဲ က်င္းပတဲ့ေန႔မွာ အသက္ ၁၈ ႏွစ္ျပည့္ၿပီး ႏုိင္ငံသား၊ ဧည့္ႏိုင္ငံသား၊ ႏုိင္ငံသားျပဳခြင့္ရသူ ဒီလက္မွတ္ေတြပါ ကိုင္ေဆာင္တဲ့သူ ဆိုတာမ်ဳိး က်ေနာ္တုိ႔ ထည့္သြင္းဖုိ႔ စဥ္းစားသုံးသပ္ ေဆာင္ရြက္လ်က္ ရွိပါတယ္။ မဲစာရင္းျပဳစုတဲ့ အပိုင္းမွာလည္း မဲစာရင္္းေတြကို ျပဳစုတဲ့အခါမွာ ၿမိဳ႕နယ္က တာဝန္ခံၿပီးခါက်မွ သက္ဆုိင္ရာ ေထြအုပ္တို႔ လဝကတုိ႔ရဲ႕ အကူအညီ ရယူၿပီးခါက်မွ ျပဳစုဖို႔၊ အလားတူပဲ ရက္ေပါင္း ၉၀ အထက္ မဲဆႏၵနယ္ျပင္ပ ေရာက္ေနတဲ့သူ၊ သက္ဆုိင္ရာ ေရာက္ေနတဲ့ မဲဆႏၵနယ္မွာ မဲေပးခြင့္ဆိုတဲ့ ကိစၥကလည္း ဒီဟာေတြက မူလေနရာမွာလည္းပါ၊ ဟုိေနရာမွာလည္း မဲေပးခြင့္နဲ႔ မဲစာရင္းေတြက ေဖာင္းပြတာ ရွိပါတယ္။ ဒါေၾကာင့္ ရက္ ၉၀ နဲ႔အထက္ မဲဆႏၵနယ္ျပင္ပ ေရာက္ေနတဲ့ မဲဆႏၵရွင္ေတြ သက္ဆုိင္ရာ ေရာက္ေနတဲ့ မဲဆႏၵနယ္မွာ မဲေပးခြင့္ဆိုတဲ့ ကိစၥမ်ဳိးကုိလည္း ပယ္ဖ်က္ဖို႔အထိ က်ေနာ္တုိ႔ စဥ္းစားေနပါတယ္။ ဒီလို ပယ္ဖ်က္ၿပီးတယ္ဆုိရင္ေတာ့ သူနဲ႔ ဆက္စပ္ေနတဲ့ ဥပေဒ၊ နည္းဥပေဒ ဒါေတြကိုလည္း ျပင္ဆင္ဖို႔ လိုအပ္ပါတယ္။”

တည္ဆဲဥပေဒမွာ ျပင္ဆင္ဖို႔ ေဆာင္ရြက္ေနတဲ့ အေျခအေနကို ဦးခင္ေမာင္ဦးက ေျပာဆိုခဲ့တာပါ။

ျပင္ဆင္ဖို႔ လုပ္ေဆာင္ေနတဲ့ ကိစၥေတြနဲ႔ပတ္သက္လို႔ လာမယ့္ ပါတီေတြနဲ႔ ေတြ႔ဆုံပြဲမွာ ခ်ျပဖို႔ စီစဥ္ထားတယ္လို႔ ဦးခင္ေမာင္ဦးက ေျပာပါတယ္။ လာမယ့္ ေမ ၂၁ ရက္ေန႔မွာ တည္ဆဲပါတီ ၉၀ ေက်ာ္နဲ႔ ေကာ္မရွင္အေနနဲ႔ ေတြ႔ဆုံဖို႔ရွိပါတယ္။ လက္ရွိမွာ NLD ပါတီကို တည္ဆဲပါတီအေနနဲ႔ ဆက္လက္သတ္မွတ္ထားသလို ေတြ႔ဆုံပြဲမွာလည္း NLD ပါတီဘက္က တက္ေရာက္ႏုိင္ဖို႔ ဖိတ္ၾကားထားတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ စစ္အာဏာသိမ္းၿပီး ၿပီးခဲ့တဲ့တေခါက္က ေရြးေကာက္ပဲြေကာ္မရွင္သစ္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဆံုပဲြမွာ NLD ပါတီဘက္က တက္ေရာက္ႏုိင္ျခင္း မရွိပါဘူး။

NLD ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ အားလံုးနီးပါး ဖမ္းဆီးခံရသလို က်န္သူတခ်ိဳ႕ကလည္း ထြက္ေျပးေနရတာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ NLD ပါတီ ဌာနခ်ဳပ္ကို လာတဲ့ ပါတီေခါင္းေဆာင္တခ်ိဳ႕လည္း ႐ုံးေရွ႕မွာ အဖမ္းခံခဲ့ရပါတယ္။ ဒါေၾကာင့္ အခုလို ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႔ဆံုပဲြမွာ NLD ကို ဖိတ္ၾကားထားတယ္ ဆုိေပမယ့္ NLD အေနနဲ႔ တက္ေရာက္ႏုိင္ျခင္းရွိမရွိ မက်ိန္းေသပါဘူး။ NLD ပါတီ ေခါင္းေဆာင္ေတြနဲ႔ လႊတ္ေတာ္အမတ္ေတြ ဦးေဆာင္ဖဲြ႔ထားတဲ့ CRPH လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကိုလည္း စစ္ေကာင္စီက အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ေၾကညာထားပါတယ္။

တည္ဆဲ ေရြးေကာက္ပြဲဥပေဒကို ျပင္ဆင္ဖို႔ လုပ္ေဆာင္ထားတယ္လို႔ ဆိုေပမယ့္ ဥပေဒျပဳႏုိင္တဲ့ လႊတ္ေတာ္မရွိတဲ့ ဒီကာလမွာ ျပင္ဆင္မယ့္ ဥပေဒ ပုဒ္မေတြကို ဘယ္လိုျပင္ဆင္ ျပ႒ာန္းမလဲ ဆိုတာကိုလည္း ေကာ္မရွင္တာဝန္ရွိသူဘက္က ရွင္းရွင္းလင္းလင္း ေျပာဆိုမသြားခဲ့ပါဘူး။

လက္ရွိက်င့္သုံးေနတဲ့ ေရြးေကာက္ပြဲႏုိင္သူ အကုန္ယူစနစ္ကေန PR အခ်ိဳးက် ကုိယ္စားျပဳစနစ္ကို ေျပာင္းဖို႔ ေဆာင္ရြက္ေနတယ္လို႔လည္း ဦးခင္ေမာင္ဦးက ေျပာပါတယ္။

“PR စနစ္နဲ႔ ပတ္သက္လို႔ကေတာ့ ၿပီးခဲ့တဲ့ သတင္းစာရွင္းလင္းပြဲေတြမွာလည္း PR စနစ္နဲ႔ ပတ္သက္တဲ့ အေျခခံ အခ်က္အလက္ေတြ အၾကမ္းဖ်ဥ္း က်ေနာ္ ရွင္းလင္းခဲ့ၿပီး ျဖစ္ပါတယ္။ ေနာက္ ပါတီေတြရဲ႕ တင္ျပခ်က္ေတြလည္း ရွိပါတယ္။ အလားတူ ေကာ္မရွင္အေနနဲ႔ ေလ့လာသုံးသပ္မႈမ်ားလည္း ရွိပါတယ္။ ဥပေဒျပင္ဆင္ေရးနဲ႔ ပတ္သက္လို႔ရွိရင္လည္း ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနနဲ႔ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး အာဏာမ်ား ရရွိိၿပီးျဖစ္တဲ့အတြက္ ျပင္ဆင္ႏုိင္တဲ့ ဥပေဒမ်ားကိုလည္း ျပင္ဆင္ႏုိင္ပါတယ္။ နည္းဥပေဒကေတာ့ က်ေနာ္တုိ႔အေနနဲ႔ ေကာ္မရွင္ရဲ႕ ျပင္ဆင္ပုိင္ခြင့္ ျဖစ္ပါတယ္။ အမိန္႔ေၾကာ္ျငာစာနဲ႔ ျပင္လုိ႔ရပါတယ္။ ဒါေတြကိုလည္း သုံးသပ္ၿပီးမွ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဒီလိုေဆာင္ရြက္မႈ အေျခအေနမ်ားကိုလည္း က်ေနာ္တုိ႔အေနနဲ႔ အခ်ိန္နဲ႔တေျပးညီ ထုတ္ျပန္ေပးသြားမွာ ျဖစ္ပါတယ္။”

ဒီစနစ္ကို က်င့္သုံးႏုိင္ဖို႔ လက္ရွိမွာ ေလ့လာမႈေတြ စတင္လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။ ဒီစနစ္ကို လုပ္ေဆာင္ဖို႔အတြက္ ပါတီတခ်ိဳ႕ကလည္း စာတမ္းတင္ထားတာေတြ ရွိသလို ေကာ္မရွင္ဘက္ကလည္း စာတမ္းျပဳစုထားတယ္လို႔ ဆိုပါတယ္။ PR စနစ္က်င့္သံုးဖို႔ ဆိုတာကို ၿပီးခဲ့တဲ့ NLD အစိုးရ သက္တမ္းကာလ လႊတ္ေတာ္မွာ စစ္တပ္ကိုယ္စားလွယ္ေတြေရာ အတိုက္အခံပါတီတခ်ိဳ႕ကပါ တင္ျပခဲ့ေပမယ့္ NLD အမ်ားစုလႊမ္းတဲ့ လႊတ္ေတာ္က ပယ္ခ်ထားတာပါ။

လာမယ့္ ေရြးေကာက္ပြဲေတြမွာ ဒီစနစ္ကို က်င့္သုံးႏုိင္ေအာင္ လုပ္သြားမယ္လို႔ ရည္ရြယ္ထားတာ​မွာ လက္ရွိအေျခအေနအရ က်င့္သုံးႏုိင္ျခင္းရွိမရွိနဲ႔ ေရြးေကာက္ပြဲစနစ္ေတြကို ထိေတြ႔မႈအားနည္းေနဆဲျဖစ္တဲ့ ျမန္မာျပည္သူျပည္သားေတြ ဒီစနစ္ကို အကၽြမ္းဝင္ဖို႔ အခ်ိန္ယူရႏုိင္တဲ့အေပၚ ေကာ္မရွင္ရဲ႕ ျပင္ဆင္မႈအေပၚ သတင္းေထာက္ေတြ ေမးျမန္းတာမွာေတာ့ ေကာ္မရွင္ဘက္က ရွင္းရွင္းလင္းလင္း ေျဖၾကားသြားတာ မရွိပါဘူး။

ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာလည္း ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ မဲစာရင္း မသမာမႈေတြ ရွိခဲ့တယ္လို႔ လက္ရွိေကာ္မရွင္က စြပ္စြဲထားၿပီး မဲစာရင္းမွားမႈေတြဟာ တပ္မေတာ္ဘက္က ထုတ္ျပန္စာရင္းထက္ မ်ားႏုိင္မယ္လို႔ ခန္႔မွန္းေၾကာင္းလည္း ေျပာဆိုပါတယ္။

လက္ရွိမွာေတာ့ ေရြးေကာက္ပြဲက်င္းပခဲ့တဲ့ ၿမိဳ႕နယ္ ၃၀၀ ေက်ာ္ရဲ႕ မဲေတြ ျပန္လည္စစ္ေဆးမႈဟာ သုံးပုံႏွစ္ပုံ ၿပီးသြားၿပီလို႔ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

PR ကိစ္စအပါ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဖို့ ပါတီတွေနဲ့ ဆွေးနွေးမည် - UEC

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းအပြီး ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က တည်ဆဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခွါညို တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲစည်းမျဉ်းဥပဒေတွေကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ ခေါ်ယူညှိနှိုင်းသွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောဆိုသွားတာပါ။

“ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေးအတွက် သုံးသပ် ဆောင်ရွက်လျက်လည်း ရှိပါတယ်။ မဲစာရင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများပေါ့၊ ဒီဟာနဲ့ ပတ်သက်လို့ရှိရင်လည်း ပြဋ္ဌာန်းထားတာတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒီလက်မှတ်တွေပါ ကိုင်ဆောင်တဲ့သူ ဆိုတာမျိုး ကျနော်တို့ ထည့်သွင်းဖို့ စဉ်းစားသုံးသပ် ဆောင်ရွက်လျက် ရှိပါတယ်။ မဲစာရင်းပြုစုတဲ့ အပိုင်းမှာလည်း မဲစာရင်းတွေကို ပြုစုတဲ့အခါမှာ မြို့နယ်က တာဝန်ခံပြီးခါကျမှ သက်ဆိုင်ရာ ထွေအုပ်တို့ လဝကတို့ရဲ့ အကူအညီ ရယူပြီးခါကျမှ ပြုစုဖို့၊ အလားတူပဲ ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့သူ၊ သက်ဆိုင်ရာ ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ဆိုတဲ့ ကိစ္စကလည်း ဒီဟာတွေက မူလနေရာမှာလည်းပါ၊ ဟိုနေရာမှာလည်း မဲပေးခွင့်နဲ့ မဲစာရင်းတွေက ဖောင်းပွတာ ရှိပါတယ်။ ဒါကြောင့် ရက် ၉၀ နဲ့အထက် မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့ မဲဆန္ဒရှင်တွေ သက်ဆိုင်ရာ ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ဆိုတဲ့ ကိစ္စမျိုးကိုလည်း ပယ်ဖျက်ဖို့အထိ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီလို ပယ်ဖျက်ပြီးတယ်ဆိုရင်တော့ သူနဲ့ ဆက်စပ်နေတဲ့ ဥပဒေ၊ နည်းဥပဒေ ဒါတွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်။”

တည်ဆဲဥပဒေမှာ ပြင်ဆင်ဖို့ ဆောင်ရွက်နေတဲ့ အခြေအနေကို ဦးခင်မောင်ဦးက ပြောဆိုခဲ့တာပါ။

ပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ လာမယ့် ပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ချပြဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။ လာမယ့် မေ ၂၁ ရက်နေ့မှာ တည်ဆဲပါတီ ၉၀ ကျော်နဲ့ ကော်မရှင်အနေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ လက်ရှိမှာ NLD ပါတီကို တည်ဆဲပါတီအနေနဲ့ ဆက်လက်သတ်မှတ်ထားသလို တွေ့ဆုံပွဲမှာလည်း NLD ပါတီဘက်က တက်ရောက်နိုင်ဖို့ ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ပြီးခဲ့တဲ့တခေါက်က ရွေးကောက်ပွဲကော်မရှင်သစ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ NLD ပါတီဘက်က တက်ရောက်နိုင်ခြင်း မရှိပါဘူး။

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အားလုံးနီးပါး ဖမ်းဆီးခံရသလို ကျန်သူတချို့ကလည်း ထွက်ပြေးနေရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NLD ပါတီ ဌာနချုပ်ကို လာတဲ့ ပါတီခေါင်းဆောင်တချို့လည်း ရုံးရှေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ဒါကြောင့် အခုလို နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ NLD ကို ဖိတ်ကြားထားတယ် ဆိုပေမယ့် NLD အနေနဲ့ တက်ရောက်နိုင်ခြင်းရှိမရှိ မကျိန်းသေပါဘူး။ NLD ပါတီ ခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေ ဦးဆောင်ဖွဲ့ထားတဲ့ CRPH လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားပါတယ်။

တည်ဆဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပေမယ့် ဥပဒေပြုနိုင်တဲ့ လွှတ်တော်မရှိတဲ့ ဒီကာလမှာ ပြင်ဆင်မယ့် ဥပဒေ ပုဒ်မတွေကို ဘယ်လိုပြင်ဆင် ပြဋ္ဌာန်းမလဲ ဆိုတာကိုလည်း ကော်မရှင်တာဝန်ရှိသူဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုမသွားခဲ့ပါဘူး။

လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲနိုင်သူ အကုန်ယူစနစ်ကနေ PR အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းဖို့ ဆောင်ရွက်နေတယ်လို့လည်း ဦးခင်မောင်ဦးက ပြောပါတယ်။

“PR စနစ်နဲ့ ပတ်သက်လို့ကတော့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း PR စနစ်နဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေ အကြမ်းဖျဉ်း ကျနော် ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ နောက် ပါတီတွေရဲ့ တင်ပြချက်တွေလည်း ရှိပါတယ်။ အလားတူ ကော်မရှင်အနေနဲ့ လေ့လာသုံးသပ်မှုများလည်း ရှိပါတယ်။ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ရှိရင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများ ရရှိပြီးဖြစ်တဲ့အတွက် ပြင်ဆင်နိုင်တဲ့ ဥပဒေများကိုလည်း ပြင်ဆင်နိုင်ပါတယ်။ နည်းဥပဒေကတော့ ကျနော်တို့အနေနဲ့ ကော်မရှင်ရဲ့ ပြင်ဆင်ပိုင်ခွင့် ဖြစ်ပါတယ်။ အမိန့်ကြော်ငြာစာနဲ့ ပြင်လို့ရပါတယ်။ ဒါတွေကိုလည်း သုံးသပ်ပြီးမှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှု အခြေအနေများကိုလည်း ကျနော်တို့အနေနဲ့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။”

ဒီစနစ်ကို ကျင့်သုံးနိုင်ဖို့ လက်ရှိမှာ လေ့လာမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီစနစ်ကို လုပ်ဆောင်ဖို့အတွက် ပါတီတချို့ကလည်း စာတမ်းတင်ထားတာတွေ ရှိသလို ကော်မရှင်ဘက်ကလည်း စာတမ်းပြုစုထားတယ်လို့ ဆိုပါတယ်။ PR စနစ်ကျင့်သုံးဖို့ ဆိုတာကို ပြီးခဲ့တဲ့ NLD အစိုးရ သက်တမ်းကာလ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေရော အတိုက်အခံပါတီတချို့ကပါ တင်ပြခဲ့ပေမယ့် NLD အများစုလွှမ်းတဲ့ လွှတ်တော်က ပယ်ချထားတာပါ။

လာမယ့် ရွေးကောက်ပွဲတွေမှာ ဒီစနစ်ကို ကျင့်သုံးနိုင်အောင် လုပ်သွားမယ်လို့ ရည်ရွယ်ထားတာမှာ လက်ရှိအခြေအနေအရ ကျင့်သုံးနိုင်ခြင်းရှိမရှိနဲ့ ရွေးကောက်ပွဲစနစ်တွေကို ထိတွေ့မှုအားနည်းနေဆဲဖြစ်တဲ့ မြန်မာပြည်သူပြည်သားတွေ ဒီစနစ်ကို အကျွမ်းဝင်ဖို့ အချိန်ယူရနိုင်တဲ့အပေါ် ကော်မရှင်ရဲ့ ပြင်ဆင်မှုအပေါ် သတင်းထောက်တွေ မေးမြန်းတာမှာတော့ ကော်မရှင်ဘက်က ရှင်းရှင်းလင်းလင်း ဖြေကြားသွားတာ မရှိပါဘူး။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲစာရင်း မသမာမှုတွေ ရှိခဲ့တယ်လို့ လက်ရှိကော်မရှင်က စွပ်စွဲထားပြီး မဲစာရင်းမှားမှုတွေဟာ တပ်မတော်ဘက်က ထုတ်ပြန်စာရင်းထက် များနိုင်မယ်လို့ ခန့်မှန်းကြောင်းလည်း ပြောဆိုပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၀၀ ကျော်ရဲ့ မဲတွေ ပြန်လည်စစ်ဆေးမှုဟာ သုံးပုံနှစ်ပုံ ပြီးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG