သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ႐ိုင္ေ႐ြး/ေကာ္ အဖြဲ႕ဝင္ေဟာင္းမ်ား ဖိအားေပးအေရးယူခံရ


၂၀၂၀ ေရြးေကာက္ပြဲ ျမင္ကြင္း (၂၉၊၁၀၊၂၀၂၀) (ဓာတ္ပံု -AFP)

မႏၲေလးနဲ႔တျခားၿမိဳ႕ႀကီးေတြမွာၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာတာဝန္ယူခဲ့ၾကတဲ့ ေကာ္မရွင္အဖြဲ႕ဝင္ေဟာင္းေတြ ဖိအားေပးအေရးယူခံေနရတာေတြရွိေနပါတယ္။ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲအတြင္း ႀကိဳတင္မဲေကာက္ခံရာမွာဥပေဒနဲ႔မညီတာ၊ ဆႏၵမဲလက္မွတ္အပိုေတြကို အပ္ႏွံဖို႔ပ်က္ကြက္တာ စတဲ့ စြဲခ်က္ေတြနဲ႔ စစ္ေကာင္စီခန႔္ေ႐ြးေကာက္ပြဲေကာ္မရွင္က တရား႐ုံးကို တိုင္တန္းထားတာပါ။ တရား႐ုံးမွာ အျပစ္ရွိေၾကာင္း ဝန္ခံၿပီး၊ ဒဏ္ေငြေပးေဆာင္ရင္ လြတ္ၿငိမ္းခြင့္ ေပးမယ္လို႔ တရားဝင္သေဘာ မဟုတ္ဘဲ အသိေပးထားေၾကာင္းလည္း ခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း တေယာက္က ေျပာပါတယ္။ စြဲဆိုတိုင္ၾကားခံထားရတဲ့ အမည္မေဖာ္လိုသူ ေကာ္မရွင္အဖြဲ႕ဝင္ေဟာင္းကို ဦးသိန္းထိုက္ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုသိန္းထိုက္ဦး။ ။ ဒဏ္ေငြတေသာင္းေဆာင္တာက မဲမသမာမႈေတြရွိခဲ့တယ္ဆိုၿပီးေတာ့ ဝန္ခံၿပီးေတာ့ ေတာင္တာမ်ိဳးလား။
ေကာ္မရွင္အဖြဲ႕ဝင္ေဟာင္း။ ။ အဲဒီဒဏ္ေငြ တေသာင္းဆိုတာ သူတို႔က ပထမေတာ့ က်ေနာ္တို႔ကို တရားစြဲမယ္ဆိုတဲ့ စာထဲေတာ့မပါဘူး။ ဒါေပမယ့္သူတို႔ေျပာတာက ၁၃၀ (က) ဆိုလား၊ ၁၃၁ (က) ဆိုလားေျပာတဲ့ ပုဒ္မေပါ့ေနာ္၊ ရာဇသတ္ႀကီးပုဒ္မနဲ႔တရားစြဲမယ္ေပါ့ေနာ္။ အဲဒီပုဒ္မက ေထာင္ဒဏ္သုံးႏွစ္ သို႔မဟုတ္ ေငြဒဏ္က်ခံရႏိုင္တယ္ေပါ့။ သူတို႔အဲလို အသံလႊင့္တယ္။ လႊင့္ၿပီးတဲ့ခါက်ေတာ့ သူတို႔အဲဒီေလာက္ႀကီးထိမသြားခ်င္ဘူး။ မသြားခ်င္တဲ့အတြက္ ဒဏ္ေငြ တေသာင္းေတာ့ ေဆာင္ေပးပါတဲ့။ အဲဒီေတာ့ သူတို႔က တရား႐ုံးမွာမေဆာင္ရဘူး။ တျခားေနရာတခုမွာ တရားသူႀကီးကို ေခၚၿပီးေတာ့ ေဆာင္ေပးမယ္ေပါ့။ ဘာလက္မွတ္မွလည္းထိုးစရာမလိုေတာ့ဘူးေပါ့။ ဒဏ္ေငြ တေသာင္းနဲ႔တင္ ဒီကိစၥက ၿပီးပါတယ္ေပါ့။

ကိုသိန္းထိုက္ဦး။ ။ အဲဒီေတာ့ ဒဏ္ေငြတေသာင္းေဆာင္တာနဲ႔ပတ္သက္ၿပီးေတာ့ ခံဝန္ခ်ဳပ္ေတြထိုးရေသးလား။ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ဒဏ္ေငြတေသာင္းကို ေဆာင္ရပါသလဲခင္ဗ်။

ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း။ ။ ဒဏ္ေငြတေသာင္းေဆာင္ခဲ့တဲ့သူေတြကိုေမးၾကည့္ေတာ့လည္း ခံဝန္ေတာ့မထိုးရဘူး။ သူတို႔ဘာမွတ္တမ္းယူခဲ့၊ မယူခဲ့ေတာ့မသိဘူး။ တရား႐ုံးမွာ ေတာ့ ေဆာင္ခဲ့ရတယ္။ တရားသူႀကီးအေရွ႕မွာ။ ဒါေပမယ့္ ဒဏ္ေငြ တေသာင္းေဆာင္ျခင္းအားျဖင့္ သူတို႔ဆိုလိုတဲ့ မဲမသမာမႈဆိုတဲ့ဟာကို အေထာက္အပံ့ျဖစ္ေစတယ္ေပါ့။ ဆိုေတာ့ သူတို႔စိတ္ထဲမွာေတာ့ ေနမထိ၊ ထိုင္မသာေတာ့ ျဖစ္ေနတယ္ေပါ့။
ကိုသိန္းထိုက္ဦး။ ။ ဒီေငြတေသာင္းေဆာင္လိုက္ရင္ တရားစြဲေတာ့ မခံရေတာ့ဘူး။ ဒါေပမယ့္ အက်ိဴးဆက္ကက်ေတာ့ ဘယ္လိုျဖစ္ႏိုင္မလဲ။
ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း။ ။ အက်ိဳးဆက္ကေတာ့ အမ်ားသိတဲ့အတိုင္းေပါ့ေနာ္၊ အက်ိဳးဆက္ကေတာ့ လက္ရွိ ေ႐ြးေကာက္ပြဲ မဲမသမာမႈမွာ ပါဝင္လုပ္ခဲ့တယ္ဆိုတဲ့သေဘာမ်ိဳးသက္ေရာက္မွာပဲ။ ဘာလဲဆိုေတာ့ စၿပီး သူတို႔စြဲထဲကိုက ေ႐ြးေကာက္ပြဲနဲ႔ပက္သက္ၿပီး မဲစာရင္းမွားယြင္းမႈအေပၚမွာ ႀကီးၾကပ္မႈ အားနည္းခဲ့တယ္ဆိုၿပီးတဲ့ အခ်က္နဲ႔သူတို႔က တရားစြဲတာျဖစ္ပါတယ္။

ကိုသိန္းထိုက္ဦး။ ။ ေကာ္မရွင္အဖြဲ႕ဝင္ အမ်ားစုရဲ႕သေဘာထားက ဘယ္လိုရွိပါသလဲခင္ဗ်။

ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း။ ။ အမ်ားစုရဲ႕ သေဘာထားကေတာ့ က်ေနာ္တို႔ကလူလတ္ပိုင္းကိုး။ က်ေနာ္တို႔ေကာ္မရွင္ member ေတြက အမ်ားေသာအားျဖင့္ အၿငိမ္းစားေတြ၊ အသက္ ၆၀ ေက်ာ္ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြျဖစ္တဲ့အခါက်ေတာ့ သူတို႔မွက်ေတာ့ ေရွာင္ဖို႔တိမ္းဖို႔က်ေတာ့ အခက္အခဲေတြရွိတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒဏ္ေငြ တေသာင္းေလာက္နဲ႔ပဲၿပီးမယ္လို႔က်ေနာ္တို႔ၾကားရတဲ့ သတင္းေနာ္။ ေတာ္ေတာ္မ်ားမ်ားေျပာၾကည့္တယ္။ က်ေနာ္တို႔ကေတာ့ ေ႐ြးေကာက္ပြဲမွာ ကူညီေဆာင္႐ြက္ခဲ့တယ္။ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ခဲ့တာျဖစ္တယ္။ သူတို႔ေျပာသလိုလည္း ႀကီးၾကပ္မႈလည္း အားမနည္းခဲ့ဘူး။ အဲဒီေတာ့ ဒဏ္ေငြလည္း မေဆာင္ႏိုင္ဘူူး။ တရားစြဲလည္း စြဲခ်င္ရာစြဲ။

ကိုသိန္းထိုက္ဦး။ ။ စၿပီးေတာ့ ေကာ္မရွင္ထဲမွာေ႐ြးခ်ယ္ခဲ့တုန္းက ဥပေဒေၾကာင္းအရ ေဆာင္႐ြက္ခဲ့တာမ်ိဳးရွိပါလား။

ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း။ ။ ဥပေဒနဲ႔အညီေဆာင္႐ြက္လို႔ရွိရင္ ဘယ္သူမွ အေရးယူလို႔မရဘူး။ အေျခခံဥပေဒက အကာကြယ္ေပးၿပီးသား။ ေ႐ြးေကာက္ပြဲနဲ႔ပက္သက္တဲ့ ေကာ္မရွင္ေတြအားလုံးဟာ သေဘာ႐ိုးနဲ႔စြမ္းႏိုင္သမွ် တာဝန္ကို ေက်ပြန္စြာထမ္းႏိုင္ခဲ့လို႔ရွိရင္ တရားစြဲဆိုျခင္းလည္းမခံရဘူး။ တရားမ ေၾကာင္းေရာ၊ ရာဇဝတ္အေၾကာင္းေရာ၊ ဘာအေၾကာင္းနဲ႔မွ တရားစြဲဆိုျခင္းမခံရဘူး။ ေနာက္တခုက တရားစြဲဆိုျခင္းမခံရတဲ့အျပင္ သက္ေသေတာင္မွ လိုက္ခြင့္မရွိဘူးလို႔ဥပေဒက အျပည့္အ၀ အကာအကြယ္ေပးၿပီးသားဗ်။ အဲဒါကိုမွာ သူတို႔က တရားစြဲဖို႔လုပ္တာ။
ကိုသိန္းထိုက္ဦး။ ။ မဲစာရင္းေတြကေရာ တကယ္မွားခဲ့လို႔လား။ မွားခဲ့တယ္ဆိုတဲ့ သံသယမ်ိဳးေရာ ရွိလား။ တကယ္မွားခဲ့တဲ့ဟာမ်ိဳး။
ေကာ္မရွင္ အဖြဲဝင္ေဟာင္း။ ။ မဲစာရင္းကေတာ့ သူတို႔ေျပာေလာက္ႀကီးေတာ့ မွားစရာေတာ့ မရွိဘူးဗ်။ ဒါေပမယ့္ မဲစာရင္းကေတာ့ မွားမွာပဲ။ ဥပေဒအရအားနည္းခ်က္၊ ေနာက္ၿပီး ဝန္ထမ္းအင္အားအဖြဲ႕အစည္းရဲ႕အားနည္းခ်က္အရေတာ့ မဲစာရင္းကေတာ့ မွားဦးမွာပဲ။ ဒါေပမယ့္ သူတို႔ေျပာသေလာက္ ရာခိုင္ႏႈန္းအမ်ားႀကီးေတာ့ ျဖစ္ႏိုင္စရာမရွိဘူး။ က်ေနာ္တို႔လက္ေတြ႕လုပ္ခဲ့တဲ့လူေတြရဲ႕ အေနအထားအရ ေပါ့ေနာ္ တပ္မဲစာရင္းနဲ႔ပက္သက္လို႔ ၊ တပ္နဲ႔တပ္မိသားစုရဲ႕ မဲစာရင္းနဲ႔ပက္သက္ရင္ သူတို႔ေပးတဲ့အတိုင္းပဲ ကေနာ္တို႔က လက္ခံၿပီး ထည့္သြင္းယူရတာ။ က်ေနာ္တို႔ေကာ္မရွင္က အဲဒါကို သြားၿပီး တည္းျဖတ္တာမ်ိဳးလုပ္ပိုင္ခြင့္မရွိဘူး။ စစ္ေဆးတာေတြ၊ စီစစ္တာေတြ လုပ္ပိုင္ခြင့္မရွိဘူး။

ကိုသိန္းထိုက္ဦး။ ။ က်န္တဲ့ အရပ္သားေတြနဲ႔ပတ္သက္လို႔စီစစ္ရတာမ်ိဳးရွိလား။

ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း။ ။ ကိုယ့္ဖာကိုယ္စီစစ္ရတယ္။ အဲဒါမ်ိဳးေတာင္မွာ က်ေနာ္တို႔က ဘယ္ဟာကို အေျခခံၿပီးစီစစ္ရလဲဆိုေတာ့ ေထြအုပ္ကေပးတဲ့စာရင္းနဲ႔လဝက ကေပးတဲ့စာရင္း ႏွစ္ခုေပါင္းကို အေျခခံၿပီးေတာ့မွ မဲစာရင္းက ျပဳစုရတယ္။ အဲဒီေတာ့ သူတို႔ဆီက စာရင္းေတြက မွားေနရင္ေတာ့ က်ေနာ္ဆီက အမွားပဲ ထြက္လာမွာပဲ။ ေနာက္တခုက ၿပီးခဲ့တဲ့ ၂၀၂၀ က ကိုဗစ္အခက္အခဲၾကားမွာ က်ေနာ္တို႔ကလုပ္ခဲ့ရတယ္ေပါ့ေနာ္။ တကယ္ ပင္ပင္ပန္းပန္းလုပ္ခဲ့ရတယ္။ လူထုရဲ႕ကိုယ္စားက်ေနာ္တို႔က ေ႐ြးေကာက္ပြဲကို သမာသမတ္ရွိေၾကာင္း ျပသေပးရတဲ့အဖြဲ႕အေနနဲ႔က်ေနာ္တို႔လုပ္ခဲ့ရပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


ခရိုင်ရွေး/ကော် အဖွဲ့ဝင်ဟောင်းများ ဖိအားပေးအရေးယူခံရ

(Unicode)

မန္တလေးနဲ့တခြားမြို့ကြီးတွေမှာပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတာဝန်ယူခဲ့ကြတဲ့ ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေ ဖိအားပေးအရေးယူခံနေရတာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ကြိုတင်မဲကောက်ခံရာမှာဥပဒေနဲ့မညီတာ၊ ဆန္ဒမဲလက်မှတ်အပိုတွေကို အပ်နှံဖို့ပျက်ကွက်တာ စတဲ့ စွဲချက်တွေနဲ့ စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က တရားရုံးကို တိုင်တန်းထားတာပါ။ တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံပြီး၊ ဒဏ်ငွေပေးဆောင်ရင် လွတ်ငြိမ်းခွင့် ပေးမယ်လို့ တရားဝင်သဘော မဟုတ်ဘဲ အသိပေးထားကြောင်းလည်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဟောင်း တယောက်က ပြောပါတယ်။ စွဲဆိုတိုင်ကြားခံထားရတဲ့ အမည်မဖော်လိုသူ ကော်မရှင်အဖွဲ့ဝင်ဟောင်းကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသိန်းထိုက်ဦး။ ။ ဒဏ်ငွေတသောင်းဆောင်တာက မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီးတော့ ဝန်ခံပြီးတော့ တောင်တာမျိုးလား။
ကော်မရှင်အဖွဲ့ဝင်ဟောင်း။ ။ အဲဒီဒဏ်ငွေ တသောင်းဆိုတာ သူတို့က ပထမတော့ ကျနော်တို့ကို တရားစွဲမယ်ဆိုတဲ့ စာထဲတော့မပါဘူး။ ဒါပေမယ့်သူတို့ပြောတာက ၁၃၀ (က) ဆိုလား၊ ၁၃၁ (က) ဆိုလားပြောတဲ့ ပုဒ်မပေါ့နော်၊ ရာဇသတ်ကြီးပုဒ်မနဲ့တရားစွဲမယ်ပေါ့နော်။ အဲဒီပုဒ်မက ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ်ကျခံရနိုင်တယ်ပေါ့။ သူတို့အဲလို အသံလွှင့်တယ်။ လွှင့်ပြီးတဲ့ခါကျတော့ သူတို့အဲဒီလောက်ကြီးထိမသွားချင်ဘူး။ မသွားချင်တဲ့အတွက် ဒဏ်ငွေ တသောင်းတော့ ဆောင်ပေးပါတဲ့။ အဲဒီတော့ သူတို့က တရားရုံးမှာမဆောင်ရဘူး။ တခြားနေရာတခုမှာ တရားသူကြီးကို ခေါ်ပြီးတော့ ဆောင်ပေးမယ်ပေါ့။ ဘာလက်မှတ်မှလည်းထိုးစရာမလိုတော့ဘူးပေါ့။ ဒဏ်ငွေ တသောင်းနဲ့တင် ဒီကိစ္စက ပြီးပါတယ်ပေါ့။

ကိုသိန်းထိုက်ဦး။ ။ အဲဒီတော့ ဒဏ်ငွေတသောင်းဆောင်တာနဲ့ပတ်သက်ပြီးတော့ ခံဝန်ချုပ်တွေထိုးရသေးလား။ ဘယ်လိုအကြောင်းပြချက်နဲ့ဒဏ်ငွေတသောင်းကို ဆောင်ရပါသလဲခင်ဗျ။

ကော်မရှင် အဖွဲ့ဝင်ဟောင်း။ ။ ဒဏ်ငွေတသောင်းဆောင်ခဲ့တဲ့သူတွေကိုမေးကြည့်တော့လည်း ခံဝန်တော့မထိုးရဘူး။ သူတို့ဘာမှတ်တမ်းယူခဲ့၊ မယူခဲ့တော့မသိဘူး။ တရားရုံးမှာ တော့ ဆောင်ခဲ့ရတယ်။ တရားသူကြီးအရှေ့မှာ။ ဒါပေမယ့် ဒဏ်ငွေ တသောင်းဆောင်ခြင်းအားဖြင့် သူတို့ဆိုလိုတဲ့ မဲမသမာမှုဆိုတဲ့ဟာကို အထောက်အပံ့ဖြစ်စေတယ်ပေါ့။ ဆိုတော့ သူတို့စိတ်ထဲမှာတော့ နေမထိ၊ ထိုင်မသာတော့ ဖြစ်နေတယ်ပေါ့။
ကိုသိန်းထိုက်ဦး။ ။ ဒီငွေတသောင်းဆောင်လိုက်ရင် တရားစွဲတော့ မခံရတော့ဘူး။ ဒါပေမယ့် အကျိူးဆက်ကကျတော့ ဘယ်လိုဖြစ်နိုင်မလဲ။
ကော်မရှင် အဖွဲ့ဝင်ဟောင်း။ ။ အကျိုးဆက်ကတော့ အများသိတဲ့အတိုင်းပေါ့နော်၊ အကျိုးဆက်ကတော့ လက်ရှိ ရွေးကောက်ပွဲ မဲမသမာမှုမှာ ပါဝင်လုပ်ခဲ့တယ်ဆိုတဲ့သဘောမျိုးသက်ရောက်မှာပဲ။ ဘာလဲဆိုတော့ စပြီး သူတို့စွဲထဲကိုက ရွေးကောက်ပွဲနဲ့ပက်သက်ပြီး မဲစာရင်းမှားယွင်းမှုအပေါ်မှာ ကြီးကြပ်မှု အားနည်းခဲ့တယ်ဆိုပြီးတဲ့ အချက်နဲ့သူတို့က တရားစွဲတာဖြစ်ပါတယ်။

ကိုသိန်းထိုက်ဦး။ ။ ကော်မရှင်အဖွဲ့ဝင် အများစုရဲ့သဘောထားက ဘယ်လိုရှိပါသလဲခင်ဗျ။

ကော်မရှင် အဖွဲ့ဝင်ဟောင်း။ ။ အများစုရဲ့ သဘောထားကတော့ ကျနော်တို့ကလူလတ်ပိုင်းကိုး။ ကျနော်တို့ကော်မရှင် member တွေက အများသောအားဖြင့် အငြိမ်းစားတွေ၊ အသက် ၆၀ ကျော်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့အခါကျတော့ သူတို့မှကျတော့ ရှောင်ဖို့တိမ်းဖို့ကျတော့ အခက်အခဲတွေရှိတယ်။ တော်တော်များများကတော့ ဒဏ်ငွေ တသောင်းလောက်နဲ့ပဲပြီးမယ်လို့ကျနော်တို့ကြားရတဲ့ သတင်းနော်။ တော်တော်များများပြောကြည့်တယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲမှာ ကူညီဆောင်ရွက်ခဲ့တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ သူတို့ပြောသလိုလည်း ကြီးကြပ်မှုလည်း အားမနည်းခဲ့ဘူး။ အဲဒီတော့ ဒဏ်ငွေလည်း မဆောင်နိုင်ဘူူး။ တရားစွဲလည်း စွဲချင်ရာစွဲ။

ကိုသိန်းထိုက်ဦး။ ။ စပြီးတော့ ကော်မရှင်ထဲမှာရွေးချယ်ခဲ့တုန်းက ဥပဒေကြောင်းအရ ဆောင်ရွက်ခဲ့တာမျိုးရှိပါလား။

ကော်မရှင် အဖွဲ့ဝင်ဟောင်း။ ။ ဥပဒေနဲ့အညီဆောင်ရွက်လို့ရှိရင် ဘယ်သူမှ အရေးယူလို့မရဘူး။ အခြေခံဥပဒေက အကာကွယ်ပေးပြီးသား။ ရွေးကောက်ပွဲနဲ့ပက်သက်တဲ့ ကော်မရှင်တွေအားလုံးဟာ သဘောရိုးနဲ့စွမ်းနိုင်သမျှ တာဝန်ကို ကျေပွန်စွာထမ်းနိုင်ခဲ့လို့ရှိရင် တရားစွဲဆိုခြင်းလည်းမခံရဘူး။ တရားမ ကြောင်းရော၊ ရာဇဝတ်အကြောင်းရော၊ ဘာအကြောင်းနဲ့မှ တရားစွဲဆိုခြင်းမခံရဘူး။ နောက်တခုက တရားစွဲဆိုခြင်းမခံရတဲ့အပြင် သက်သေတောင်မှ လိုက်ခွင့်မရှိဘူးလို့ဥပဒေက အပြည့်အ၀ အကာအကွယ်ပေးပြီးသားဗျ။ အဲဒါကိုမှာ သူတို့က တရားစွဲဖို့လုပ်တာ။
ကိုသိန်းထိုက်ဦး။ ။ မဲစာရင်းတွေကရော တကယ်မှားခဲ့လို့လား။ မှားခဲ့တယ်ဆိုတဲ့ သံသယမျိုးရော ရှိလား။ တကယ်မှားခဲ့တဲ့ဟာမျိုး။
ကော်မရှင် အဖွဲဝင်ဟောင်း။ ။ မဲစာရင်းကတော့ သူတို့ပြောလောက်ကြီးတော့ မှားစရာတော့ မရှိဘူးဗျ။ ဒါပေမယ့် မဲစာရင်းကတော့ မှားမှာပဲ။ ဥပဒေအရအားနည်းချက်၊ နောက်ပြီး ဝန်ထမ်းအင်အားအဖွဲ့အစည်းရဲ့အားနည်းချက်အရတော့ မဲစာရင်းကတော့ မှားဦးမှာပဲ။ ဒါပေမယ့် သူတို့ပြောသလောက် ရာခိုင်နှုန်းအများကြီးတော့ ဖြစ်နိုင်စရာမရှိဘူး။ ကျနော်တို့လက်တွေ့လုပ်ခဲ့တဲ့လူတွေရဲ့ အနေအထားအရ ပေါ့နော် တပ်မဲစာရင်းနဲ့ပက်သက်လို့ ၊ တပ်နဲ့တပ်မိသားစုရဲ့ မဲစာရင်းနဲ့ပက်သက်ရင် သူတို့ပေးတဲ့အတိုင်းပဲ ကနော်တို့က လက်ခံပြီး ထည့်သွင်းယူရတာ။ ကျနော်တို့ကော်မရှင်က အဲဒါကို သွားပြီး တည်းဖြတ်တာမျိုးလုပ်ပိုင်ခွင့်မရှိဘူး။ စစ်ဆေးတာတွေ၊ စီစစ်တာတွေ လုပ်ပိုင်ခွင့်မရှိဘူး။

ကိုသိန်းထိုက်ဦး။ ။ ကျန်တဲ့ အရပ်သားတွေနဲ့ပတ်သက်လို့စီစစ်ရတာမျိုးရှိလား။

ကော်မရှင် အဖွဲ့ဝင်ဟောင်း။ ။ ကိုယ့်ဖာကိုယ်စီစစ်ရတယ်။ အဲဒါမျိုးတောင်မှာ ကျနော်တို့က ဘယ်ဟာကို အခြေခံပြီးစီစစ်ရလဲဆိုတော့ ထွေအုပ်ကပေးတဲ့စာရင်းနဲ့လဝက ကပေးတဲ့စာရင်း နှစ်ခုပေါင်းကို အခြေခံပြီးတော့မှ မဲစာရင်းက ပြုစုရတယ်။ အဲဒီတော့ သူတို့ဆီက စာရင်းတွေက မှားနေရင်တော့ ကျနော်ဆီက အမှားပဲ ထွက်လာမှာပဲ။ နောက်တခုက ပြီးခဲ့တဲ့ ၂၀၂၀ က ကိုဗစ်အခက်အခဲကြားမှာ ကျနော်တို့ကလုပ်ခဲ့ရတယ်ပေါ့နော်။ တကယ် ပင်ပင်ပန်းပန်းလုပ်ခဲ့ရတယ်။ လူထုရဲ့ကိုယ်စားကျနော်တို့က ရွေးကောက်ပွဲကို သမာသမတ်ရှိကြောင်း ပြသပေးရတဲ့အဖွဲ့အနေနဲ့ကျနော်တို့လုပ်ခဲ့ရပါတယ်။

XS
SM
MD
LG