(Zawgyi/ Unicode)
ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း လႊတ္ေတာ္စနစ္ ဖ်က္သိမ္းခံရပါတယ္။ မဲဆႏၵနယ္ထဲကျပည္သူေတြရဲ႕ အခက္အခဲေတြကို လႊတ္ေတာ္မွာ ကိုယ္စားျပဳ တင္ျပ ေတာင္းဆိုေပးမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မ႐ွိတာ အခုဆို ၉လေက်ာ္ခဲ့ပါၿပီ။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မ႐ွိတဲ့အတြက္ ျပည္သူေတြအတြက္ ဘယ္ေလာက္ ထိခိုက္ နစ္နာပါသလဲ။ ရန္ကုန္က လာတဲ့ သတင္းကိုရဲမြန္က တင္ျပေပးပါမယ္။
ျမန္မာႏိုင္ငံမွာ ၅ နွစ္တစ္ႀကိမ္ က်င္းပတဲ့ ပါတီစုံ ဒီမုိကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပခဲ့တာ ဒီေန႔ ၁ ႏွစ္ျပည့္ပါတယ္။ ေ႐ြးေကာက္ပဲြမွာ အႏုိင္ရထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပထမဆံုး လႊတ္ေတာ္ စည္းေဝးပြဲလုပ္မယ့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီး လႊတ္ေတာ္ကိုလည္း ဖ်က္သိမ္းခဲ့ပါတယ္။
ေ႐ြးေကာက္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္ေတာ္ေတာ္မ်ားမ်ား ဖမ္းဆီးခံရ၊ တခ်ဳိ႕လည္း လြတ္ေျမာက္ရာကို ထြက္ေျပးေနၾကရတဲ့အတြက္ မဲဆႏၵနယ္ေတြထဲက ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို တင္ျပေပးမယ့္ ေရြးေကာက္ခံ လြတ္ေတာ္ကိုယ္ စားလွယ္ေတြ မ႐ွိၾကေတာ့ပါဘူး။
ရခိုင္ျပည္နယ္မွာ ဆိုရင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ တို္က္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကတဲ့ စစ္ေဘးဒုကၡသည္ေတြ ေနျပန္ႏိုင္ဖို႔အတြက္ လႊတ္ေတာ္မွာ တင္ျပေျပာဆိုေပးမယ့္ လြတ္ေတာ္ကိုယ္စားလွယ္ေတြ မရွိေတာ့သလို ေဒသဖြံ႔ျဖိဳးတိုုးတက္ေရးအတြက္ လုပ္ေပးမယ့္ ျပည္သူ႔ကိုယ္စားျပဳလြတ္ေတာ္ကိုယ္စားလွယ္မရွိေတာ့တာဟာ ျပည္သူေတြအတြက္ နစ္နာမႈတစ္ခုျဖစ္တယ္လို႔လည္း ရခိုင္ျပည္နယ္အမ်ိဳးသမီးကြန္ရက္က ဥကၠဌ ေဒၚညိုေအးက ေျပာပါတယ္။
“ အခုက ဘယ္လိုေျပာမလဲ ေရြးေကာက္ပြဲ ဆိုရင္ ဒီေန႔က တစ္နွစ္ျပည့္ၿပီေပါ့ေနာ္။ ဒီအခ်ိန္မွာ က်မတို႔ဆီမွာ လြတ္ေတာ္ကိုယ္စားလွယ္လည္း မရွိဘူး။ ၿပီးေတာ့ က်မတို႔ ႏို္င္ငံရဲ႕ လြတ္ ေတာ္ႀကီးကလည္း ရပ္ဆိုင္းထားတယ္။က်မတို႔ဖက္မွာဆိုရင္ ပိုၿပီးေတာ့ စိန္ေခၚမွုေတြ ပိုၿပီးေတာ့ မ်ားလာတာေပါ့။ ဘယ္လို စိန္ေခၚမွုလည္း ဆိုလို႔ ရွိရင္ေတာ့ လြတ္ေတာ္ကုိယ္ စားလွယ္ ရွိစဥ္က ဆိုလို႔ရွိရင္ သူ႔ေဒသအလိုက္ ေျပာေပးမယ့္သူေတြရွိတယ္။ အခုက စစ္ေရွာင္ေတြကလည္း ေနရပ္မျပန္ႏိုင္ၾကေသးဘူး။ စစ္ေရွာင္ေတြအတြက္ က်မတို႕မွာ ေဒသအလိုက္ ေျပာေပးမယ့္သူ ကိုယ္စားလွယ္အင္အားေတြေတာ့ ေလ်ာ့သြားတယ္လို႔ ဆိုရမွာေပါ့ေနာ္။”
ဖြံ႔ၿဖိဳးတိုးတက္မႈ ေနာက္က်ေနတဲ့ ခ်င္းျပည္နယ္မွာလည္း စီးပြားေရး၊ ပညာေရး၊ စားဝတ္ေနေရး နဲ႔ လမ္းပန္းဆက္သြယ္ေရးေတြ တိုးတက္ေအာင္ လုပ္ေဆာင္ေပးမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မ႐ွိေတာ့ပါဘူး။ အထူးသျဖင့္ တိုက္ပြဲေတြျဖစ္ေနခ်ိန္ ေဒသခံေတြရဲ႕ အခက္အခဲကို လႊတ္ေတာ္မွာ ေျဖရွင္းေဆာင္႐ြက္တာမ်ဳိး မလုပ္ႏိုင္တာမို႔ ျပည္သူေတြအေနနဲ႔ ထြက္ေပါက္ပိတ္ေနသလို ျဖစ္ေနတယ္လို႔ ပလက္ဝေဒသခံတစ္ဦးျဖစ္တဲ့ ဆလိုင္းေအာင္မ်ိဳးကေျပာပါတယ္။
“လြတ္ေတာ္ကိုယ္စားလွယ္ရွိေတာ့ ဥပမာေျပာရရင္ ျပည္သူလူထုေတြရဲ႕ လုိအပ္ခ်က္ေတြကို တင္ျပခြင့္ရွိ္မယ္။ က်ေနာ္တို႔ ဒီမွာ တစ္ခုခု လမ္းတံတား က်ိဳးေနတယ္။ က်ေနာ္တို႔ ဒီေနရာက အေရးေပၚ သြာဖို႔ လိုတယ္လို႔ တင္ျပရင္ သူတို႔က မျဖစ္ျဖစ္ေအာင္ လြတ္ေတာ္ကိုယ္စား လွယ္ ေတြက စီမံခန္႔ခြဲၿပီးေတာ့ ရေအာင္ကို သူတို႔က စြမ္းေဆာင္ေပးတယ္။ အခုက တင္ျပမယ့္ လမ္းပိတ္သလို ျဖစ္ေနတယ္။ ဘယ္သူ႔ကို တင္ျပရမလည္း ဆိုတာကိုလည္း မသိဘူး။အခုက လိုအပ္ခ်က္ေတြကို ေျပာျပလည္း ေျပာစရာမလိုဘူး ေျပာတဲ့ စကားပဲ နားေထာင္ အဲလိုမ်ိဳး အေနအထားကိုပဲ ေတြ႔ျမင္ေနရတယ္။”
အစိုးကို ထိန္းေက်ာင္းေပမယ့္ လြတ္ေတာ္ ကိုယ္စားလွယ္ေတြ မရွိတာဟာ ျပည္သူေတြ အတြက္ ေနာက္ထပ္ နစ္နာမႈတစ္ခုုျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ထန္းတပင္ၿမိဳ႕ နယ္က ေနာ္ေအေဖာ ကေျပာပါတယ္။
“ ဆံုး႐ွုံးနစ္နာမွုကေတာ့ ရွိတာေပါ့ေနာ္။ ကိုယ့္ၿမိဳ႕နယ္မွာ ရွိတဲ့ျပည္သူလူထုကေနၿပီးေတာ့ သူတို႔ရဲ႕ အခက္အခဲေတြ လိုအပ္ခ်က္ေတြကို အထက္ကိုတင္ျပဖို႔ ၾကားခံ လြတ္ေတာ္ ကိုယ္ စားလွယ္မရွိဘူး ဆိုေတာ့ အခက္အခဲကရွိတာေပါ့ေနာ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ဒီလႊတ္ေတာ္ကိုယ္စားလွယ္သာ ရွိမယ္ဆိုရင္ ဒါေဒသရဲ႕ အခက္အခဲေတြကို လာၿပီးေတာ့ ဆင္းၾကည့္ ေပးတာရွိတယ္ေလ။ အခုကေတာ့ အဲလို မရွိေတာ့ဘူး ဆိုေတာ့ ေဒသခံေတြရဲ႕ အခက္အခဲ ဘယ္လိုျဖစ္ေနတယ္ဆိုတာကို အထက္ကလည္း မသိရဘူးေပါ့ေနာ္။”
ဒါအျပင့္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ ေဒသခံအမ်ိုးသမီး တစ္ဦးကလည္း ျပည္သူ႔ေတြရဲ႕ ဆႏၵကို အေကာင္အထည္ေဖာ္ေပးမယ့္လြတ္ေတာ္ကိုယ္စားလွယ္ကို မဲေပးခဲ့ေပမယ္ ထင္သလိုျဖစ္ခဲ့သလို ျပည္သူေတြအတြက္ အကူအညီမဲ့ ျဖစ္ေနတယ္လုိ႔ ေျပာပါတယ္။
“လြတ္ေတာ္ကိုယ္စားလွယ္ေတြ ရွိခဲ့ရင္ေတာ့ ကိုယ္ေဒသမွာ အဆင္မေျပတာေတြကို တိုင္ၾကားလို႔ရတယ္။ကိုယ့္ျပည္နယ္မွာ လြတ္ေတာ္ရွိတယ္ တိုင္းၾကာလို႔ရတယ္။ ေျဖရွင္းရမယ့္ ျပႆနာ တစ္စံုတစ္ရာရွိရင္လည္း သူတို႔နဲ႔ သြားၿပီး တင္သြင္းတာတို႔ ဘာတို႔ လုပ္လို႔ရတယ္။ အခုကက်ေတာ့ မရွိတဲ့ အခါက်ေတာ့ က်မတို႔ ျပႆနာေျဖရွင္းတဲ့အခါ အေထာက္အကူမျဖစ္ဘူး။ေနာက္ ဥပေဒမယ့္သလို အကူအညီမယ့္ ျဖစ္သြားတာေပါ့ေနာ္ ျပည္သူေတြအတြက္ အဲလိုျမင္ပါတယ္။”
အရင္ NLD အစိုးရလက္ထက္က ေဆာင္႐ြက္ခဲ့မႈေတြနဲ႔ပါတ္လို႔ ေထာက္ျပေဝဖန္စရာေတြကို လႊတ္ေတာ္ စည္းေဝးပြဲေတြမွာ တင္ျပေဆြးေႏြးခဲ့တာေတြ႐ွိခ့ဲပါတယ္။၂၀၂၀ခုနွစ္ ႏိုင္ဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ NLD ပါတီက မဲအမ်ားစု အနုိင္ရခဲ့ပါတယ္။ ဒါေပမဲ့ မဲစာရင္းမွားယြင္းမႈေတြေၾကာင့္လုိ႔ဆုိၿပီး စစ္တပ္က အာဏာသိမ္းခဲ့တာ အခုဆို ၉လေက်ာ္႐ွိေနပါၿပီ။
(Unicode )
လွှတ်တော်ကိုယ်စားလှယ်တွေမရှိလို့ လူထုနစ်နာမှု တချို့
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း လွှတ်တော်စနစ် ဖျက်သိမ်းခံရပါတယ်။ မဲဆန္ဒနယ်ထဲကပြည်သူတွေရဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြ တောင်းဆိုပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတာ အခုဆို ၉လကျော်ခဲ့ပါပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတဲ့အတွက် ပြည်သူတွေအတွက် ဘယ်လောက် ထိခိုက် နစ်နာပါသလဲ။ ရန်ကုန်က လာတဲ့ သတင်းကိုရဲမွန်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ ၁ နှစ်ပြည့်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး လွှတ်တော် စည်းဝေးပွဲလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး လွှတ်တော်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တော်တော်များများ ဖမ်းဆီးခံရ၊ တချို့လည်း လွတ်မြောက်ရာကို ထွက်ပြေးနေကြရတဲ့အတွက် မဲဆန္ဒနယ်တွေထဲက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တင်ပြပေးမယ့် ရွေးကောက်ခံ လွတ်တော်ကိုယ် စားလှယ်တွေ မရှိကြတော့ပါဘူး။
ရခိုင်ပြည်နယ်မှာ ဆိုရင် ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေပြန်နိုင်ဖို့အတွက် လွှတ်တော်မှာ တင်ပြပြောဆိုပေးမယ့် လွတ်တော်ကိုယ်စားလှယ်တွေ မရှိတော့သလို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပေးမယ့် ပြည်သူ့ကိုယ်စားပြုလွတ်တော်ကိုယ်စားလှယ်မရှိတော့တာဟာ ပြည်သူတွေအတွက် နစ်နာမှုတစ်ခုဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်အမျိုးသမီးကွန်ရက်က ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။
“ အခုက ဘယ်လိုပြောမလဲ ရွေးကောက်ပွဲ ဆိုရင် ဒီနေ့က တစ်နှစ်ပြည့်ပြီပေါ့နော်။ ဒီအချိန်မှာ ကျမတို့ဆီမှာ လွတ်တော်ကိုယ်စားလှယ်လည်း မရှိဘူး။ ပြီးတော့ ကျမတို့ နိုင်ငံရဲ့ လွတ် တော်ကြီးကလည်း ရပ်ဆိုင်းထားတယ်။ကျမတို့ဖက်မှာဆိုရင် ပိုပြီးတော့ စိန်ခေါ်မှုတွေ ပိုပြီးတော့ များလာတာပေါ့။ ဘယ်လို စိန်ခေါ်မှုလည်း ဆိုလို့ ရှိရင်တော့ လွတ်တော်ကိုယ် စားလှယ် ရှိစဉ်က ဆိုလို့ရှိရင် သူ့ဒေသအလိုက် ပြောပေးမယ့်သူတွေရှိတယ်။ အခုက စစ်ရှောင်တွေကလည်း နေရပ်မပြန်နိုင်ကြသေးဘူး။ စစ်ရှောင်တွေအတွက် ကျမတို့မှာ ဒေသအလိုက် ပြောပေးမယ့်သူ ကိုယ်စားလှယ်အင်အားတွေတော့ လျော့သွားတယ်လို့ ဆိုရမှာပေါ့နော်။”
ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ချင်းပြည်နယ်မှာလည်း စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး နဲ့ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်အောင် လုပ်ဆောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတော့ပါဘူး။ အထူးသဖြင့် တိုက်ပွဲတွေဖြစ်နေချိန် ဒေသခံတွေရဲ့ အခက်အခဲကို လွှတ်တော်မှာ ဖြေရှင်းဆောင်ရွက်တာမျိုး မလုပ်နိုင်တာမို့ ပြည်သူတွေအနေနဲ့ ထွက်ပေါက်ပိတ်နေသလို ဖြစ်နေတယ်လို့ ပလက်ဝဒေသခံတစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်မျိုးကပြောပါတယ်။
“လွတ်တော်ကိုယ်စားလှယ်ရှိတော့ ဥပမာပြောရရင် ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို တင်ပြခွင့်ရှိမယ်။ ကျနော်တို့ ဒီမှာ တစ်ခုခု လမ်းတံတား ကျိုးနေတယ်။ ကျနော်တို့ ဒီနေရာက အရေးပေါ် သွာဖို့ လိုတယ်လို့ တင်ပြရင် သူတို့က မဖြစ်ဖြစ်အောင် လွတ်တော်ကိုယ်စား လှယ် တွေက စီမံခန့်ခွဲပြီးတော့ ရအောင်ကို သူတို့က စွမ်းဆောင်ပေးတယ်။ အခုက တင်ပြမယ့် လမ်းပိတ်သလို ဖြစ်နေတယ်။ ဘယ်သူ့ကို တင်ပြရမလည်း ဆိုတာကိုလည်း မသိဘူး။အခုက လိုအပ်ချက်တွေကို ပြောပြလည်း ပြောစရာမလိုဘူး ပြောတဲ့ စကားပဲ နားထောင် အဲလိုမျိုး အနေအထားကိုပဲ တွေ့မြင်နေရတယ်။”
အစိုးကို ထိန်းကျောင်းပေမယ့် လွတ်တော် ကိုယ်စားလှယ်တွေ မရှိတာဟာ ပြည်သူတွေ အတွက် နောက်ထပ် နစ်နာမှုတစ်ခုဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ နယ်က နော်အေဖော ကပြောပါတယ်။
“ ဆုံးရှုံးနစ်နာမှုကတော့ ရှိတာပေါ့နော်။ ကိုယ့်မြို့နယ်မှာ ရှိတဲ့ပြည်သူလူထုကနေပြီးတော့ သူတို့ရဲ့ အခက်အခဲတွေ လိုအပ်ချက်တွေကို အထက်ကိုတင်ပြဖို့ ကြားခံ လွတ်တော် ကိုယ် စားလှယ်မရှိဘူး ဆိုတော့ အခက်အခဲကရှိတာပေါ့နော်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလွှတ်တော်ကိုယ်စားလှယ်သာ ရှိမယ်ဆိုရင် ဒါဒေသရဲ့ အခက်အခဲတွေကို လာပြီးတော့ ဆင်းကြည့် ပေးတာရှိတယ်လေ။ အခုကတော့ အဲလို မရှိတော့ဘူး ဆိုတော့ ဒေသခံတွေရဲ့ အခက်အခဲ ဘယ်လိုဖြစ်နေတယ်ဆိုတာကို အထက်ကလည်း မသိရဘူးပေါ့နော်။”
ဒါအပြင့် မွန်ပြည်နယ် မော်လမြိုင် ဒေသခံအမျိုးသမီး တစ်ဦးကလည်း ပြည်သူ့တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးမယ့်လွတ်တော်ကိုယ်စားလှယ်ကို မဲပေးခဲ့ပေမယ် ထင်သလိုဖြစ်ခဲ့သလို ပြည်သူတွေအတွက် အကူအညီမဲ့ ဖြစ်နေတယ်လို့ ပြောပါတယ်။
“လွတ်တော်ကိုယ်စားလှယ်တွေ ရှိခဲ့ရင်တော့ ကိုယ်ဒေသမှာ အဆင်မပြေတာတွေကို တိုင်ကြားလို့ရတယ်။ကိုယ့်ပြည်နယ်မှာ လွတ်တော်ရှိတယ် တိုင်းကြာလို့ရတယ်။ ဖြေရှင်းရမယ့် ပြဿနာ တစ်စုံတစ်ရာရှိရင်လည်း သူတို့နဲ့ သွားပြီး တင်သွင်းတာတို့ ဘာတို့ လုပ်လို့ရတယ်။ အခုကကျတော့ မရှိတဲ့ အခါကျတော့ ကျမတို့ ပြဿနာဖြေရှင်းတဲ့အခါ အထောက်အကူမဖြစ်ဘူး။နောက် ဥပဒေမယ့်သလို အကူအညီမယ့် ဖြစ်သွားတာပေါ့နော် ပြည်သူတွေအတွက် အဲလိုမြင်ပါတယ်။”
အရင် NLD အစိုးရလက်ထက်က ဆောင်ရွက်ခဲ့မှုတွေနဲ့ပါတ်လို့ ထောက်ပြဝေဖန်စရာတွေကို လွှတ်တော် စည်းဝေးပွဲတွေမှာ တင်ပြဆွေးနွေးခဲ့တာတွေရှိခဲ့ပါတယ်။၂၀၂၀ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက မဲအများစု အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ မဲစာရင်းမှားယွင်းမှုတွေကြောင့်လို့ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆို ၉လကျော်ရှိနေပါပြီ။