[Zawgyi/Unicode]
ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ အထူးအစည္းအေ၀းေခၚယူဖို႔ တပ္မေတာ္ကိုယ္စားလွယ္ေတြအပါအ၀င္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပံုတပံုက ေတာင္းဆိုခဲ့ေပမဲ့ ျပည္ေထာင္စုလႊတ္ေတာ္ရံုးက ဒီကေန႔မွာပဲ ပယ္ခ်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြဆိုင္ရာျပႆနာရပ္ေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ဒုတိယအႀကိမ္ျပည္ေထာင္စု လႊတ္ေတာ္သက္တမ္းအတြင္း အထူးအစည္းအေ၀းေခၚယူဖို႔ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ အတိုက္အခံပါတီကိုယ္စားလွယ္ေတြက ေတာင္းဆိုခဲ့ၾကတာပါ။
ဒါေပမဲ့လည္း ေရြးေကာက္ပဲြဆိုင္ရာကိစၥရပ္ေတြဟာ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္က အၿပီးအျပတ္အတည္ျဖစ္ၿပီး လႊတ္ေတာ္ကေန အေျဖရွာရမယ့္ကိစၥမဟုတ္ဘူးလို႔ ျပည္ေထာင္စုလႊတ္ေတာ္ရံုး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ေရြးေကာက္ပဲြ ရလဒ္ေတြနဲ႔ ပတ္သက္လို႔ နယ္ေျမတခ်ိဳ႕မွာ မဲမသမာမႈေတြနဲ႔ မဲစာရင္းမွားယြင္းမႈေတြ ရွိတယ္ဆိုတဲ့ တပ္မေတာ္နဲ႔ အတိုက္အခံပါတီေတြဘက္က ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း ဒီေရြးေကာက္ပဲြရလဒ္အရ တတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ကို လာမယ့္ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ေခၚယူဖို႔ လႊတ္ေတာ္ရံုးက ထုတ္ျပန္ထားတာပါ။ အရင္ လႊတ္ေတာ္သက္တမ္းကေတာ့ ရက္ ၂၀ က်န္ရွိေနေပမဲ့ အထူးအစည္းအေ၀း ေခၚယူဖို႔ေတာင္းဆိုမႈကို ျပည္ေထာင္စုလႊတ္ေတာ္က ျငင္းဆန္ပါတယ္။
အထူးအစည္းအေ၀းေခၚယူဖို႔ ေတာင္းဆိုခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့ေရြးေကာက္ပဲြအျငင္းပြားစရာေတြနဲ႔ ကန္႔ကြက္မႈေတြကို အေျဖရွာဆံုးျဖတ္ၿပီး၊ ေနာက္လႊတ္ေတာ္သက္တမ္းတခုကို ဥပေဒနဲ႔အညီ ညင္သာစြာ ကူးေျပာင္းဖို႔ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။ လက္ရွိ ၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒအရဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္အနည္းဆံုး ေလးပံုတပံုက ေတာင္းဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္နာယက အထူးအစည္းအေ၀းေခၚယူေပးရမယ္လို႔ ပါရွိပါတယ္။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ျပည္ေထာင္စုုၾကံခိုင္ေရးဖံြၿဖိဳးေရးပါတီကိုယ္စားလွယ္ ၃၆ ဦး၊ ရခိုင္အမ်ိဳးသားပါတီကိုယ္စားလွယ္ ၄ ဦး၊ အမ်ိဳးသားညီၫႊတ္ေသာ ဒီမိုကရက္တစ္ပါတီက တဦး၊ တသီးပုဂၢလကိုယ္စားလွယ္ ၂ ဦးနဲ႔ တပ္မေတာ္ကိုယ္စားလွယ္ ၁၆၀၊ စုစုေပါင္း ၂၀၃ ဦးတို႔က ျပည္ေထာင္စုလႊတ္ေတာ္အထူးအစည္းအေ၀းေခၚယူဖို႔ ေတာင္းဆိုခဲ့ၾကတာလို႔ ေဖာ္ျပထားပါတယ္။
[Unicode Version]
လွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုချက် ပယ်ချ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူဖို့ တပ်မတော်ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တောင်းဆိုခဲ့ပေမဲ့ ပြည်ထောင်စုလွှတ်တော်ရုံးက ဒီကနေ့မှာပဲ ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်သက်တမ်းအတွင်း အထူးအစည်းအဝေးခေါ်ယူဖို့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံပါတီကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြတာပါ။
ဒါပေမဲ့လည်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်အတည်ဖြစ်ပြီး လွှတ်တော်ကနေ အဖြေရှာရမယ့်ကိစ္စမဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ နယ်မြေတချို့မှာ မဲမသမာမှုတွေနဲ့ မဲစာရင်းမှားယွင်းမှုတွေ ရှိတယ်ဆိုတဲ့ တပ်မတော်နဲ့ အတိုက်အခံပါတီတွေဘက်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲရလဒ်အရ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကို လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ခေါ်ယူဖို့ လွှတ်တော်ရုံးက ထုတ်ပြန်ထားတာပါ။ အရင် လွှတ်တော်သက်တမ်းကတော့ ရက် ၂၀ ကျန်ရှိနေပေမဲ့ အထူးအစည်းအဝေး ခေါ်ယူဖို့တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်က ငြင်းဆန်ပါတယ်။
အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုချက်ထဲမှာတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအငြင်းပွားစရာတွေနဲ့ ကန့်ကွက်မှုတွေကို အဖြေရှာဆုံးဖြတ်ပြီး၊ နောက်လွှတ်တော်သက်တမ်းတခုကို ဥပဒေနဲ့အညီ ညင်သာစွာ ကူးပြောင်းဖို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံး လေးပုံတပုံက တောင်းဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက အထူးအစည်းအဝေးခေါ်ယူပေးရမယ်လို့ ပါရှိပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်ထောင်စုကြံခိုင်ရေးဖွံဖြိုးရေးပါတီကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ၄ ဦး၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက တဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၁၆၀၊ စုစုပေါင်း ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုခဲ့ကြတာလို့ ဖော်ပြထားပါတယ်။