မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာမှာ လူနေအိမ်တချို့ မီးရှို့ခံရပြီး လူငယ် ၃ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူစုဆောင်းနေတာရှိသလို ရွာတွေဘက်မှာတော့ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေရှိနေတယ်လို့ သိရပါတယ်။
“ကျေကျေနပ်နပ်ပေးရတာမဟုတ်ဘူး။ ကြောက်လို့ပေးရတာ။ နောက်တခုက စစ်မှုထမ်းမယ့်ကလေးတွေကို ပြည်သူတွေက ကျေကျေနပ်နပ်ပေးတာမဟုတ်ဘဲနဲ့ ကျေးရွာအလိုက် မတူညီဘဲနဲ့ ကျေးရွာအလိုက် နယ်မြေအလိုက် မတူညီဘူး။ တချို့ကျေးရွာတွေဆို အိမ်ထောင်စုတစုကို ၅,၀၀၀ ပေးရတယ်။ တချို့က ၁၀,၀၀၀ ပေးရတယ်။"(မင်းဘူးဒေသခံ)
စစ်တပ်ကမြေပြင်မှာ အာဏာသက်ရောက်မှု သိသိသာသာ လျော့နည်းလာချိန်မှာ လေကြောင်းကိုအားပြုပြီး တိုက်ခိုက်ရေးတွေ၊ စစ်ဆင်ရေးတွေ လုပ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကိုရပ်တန့်နိုင်ဖို့ဆိုရင် ပထမဦးဆုံး အရေးတကြီးလိုအပ်တာက စစ်တပ်ဆီရောက်ရှိနေတဲ့ လေယာဉ်ဆီ ဖြတ်တောက်ရေးက အရမ်းအရေးကြီးတယ်ပေါ့။ (ပိုင်သုတ-Blood Money အဖွဲ့)
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့ လေကြောင်းရန် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ လိုတယ်လို့လည်း ကာကွယ်ရေးရဲဘော်က ပြောပါတယ်။
စစ်ကောင်စီလက်ထက် တရားဝင်လုပ်သား စေလွှတ်မှုတွေ ပြန်စတင်ခဲ့တဲ့ ၂၀၂၂ မေလနောက်ပိုင်းမှာ ပြည်ပထွက်အလုပ်လုပ်သူတွေ တဟုန်ထိုးများလာပြီး ရောက်ရှိတဲ့နိုင်ငံအလိုက် ပြဿနာမျိုးစုံကိုလည်း ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရပါတယ်။ အလုပ်လက်မဲ့၊ အခွင့်အရေး ဆုံးရှုံးတာ၊ လူကုန်ကူးခံရတာတွေ မြန်မာတွေကြားဖြစ်ပွားနေတာပါ။
"နိုင်ငံတကာက ဘယ်လိုအရေးယူမလဲဆိုတာ နိုင်ငံတကာရဲ့ အပိုင်းပေါ့၊ ဒီနေ့အထိတော့ ဘယ်နိုင်ငံကမှ၊ ဘယ်အဖွဲ့အစည်းကမှ စစ်ကောင်စီကို တိုက်ရိုက် သူတို့ရပ်တည်ရေးကို ခြိမ်းခြောက်နိုင်တဲ့ ဖိအားပေးမှုမျိုးတော့ မတွေ့ရသေးဘူးပေါ့။ အထူးသဖြင့် တရုတ်က အများကြီး ဖိအားပေးလို့ရတယ်>..." (ဦးဖေသန်း- မြန်မာ့အရေးသုံးသပ်သူ)
အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် FMR လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်ခြား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို ဖျက်သိမ်းသွားဖို့ရှိကြောင်း အိန္ဒိယအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အင်္ဂါနေ့က ပြောကြားထားပါတယ်။ s
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ သူ့နိုင်ငံသားတွေကို အခု၂၀၂၃ နှစ်ကုန် နောက်ဆုံးထားပြီးပြန်လာကြဖို့ တရုတ် ယူနန်ရဲတပ်ဖွဲ့က ဒီရက်ပိုင်းထဲမှာ အသိပေးထားပါတယ်။
တပ်စွဲထားတော့ အဲ့နားပတ်ချာလည်က ရွာတွေက နေလို့မရတော့ဘူး။ အဲ့နား ပတ်ချာလည်က လက်နက်ကြီးနဲ့ထုရင် မလွတ်တော့ဘူးဆိုတော့ လက်နက်ကြီးထုမှာလည်း ကြောက်တယ်။ စစ်ကြောင်းထိုးမှာလည်းကြောက်တယ်။ တရွာကို လူဦးရေတထောင် နှုန်းထားပါတော့နော်။ ဒီပဲယင်းဘက်က ၃ ရွာ။ ရေဦးဘက်က ၅ ရွာ- ၈ ရွာပေါ့။” (ရေဦးဒေသခံ)
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်တာဝန်ခံကတော့ သူတို့ဒေသတွင်းက စစ်ရှောင်သူတွေဟာ လမ်းပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာလိုအပ်တာအပြင် ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ အတွက် ဆေးဝါးအကူညီတွေပါ လိုအပ်နေတယ်လို့ ပြောပါတယ်။
“၂၅ ယောက်ခင်ဗျ။ တခြားအဖွဲ့အစည်းက ရဲဘော်တွေလည်းပါတယ်။ ပြည်သူကတော့ ၁ ယောက် ၂ ယောက်ပဲပါတယ်။ ပြည်သူကိုကယ်ထုတ်ရင်း အဲ့လိုဖြစ်သွားတာ။ အဲ့လိုဖြစ်ချိန်မှာ ကျနော်တို့ဘက်ကိုလည်း တောက်လျှောက် လိုက်ပစ်ပါ.....။”(ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး)
“ညနေ ၄ နာရီလောက်ရှို့တာ။ သံပရာပင်မရိုးက အိမ် ၂၀ အင်ဖျားက ၂၇ အိမ် အဲ့ ၂ ရွာပဲ အရှို့ခံရတာ။ ဟုတ်တယ် တိုက်ပွဲဖြစ်ပြီးမှရှို့တာ။ လူတွေက တိုက်ပွဲမဖြစ်ခင်ကတည်းက ရှောင်နေတာလေ။ သစ်ထုတ်နေတာဆိုတော့ အကုန်ရှောင်နေတာ။”(ယင်းမာပင် ဒေသခံ)
“အခုရှောင်နေရတာက ကျောက်မှော်၊ ပတိန်ပြင်၊ အင်းဖျား၊ သံပို၊ စေသူ...။ဖြစ်သလို ရုန်းကန်နေရတာ။ အခြားရွာတွေကနေ လာကူညီတာလေးတွေ အဲ့လိုစားသောက်နေကြရတာလေ။ 'ပြည်သူမှပြည်သူ' အဲ့လိုကူညီနေကြရတာပေါ့။ ရှားပါးလာတာပေါ့။" (ဒေသခံတဦး)
အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေရဲ့ ငွေစာရင်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံး Sonali ဘဏ်က ပိတ်လိုက်တဲ့ရိုက်ခတ်မှုအပေါ် သုံးသပ်ချက်တချို့ကို တင်ပြပေးထားပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ်ထဲကို သြဂုတ် ၅ ရက်ကတည်းက စစ်တပ်က နယ်မြေရှင်းနေတာ ၁၂ ရက် နီးပါးရှိနေပြီး သြဂုတ် ၁၆ ရက်နေ့မှာတော့ ရေလယ်သောင်ကျေးရွာအုပ်စုက နေအိမ် ၆၀ နီးပါးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ နေအိမ်ထဲဝင်ဓားပြတိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ပစ်ခတ်ခဲ့သူတွေဟာ မြို့ပြပြောက်ကျားအဖွဲ့တခုက ဖြစ်တယ်လို့ သူတို့ကိုဖမ်းဆီးထားတဲ့ မုံရွာ Guardian Force က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ မနေ့ ဗုဒ္ဓဟူးနေ့က စစ်တပ်ရဲ့ နယ်မြေရှင်းမှုတွေအတွင်း ကျေးရွာအများအပြားက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးငယ်တဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတချို့ ရှိနေပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ စစ်ကောင်စီကလည်း အနီးအနားကျေးရွာတခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။
"မိုးကလည်းရွာ၊ လေကလည်းတိုက်၊ နေစရာကမရှိ၊ ဘုန်းကြီးကျောင်းတွေလည်း နေရာပြည့်သွားတော့ မရှိတော့၊ သစ်ပင်အောက်တွေ ဘာတွေမှာကော လုံးဝ အဆင်မပြေဘူး။ လေမုန်တိုင်းက ဝင်တာကောဆိုတော့လေ။ လူကြီးတွေလည်း ဒုက္ခရောက်တယ်။ ဖျားတဲ့သူတွေနဲ့ကော ဒီကနေ့ အမေကြီးတယောက်ဆိုရင် သတိတွေကို လစ်သွားတာ။"
“ဥပမာ ဆန်ဆိုရင်တော့ ပုံမှန်စားနေကျ ၇ သောင်းကျော်ကျော်လောက်ရှိတာ အခု ၁ သိန်း၂ သောင်းရှိနေတယ်။ ဆီက တပိသာကို ပုံမှန်ဆို ၆ ထောင် ၇ ထောင်ပဲရှိတာ။ အခု ဒီနေ့ဝယ်တော့ ၁ သောင်းပေါ့နော်။ ဂန့်ဂေါလမ်းက လုံးဝကိုပိတ်တာ နည်းနည်းကြာနေပြီပေါ့နော်။" (ဟားခါးဒေသခံ)
နောက်ထပ်ကြည့်ရှုရန်