သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းမိသားစုတွေထောက်ပံ့ဖို့ ငွေကောက်ခံမှု စစ်ကောင်စီဝန်ခံ 


လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းမယ့်သူတွေအတွက် ရပ်ရွာကနေ တလတခါ ထောက်ပံ့ကြေးပေးဖို့ ကောက်ယူတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ ကောက်ယူမှုကိုသိရှိကြောင်း စစ်ကေင်စီဘက်က ဝန်ခံပါတယ်။ ဒါပေမယ့်လည်း စစ်မှုထမ်းဥပဒေအရ လူထုထံက ဒီလို ငွေကြေးကောက်ခံဖို့ ပြဌာန်းချက်မရှိတာမို့ ဥပဒေနဲ့မညီညွတ်ဘူးလို့ ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပိုထားတာကို ကိုရဲမွန်ကတင်ပြပေးထားပါတယ်။

ဥပဒေမဟုတ်ဘူး။ နည်းဥပဒေမဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းမဟုတ်ဘူး။ အမိန့်မဟုတ်ဘူး။ ညွှန်ကြားချက်မဟုတ်ဘူး။ ဥပဒေဆိုတာ ပြည်သူကိုကာကွယ်ဖို့အတွက်ပဲ ဖြစ်ရမယ်။ ဒုက္ခပေးဖို့ လုပ်ထားတဲ့ဥပဒေမျိုးသည် ဥပဒေမဟုတ်ဘူး။ ထောက်ပံ့စရာအကြောင်းကိုမရှိဘူး။”

နယ်မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ ရွေးချယ်ခံရသူတွေအတွက် စစ်မှုထမ်းမရှိတဲ့ အိမ်ထောင်စုတွေက တလတခါထောက်ပံ့ကြေးပေးဖို့ ရပ်ကျေးအာဏာပိုင်တွေဘက်က ငွေကောက်ခံနေတာမှန်မမှန် VOA က မေးမြန်းခဲ့ရာမှာ ဒီဖြစ်ရပ်တွေကိုသိရှိထားတယ်လို့ စစ်ကောင်စီက စာနဲ့အကြောင်းပြန်ပါတယ်။ စစ်ကောင်စီရဲ့ သတင်းနဲ့ပြန်ကြားရေးကို ဗွီအိုအေကိုမေးမြန်းခဲ့ရာမှာ ဒီငွေတွေကို စစ်မှုထမ်းမယ့်သူတွေအတွက် လစာအနေနဲ့ သုံးမှာမဟုတ်ဘဲ စစ်မှုထမ်းမယ့်သူတွေနောက်ဆံမတင်းအောင် ကျန်ရစ်သူမိသားစုတွေအတွက် ထောက်ပံ့ကြေးအနေနဲ့ပေးဖို့ ဆောင်ရွက်ကြတာဖြစ်ကြောင်း စစ်ကောင်စီက ဖြေကြားခဲ့ပါတယ်။ ဒီလို ကောက်ခံမှုတွေရှိတာ မှန်ကန်တယ်လို့ဆိုပေမယ့် ဒီလို ကောက်ခံဖို့ တရား ဝင် ညွှန်ကြားထားတာ မရှိဘူးလို့လည်းပြောပါတယ်။ ကောက်ခံရတဲ့ငွေတွေကို ဘယ်သူတွေက ထိန်းသိမ်းပြီး ဘယ်လိုထောက်ပံ့မလဲဆိုတာတွေကိုတော့ အသေးစိတ်မသိရပါဘူး။ စစ်မှုထမ်းမဲ့သူ ခံစားခွင့်ရမယ့်လစာနဲ့ ရှားပါးစရိတ် ထောက်ပံ့ကြေးတွေအတွက်ကိုတော့ နိုင်ငံကပဲ ထောက်ပံ့မှာဖြစ်တယ်လို့ ဖြေထားပါတယ်။

ဒါပေမဲ့လည်း ဒီလိုထောက်ပံ့ငွေကြေး ကောက်ခံမှုတွေအတွက် တဦးချင်းဆန္ဒမပါသလို ဘယ်လောက်ပေးရမလဲဆိုတဲ့ သတ်မှတ်ချက်လည်းမရှိဘူးလို့ မင်းဘူးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကောက်တာကတော့ ကျေကျေနပ်နပ်ပေးရတာလားဆိုတော့ ကျေကျေနပ်နပ်ပေးရတာမဟုတ်ဘူး။ ကြောက်လို့ပေးရတာ။ နောက်တခုက စစ်မှုထမ်းမယ့်ကလေးတွေကို ပြည်သူတွေက ကျေကျေနပ်နပ်ပေးတာမဟုတ်ဘဲနဲ့ ကျေးရွာအလိုက် မတူညီဘဲနဲ့ ကျေးရွာအလိုက် နယ်မြေအလိုက် မတူညီဘူး။ တချို့ကျေးရွာတွေဆို အိမ်ထောင်စုတစုကို ၅,၀၀၀ ပေးရတယ်။ တချို့က ၁၀,၀၀၀ ပေးရတယ်။ တချို့က ၁၅,၀၀၀ ပေးရ တယ်။ သူတို့က ပါးစပ်ပြောနဲ့ပဲ ပြောတာ။ တကယ်လက်တွေ့ပေးအပ်တာမရှိဘူး။ လက်တွေ့လည်းပေးအပ်မယ့် အဖွဲ့အစည်းမဟုတ်ဘူး။”

ပြည်သူ့စစ်မှုထမ်းဥပဒေမှာလည်း ဒီလိုငွေကြေးကောက်ခံဖို့ ပြဌာန်းချက်မရှိတဲ့အတွက် ဒီလို ကောက်ခံမှုဟာ ဥပဒေနဲ့မညီညွှတ်ဘူးလို့ ဥပဒေ အကျိုးဆောင်တဦးက ထောက်ပြဝေဖန်ပါတယ်။

“ဆိုရှယ်လစ်ခေတ်နဲ့ နဝတခေတ်မှာထဲက ဥပဒေတခုပြဌာန်းလိုက်ရင် ဥပဒေအသက်သွင်းကြသူတွေသည် ဝန်ထမ်းတွေ။ အဲဝန်ထမ်းတွေက ဥပဒေတခုပြဌာန်းတာနဲ့ ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြောရရင် ရဲတွေပေါ့။ ခုကျ စစ်တပ်လည်း ပါလာတယ်။ အုပ်ချုပ်ရေးလည်းပါလာတယ်။ အဲဒီရဲတွေက ဥပဒေတခုပြဌာန်းလိုက်ရင် သူတို့အတွက်စားဖို့ အကွက်တခုခုထွင်လိုက်သလိုပဲ ဖြစ်ဖြစ်သွားတယ်။ အခုခေတ်ကာလအတွက်ကျတော့ ပိုဆိုးသွားကော၊ အောက်မှာအဆင်သင့်သလို လုပ်စားတဲ့အကွက် တခုဖြစ်တယ်။ ဥပဒေမဟုတ်ဘူး။ နည်းဥပဒေမဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းမဟုတ်ဘူး။ အမိန့်မဟုတ်ဘူး။ ညွှန်ကြားချက်မဟုတ်ဘူး။ ဥပဒေဆိုတာ ပြည်သူကိုကာကွယ်ဖို့အတွက်ပဲ ဖြစ်ရမယ်။ ဒုက္ခပေးဖို့ လုပ်ထားတဲ့ဥပဒေမျိုးသည် ဥပဒေမဟုတ်ဘူး။ ထောက်ပံ့စရာအကြောင်းကိုမရှိဘူး။”

စစ်ကောင်စီပြောခွင့်ရသူကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မကြာခင်ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် လက်ရှိဆောင်ရွက်မှုတွေဟာ မူကြမ်းမှာ ဖော်ပြထားတဲ့ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ရပ်ကျေးအဆင့်မှာ ရွေးချယ်ခံထားရသူတွေ အချိန်မီဆေးစစ်ခံနိုင်ဖို့ ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာရပ်ကျေးအာဏာပိုင်တွေကို ကြိုတင်အကြောင်းကြားဖို့ အသိပေးထားတယ်ဆိုတာကိုလည်း စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပါတယ်။ ပုံမှန်စီစဉ်ထားတဲ့အတိုင်း သင်္ကြန်အပြီး မေလထဲမှာ စတင် စစ်မှုထမ်းဖို့ ခေါ်ယူမယ်လို့လည်း စာနဲ့ဖြေထားပါတယ်။

Forum

XS
SM
MD
LG