သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေ


စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)
စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)

စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နဲ့ မြောင်မြို့နယ်ကြားက ခြေရာတော်ရွာနားမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၂၅ ဦးခန််န့် သတ်ဖြတ်ခံခဲ့ရသလို ပုလဲမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေးတင်းမာမှု အခြေအနေ သတင်းပေးပို့ထားတာကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

မြောင်မြို့နဲ့ ၃ မိုင်ခွဲအကွာ မြင်းမူမြို့နယ်အပိုင်ထဲက ခြေရာတော် ကျေးရွာနားမှာ စက်တင်ဘာ ၂၃ ရက် စနေနေ့မနက်အစောပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၂၅ ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာမှာပိတ်မိနေတဲ့အရပ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ကယ်ထုတ်ဖို့သွားတဲ့နေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့စစ်တပ်ထောက်ခံသူတွေက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အဲဒီနေရာကနေလွတ်မြောက်လာသူ ဒေသကာကွယ်ရေးတပ်သားတဦးက ပြောပါတယ်။

“၂၅ ယောက်ခင်ဗျ။ တခြားအဖွဲ့အစည်းက ရဲဘော်တွေလည်းပါတယ်။ ပြည်သူကတော့် ၁ ယောက် ၂ ယောက်ပဲပါတယ်။ ပြည်သူကိုကယ်ထုတ်ရင်းကနေ အဲ့လိုဖြစ်သွားတာ။ သူတို့ အဲ့လိုဖြစ်ချိန်မှာ ကျနော်တို့ဘက်ကိုလည်း တောက်လျှောက် လိုက်ပစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း ရှောင်စရာလမ်းမရှိတော့ ရေထဲခုန်ချလိုက်ပြီးတော့ သူတို့စီးထားတဲ့နေရာကလည်း ဘယ်လိုမှ ရှောင်လို့ တိမ်းလို့ မလွယ်တဲ့နေရာ။”

ဒေသတွင်း နယ်မြေရှင်းလင်းနေတဲ့စစ်တပ်ဟာ စစ်ဘေးရှောင်တွေ လာရောက် မယ့်လမ်းကိုစောင့်ရင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာလို့ ပြောပါတယ်။ လွတ်မြောက်လာသူတွေဟာ အခင်းဖြစ်ပွါးရာနေရာ အနီးမှာရှိတဲ့ အင်းထဲကို ခုန်ချပြီး ထွက်ပြေး လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီလိုလားတဲ့ လူမှုမီဒီယာတွေမှာ သေဆုံးသူတချို့ရဲ့ပုံတွေကို တင်ထားသလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒရုန်းနဲ့ သူတို့ ပြန်လှန်တိုက်ခိုက်တဲ့ပုံတွေကို စက်တင်ဘာ ၂၄ မှာ တင်ထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာရှောင်ပြေးနေကြရပါတယ်။ ပုလဲမြို့နယ်အတွင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပုလဲကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက VOA ကို အခုလို ပြောပါတယ်။

“၇ ရက်၊ ၁၄ ရက်လောက်က စဖြစ်တာ။ စစ်ရေး တအားကို တင်းမာနေတာ။ အခုဒီကောင်တွေ ညကြီးကို စစ်ကြောင်းတွေထိုးနေတယ်။ ဒီကောင်တွေ စစ်ကြောင်းထိုးပြီး ကင်းပုန်းဝပ်ပြီးပစ်နေတယ်။ စစ်ကြောင်းလိုက်ထိုးတဲ့ ၁၆ ရက်ကနေစပြီး ၂၃ ရက် ရှိသွားပြီ။ တနေ့ကို ၄-၅ ပွဲလောက်ဖြစ်နေတာ။"

တိုက်ပွဲကြောင့် ဒေသခံ အများအပြား တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစားအသောက် အကူအညီတွေလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG