သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီထိုးစစ် စစ်ကိုင်းတိုင်း PDF တွေ စုပေါင်းခုခံ


မင်းကင် PDF တပ်ဖွဲ့ဝင်များ
မင်းကင် PDF တပ်ဖွဲ့ဝင်များ

စစ်ကောင်စီထိုးစစ် စစ်ကိုင်းတိုင်း PDF တွေ စုပေါင်းခုခံ

{{Zawgyi/Unicode}}

စစ်ကိုင်တိုင်းအတွင်း ဒေသခံတွေကို ရေကြောင်း၊ လေကြာင်း၊ သံချပ်ကာ ခြေလျပ်တပ်တွေနဲပါ စစ်ကောင်စီဘက်က အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်လာနေတဲ့အတွက် စစ်ကိုင်းတိုင်းနဲ့ ချင်းတွင်းမြစ်တလျောက်မှာရှိတဲ့ဒေသခံပျောက်ကြားအဖွဲ့တွေ ၁၄ဖွဲ့ စုပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ဖို့ အတွက်အောင်တိုဘာလ၇ရက်နေ့မှာ မဟာမိတ်ဖွဲ့လိုက်ကြောင်းထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်းအတွင်းမှ ာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံပျောက်ကြားတပ်ဖွဲတွေ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ ဒီရက်ပိုင်းအတွင်းပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။ အခုအခါမှာတော့ စစ်ကိုင်းတိုင်းနဲ့ ချင်းတွင်းမြစ်တလျောက်က ပြည်သူကာ့ကွယ်ရေးအဖွဲ့၁၄ဖွဲ စုပေါင်းပြီး မဟာမိတ်ဖွဲ့လိုက်ကြောင်း ပုလဲပြည်သူကာကွယ်ရေးတပ်က ခေါင်းဆောင်ဗိုလ်နဂါးကအခုလိုပြောပါတယ်။

"၁၄ဖွဲ ပေါင်းလိုက်တာက အထူးသဖြင့် စစ်ကိုင်းတိုင်းမှာပဲ။ စစ်ကိုင်းတိုင်းချင်းတွင်းမြစ်ဘေးပတ်ဝန်းကျင်တလျောက်ပေါ့။ တမြို့နယ်ကို စစ်ကောင်စီကတိုက်နေရင် တမြို့နယ်က နောက်ကပိတ်တိုက်တာတို့ လမ်းကဖြတ်တောက်တိုက်ခိုက်တာ။ ဒီလိုလုပ်ဖို့ ရဲဘော်ညီနောင်တွေတမြို့နယ်ကိုတိုက်နေရင် လမ်းကဖြတ်တိုက်တာမျိုးတို့ တမြို့နယ် ကိုအင်အားလာဖြည့်ကူညီတာမျိုး တယောက်နဲ့တယောက် အပြန်အလှန်သတင်းပေးတာမျိုး လက်နက်ခဲယမ်း ရိက္ခာအကူညီပေးတာမျိုးတွေနဲ့ တယောက်နဲ့တယောက်အားပေးကူညီရင်းနဲ့ စစ်ကောင်စီကို ကျနော်တို့အောင်အောင်မြင်မြင်နဲ့အခုတိုက်နိုင်နေပါတယ် "

ဒေသခံတွေကတော့လက်နက်အင်အားမမျှတဲ့အတွက် ရင်ဆိုင်တိုက်ပွဲတွေမလုပ်နိုင်ပဲ တူးမီးတွေနဲ့ပျောက်ကြားတိုက်ခိုက်တာ စစ်ယာဉ်တန်းတွေလာတဲ့အခါ မိုင်းခွဲတိုက်ခိုက်မူတွေလုပ်နေပါတယ် ။ဒီအတွက်စစ်ကောင်စီဘက်က စစ်ယာဉ်တန်းတွေ ပျက်ဆီးဆုံရှုံးတာ စစ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်က မကြာသေးခင်က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာနဲပတ်သက်လို့ VOAက စစ်ကောင်စီဘက်ကို ဗိုက်ဗာကနေ မေးခွန်းမေးတဲ့အခါမှာတော့ စစ်ကောင်စီယဉ်တွေထဲက လေကာမှန်လောက်ထိခိုက်တာရှိပြီး မှန်တံခါးကွဲတာသာရှိကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မူ့မရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ် ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာတဲ့စစ်ကိုင်းတိုင်းထဲမှာပြီးခဲ့တဲ့လတွေကစပြီး အင်တာနက်တွေ ဖြတ်တောက်ထားပါတယ် ။ချင်းတွင်းမြစ်ကနေ တင်အင်အားတွေနဲ့ရေယာဉ်တွေသုံးပြီးချထားသလို ရဟတ်ယာဉ်တွေသုံးပြီးစစ်ကူတွေချပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သံချပ်ကားတွေပါဝင်တဲ့ စစ်ယာဉ်တန်းတွေနဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာမို့ ဒေသခံတွေကပျောက်ကြားတွေကဆွဲမိုင်းတွေနဲံတိုုက်ခိုက်တာတွေလုပ်ခဲ့ပါတယ် ။စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲပြန်ပစ်ခတ်သလို့ဒေသခံကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်လာတယ်လို့လည်းဗိုလ်နဂါးကဆိုပါတယ်။

"စစ်ကိုင်းတိုင်းကပြောရရင်တော့ တော်လှန်ရေးတပ်ဦးလို့ဖြစ်နေပါတယ်။ ကျနော်တို့နိုင်ငံအတွက်ပေါ့လေ EAO တွေကလွဲရင်ပေါ့။ ကျနော်တို့ စစ်ကိုင်းတိုင်းကပြင်းပြင်းထန်ထန်စခဲ့တာ။ တခြားမြိုနယ်တွေလည်းတိုက်ပါတယ်။ ပုလဲတို့ မင်းကင်းတို့ မင်းတပ်တို့ယောနယ်တဝိုက်ပေါ့ ဒီဘက်တွေက ပြင်းပြင်းထန်ထန်တိုက်နေပါတယ်။ ကျနော်တို့PDF တွေကိုလုပ်မရတော့ ကျနော်တို့ပြည်သူတွေကို မာန်မဲပြီးအနိုင်ကျင့်ပြီး ရွာတွေမီးရှို့သွားတယ်၊ စံပြရွာတို့ ခင်အေးရွာတို့ ဝမ်းပြင်ရွာတို့အဲဒီရွာတွေမှာပေါ့ "

အခုဆိုရင်မဟာမိတ်ဖွဲ့လိုက်တဲ့ ၁၄ဖွဲ့ထဲမှ ာမြောင်မြိုနယ် ချောင်းဦးမြိုနယ် မြင်းခြံမြိုနယ် ရေစကြို ပခုက္ကူ မုံရွာ ဆားလင်းကြီး မြင်းမူ မြိုင်မော်လိုက် စတဲ့ စစ်ကိုင်းတိုင်းနဲ့ချင်းတွင်းမြစ်တလျောက်က ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေစုပေါင်းလိုက်ကြတာဖြစ်ပါတယ်။

အခုဆိုရင် စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံတွေနဲ့တိုက်ပွဲတွေဖြစ်လာတဲ့အတွက် စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ အပြောင်းအလဲလုပ်ပြီး စစ်မူ့ထမ်းဟောင်းတွေကိုပါ ပြည်သူ့စစ်တွေအဖြစ်အသုံးပြုဖို့တွေအထိလုပ်လာပါတယ် ။

အရင်တုန်းကစစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံတွေက ဆန္ဒဖော်ထုတ်မူတွေသာ အားကောင်းခဲ့ပြီး လက်ရှိအခြေအနေထိဆန္ဒထုတ်ဖော်မူတွေလည်းရှိနေသေးတာပါ။ တချို့ကျေးရွာတွေကလူငယ်တွေကို PDF တွေလို့စွတ်စွဲပြီး သတ်ဖြတ်ခံရမူတွေဇူလိုင်လအတွင်းကဖြစ်ခဲ့ပါတယ် ။စစ်ကိုင်းတိုင်းကနီမြို့နယ်၊ တောင်ပေါက်ရွာနဲ့ အနီးက ကျေးရွာသားတွေကို ဖမ်းဆီးပြီး အရပ်သား ၁၂ ဦးကို သတ်ဖြတ်ခဲ့ပုံရတဲ့ အထောက်အထားတွေ ဇူလိုင်လက ပေါ်ထွက်ခဲ့ပါတယ်။

ကနီဒေသဘက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မူကို စစ်ကောင်စီဘက်က ၃ ကြိမ်ထက်မနည်းလုပ်ခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက် မှတ်တမ်းတွေကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံကို သြဂုတ်လ ပထမပတ်မှာ တင်ပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

........................................


{{Unicode}}












XS
SM
MD
LG