{Zawgyi/Unicode}
စစ္အင္အားတိုးျမႇင့္ထားတဲ့ စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္မွာ စစ္တပ္နဲ႔ မင္းကင္းေဒသခံ ကာကြယ္ေရး PDF အဖြဲ႔တို႔ တိုက္ပြဲျဖစ္ေနတာ ႏွစ္ရက္ရွိေနပါၿပီ။ စစ္ကိုင္းတိုင္းထဲကပဲ ေျမာင္ၿမိဳ႕ဘက္က ေက်း႐ြာေတြကိုလည္း စစ္တပ္က ဝင္ရွာတာေတြ ရွိခဲ့ပါတယ္။ စစ္ကိုင္းတိုင္းဘက္က အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းကေျပာျပပါမယ္။
စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္ထဲကေက်း႐ြာတခ်ိဳ႕ကို စစ္တပ္က ဝင္ရွာၿပီးတဲ့ေနာက္ မေန႔ ေအာက္ တိုဘာ ၆ ရက္နဲ႔ ဒီေန႔ ၇ ရက္တို႔မွာ စစ္တပ္နဲ႔ မင္းကင္းေဒသခံကာကြယ္ေရး မင္းကင္း PDF အဖြဲ႔တို႔ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ မင္းကင္း PDF တာဝန္ရွိသူတဦးက ေျပာပါတယ္။
“မေန႔ကျဖစ္တာက တင္ေတာဘက္ဗ်။ မေန႔ကျဖစ္တာ အေနာက္ေတာ၊ အုႏၷဲဘုတ္၊ တင္ေတာေပါ့၊ အဲ့ဒီဘက္ကရွိတဲ့ ႐ြာ ၅ ႐ြာကို အင္အားျဖည့္ၿပီး တပ္စြဲေနတဲ့ေကာင္ေတြက ထပ္ၿပီးေတာ့မွေမႊတယ္။ အဲ့ ၅ ႐ြာ ေတာ္ေတာ္ေလး ဖ်က္ဆီးခံလိုက္ရတယ္။ အဲ့ေကာင္ေတြက နယ္ေျမရွင္းလင္းဖို႔ ထပ္ၿပီးအထြက္မွာ တိုက္ပြဲျဖစ္တယ္။ က်ေနာ္တို႔ဘက္က တေယာက္ ထိခိုက္ဒဏ္ရာရတယ္။ သူတို႔ဘက္က ၄ ၊ ၅ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရတယ္လို႔ သိရတယ္ခင္ဗ်။ အခု ေန႔လည္ ၁ နာရီ ေက်ာ္ေလာက္ က မင္းကင္း ေတာင္တြင္းေဒသေပါ့။ အမ်ားအေခၚ မင္းကင္းေတာင္တြင္းေဒသက နတ္စင္ေကြ႔ လို႔လည္းေခၚၾကတယ္။ တိုက္ပြဲျဖစ္တယ္။ ရက္ပိုင္းအတြင္းမွာကို မင္းကင္းၿမိဳ႕နယ္အတြင္းမွာ ပုံမွန္ထက္အင္အား ႏွစ္ဆနီးပါး တိုးခ်ဲ႕ေနတာ ေတြ႔ရတယ္။ ထိေတြ႔မႈေတြက အရင္ကထက္ ေတာ္ေတာ္မ်ားမ်ား တိုက္ပြဲစိပ္လာတယ္။ က်ေနာ္တို႔ သိရသေလာက္ မင္းကင္းမွာ PDF ေတြ အားေကာင္းလာတဲ့အတြက္ က်ေနာ္တို႔ ေျခကုပ္ယူထားတဲ့ေနရာေတြကို နယ္ေျမရွင္းလင္းမယ္လို႔ သိရတယ္။”
စစ္ကိုင္းတိုင္းထဲက အဲဒီေဒသေတြဘက္မွာ စစ္တပ္နဲ႔ ေဒသခံ မင္းကင္းကာကြယ္ေရးအဖြဲ႔ေတြၾကား မၾကာခဏ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနပါတယ္။ အဲဒီေဒသဘက္မွာ စက္တင္ဘာ ၁၆ ရက္ထဲက စလို႔ ဖုန္းလိုင္းတခ်ိဳ႕ ျပတ္ေတာက္ေနပါတယ္။ ဒါ့အျပင္ စစ္အင္အားတိုးခ်ဲ႕တာလည္း ေတာ္ေတာ္မ်ားမ်ားေတြ႔ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၉ ရက္ေန႔ကလည္း ကနီနဲ႔ မင္းကင္းမွာ စစ္တပ္ပါလာတဲ့ စက္ေလွကို PDF တပ္ဖြဲ႔ေတြက တိုက္ခိုက္ခဲ့ပါေသးတယ္။
စစ္ကိုင္းတိုင္းထဲမွာပဲ ေျမာင္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္တပ္က အခုရက္ပိုင္း ဝင္ေရာက္ရွာေဖြ ေနပါတယ္။ ေျမာင္ၿမိဳ႕နဲ႔ ၄ မိုင္ပဲေဝးတဲ့ မင္းတန္း႐ြာမွာ ဗုဒၶဟူးေန႔ညေနက စစ္ေကာင္စီနဲ႔ နီးစပ္သူ ႏွစ္ဦး အသတ္ခံရၿပီးတဲ့ေနာက္မွာ မင္းတန္း႐ြာထဲကို စစ္တပ္က ဝင္ေရာက္ရွာေဖြၿပီး ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။
“မင္းတန္း႐ြာကိုေတာ့ အိမ္ ၃ လုံးမီးရႈိ႕သြားတယ္။ အဲ့႐ြာမွာ ဒလံရွင္းတာေပါ့ေနာ္။ ဒလံရွင္းတဲ့ထဲမွာ ပါတယ္လို႔ ထင္တဲ့အိမ္ေတြကို မီးရႈိ႕တာ တကယ္က အဲ့လိုလည္း မဟုတ္ဘူးခင္ဗ်။ အရႈိ႕ခံရတဲ့အိမ္က ဒလံရွင္းလင္းေရးထဲမွာလည္းမပါဘူး၊ သာမန္ျပည္သူပဲ။ ေက်း႐ြာသားေတြကေတာ့ ထြက္ေျပး တိမ္းေရွာင္ေနတာေပါ့။ သူတို႔ဒီေန႔ည အဲ့႐ြာမွာပဲ တပ္စြဲမယ္နဲ႔တူတယ္။ ေျမာင္ဘက္က ေက်း႐ြာေတြက ေန႔တိုင္းဝင္ေမႊေနတာပဲ။ ဟိုးေန႔ကဆို ေပါက္ေတာ ေပါက္ေတာကိုေမႊတယ္။ ေပါက္ေတာ တရက္ေမႊတယ္။ ေနာက္ရက္ မင္းတန္းကိုေမႊတယ္။ မင္းတန္းနဲ႔တရက္တည္းပဲ ေျမာင္ရဲ႕အေရွ႕ဘက္ ေ႐ႊေပါက္ပင္ကိုေမႊတယ္။”
ေျမာင္ၿမိဳ႕နယ္မွာလည္း အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လုပ္သူေတြ၊ လက္နက္ကိုင္တိုက္ေနတဲ့ ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြ ရွိႏိုင္တယ္လို႔ သံသယရွိတဲ့ ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြ မၾကာခဏဝင္ေရာက္ ရွာေဖြၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ေနပါတယ္။
=======
{Zawgyi/Unicode}
မင်းကင်းမှာ တိုက်ပွဲဖြစ်၊ မြောင်မြို့ဘက်ကကျေးရွာတွေ စစ်တပ်ရှာဖွေ
စစ်အင်အားတိုးမြှင့်ထားတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်တပ်နဲ့ မင်းကင်းဒေသခံ ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲဖြစ်နေတာ နှစ်ရက်ရှိနေပါပြီ။ စစ်ကိုင်းတိုင်းထဲကပဲ မြောင်မြို့ဘက်က ကျေးရွာတွေကိုလည်း စစ်တပ်က ဝင်ရှာတာတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဘက်က အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းကပြောပြပါမယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲကကျေးရွာတချို့ကို စစ်တပ်က ဝင်ရှာပြီးတဲ့နောက် မနေ့ အောက် တိုဘာ ၆ ရက်နဲ့ ဒီနေ့ ၇ ရက်တို့မှာ စစ်တပ်နဲ့ မင်းကင်းဒေသခံကာကွယ်ရေး မင်းကင်း PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ မင်းကင်း PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
“မနေ့ကဖြစ်တာက တင်တောဘက်ဗျ။ မနေ့ကဖြစ်တာ အနောက်တော၊ အုန္နဲဘုတ်၊ တင်တောပေါ့၊ အဲ့ဒီဘက်ကရှိတဲ့ ရွာ ၅ ရွာကို အင်အားဖြည့်ပြီး တပ်စွဲနေတဲ့ကောင်တွေက ထပ်ပြီးတော့မှမွှေတယ်။ အဲ့ ၅ ရွာ တော်တော်လေး ဖျက်ဆီးခံလိုက်ရတယ်။ အဲ့ကောင်တွေက နယ်မြေရှင်းလင်းဖို့ ထပ်ပြီးအထွက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က တယောက် ထိခိုက်ဒဏ်ရာရတယ်။ သူတို့ဘက်က ၄ ၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်ခင်ဗျ။ အခု နေ့လည် ၁ နာရီ ကျော်လောက် က မင်းကင်း တောင်တွင်းဒေသပေါ့။ အများအခေါ် မင်းကင်းတောင်တွင်းဒေသက နတ်စင်ကွေ့ လို့လည်းခေါ်ကြတယ်။ တိုက်ပွဲဖြစ်တယ်။ ရက်ပိုင်းအတွင်းမှာကို မင်းကင်းမြို့နယ်အတွင်းမှာ ပုံမှန်ထက်အင်အား နှစ်ဆနီးပါး တိုးချဲ့နေတာ တွေ့ရတယ်။ ထိတွေ့မှုတွေက အရင်ကထက် တော်တော်များများ တိုက်ပွဲစိပ်လာတယ်။ ကျနော်တို့ သိရသလောက် မင်းကင်းမှာ PDF တွေ အားကောင်းလာတဲ့အတွက် ကျနော်တို့ ခြေကုပ်ယူထားတဲ့နေရာတွေကို နယ်မြေရှင်းလင်းမယ်လို့ သိရတယ်။”
စစ်ကိုင်းတိုင်းထဲက အဲဒီဒေသတွေဘက်မှာ စစ်တပ်နဲ့ ဒေသခံ မင်းကင်းကာကွယ်ရေးအဖွဲ့တွေကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အဲဒီဒေသဘက်မှာ စက်တင်ဘာ ၁၆ ရက်ထဲက စလို့ ဖုန်းလိုင်းတချို့ ပြတ်တောက်နေပါတယ်။ ဒါ့အပြင် စစ်အင်အားတိုးချဲ့တာလည်း တော်တော်များများတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ကနီနဲ့ မင်းကင်းမှာ စစ်တပ်ပါလာတဲ့ စက်လှေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းထဲမှာပဲ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က အခုရက်ပိုင်း ဝင်ရောက်ရှာဖွေ နေပါတယ်။ မြောင်မြို့နဲ့ ၄ မိုင်ပဲဝေးတဲ့ မင်းတန်းရွာမှာ ဗုဒ္ဓဟူးနေ့ညနေက စစ်ကောင်စီနဲ့ နီးစပ်သူ နှစ်ဦး အသတ်ခံရပြီးတဲ့နောက်မှာ မင်းတန်းရွာထဲကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။
“မင်းတန်းရွာကိုတော့ အိမ် ၃ လုံးမီးရှို့သွားတယ်။ အဲ့ရွာမှာ ဒလံရှင်းတာပေါ့နော်။ ဒလံရှင်းတဲ့ထဲမှာ ပါတယ်လို့ ထင်တဲ့အိမ်တွေကို မီးရှို့တာ တကယ်က အဲ့လိုလည်း မဟုတ်ဘူးခင်ဗျ။ အရှို့ခံရတဲ့အိမ်က ဒလံရှင်းလင်းရေးထဲမှာလည်းမပါဘူး၊ သာမန်ပြည်သူပဲ။ ကျေးရွာသားတွေကတော့ ထွက်ပြေး တိမ်းရှောင်နေတာပေါ့။ သူတို့ဒီနေ့ည အဲ့ရွာမှာပဲ တပ်စွဲမယ်နဲ့တူတယ်။ မြောင်ဘက်က ကျေးရွာတွေက နေ့တိုင်းဝင်မွှေနေတာပဲ။ ဟိုးနေ့ကဆို ပေါက်တော ပေါက်တောကိုမွှေတယ်။ ပေါက်တော တရက်မွှေတယ်။ နောက်ရက် မင်းတန်းကိုမွှေတယ်။ မင်းတန်းနဲ့တရက်တည်းပဲ မြောင်ရဲ့အရှေ့ဘက် ရွှေပေါက်ပင်ကိုမွှေတယ်။”
မြောင်မြို့နယ်မှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်သူတွေ၊ လက်နက်ကိုင်တိုက်နေတဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်တယ်လို့ သံသယရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မကြာခဏဝင်ရောက် ရှာဖွေပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း