သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိြဳင္ေကာ္ရပ္ကြက္တခ်ဳိ႕ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သား ၁ ဦးေသဆံုး၊ ၁၀ ဦးဒဏ္ရာရ


အာဆီယံစံျပၿမဳိ႕ဆုရ လြိဳင္ေကာ္

Zawgyi/Unicode

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြၾကား အျပန္အလွန္တိုက္ခိုက္မႈေတြ႐ွိထားတဲ့ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕စြန္မွာ မေန႔ ေအာက္တုိဘာ ၆ ရက္ေန႔ညကလည္း တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စစ္တပ္နဲ႔ ဘယ္အဖြဲ႔ၾကား တိုက္ပြဲျဖစ္တာလဲဆိုတာ ေဒသခံေတြမသိၾကေပမယ့္ စစ္တပ္ရွိတဲ့ေနရာဘက္ကေန ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေတြ လိြဳင္ေကာ္ၿမိဳ႕ ရပ္ကြက္တခ်ဳိ႕အေပၚ က်ခဲ့တဲ့အတြက္ အရပ္သားတဦးေသဆံုးၿပီး ကေလးငယ္အပါအဝင္ ၁၀ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္နက္ႀကီးက်လို႔ ေနအိမ္တခ်ဳိ႕လည္း ပ်က္စီခဲ့ပါတယ္။ ဒီအေျခအေနအျပည့္အစံု ရန္ကုန္ က လာတဲ့သတင္းကို မျမသဇင္ေအာင္က ေျပာျပပါမယ္။

ေအာက္တိုဘာ ၆ ရက္ ဗုဒၶဟူးေန႔ညက လိြဳင္ေကာ္ၿမိဳ႕အထြက္ ေရနီကန္၊ ဧက ၆၀၀ နဲ႔ နမ့္ေဘာ္ဝမ္ရပ္ကြက္ဘက္မွာ ည ၇ နာရီကေန ည ၉ နာရီအထိ ပစ္ခတ္သံေတြၾကားရေပမဲ့ ဘယ္အဖဲြ႔ေတြၾကား တိုက္ပြဲျဖစ္တယ္ဆိုတာ အတိအက်မသိဘူးလုိ႔ ေဒသခံေတြက ေျပာပါတယ္။

ဒါေပမဲ့ စစ္တပ္ဘက္ကပစ္လိုက္တဲ့ လက္နက္ႀကီး၊ လက္နက္ငယ္က်ည္ေတြ လူေနအိမ္ဘက္က်လို႔ အရပ္သားတဦးေသဆံုးခဲ့တဲ့အျပင္ ကေလးငယ္အပါအဝင္ ၁၀ ဦး က်ည္စထိမွန္ ဒဏ္ရာရခဲ့တယ္လို႔ အကူအညီေပးခဲ့တဲ့ ပရဟိတအသင္းတာဝန္ရွိသူတဦးက VOA ကို ေျပာပါတယ္။ ထိခိုက္ဒဏ္ရာရသူေတြကို ဒီေန႔မနက္ လိြဳင္ေကာ္ေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့တယ္လို႔အကူအညီေပးခဲ့တဲ့ ပရဟိတအသင္းတာဝန္ရွိသူက ေျပာပါတယ္။

“အားလံုးေပါင္း ၁၁ ေယာက္၊ တေယာက္ကေသတယ္၊ ၁၀ ေယာက္ကထိတယ္၊ ဟာ… ဆူညံေနတာပဲ တနာရီမကဘူး ထင္တယ္၊ ၾကာတယ္၊ ေတာ္ေတာ္ၾကာတယ္။ လက္နက္ႀကီးေတြ လက္နက္ႀကီးေတြ ထုလိုက္ၾကတာ တဒုန္းဒုန္းပဲ၊ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ လက္နက္အလတ္ေကာ ေတာက္ေလွ်ာက္ပစ္ေနၾကတာ။ တို႔လြိဳင္ေကာ္ၿမိဳ႕ေတာင္ဘက္မွာ ျဖစ္တာေပ့ါ၊ ၿမိဳ႕အထြက္ေတာင္ဘက္က တပ္ေတြမွာျဖစ္တာေပ့ါ၊ တပ္ေတြနဲ႔ ဘယ္သူေတြနဲ႔ ျဖစ္လဲေတာ့ မသိပါဘူး။ ေသဆံုးတဲ့လူက ဒီလို သူတို႔အိမ္ေရွ႕မွာ အဲ့ဗံုးက်တာေပါ့ေလ။ အဲ့ဒီဗံုးအစက စင္ထြက္လာၿပီးေတာ့မွ သူ႔အိမ္နံရံေပါက္ၿပီးေတာ့ သူ႔ကိုထိတာ၊ သူ႔ကေလး ၅ ႏွစ္အရြယ္ တေယာက္က က်န္ခဲ့တာေပါ့။”

စစ္တပ္႐ွိတဲ့ဘက္ကပစ္လိုက္တဲ့ လက္နက္ႀကီး လက္နက္ငယ္ေတြထိမွန္လို႔ ျပည္သူေတြရဲ႕ ေနအိမ္ တခ်ဳိ႕လည္း ပ်က္စီးဆံုး႐ံႈးခဲ့တယ္လို႔ အကူအညီေပးခဲ့တဲ့ ေနာက္ၿမိဳ႕ခံတဦးက VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ကလည္း လူနာသြားေခၚတဲ့အခါက်ေတာ့ အဲ့ဒီအိမ္ပ်က္စီးမႈ အတိအက်ေတာ့ က်ေနာ္တို႔ အဲ့ေလာက္ထိေတာ့ မသိရဘူးေပါ့ေနာ္၊ ဒီလိုင္းေပၚမွာထင္ထားတဲ့ ေနရာကဆိုရင္ေတာ့ ၄၊ ၅၊ ၁၀ လံုးေလာက္အထိေတာ့ အိမ္ငယ္ေတြေရာ အိမ္ႀကီးေတြေရာေပါ့ေနာ္ ထိကုန္တယ္ဗ်၊ (အဲ့ဒီေနရာမွာ ပစ္ခတ္မႈ) ျဖစ္တယ္ ျဖစ္တယ္။ သံုးႀကိမ္ ေလးႀကိမ္ေလာက္ရွိၿပီ- ျဖစ္တာ။ ဟုတ္ကဲ့ အဲ့ဘက္မွာခ်ည့္ပဲျဖစ္တာဗ်။”

မေန႔ညက ပစ္ခတ္မႈနဲ႔ပတ္သက္လို႔ ကရင္နီ အမ်ဳိးသားကာကြယ္ေရးတပ္ (KNDF) ကေတာ့ သူတို႔ အဖဲြ႔ေတြနဲ႔ တိုက္ပြဲျဖစ္တာမရွိသလို ဘယ္အဖြဲ႔နဲ႔ ျဖစ္တယ္ဆိုတာလဲ အတည္ျပဳ မေျပာႏုိင္ေသးဘူးလို႔ သတင္းျပန္ၾကားေရးတာဝန္ရွိသူတဦးက VOA ကုိ ေျပာပါတယ္။

“တိုက္ပြဲက က်ေနာ္တို႔ KNDF နဲ႔ ျဖစ္တဲ့ တိုက္ပြဲမဟုတ္ဘူး။ က်ေနာ္တို႔ KNDF လည္း ပါမေနဘူး။ မေန႔ညကေလေနာ္၊ က်ေနာ္တို႔KNDF နဲ႔ ျဖစ္တာမဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ တျခားဘယ္သူနဲ႔ ျဖစ္တယ္ဆိုတ့ဲ သတင္းလည္း က်ေနာ္တို႔ ယေန႔ထိအတည္ျပဳလို႔ မရေသးဘူး၊ တစုတဖြဲ႔လား၊ မဟုတ္လို႔ရွိရင္ တဦး ႏွစ္ဦးကလား။ သူတို႔ကို သြားၿပီးေတာ့မွပစ္တယ္။ အဲ့လိုမ်ဳိး အဲ့ဒါကို အဲ့ဒီအေပၚ စစ္ေကာင္စီဘက္က ျပန္လည္ၿပီးေတာ့မွ ရမ္းသမ္းပစ္တဲ့အေနအထားမွာပဲ ရွိတယ္လို႔ ျမင္မိတယ္။”

ဒီပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီက တစံုတရာထုတ္ျပန္တာ မရွိေသးပါဘူး။ လြိဳင္ေကာ္ၿမိဳ႕ ေရနီကန္မွာ စက္ဘာတင္ ၁၃ ရက္ေန႔ကလည္းစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြၾကား အျပန္ အလွန္ပစ္ခတ္မႈေတြအတြင္း အရပ္သားတေယာက္ ေသနတ္ဒဏ္ရာရခဲ့ၿပီး ေနအိမ္ေတြလည္း ပ်က္စီးခဲ့ပါတယ္။ ေဒသခံကာကြယ္ေရးတပ္ေတြ အဲဒီဘက္မွာ ႐ွိႏိုင္တယ္အထင္နဲ႔ စစ္ေကာင္စီတပ္ ဘက္က လက္နက္ႀကီး လက္နက္ငယ္နဲ႔ မၾကာမၾကာ လွမ္းပစ္တာမ်ဳိး႐ွိတယ္လို႔ လြိဳင္ေကာ္ေဒသခံေတြက ေျပာၾကပါတယ္။

လိြဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာရြာတဝိုက္မွာ စက္တင္ဘာ ၂၉ ရက္က ကရင္နီပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္အၾကား တိုက္ပြဲျပင္းထန္ခဲ့သလို စက္တင္ဘာလ ၃၀ ရက္ေန႔မွာလည္း တိုက္ပြဲ ျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲအတြင္းမွာ စစ္ေကာင္စီတပ္က လက္နက္ႀကီးနဲ႔ ေက်းရြာဘက္ကို အဆက္မျပတ္ပစ္ ခတ္လို႔ ကုန္းသာရြာက ေနအိမ္ ၁၀ လံုးေလာက္ မီးေလာင္ပ်က္စီးသြားသလို ရြာ ၆ ရြာထက္မနည္း အိုးအိမ္စြန္႔ၿပီး ေတာေတာင္ထဲ ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြက VOA ကို ေျပာထားပါတယ္။

စစ္တပ္အာဏာသိမ္းမႈကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ခုခံတြန္းလွန္ဖုိ႔ ၾကားကာလ အမ်ဳိးသားညီညြတ္ေရးအစိုးရက စက္တင္ဘာလ ၇ ရက္ေန႔မွာ ေၾကညာခဲ့ၿပီးတဲ့ေနာက္ပိုင္း ကရင္နီနယ္မွာ တိုက္ပြဲေတြ ခပ္စိတ္စိတ္ ျပင္းထန္လာၿပီး စစ္ေကာင္စီတပ္ေတြဘက္က အင္အားတိုး ျဖန္႔ခ်ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

လွိုင်ကော်ရပ်ကွက်တချို့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေရှိထားတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့စွန်မှာ မနေ့ အောက်တိုဘာ ၆ ရက်နေ့ညကလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်တပ်နဲ့ ဘယ်အဖွဲ့ကြား တိုက်ပွဲဖြစ်တာလဲဆိုတာ ဒေသခံတွေမသိကြပေမယ့် စစ်တပ်ရှိတဲ့နေရာဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ လွိုင်ကော်မြို့ ရပ်ကွက်တချို့အပေါ် ကျခဲ့တဲ့အတွက် အရပ်သားတဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျလို့ နေအိမ်တချို့လည်း ပျက်စီခဲ့ပါတယ်။ ဒီအခြေအနေအပြည့်အစုံ ရန်ကုန် က လာတဲ့သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

အောက်တိုဘာ ၆ ရက် ဗုဒ္ဓဟူးနေ့ညက လွိုင်ကော်မြို့အထွက် ရေနီကန်၊ ဧက ၆၀၀ နဲ့ နမ့်ဘော်ဝမ်ရပ်ကွက်ဘက်မှာ ည ၇ နာရီကနေ ည ၉ နာရီအထိ ပစ်ခတ်သံတွေကြားရပေမဲ့ ဘယ်အဖွဲ့တွေကြား တိုက်ပွဲဖြစ်တယ်ဆိုတာ အတိအကျမသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ လူနေအိမ်ဘက်ကျလို့ အရပ်သားတဦးသေဆုံးခဲ့တဲ့အပြင် ကလေးငယ်အပါအဝင် ၁၀ ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဒီနေ့မနက် လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့အကူအညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။

“အားလုံးပေါင်း ၁၁ ယောက်၊ တယောက်ကသေတယ်၊ ၁၀ ယောက်ကထိတယ်၊ ဟာ… ဆူညံနေတာပဲ တနာရီမကဘူး ထင်တယ်၊ ကြာတယ်၊ တော်တော်ကြာတယ်။ လက်နက်ကြီးတွေ လက်နက်ကြီးတွေ ထုလိုက်ကြတာ တဒုန်းဒုန်းပဲ၊ လက်နက်ကြီးရော လက်နက်ငယ်ရော လက်နက်အလတ်ကော တောက်လျှောက်ပစ်နေကြတာ။ တို့လွိုင်ကော်မြို့တောင်ဘက်မှာ ဖြစ်တာပေ့ါ၊ မြို့အထွက်တောင်ဘက်က တပ်တွေမှာဖြစ်တာပေ့ါ၊ တပ်တွေနဲ့ ဘယ်သူတွေနဲ့ ဖြစ်လဲတော့ မသိပါဘူး။ သေဆုံးတဲ့လူက ဒီလို သူတို့အိမ်ရှေ့မှာ အဲ့ဗုံးကျတာပေါ့လေ။ အဲ့ဒီဗုံးအစက စင်ထွက်လာပြီးတော့မှ သူ့အိမ်နံရံပေါက်ပြီးတော့ သူ့ကိုထိတာ၊ သူ့ကလေး ၅ နှစ်အရွယ် တယောက်က ကျန်ခဲ့တာပေါ့။”

စစ်တပ်ရှိတဲ့ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီး လက်နက်ငယ်တွေထိမှန်လို့ ပြည်သူတွေရဲ့ နေအိမ် တချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အကူအညီပေးခဲ့တဲ့ နောက်မြို့ခံတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ကလည်း လူနာသွားခေါ်တဲ့အခါကျတော့ အဲ့ဒီအိမ်ပျက်စီးမှု အတိအကျတော့ ကျနော်တို့ အဲ့လောက်ထိတော့ မသိရဘူးပေါ့နော်၊ ဒီလိုင်းပေါ်မှာထင်ထားတဲ့ နေရာကဆိုရင်တော့ ၄၊ ၅၊ ၁၀ လုံးလောက်အထိတော့ အိမ်ငယ်တွေရော အိမ်ကြီးတွေရောပေါ့နော် ထိကုန်တယ်ဗျ၊ (အဲ့ဒီနေရာမှာ ပစ်ခတ်မှု) ဖြစ်တယ် ဖြစ်တယ်။ သုံးကြိမ် လေးကြိမ်လောက်ရှိပြီ- ဖြစ်တာ။ ဟုတ်ကဲ့ အဲ့ဘက်မှာချည့်ပဲဖြစ်တာဗျ။”

မနေ့ညက ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ကတော့ သူတို့ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမရှိသလို ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာလဲ အတည်ပြု မပြောနိုင်သေးဘူးလို့ သတင်းပြန်ကြားရေးတာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“တိုက်ပွဲက ကျနော်တို့ KNDF နဲ့ ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူး။ ကျနော်တို့ KNDF လည်း ပါမနေဘူး။ မနေ့ညကလေနော်၊ ကျနော်တို့KNDF နဲ့ ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ တခြားဘယ်သူနဲ့ ဖြစ်တယ်ဆိုတဲ့ သတင်းလည်း ကျနော်တို့ ယနေ့ထိအတည်ပြုလို့ မရသေးဘူး၊ တစုတဖွဲ့လား၊ မဟုတ်လို့ရှိရင် တဦး နှစ်ဦးကလား။ သူတို့ကို သွားပြီးတော့မှပစ်တယ်။ အဲ့လိုမျိုး အဲ့ဒါကို အဲ့ဒီအပေါ် စစ်ကောင်စီဘက်က ပြန်လည်ပြီးတော့မှ ရမ်းသမ်းပစ်တဲ့အနေအထားမှာပဲ ရှိတယ်လို့ မြင်မိတယ်။”

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ လွိုင်ကော်မြို့ ရေနီကန်မှာ စက်ဘာတင် ၁၃ ရက်နေ့ကလည်းစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အပြန် အလှန်ပစ်ခတ်မှုတွေအတွင်း အရပ်သားတယောက် သေနတ်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်တွေ အဲဒီဘက်မှာ ရှိနိုင်တယ်အထင်နဲ့ စစ်ကောင်စီတပ် ဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ မကြာမကြာ လှမ်းပစ်တာမျိုးရှိတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောကြပါတယ်။

လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာတဝိုက်မှာ စက်တင်ဘာ ၂၉ ရက်က ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့သလို စက်တင်ဘာလ ၃၀ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာဘက်ကို အဆက်မပြတ်ပစ် ခတ်လို့ ကုန်းသာရွာက နေအိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးသွားသလို ရွာ ၆ ရွာထက်မနည်း အိုးအိမ်စွန့်ပြီး တောတောင်ထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက VOA ကို ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတွန်းလှန်ဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း ကရင်နီနယ်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြင်းထန်လာပြီး စစ်ကောင်စီတပ်တွေဘက်က အင်အားတိုး ဖြန့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Loikaw #voaburmese #စစ်အာဏာသိမ်းမှု #လွိုင်ကော် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG