သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲ တႏွစ္ျပည့္နဲ႔ မဲဆႏၵရွင္လူငယ္ေတြ ေမွ်ာ္လင့္ခ်က္


၂၀၂၀ ေရြးေကာက္ပြဲမွာ အႏုိင္ရၿပီးေနာက္ NLD ပါတီ႐ံုးခ်ဳပ္ေရွ႕မွာ ေအာင္ပြဲခံေနၾကသူမ်ား။ (ႏုိဝင္ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ေရြးေကာက္ပြဲမွာ ေမွ်ာ္လင့္ခ်က္မ်ိဳးစုံနဲ႔ ဆႏၵမဲ ေပးခဲ့ၾကသူေတြထဲမွာ လူငယ္၊ လူလတ္ပိုင္းေတြ အမ်ားအျပား ပါဝင္ပါတယ္။ အခု ေရြးေကာက္ပြဲ ၁ ႏွစ္ျပည့္ခ်ိန္မွာ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတိုင္း အေကာင္အထည္ ေဖာ္ႏုိင္ပါၿပီလား။ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔က မဲေပးခဲ့ၾကတဲ့ မဲဆႏၵရွင္ လူငယ္ေတြရဲ႕ အျမင္ေတြကို မစုျမတ္မြန္က စုစည္းတင္ျပထားပါတယ္။

၂၀၂၀ ႏုိဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဲေပးပိုင္ခြင့္ရွိၾကတဲ့ လူငယ္၊ လူလတ္ပိုင္း အမ်ားအျပား မဲေပးခဲ့ၾကတယ္လို႔ ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္သူေတြရဲ႕ အစီရင္ခံစာေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။ ပိုမိုေကာင္းမြန္တဲ့ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မ်ဳိးစံုနဲ႔ မဲေပးခဲ့ၾကသူ ေတာ္ေတာ္မ်ားမ်ားက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သူတို႔အိပ္မက္ ေမွ်ာ္လင့္ခ်က္ေတြ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ ခက္ခဲသြားတယ္လို႔ ေျပာေနၾကပါတယ္။ လက္ရွိ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ေရွ႕ေရး မေရရာဘူးလို႔ ေျပာေနၾကသူေတြလည္း မနည္းပါဘူး။ ကိုယ့္ဆႏၵမဲကို ယုံယုံၾကည္ၾကည္ တန္ဖိုးထားၿပီး အနာဂတ္ပညာေရး ပိုေကာင္းေစဖုိ႔ ကိုဗစ္ကပ္ေရာဂါၾကားက မဲေပးခဲ့တဲ့ ရန္ကုန္ၿမိဳ႕သူတေယာက္က လက္ရွိအေျခအေနအေပၚ သူ႔ရဲ႕အျမင္ကို ခုလိုေျပာပါတယ္။

“ခုအခ်ိန္မွာက ကိုယ္ ခက္ခက္ခဲခဲ ေပးခဲ့တဲ့မဲကို ခုလိုမ်ိဳး မတရား မသမာမႈနဲ႔ ဒါမ်ိဳး အႏိုင္က်င့္တဲ့ ပုံစံမ်ိဳးနဲ႔ အာဏာသိမ္းတဲ့ အတြက္ေၾကာင့္မို႔လို႔ ခံစားရတဲ့ ခံစားခ်က္က ေတာ္ေတာ္ကိုဆိုးတယ္။ ေနာက္တခုက ဘာလဲဆိုေတာ့ အနာဂတ္ေပ်ာက္သြားသလို ခံစားရတယ္။ ဒါကေတာ့ လူငယ္တိုင္းလည္း အဲ့လိုခံစားရသလိုမ်ိဳး က်မတို႔လို လူလတ္ပိုင္းေတြလည္း အဲ့လိုမ်ိဳး ခံစားရတယ္။ အနာဂတ္ ေပ်ာက္သြားတယ္ေပါ့ေလ။ ဘာေၾကာင့္ ဒါမ်ိဳးလုပ္ခဲ့တာလဲေပါ့။ သူလုပ္ခဲ့တဲ့ ရည္ရြယ္ခ်က္ကလည္း ဒါ ၉ လကာလ ရွိခဲ့ၿပီ၊ ခုထက္ထိလည္း ေကာင္းမြန္တဲ့ အေျပာင္းအလဲမ်ိဳး ျဖစ္မလာတဲ့အျပင္ အၿမဲတမ္း အေၾကာက္တရားက မ်ိဳးဆက္သစ္ေတြအတြက္လည္း မေကာင္းတာ ဘာလဲဆိုေတာ့ အေၾကာက္တရားေတြ ျပန္ျဖစ္လာတယ္။ မတရားမႈေတြ ျပန္ျဖစ္လာတယ္။ ေနာက္ မတည္ၿငိမ္ဘူးေပါ့ေနာ္။ အဆိုးဆုံးကေတာ့ အသက္အိုးအိမ္ စည္းစိမ္ ဆိုတဲ့ဟာမ်ိဳးက ဘယ္သူကမွ ဒီေန႔နဲ႔ မနက္ျဖန္ေတာင္မွ လုံလုံၿခဳံၿခဳံ ယုံယုံၾကည္ၾကည္ မေနရေတာ့ဘူးေပါ့ေနာ္။”

၂၀၂၀ ေရြးေကာက္ပြဲမွာ မဲေပးခဲ့သူေတြထဲမွာ အသက္ ၁၈ ႏွစ္ျပည့္ၿပီးေနာက္ ပထမဆံုး မဲေပးခြင့္ရသူေတြလည္း ပါဝင္ၾကပါတယ္။ ျမန္မာႏိုင္ငံကို တျခားႏုိင္ငံေတြ တန္းတူ တိုးတက္လာေစခ်င္လို႔ မလျပည့္က ပထမဆံုးအႀကိမ္ ေပးခြင့္ရတဲ့ ဆႏၵမဲကို ေပးခဲ့ေပမယ့္ အာဏာသိမ္းလိုက္ခ်ိန္မွာ သူ႔ရဲ႕ မဲ ၁ မဲ ဆံုး႐ႈံးသြားတယ္လို႔ ခံစားရပါတယ္တဲ့။

“ျမန္မာႏိုင္ငံက ပိုၿပီးေတာ့ တိုးတက္လာမယ္။ ၿပီးေတာ့ တို႔ေတြ လုပ္ေနတဲ့ဟာေတြ ေတာ္ေတာ္မ်ားမ်ားက ဒီအစိုးရလက္ထက္ (NLD) ၿပီးသြားေတာ့မွ တိုးတက္လာတာေတြ အမ်ားႀကီးရွိတယ္။ အဲ့ဒါေတြေၾကာင့္ ေမွ်ာ္မွန္းခဲ့တာေတြကလည္း အဲ့လိုမ်ိဳးေပါ့။ ဒီအစိုးရသာ ထပ္ၿပီးေတာ့ ရွိေနမယ္ဆိုလို႔ရွိရင္ ဒီ ျမန္မာလူငယ္ေတြက ႏိုင္ငံတကာနဲ႔ ပိုၿပီးေတာ့ တန္းတူျဖစ္ႏိုင္မယ္ေပါ့။ ခုအခ်ိန္မွာေတာ့ (ေမွ်ာ္လင့္ခ်က္ေတြက) မေပၚႏိုင္ေတာ့ဘူးေပါ့။”

လူငယ္ေတြရဲ႕ ေကာင္းမြန္တဲ့ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ထားၿပီး မဲေပးခဲ့တဲ့ ကိုရဲညီညီထက္ကေတာ့ တိုင္းျပည္အနာဂတ္ ေကာင္းလာဖို႔ လူငယ္တခ်ဳိ႕ ႀကိဳးစားေနၾကတာေၾကာင့္ သူကေတာ့ ေမွ်ာ္လင့္ခ်က္ရွိတယ္လို႔ ျမင္ပါတယ္။

“လူငယ္ေတြအတြက္ တိုင္းျပည္တျပည္မွာ တိုင္းျပည္ေကာင္းမွ လူငယ္ေတြရဲ႕ အခြင့္အလမ္းေတြကလည္း ပိုေကာင္းလာႏိုင္မယ္။ ခုအခ်ိန္မွာ က်ေနာ္တုိ႔တိုင္းျပည္က ပ်က္စီးသြားၿပီ ျဖစ္တဲ့အတြက္ လူငယ္ေတြက လူငယ္ေတြရဲ႕ အနာဂတ္ထက္ တိုင္းျပည္ေကာင္းဖို႔ တိုင္းျပည္ရဲ႕ အနာဂတ္အတြက္ တိုက္ပြဲဝင္ေနၾကရတယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။ ဒီတိုက္ပြဲ ႏိုင္သြားရင္ေတာ့ ေကာင္းမြန္တဲ့ အနာဂတ္တခုေတာ့ ျဖစ္လာမွာေပါ့ဗ်ာ။ ဒါေပမယ့္ အရမ္းႀကီးေတာ့ မဟုတ္ေတာ့ဘူးေပါ့။ ပ်က္စီးသြားတဲ့ ေနရာေတြ ျပန္လည္ဖြံ႔ၿဖိဳးေရးေတြ ျပန္လည္တည္ေဆာက္ေရးေတြ လုပ္ရဦးမွာေပါ့။ လူငယ္ေတြရဲ႕ တက္လမ္းအတြက္ကေတာ့ အခ်ိန္ေတြ အမ်ားႀကီး ေနာက္က်သြားတယ္ေပါ့။ ျဖစ္သင့္တဲ့အခ်ိန္မွာ မျဖစ္ဘဲ နည္းနည္းေနာက္က်မွ ျဖစ္မယ္ေပါ့ဗ်ာ။”

ခရီးသြားလုပ္ငန္း လုပ္ခဲ့သူ တေယာက္ကလည္း အခက္အခဲေတြကို ျဖတ္ေက်ာ္ၿပီး အရပ္သားအစိုးရ အုပ္ခ်ဳပ္တဲ့ တိုးတက္တဲ့ အေျခအေနကို ျပန္ေရာက္လာႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာပါတယ္။

NLD အစိုးရရဲ႕ ၅ ႏွစ္သက္တမ္းအတြင္းမွာ ဖြံ႔ၿဖိဳးမႈနဲ႔ ေျပာင္းလဲမႈေတြကို ခံစားခဲ့ၾကရတာေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲမွာလည္း ကိုယ့္ရဲ႕ဆႏၵမဲကို ယုံယုံၾကည္ၾကည္နဲ႔ ေပးခဲ့သူ ျဖစ္ပါတယ္။

“၅ ႏွစ္တာ ကာလအတြင္းမွာ က်မတို႔ အရမ္းလြတ္လပ္ေပါ့ပါးစြာ ေနထိုင္ခဲ့ရတာတမ်ဳိးရယ္၊ က်မဆို ခရီးသြားလုပ္ငန္းလုပ္တာ ျဖစ္တဲ့အတြက္ ႏိုင္ငံတကာက ေျဖေလွ်ာ့မႈေတြ အမ်ားႀကီးရွိတယ္။ က်မတို႔အတြက္ဆိုရင္ အခြင့္အေရးေတြ အမ်ားႀကီးရခဲ့တယ္။ ပိုပိုၿပီး ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ လူငယ္အားလုံးက ေမွ်ာ္လင့္ခ်က္က အျပည့္ပဲ။ ဒါကို တခ်ိန္မွာ က်မတို႔ ျပန္ကိုရရမယ္။ ျပန္ရရမယ္ဆိုေပမယ့္ အခ်ိန္အနည္းငယ္ေတာ့ ေစာင့္ရမယ္လို႔ က်မထင္တယ္ေပါ့ေနာ္။”

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံ အေထြေထြေရြးေကာက္ပြဲမွာ တႏိုင္ငံလုံးမွာ ဆႏၵမဲ ေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိခဲ့ၿပီး ပထမဆုံး ဆႏၵမဲေပးခြင့္ရွိသူ လူငယ္မဲဆႏၵရွင္က ၅ သန္းေက်ာ္ ရွိခဲ့ပါတယ္။ ေရြးေကာက္ပြဲမွာ NLD ပါတီက မဲဆႏၵနယ္ ၈၂ ရာခုိင္ႏႈန္းေက်ာ္ အႏုိင္ရရွိခဲ့ပါတယ္။ မဲစာရင္းအမွားေတြ စစ္ေဆးေတြ႔ရွိတယ္လို႔ ဆုိၿပီး စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ လႊတ္ေတာ္အစည္းအေဝးေတြ စတင္ဖုိ႔ စီစဥ္ထားတဲ့ေန႔မွာ အာဏာသိမ္းခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ရွေးကောက်ပွဲ တနှစ်ပြည့်နဲ့ မဲဆန္ဒရှင်လူငယ်တွေ မျှော်လင့်ချက်

၂၀၂၀ ရွေးကောက်ပွဲမှာ မျှော်လင့်ချက်မျိုးစုံနဲ့ ဆန္ဒမဲ ပေးခဲ့ကြသူတွေထဲမှာ လူငယ်၊ လူလတ်ပိုင်းတွေ အများအပြား ပါဝင်ပါတယ်။ အခု ရွေးကောက်ပွဲ ၁ နှစ်ပြည့်ချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်ပါပြီလား။ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင် လူငယ်တွေရဲ့ အမြင်တွေကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိကြတဲ့ လူငယ်၊ လူလတ်ပိုင်း အများအပြား မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်မျိုးစုံနဲ့ မဲပေးခဲ့ကြသူ တော်တော်များများက စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အိပ်မက် မျှော်လင့်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲသွားတယ်လို့ ပြောနေကြပါတယ်။ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရှေ့ရေး မရေရာဘူးလို့ ပြောနေကြသူတွေလည်း မနည်းပါဘူး။ ကိုယ့်ဆန္ဒမဲကို ယုံယုံကြည်ကြည် တန်ဖိုးထားပြီး အနာဂတ်ပညာရေး ပိုကောင်းစေဖို့ ကိုဗစ်ကပ်ရောဂါကြားက မဲပေးခဲ့တဲ့ ရန်ကုန်မြို့သူတယောက်က လက်ရှိအခြေအနေအပေါ် သူ့ရဲ့အမြင်ကို ခုလိုပြောပါတယ်။

“ခုအချိန်မှာက ကိုယ် ခက်ခက်ခဲခဲ ပေးခဲ့တဲ့မဲကို ခုလိုမျိုး မတရား မသမာမှုနဲ့ ဒါမျိုး အနိုင်ကျင့်တဲ့ ပုံစံမျိုးနဲ့ အာဏာသိမ်းတဲ့ အတွက်ကြောင့်မို့လို့ ခံစားရတဲ့ ခံစားချက်က တော်တော်ကိုဆိုးတယ်။ နောက်တခုက ဘာလဲဆိုတော့ အနာဂတ်ပျောက်သွားသလို ခံစားရတယ်။ ဒါကတော့ လူငယ်တိုင်းလည်း အဲ့လိုခံစားရသလိုမျိုး ကျမတို့လို လူလတ်ပိုင်းတွေလည်း အဲ့လိုမျိုး ခံစားရတယ်။ အနာဂတ် ပျောက်သွားတယ်ပေါ့လေ။ ဘာကြောင့် ဒါမျိုးလုပ်ခဲ့တာလဲပေါ့။ သူလုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ဒါ ၉ လကာလ ရှိခဲ့ပြီ၊ ခုထက်ထိလည်း ကောင်းမွန်တဲ့ အပြောင်းအလဲမျိုး ဖြစ်မလာတဲ့အပြင် အမြဲတမ်း အကြောက်တရားက မျိုးဆက်သစ်တွေအတွက်လည်း မကောင်းတာ ဘာလဲဆိုတော့ အကြောက်တရားတွေ ပြန်ဖြစ်လာတယ်။ မတရားမှုတွေ ပြန်ဖြစ်လာတယ်။ နောက် မတည်ငြိမ်ဘူးပေါ့နော်။ အဆိုးဆုံးကတော့ အသက်အိုးအိမ် စည်းစိမ် ဆိုတဲ့ဟာမျိုးက ဘယ်သူကမှ ဒီနေ့နဲ့ မနက်ဖြန်တောင်မှ လုံလုံခြုံခြုံ ယုံယုံကြည်ကြည် မနေရတော့ဘူးပေါ့နော်။”

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးနောက် ပထမဆုံး မဲပေးခွင့်ရသူတွေလည်း ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ တန်းတူ တိုးတက်လာစေချင်လို့ မလပြည့်က ပထမဆုံးအကြိမ် ပေးခွင့်ရတဲ့ ဆန္ဒမဲကို ပေးခဲ့ပေမယ့် အာဏာသိမ်းလိုက်ချိန်မှာ သူ့ရဲ့ မဲ ၁ မဲ ဆုံးရှုံးသွားတယ်လို့ ခံစားရပါတယ်တဲ့။

“မြန်မာနိုင်ငံက ပိုပြီးတော့ တိုးတက်လာမယ်။ ပြီးတော့ တို့တွေ လုပ်နေတဲ့ဟာတွေ တော်တော်များများက ဒီအစိုးရလက်ထက် (NLD) ပြီးသွားတော့မှ တိုးတက်လာတာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေကြောင့် မျှော်မှန်းခဲ့တာတွေကလည်း အဲ့လိုမျိုးပေါ့။ ဒီအစိုးရသာ ထပ်ပြီးတော့ ရှိနေမယ်ဆိုလို့ရှိရင် ဒီ မြန်မာလူငယ်တွေက နိုင်ငံတကာနဲ့ ပိုပြီးတော့ တန်းတူဖြစ်နိုင်မယ်ပေါ့။ ခုအချိန်မှာတော့ (မျှော်လင့်ချက်တွေက) မပေါ်နိုင်တော့ဘူးပေါ့။”

လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ထားပြီး မဲပေးခဲ့တဲ့ ကိုရဲညီညီထက်ကတော့ တိုင်းပြည်အနာဂတ် ကောင်းလာဖို့ လူငယ်တချို့ ကြိုးစားနေကြတာကြောင့် သူကတော့ မျှော်လင့်ချက်ရှိတယ်လို့ မြင်ပါတယ်။

“လူငယ်တွေအတွက် တိုင်းပြည်တပြည်မှာ တိုင်းပြည်ကောင်းမှ လူငယ်တွေရဲ့ အခွင့်အလမ်းတွေကလည်း ပိုကောင်းလာနိုင်မယ်။ ခုအချိန်မှာ ကျနော်တို့တိုင်းပြည်က ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် လူငယ်တွေက လူငယ်တွေရဲ့ အနာဂတ်ထက် တိုင်းပြည်ကောင်းဖို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြရတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒီတိုက်ပွဲ နိုင်သွားရင်တော့ ကောင်းမွန်တဲ့ အနာဂတ်တခုတော့ ဖြစ်လာမှာပေါ့ဗျာ။ ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်တော့ဘူးပေါ့။ ပျက်စီးသွားတဲ့ နေရာတွေ ပြန်လည်ဖွံ့ဖြိုးရေးတွေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ရဦးမှာပေါ့။ လူငယ်တွေရဲ့ တက်လမ်းအတွက်ကတော့ အချိန်တွေ အများကြီး နောက်ကျသွားတယ်ပေါ့။ ဖြစ်သင့်တဲ့အချိန်မှာ မဖြစ်ဘဲ နည်းနည်းနောက်ကျမှ ဖြစ်မယ်ပေါ့ဗျာ။”

ခရီးသွားလုပ်ငန်း လုပ်ခဲ့သူ တယောက်ကလည်း အခက်အခဲတွေကို ဖြတ်ကျော်ပြီး အရပ်သားအစိုးရ အုပ်ချုပ်တဲ့ တိုးတက်တဲ့ အခြေအနေကို ပြန်ရောက်လာနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

NLD အစိုးရရဲ့ ၅ နှစ်သက်တမ်းအတွင်းမှာ ဖွံ့ဖြိုးမှုနဲ့ ပြောင်းလဲမှုတွေကို ခံစားခဲ့ကြရတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကိုယ့်ရဲ့ဆန္ဒမဲကို ယုံယုံကြည်ကြည်နဲ့ ပေးခဲ့သူ ဖြစ်ပါတယ်။

“၅ နှစ်တာ ကာလအတွင်းမှာ ကျမတို့ အရမ်းလွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့ရတာတမျိုးရယ်၊ ကျမဆို ခရီးသွားလုပ်ငန်းလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ဖြေလျှော့မှုတွေ အများကြီးရှိတယ်။ ကျမတို့အတွက်ဆိုရင် အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ ပိုပိုပြီး ကောင်းလာမယ်လို့ မျှော်လင့်ထားတယ်။ လူငယ်အားလုံးက မျှော်လင့်ချက်က အပြည့်ပဲ။ ဒါကို တချိန်မှာ ကျမတို့ ပြန်ကိုရရမယ်။ ပြန်ရရမယ်ဆိုပေမယ့် အချိန်အနည်းငယ်တော့ စောင့်ရမယ်လို့ ကျမထင်တယ်ပေါ့နော်။”

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံးမှာ ဆန္ဒမဲ ပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိခဲ့ပြီး ပထမဆုံး ဆန္ဒမဲပေးခွင့်ရှိသူ လူငယ်မဲဆန္ဒရှင်က ၅ သန်းကျော် ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီက မဲဆန္ဒနယ် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါတယ်။ မဲစာရင်းအမှားတွေ စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပြီး စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် လွှတ်တော်အစည်းအဝေးတွေ စတင်ဖို့ စီစဉ်ထားတဲ့နေ့မှာ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG