သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ ႏွစ္ပတ္လည္ အထိမ္းအမွတ္ ျပည္ပေရာက္ျမန္မာေတြ ဆႏၵျပလႈပ္ရွား


၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ေလးစားဖို႔ ေတာင္းဆုိဆႏၵျပေနတဲ့ ကေနဒါေရာက္ ျမန္မာမ်ား။ (ႏုိဝင္ဘာ ၆၊ ၂၀၂၁။ ဓာတ္ပုံ - Burma Action Group - Canada)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ထဲ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲရလဒ္ကို ေလးစားဖို႔ အေမရိကန္နဲ႔ ကေနဒါေရာက္ ျမန္မာေတြ စေနေန႔က ေတာင္းဆို လႈပ္ရွားၾကပါတယ္။

ဝါရွင္တန္ဒီစီ စစ္သံ႐ုံးေရွ႕နဲ႔ သံအမတ္ႀကီး ေနအိမ္ေရွ႕မွာ စုေဝးၿပီး ေရြးေကာက္ပြဲ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အျဖစ္ ဆႏၵျပခဲ့ၾကသလို ကေနဒါႏိုင္ငံ Vancouver ၿမိဳ႕မွာလည္း ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ေလးစားဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ ကေနဒါက ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူ ကိုမင္းႏိုင္က ေျပာပါတယ္။

“တဦးခ်င္း မဲဆႏၵရွင္ေတြကုိလည္း က်ေနာ္တုိ႔က ျပန္ၿပီး ႏႈိးေဆာ္တဲ့ သေဘာပါပဲ။ ကိုယ့္ရဲ႕ အသည္းၾကားက မဲတျပား ေပးထားတဲ့ဟာက ဒီေန႔ တႏွစ္ျပည့္သြားၿပီ။ ဒါေပမယ့္ ကိုယ္လုိခ်င္တဲ့အစုိးရ ဖြဲ႔ခြင့္မရတဲ့အေပၚမွာ ျပည္သူေတြကို အာဏာရွင္ ျပဳတ္က်ေရးမွာ ေသြးေအးသြားသူေတြ ေသြးမေအးေအာင္ ဆုိတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ က်ေနာ္တို႔ ဒီေန႔ ဆႏၵေဖာ္ထုတ္တာပါ။”

ၿပီးခဲ့တဲ့ႏွစ္ ေရြးေကာက္ပဲြမွာ အႏိုင္ရခဲ့တဲ့ NLD အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ဖယ္ရွားၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီကေတာ့ ေရြးေကာက္ပဲြလုပ္ငန္းစဥ္မွာ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုၿပီး စြပ္စဲြထားတာပါ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အကန္႔အသတ္ေတြ ရွိေနတဲ့ၾကားမွာပဲ ၿပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလထဲ က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြဟာ လြတ္လပ္မွ်တမႈရွိေၾကာင္း ျပည္တြင္း၊ ျပည္ပက ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေလ့လာေရး အဖဲြ႔ေတြက ေျပာဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ အမေရိကန်နဲ့ ကနေဒါရောက် မြန်မာတွေ စနေနေ့က တောင်းဆို လှုပ်ရှားကြပါတယ်။

ဝါရှင်တန်ဒီစီ စစ်သံရုံးရှေ့နဲ့ သံအမတ်ကြီး နေအိမ်ရှေ့မှာ စုဝေးပြီး ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြသလို ကနေဒါနိုင်ငံ Vancouver မြို့မှာလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ တောင်းဆိုခဲ့ကြတယ်လို့ ကနေဒါက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုမင်းနိုင်က ပြောပါတယ်။

“တဦးချင်း မဲဆန္ဒရှင်တွေကိုလည်း ကျနော်တို့က ပြန်ပြီး နှိုးဆော်တဲ့ သဘောပါပဲ။ ကိုယ့်ရဲ့ အသည်းကြားက မဲတပြား ပေးထားတဲ့ဟာက ဒီနေ့ တနှစ်ပြည့်သွားပြီ။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အစိုးရ ဖွဲ့ခွင့်မရတဲ့အပေါ်မှာ ပြည်သူတွေကို အာဏာရှင် ပြုတ်ကျရေးမှာ သွေးအေးသွားသူတွေ သွေးမအေးအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒီနေ့ ဆန္ဒဖော်ထုတ်တာပါ။”

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲထားတာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် အကန့်အသတ်တွေ ရှိနေတဲ့ကြားမှာပဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိကြောင်း ပြည်တွင်း၊ ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG