သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္နဲ႔ ဥေရာပတလႊား တက္ႂကြသူေတြ ဆႏၵျပ


ကေနဒါႏုိင္ငံ ဗန္ကူးဗားၿမိဳ႕ ကြန္ဗန္းရွင္းစင္တာေရွ႕မွာ စုေဝး ဆႏၵျပေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (စက္တင္ဘာ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန္႔က်င္တဲ့အေနနဲ႔ေရာ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ အေျခအေနေတြကို မီးေမာင္းထိုးျပတဲ့ အေနနဲ႔ေရာ အေမရိကန္၊ ကေနဒါနဲ႔ ဥေရာပေရာက္ ျမန္မာေတြ စေနေန႔က ဆႏၵျပ လႈပ္ရွားၾကပါတယ္။

မၾကာေသးခင္ကစလို႔ စစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖဲြ႔ေတြၾကား တိုက္ခိုက္မႈေတြ ေပၚေပါက္ေနတဲ့ ခ်င္းျပည္နယ္ အပါအဝင္ ပဋိပကၡျဖစ္ရာ ေဒသေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ကန္႔ကြက္တဲ့အေနနဲ႔ ကေနဒါႏိုင္ငံေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြ ဗန္ကူးဗားၿမိဳ႕ Jack Pool Plaza ေရွ႕မွာ ဆႏၵျပခဲ့ၾကေၾကာင္း လႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္တဲ့ မိုင္စန္းစန္းသူက ေျပာပါတယ္။

“က်မတုိ႔ အခု ခ်င္းျပည္မွာ တျခားျပည္နယ္နဲ႔ မတူေအာင္ သတ္ျဖတ္ျခင္းရွိတယ္၊ မီး႐ိႈ႕ျခင္းရွိတယ္၊ ၿပီးေတာ့ မုဒိမ္းက်င့္တာလည္း ရွိတယ္၊ ၿပီးေတာ့ အိမ္ထဲကို ဝင္စီးၿပီးေတာ့ သူတုိ႔လုိခ်င္တဲ့ ပစၥည္းေတြ ယူတယ္၊ ၿပီးေတာ့ ဘုရားေက်ာင္းထဲမွာ အသင္းေတာ္ထဲမွာ သြားၿပီးေတာ့ သူတို႔ေတြက က်မ္းစာအုပ္ကအစ ဖ်က္ဆီးၾကတယ္၊ အိမ္ေတြမွာလည္း သြားၿပီးေတာ့ ဝက္ေတြလည္း သတ္ၾကတယ္၊ ဆာလာအိတ္ေတြနဲ႔ ထည့္တာလည္း က်မတုိ႔ သိရွိရတယ္။ အဲဒါေၾကာင့္ က်မတို႔ မခံစားႏုိင္တဲ့အတြက္ ကမၻာသိေအာင္လည္း ျပခ်င္တယ္၊ ကေနဒါအစိုးရကိုလည္း သိေအာင္ က်မတုိ႔ ဆႏၵထုတ္ေဖာ္ျခင္း ျဖစ္တယ္။”

အေမရိကန္ျပည္ေထာင္စု ေမရီလန္းျပည္နယ္ ေဘာ္လ္တီမိုးၿမိဳ႕မွာေတာ့ ျမန္မာနဲ႔ တိုင္းရင္းသားေတြ စုေပါင္းၿပီး ျပည္တြင္းက လိုအပ္ေနတဲ့ ေနရာေတြကို ေထာက္ပံ့ကူညီေပးႏိုင္ဖို႔ ရန္ပုံေငြရွာတဲ့ ေစ်းေရာင္းပဲြတခု စေနေန႔က က်င္းပခဲ့ၾကပါတယ္။

ျပင္သစ္ႏိုင္ငံေရာက္ ျမန္မာေတြရဲ႕ စစ္အာဏာသိမ္း ဆန္႔က်င္ေရး စေနေန႔က လႈပ္ရွားမႈမွာေတာ့ ကေမာၻဒီးယားႏိုင္ငံသားေတြပါ ပူးေပါင္း ပါဝင္ခဲ့ၾကတာပါ။ ပါရီၿမိဳ႕ ျပည္သူ႔ရင္ျပင္က လႈပ္ရွားမႈအတြင္း ကေမာၻဒီးယားေတြက အာဏာရွင္ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုခဲ့ၾကသလို ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔လည္း NUG အစိုးရကို ျပင္သစ္ႏိုင္ငံက အသိအမွတ္ျပဳ ဆက္ဆံၿပီး ပူးေပါင္းေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာ့အရေး အမေရိကန်နဲ့ ဥရောပတလွှား တက်ကြွသူတွေ ဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ရော စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ရော အမေရိကန်၊ ကနေဒါနဲ့ ဥရောပရောက် မြန်မာတွေ စနေနေ့က ဆန္ဒပြ လှုပ်ရှားကြပါတယ်။

မကြာသေးခင်ကစလို့ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတဲ့ ချင်းပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ရာ ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ကနေဒါနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ ဗန်ကူးဗားမြို့ Jack Pool Plaza ရှေ့မှာ ဆန္ဒပြခဲ့ကြကြောင်း လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ မိုင်စန်းစန်းသူက ပြောပါတယ်။

“ကျမတို့ အခု ချင်းပြည်မှာ တခြားပြည်နယ်နဲ့ မတူအောင် သတ်ဖြတ်ခြင်းရှိတယ်၊ မီးရှို့ခြင်းရှိတယ်၊ ပြီးတော့ မုဒိမ်းကျင့်တာလည်း ရှိတယ်၊ ပြီးတော့ အိမ်ထဲကို ဝင်စီးပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေ ယူတယ်၊ ပြီးတော့ ဘုရားကျောင်းထဲမှာ အသင်းတော်ထဲမှာ သွားပြီးတော့ သူတို့တွေက ကျမ်းစာအုပ်ကအစ ဖျက်ဆီးကြတယ်၊ အိမ်တွေမှာလည်း သွားပြီးတော့ ဝက်တွေလည်း သတ်ကြတယ်၊ ဆာလာအိတ်တွေနဲ့ ထည့်တာလည်း ကျမတို့ သိရှိရတယ်။ အဲဒါကြောင့် ကျမတို့ မခံစားနိုင်တဲ့အတွက် ကမ္ဘာသိအောင်လည်း ပြချင်တယ်၊ ကနေဒါအစိုးရကိုလည်း သိအောင် ကျမတို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ်။”

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့မှာတော့ မြန်မာနဲ့ တိုင်းရင်းသားတွေ စုပေါင်းပြီး ပြည်တွင်းက လိုအပ်နေတဲ့ နေရာတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတခု စနေနေ့က ကျင်းပခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံရောက် မြန်မာတွေရဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး စနေနေ့က လှုပ်ရှားမှုမှာတော့ ကမ္ဘောဒီးယားနိုင်ငံသားတွေပါ ပူးပေါင်း ပါဝင်ခဲ့ကြတာပါ။ ပါရီမြို့ ပြည်သူ့ရင်ပြင်က လှုပ်ရှားမှုအတွင်း ကမ္ဘောဒီးယားတွေက အာဏာရှင် ဝန်ကြီးချုပ် ဟွန်ဆန် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြသလို မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း NUG အစိုးရကို ပြင်သစ်နိုင်ငံက အသိအမှတ်ပြု ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG