သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး တက္ႂကြသူေတြ Fort Wayne ၿမိဳ႕မွာ စုေ၀းဆႏၵျပ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းထားတာ ရက္ေပါင္း ၁၉၀ ေက်ာ္လာၿပီ ျဖစ္ေပမယ့္ ျပည္တြင္းမွာေရာ ျပည္ပမွာေရာက္ေနတဲ့ ျမန္မာေတြကပါ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပမႈေတြကို ဆက္လက္ လုပ္ေဆာင္ေနၾကပါတယ္။

"ျမန္မာျပည္ကို ကယ္တင္ဖို႔ NUG ကို ေထာက္ခံဖို႔ ဆႏၵျပၾကျခင္း ျဖစ္ပါတယ္။ က်ေနာ္တို႔ ျပည္ပကေရာ အတြင္းကေရာ လုပ္ႏိုင္သမွ် လုပ္မယ္ ဆိုလို႔ရွိရင္ က်ေနာ္တို႔ ေျပာေျပာေနတဲ့ ႏိုင္ကိုႏိုင္ရမယ္ ဆိုတာ ေသခ်ာပါတယ္။ "

အေမရိကန္ေရာက္ ျမန္မာ တက္ႂကြလႈပ္ရွားသူ ကိုေကာင္းရွိန္ပါ။ အင္ဒီယားနားျပည္နယ္ ဖို႔ဝိန္းၿမိဳ႕လယ္က တရားရံုးေရွ႕မွာ စေနေန႔က ျမန္မာ႔ အေရး လႈပ္ရွားသူ ၁၀၀ ေလာက္ စုေ၀းၾကၿပီး စစ္အာဏာသိမ္းမႈကို လက္မခံေၾကာင္းနဲ႔ NUG အမ်ိဳးသား ညီၫြတ္ေရး အစိုးရကို ႏိုင္ငံတကာက ပိုၿပီး အသိအမွတ္ ျပဳလာေစဖို႔ ဆႏၵျပေတာင္းဆို ခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္းမွာေတာ့ စစ္တပ္နဲ႔ရဲရဲ႕ အၾကမ္းဖက္ဖမ္းဆီးမႈေတြၾကားကပဲ စေနေန႔က မႏၲေလးမွာ သပိတ္စစ္ေၾကာင္းမ်ိဳးစံုရွိခဲ့သလို စစ္ကိုင္းတိုင္း ကေလး၊ ဆားလင္းႀကီး၊ ကခ်င္ျပည္နယ္ ဖားကန္႔၊ လံုးခင္၊ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕ေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး အခုအခ်ိန္အထိ စစ္တပ္နဲ႔ရဲေၾကာင့္ ေသဆံုးရသူ ၉၇၁ ေယာက္ရွိေနၿပီး အဖမ္းခံရသူက ၅၆၀၀ ေက်ာ္ ရွိေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အဖြဲ႔ AAPP က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့အရေး တက်ကြွသူတွေ Fort Wayne မြို့မှာ စုဝေးဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၉၀ ကျော်လာပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာရော ပြည်ပမှာရောက်နေတဲ့ မြန်မာတွေကပါ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။

"မြန်မာပြည်ကို ကယ်တင်ဖို့ NUG ကို ထောက်ခံဖို့ ဆန္ဒပြကြခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပြည်ပကရော အတွင်းကရော လုပ်နိုင်သမျှ လုပ်မယ် ဆိုလို့ရှိရင် ကျနော်တို့ ပြောပြောနေတဲ့ နိုင်ကိုနိုင်ရမယ် ဆိုတာ သေချာပါတယ်။ "

အမေရိကန်ရောက် မြန်မာ တက်ကြွလှုပ်ရှားသူ ကိုကောင်းရှိန်ပါ။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့လယ်က တရားရုံးရှေ့မှာ စနေနေ့က မြန်မာ့ အရေး လှုပ်ရှားသူ ၁၀၀ လောက် စုဝေးကြပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းနဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရကို နိုင်ငံတကာက ပိုပြီး အသိအမှတ် ပြုလာစေဖို့ ဆန္ဒပြတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ဖမ်းဆီးမှုတွေကြားကပဲ စနေနေ့က မန္တလေးမှာ သပိတ်စစ်ကြောင်းမျိုးစုံရှိခဲ့သလို စစ်ကိုင်းတိုင်း ကလေး၊ ဆားလင်းကြီး၊ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်၊ တနင်္သာရီတိုင်း ထားဝယ်မြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အခုအချိန်အထိ စစ်တပ်နဲ့ရဲကြောင့် သေဆုံးရသူ ၉၇၁ ယောက်ရှိနေပြီး အဖမ်းခံရသူက ၅၆၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG