သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၈၈၈၈ အထိမ္းအမွတ္ ႏိုင္ငံတကာေရာက္ ျမန္မာေတြ ဆႏၵျပ


ဂ်ာမနီႏိုင္ငံ ဖရန္႔ဖတ္ၿမဳိ႕က ျမန္မာေတြရဲ႕ ၈၈၈၈ ႏွစ္ပတ္လည္ ဆႏၵျပပဲြ

[ Zawgyi ]

ၾသဂုတ္လ (၈)ရက္ေန႔မွာ က်ေရာက္တဲ့ (၃၃)ႏွစ္ေျမာက္ ရွစ္ေလးလုံးေန႔ အထိမ္းအမွတ္ပဲြနဲ႔ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲေတြကို ဥေရာပနဲ႔ အာရွႏိုင္ငံတခ်ဳိ႕မွာ တနဂၤေႏြေန႔က က်င္းပ ခဲ့ၾကပါတယ္။

နယ္သာလန္ႏိုင္ငံေရာက္ တိုင္းရင္းသားနဲ႔ ျမန္မာႏိုင္ငံသားေတြက အမ္စတာဒမ္ျမဳိ႕ 'ဒမ္း-စကဲြး-ရင္ျပင္'မွာ ရွစ္ေလးလုံး အထိမ္းအမွတ္ပဲြနဲ႔ NUG အစိုးရကို ႏိုင္ငံတကာက ပိုမို ေထာက္ခံလာေစေရး ဆႏၵျပခဲ့ၾကတယ္လို႔ ဒီဆႏၵျပပဲြမွာပါဝင္တဲ့ သံဃာေတာ္ အရွင္ စႏၵာဝရ-က မိန္႔ပါတယ္။

" အာဏာရွင္ေတြဟာ ဦးဇင္းတို႔ ဗမာျပည္ရဲ႕အာဏာကို ျပည္သူလက္ထဲကေန လုယူၿပီး ၊ ကလိမ္ကက်စ္ လုပ္ခဲ့တာကို ၈၈၈၈ အခ်ိန္တုန္းက တခါ ျဖဳိလွဲခဲ့ေပမယ့္ အျမစ္ မျပတ္ခဲ့ဘူး။ အခု ၂၀၂၁ မွာဆိုရင္ေတာ့ အျမစ္ျပတ္ရမယ္။ ဦးဇင္းတို႔အကုန္လုံး ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။ "

နယ္သာလန္
နယ္သာလန္


ဒီဆႏၵျပပဲြကို ဌာေန နယ္သာလန္ႏိုင္ငံသား တခ်ဳိ႕လည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။

အလားတူ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ ၊ ဖရန္႔ဖို႔ ၊ ဘာလင္ျမဳိ႕ေတြမွာေရာ ၊ ၿဗိတိန္ႏိုင္ငံ လန္ဒန္ျမဳိ႕က ၿဗိတိသွ် ပါလီမန္ ရင္ျပင္မွာပါ ျမန္မာႏိုင္ငံသားေတြက ရွစ္ေလးလုံးေန႔ အထိမ္းအမွတ္ပဲြနဲ႔ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲေတြ - တနဂၤေႏြေန႔က က်င္းပခဲ့ၾကပါတယ္။

Japan
Japan


အာရွတိုက္ထဲမွာလည္း ေတာင္ကိုရီးယားႏိုင္ငံအျပင္ ၊ ဂ်ပန္ႏိုင္ငံ တိုက်ဳိျမဳိ႕လည္း ရာနဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ျမန္မာသံ႐ုံးေရွ႕ျဖတ္ေလွ်ာက္ၿပီး ရွစ္ေလးလုံးေန႔ဆႏၵျပပဲြနဲ႔ NUG အစိုးရကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚ ခဲ့ၾကပါတယ္။

8888 ဂ်ာမနီ
8888 ဂ်ာမနီ


[ Unicode ]

၈၈၈၈ အထိမ်းအမှတ် နိုင်ငံတကာရောက် မြန်မာတွေ ဆန္ဒပြ

သြဂုတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ (၃၃)နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်ပွဲနဲ့ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေကို ဥရောပနဲ့ အာရှနိုင်ငံတချို့မှာ တနင်္ဂနွေနေ့က ကျင်းပ ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံရောက် တိုင်းရင်းသားနဲ့ မြန်မာနိုင်ငံသားတွေက အမ်စတာဒမ်မြို့ 'ဒမ်း-စကွဲး-ရင်ပြင်'မှာ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲနဲ့ NUG အစိုးရကို နိုင်ငံတကာက ပိုမို ထောက်ခံလာစေရေး ဆန္ဒပြခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတော် အရှင် စန္ဒာဝရ-က မိန့်ပါတယ်။

" အာဏာရှင်တွေဟာ ဦးဇင်းတို့ ဗမာပြည်ရဲ့အာဏာကို ပြည်သူလက်ထဲကနေ လုယူပြီး ၊ ကလိမ်ကကျစ် လုပ်ခဲ့တာကို ၈၈၈၈ အချိန်တုန်းက တခါ ဖြိုလှဲခဲ့ပေမယ့် အမြစ် မပြတ်ခဲ့ဘူး။ အခု ၂၀၂၁ မှာဆိုရင်တော့ အမြစ်ပြတ်ရမယ်။ ဦးဇင်းတို့အကုန်လုံး ပူးပေါင်း ဆောင်ရွက်နေပါတယ်။ "

ဒီဆန္ဒပြပွဲကို ဌာနေ နယ်သာလန်နိုင်ငံသား တချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အလားတူ ဂျာမနီနိုင်ငံ မြူးနစ် ၊ ဖရန့်ဖို့ ၊ ဘာလင်မြို့တွေမှာရော ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဗြိတိသျှ ပါလီမန် ရင်ပြင်မှာပါ မြန်မာနိုင်ငံသားတွေက ရှစ်လေးလုံးနေ့ အထိမ်းအမှတ်ပွဲနဲ့ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ - တနင်္ဂနွေနေ့က ကျင်းပခဲ့ကြပါတယ်။

ဂ်ာမနီ
ဂ်ာမနီ


အာရှတိုက်ထဲမှာလည်း တောင်ကိုရီးယားနိုင်ငံအပြင် ၊ ဂျပန်နိုင်ငံ တိုကျိုမြို့လည်း ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာသံရုံးရှေ့ဖြတ်လျှောက်ပြီး ရှစ်လေးလုံးနေ့ဆန္ဒပြပွဲနဲ့ NUG အစိုးရကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ် ခဲ့ကြပါတယ်။

ဂ်ပန္ႏိုင္ငံက ၈၈၈၈
ဂ်ပန္ႏိုင္ငံက ၈၈၈၈
တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG