သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ရက္ ၁၉၀ ေက်ာ္လာေပမယ့္ လွ်ပ္တျပက္ ဆႏၵျပမႈတခ်ိဳ႕ရွိဆဲ


ကေလးၿမိဳ႕ ဆႏၵျပပြဲ (ၾသဂုတ္လ ၁၄၊၂၀၂၁၊ ဓာတ္ပံု CJ)

Zawgyi/Unicode

စစ္တပ္က အာဏာသိမ္းယူခဲ့တာ ရက္ေပါင္း ၁၉၀ ေက်ာ္လာၿပီျဖစ္ေပမယ့္လည္း အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြ ေဒသတခ်ိဳ႕မွာ ဆက္ရွိေနဆဲပါပဲ။

စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးတာေတြ အျပင္းအထန္လုပ္ခဲ့ၿပီး ေနာက္ထပ္ လုပ္လာႏိုင္တဲ့အႏၲရာယ္လည္း ရွိေနေသးတာမို႔ ေဒသအေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြ အရွိန္ေလ်ာ့သြားေပမယ့္လည္း ဒီကေန႔အထိ အခိုင္အမာ ဆက္ၿပီး ေန႔စဥ္ ဆႏၵျပကန႔္ကြက္ေနတဲ့ ေဒသေတြလည္း ရွိေနဆဲပါ။

မႏၲေလးၿမိဳ႕မွာဆိုရင္ ခ်မ္းျမသာစည္ သပိတ္စစ္ေၾကာင္း၊ ေအာင္ပငယ္လယ္ ပင္မသပိတ္စစ္ေၾကာင္း၊ LGBTQ သပိတ္စစ္ေၾကာင္း အသီးသီးနဲ႔ ဆႏၵျပ ခ်ီတက္တာေတြရွိခဲ့ၿပီး လူထုနဲပအတူ အလုပ္သမားေတြ၊ ပညာေရးဝန္ထမ္းေတြ၊ ေက်ာင္းသားသမဂၢေတြ စသည္အားျဖင့္ ပါဝင္ခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္းထဲက ေန႔စဥ္လို ဆႏၵျပပြဲေတြရွိေနတဲ့ ကေလးၿမိဳ႕မွာ ၁၈၈ ရက္ေျမာက္အျဖစ္ လ ွ်ပ္တပ်က္ ဆႏၵျပပြဲ၊ ဆားလင္းႀကီး ေျမာက္ျခမ္းနဲ႔ ယင္းမာပင္ အေရွ႕ျခမ္း ႐ြာေပါင္းစုံသပိတ္က ၁၅၇ ရက္ေျမာက္အျဖစ္ အသီးသီး ခ်ီတက္ဆႏၵျပခဲ့ၾကသလို ေ႐ႊဘိုၿမိဳ႕မွာလည္း ဆႏၵျပပြဲရွိခဲ့ပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕၊ လုံးခင္းအရပ္နဲ႔ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕တို႔ ဟာလည္း တျခားေဒသေတြက ဒီကေန႔ဆႏၵျပပြဲေတြလိုပဲ ေႂကြးေက်ာ္သံေတြ ေအာ္ဟစ္ၿပီး စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ ကန႔္ကြက္ခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းယူခဲ့ခ်ိန္ကေန မေန႔ကအထိဆိုရင္ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာေၾကာင့္ ေသဆုံးသူ ၉၆၈ ေယာက္ထက္မနည္း ရွိၿပီျဖစ္သလို အခုခ်ိန္ထိ ဖမ္းဆီးခံထားရသူေပါင္းက ၅၅၇၀ ေက်ာ္ရွိၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ (AAPP) က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

စစ်အာဏာသိမ်းမှု ရက် ၁၉၀ ကျော်လာပေမယ့် လျှပ်တပြက် ဆန္ဒပြမှုတချို့ရှိဆဲ

စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက်ပေါင်း ၁၉၀ ကျော်လာပြီဖြစ်ပေမယ့်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒေသတချို့မှာ ဆက်ရှိနေဆဲပါပဲ။

စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေ အပြင်းအထန်လုပ်ခဲ့ပြီး နောက်ထပ် လုပ်လာနိုင်တဲ့အန္တရာယ်လည်း ရှိနေသေးတာမို့ ဒေသအတော်များများမှာ ဆန္ဒပြပွဲတွေ အရှိန်လျော့သွားပေမယ့်လည်း ဒီကနေ့အထိ အခိုင်အမာ ဆက်ပြီး နေ့စဉ် ဆန္ဒပြကန့်ကွက်နေတဲ့ ဒေသတွေလည်း ရှိနေဆဲပါ။

မန္တလေးမြို့မှာဆိုရင် ချမ်းမြသာစည် သပိတ်စစ်ကြောင်း၊ အောင်ပငယ်လယ် ပင်မသပိတ်စစ်ကြောင်း၊ LGBTQ သပိတ်စစ်ကြောင်း အသီးသီးနဲ့ ဆန္ဒပြ ချီတက်တာတွေရှိခဲ့ပြီး လူထုနဲပအတူ အလုပ်သမားတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂတွေ စသည်အားဖြင့် ပါဝင်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းထဲက နေ့စဉ်လို ဆန္ဒပြပွဲတွေရှိနေတဲ့ ကလေးမြို့မှာ ၁၈၈ ရက်မြောက်အဖြစ် လ ျှပ်တပျက် ဆန္ဒပြပွဲ၊ ဆားလင်းကြီး မြောက်ခြမ်းနဲ့ ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်က ၁၅၇ ရက်မြောက်အဖြစ် အသီးသီး ချီတက်ဆန္ဒပြခဲ့ကြသလို ရွှေဘိုမြို့မှာလည်း ဆန္ဒပြပွဲရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းအရပ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့တို့ ဟာလည်း တခြားဒေသတွေက ဒီကနေ့ဆန္ဒပြပွဲတွေလိုပဲ ကြွေးကျော်သံတွေ အော်ဟစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ချိန်ကနေ မနေ့ကအထိဆိုရင် စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ ၉၆၈ ယောက်ထက်မနည်း ရှိပြီဖြစ်သလို အခုချိန်ထိ ဖမ်းဆီးခံထားရသူပေါင်းက ၅၅၇၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MyanmarViolence #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG