သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဘက္က ဆက္လက္အတည္ျပဳေရး ဆႏၵျပ ေတာင္းဆို


ကေလးၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရးနဲ႔ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း ေထာက္ခံ ဆႏၵျပပြဲ။ (စက္တင္ဘာ ၁၁၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ကုလသမဂၢ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို အခု စက္တင္ဘာ ၁၄ ရက္မွာ စတင္ေတာ့မယ့္ ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္လက္ထားရွိဖို႔ ျပည္တြင္းျပည္ပ ျမန္မာ့အေရး လႈပ္ရွားသူေတြက ေတာင္းဆိုေနၾကပါတယ္။

စေနေန႔က ရန္ကုန္၊ မႏၲေလးနဲ႔ ျပည္တြင္းက ၿမိဳ႕ရြာေတြမွာ အဖမ္းအဆီးေတြၾကားကပဲ ဦးေက်ာ္မိုးထြန္းကို ကုလက ျမန္မာကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ၾကဖို႔ တက္ႂကြလႈပ္ရွားသူေတြက ေတာင္းဆိုေနၾကသလို နယ္သာလန္ႏိုင္ငံေရာက္ ျမန္မာေတြကလည္း Amsterdam ၿမိဳ႕မွာ ေတာင္းဆိုခဲ့ၾကတာပါ။

ဦးေက်ာ္မိုးထြန္းကို ျမန္မာႏိုင္ငံအတြက္ ကိုယ္စားလွယ္အျဖစ္ ထားရွိဖို႔ နယ္သာလန္ႏိ္ုင္ငံေရာက္ ျမန္မာ့ဒီမိုကေရစီ ေထာက္ပံ့ေရးအဖြဲ႔နဲ႔ တက္ႂကြလႈပ္ရွားသူေတြ စုေဝး ေတာင္းဆိုခဲ့ၾကတယ္လို႔ ကိုယ္တိုုင္ ဆႏၵျပပြဲကို သြားေရာက္ခဲ့တဲ့ နယ္သာလန္ေရာက္ ဦးဇင္း အရွင္စႏၵာဝရက မိန္႔ပါတယ္။

“ကုလသမဂၢမွာ ျဖစ္ေတာ့မယ့္ Credential Challenge ဘယ္သူ႔ကို ကိုယ္စားျပဳသူအျဖစ္ ထားမလဲဆိုတဲ့ ကိစၥအတြက္ကို ဦးဇင္းတို႔က NUG ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို ေထာက္ခံတဲ့ပြဲ ျဖစ္ပါတယ္။ အခု Amsterdam က Time Square ရဲ႕ ေဘးနားမွာရွိတဲ့ Spoon Square မွာ က်င္းပၾကပါတယ္။ ဦးဇင္းတို႔ Amsterdam မွာ နယ္သာလန္မွာရွိတဲ့ အကုန္လံုး တက္ညီလက္ညီ လူမ်ိဳးေပါင္းစံု စုစည္းၿပီးေတာ့မွ NUG ဦးေက်ာ္မိုးထြန္းကို ေထာက္ခံပြဲကို လာၿပီးက်င္းပၾကတာ ျဖစ္ပါတယ္။”

ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္လက္ထားရွိဖို႔ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္နဲ႔ ဥေရာပႏိုင္ငံေတြ၊ ဂ်ပန္၊ ေတာင္ကိုရီးယား အပါအဝင္ အာရွႏိုင္ငံေတြေရာက္ ျမန္မာေတြကလည္း ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

အဂၤါေန႔မွာ စတင္ေတာ့မယ့္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာစစ္ေကာင္စီက ခန႔္အပ္တဲ့ ကိုယ္စားလွယ္ စစ္ဘက္အရာရွိေဟာင္း ဦးေအာင္သူရိန္န႔ဲ႔ NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရကို ကိုယ္စားျပဳမယ့္ ယခင္ NLD အစိုးရခန႔္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတို႔ ႏွစ္ဦးအနက္ ဘယ္သူ႔ကို တရားဝင္ကိုယ္စားလွယ္အျဖစ္ အသိအမွတ္ျပဳမလဲဆိုတာ အားလံုးက စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဘက်က ဆက်လက်အတည်ပြုရေး ဆန္ဒပြ တောင်းဆို

ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အခု စက်တင်ဘာ ၁၄ ရက်မှာ စတင်တော့မယ့် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

စနေနေ့က ရန်ကုန်၊ မန္တလေးနဲ့ ပြည်တွင်းက မြို့ရွာတွေမှာ အဖမ်းအဆီးတွေကြားကပဲ ဦးကျော်မိုးထွန်းကို ကုလက မြန်မာကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြသလို နယ်သာလန်နိုင်ငံရောက် မြန်မာတွေကလည်း Amsterdam မြို့မှာ တောင်းဆိုခဲ့ကြတာပါ။

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အဖြစ် ထားရှိဖို့ နယ်သာလန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ထောက်ပံ့ရေးအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေ စုဝေး တောင်းဆိုခဲ့ကြတယ်လို့ ကိုယ်တိုင် ဆန္ဒပြပွဲကို သွားရောက်ခဲ့တဲ့ နယ်သာလန်ရောက် ဦးဇင်း အရှင်စန္ဒာဝရက မိန့်ပါတယ်။

“ကုလသမဂ္ဂမှာ ဖြစ်တော့မယ့် Credential Challenge ဘယ်သူ့ကို ကိုယ်စားပြုသူအဖြစ် ထားမလဲဆိုတဲ့ ကိစ္စအတွက်ကို ဦးဇင်းတို့က NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ပွဲ ဖြစ်ပါတယ်။ အခု Amsterdam က Time Square ရဲ့ ဘေးနားမှာရှိတဲ့ Spoon Square မှာ ကျင်းပကြပါတယ်။ ဦးဇင်းတို့ Amsterdam မှာ နယ်သာလန်မှာရှိတဲ့ အကုန်လုံး တက်ညီလက်ညီ လူမျိုးပေါင်းစုံ စုစည်းပြီးတော့မှ NUG ဦးကျော်မိုးထွန်းကို ထောက်ခံပွဲကို လာပြီးကျင်းပကြတာ ဖြစ်ပါတယ်။”

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေ၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် အာရှနိုင်ငံတွေရောက် မြန်မာတွေကလည်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ စတင်တော့မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာစစ်ကောင်စီက ခန့်အပ်တဲ့ ကိုယ်စားလှယ် စစ်ဘက်အရာရှိဟောင်း ဦးအောင်သူရိန်နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို ကိုယ်စားပြုမယ့် ယခင် NLD အစိုးရခန့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ နှစ်ဦးအနက် ဘယ်သူ့ကို တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုမလဲဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG