သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလလူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာအစီရင္ခံစာ ေဆြးေႏြးမည္


မႏွစ္က က်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးျမင္ကြင္း။ (ေဖော္ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ (UNHRC) ၄၈ ႀကိမ္ေျမာက္ အစည္းအေဝး စတင္တဲ့ စက္တင္ဘာလ ၁၃ ရက္၊ တနလၤာေန႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာတရပ္ကို အျပန္အလွန္ ေဆြးေႏြးၾကဖို႔ စီစဥ္ထားပါတယ္။

UNHRC အစည္းအေဝးကို ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕ UNHRC ဌာနခ်ဳပ္မွာ စက္တင္ဘာလ ၁၃ ရက္ေန႔ကေန ေအာက္တိုဘာလ ၈ ရက္ေန႔အထိ က်င္းပဖို႔ စီစဥ္ထားၿပီး တနလၤာေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၂ နာရီခြဲမွာ အစည္းအေဝး စတင္မွာျဖစ္ပါတယ္။

အဲဒီေန႔မွာ ေကာ္မရွင္နာမင္းႀကီး Michelle Bachelet က ဗင္နီဇြဲလား၊ အာဖဂန္နစၥတန္၊ နီကာရာဂြါ၊ သီရိလကၤာႏုိင္ငံေတြရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ေနာက္ဆုံးအေျခအေနေတြကို တင္ျပၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံဆိုင္ရာ သီးျခားလြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (IIMM) ရဲ႕ အစီရင္ခံစာအေပၚ အျပန္အလွန္ ေဆြးေႏြးၾကမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈဆိုင္ရာ သတင္းေပးအခ်က္အလက္ေပါင္း ၂ သိန္းေလာက္ကို ဓာတ္ပုံေတြ၊ ဗြီဒီယိုေတြနဲ႔အတူ လက္ခံရရွိထားတယ္လို႔ IIMM အႀကီးအကဲ Nicholas Koumjian က ဗြီအိုေအျမန္မာပိုင္းကို ေျပာထားပါတယ္။

အဲဒီအခ်က္အလက္ေတြကို ဆန္းစစ္သုံးသပ္ၿပီး ဘယ္ျဖစ္ရပ္ဟာ ႏိုင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္ရာေရာက္တယ္၊ ဘယ္ျဖစ္ရပ္ဟာ ႏိုင္ငံတကာ ဥပေဒေတြအရ ႀကီးေလးတဲ့ျပစ္မႈေျမာက္တယ္ ဆိုတာေတြကို သုံးသပ္ၿပီးေတာ့ လူ႔အခြင့္အေရးေကာင္စီကို IIMM က တင္ျပမွာျဖစ္တယ္လို႔လည္း မစၥတာ Koumjian ကေျပာပါတယ္။

အဆိုးရြားဆုံး ႏိုင္ငံတကာ ရာဇဝတ္မႈေတြကို က်ဴးလြန္တဲ့၊ ႏိုင္ငံတကာ ဥပေဒေတြကို ခ်ိဳးေဖာက္တဲ့ အေထာက္အထားေတြကို ရယူစုေဆာင္းဖို႔အတြက္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလမွာ လူ႔အခြင့္အေရးေကာင္စီက IIMM ကို ဖြဲ႔စည္းခဲ့တာပါ။ အဲဒီလို ရယူစုေဆာင္းထားတဲ့ အခ်က္အလက္ေတြကို ရာဇဝတ္ေၾကာင္းအရ တရားစြဲဆိုတာမွာ အေထာက္အထားေတြအျဖစ္ အသုံးျပဳဖို႔အတြက္ ျပင္ဆင္ေပးရမွာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝး က်င္းပတဲ့ရက္အတြင္းမွာပဲ စက္တင္ဘာလ ၁၄ ရက္ေန႔မွာေတာ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ စတင္က်င္းပမွာပါ။ အဲဒီမွာလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Burgener က အစီရင္ခံတင္ျပဖို႔ ရွိပါတယ္။

ဒါ့အျပင္ အမ်ားက အာ႐ံုစိုက္ ေစာင့္ၾကည့္ေနမွာကေတာ့ ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ဘယ္သူ႔ကို ဆံုးျဖတ္ ေရြးခ်ယ္မလဲ ဆိုတာပဲ ျဖစ္ပါတယ္။

------------------

(Unicode)

ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာအစီရင်ခံစာ ဆွေးနွေးမည်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၈ ကြိမ်မြောက် အစည်းအဝေး စတင်တဲ့ စက်တင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတရပ်ကို အပြန်အလှန် ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

UNHRC အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ UNHRC ဌာနချုပ်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ကနေ အောက်တိုဘာလ ၈ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပြီး တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေ ၂ နာရီခွဲမှာ အစည်းအဝေး စတင်မှာဖြစ်ပါတယ်။

အဲဒီနေ့မှာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်၊ နီကာရာဂွါ၊ သီရိလင်္ကာနိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံးအခြေအနေတွေကို တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (IIMM) ရဲ့ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးကြမှာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းပေးအချက်အလက်ပေါင်း ၂ သိန်းလောက်ကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့အတူ လက်ခံရရှိထားတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ဗွီအိုအေမြန်မာပိုင်းကို ပြောထားပါတယ်။

အဲဒီအချက်အလက်တွေကို ဆန်းစစ်သုံးသပ်ပြီး ဘယ်ဖြစ်ရပ်ဟာ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်၊ ဘယ်ဖြစ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေအရ ကြီးလေးတဲ့ပြစ်မှုမြောက်တယ် ဆိုတာတွေကို သုံးသပ်ပြီးတော့ လူ့အခွင့်အရေးကောင်စီကို IIMM က တင်ပြမှာဖြစ်တယ်လို့လည်း မစ္စတာ Koumjian ကပြောပါတယ်။

အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့ အထောက်အထားတွေကို ရယူစုဆောင်းဖို့အတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ လူ့အခွင့်အရေးကောင်စီက IIMM ကို ဖွဲ့စည်းခဲ့တာပါ။ အဲဒီလို ရယူစုဆောင်းထားတဲ့ အချက်အလက်တွေကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုတာမှာ အထောက်အထားတွေအဖြစ် အသုံးပြုဖို့အတွက် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပတဲ့ရက်အတွင်းမှာပဲ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပမှာပါ။ အဲဒီမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener က အစီရင်ခံတင်ပြဖို့ ရှိပါတယ်။

ဒါ့အပြင် အများက အာရုံစိုက် စောင့်ကြည့်နေမှာကတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဘယ်သူ့ကို ဆုံးဖြတ် ရွေးချယ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG