သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုဆန့်ကျင်တဲ့ မြန်မာလူထုကို ဆက်ထောက်ခံနေကြောင်း အမေရိကန်ထပ်ပြော


အမရေိကန်နိုင်ငံခြားရေး ပြောခွင့်ရ Ned Price (ဓာတ်ပုံ- AP)
အမရေိကန်နိုင်ငံခြားရေး ပြောခွင့်ရ Ned Price (ဓာတ်ပုံ- AP)

(Zawgyi/Unicode)

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ထောက်ခံနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ထပ်ပြောခဲ့ပါတယ်။ NUG အစိုးရရဲ့စစ်ဆင်ရေးသဘောကြေညာချက်အပေါ် တနေ့ကတုံ့ပြန်ရာမှာ မြန်မာ့အကြပ်အတည်းကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာလက်မခံနိုင်ဘူးလို့ အမေရိကန်က ပြောခဲ့တဲ့အပေါ် သတင်းထောက်ရဲ့ မေးခွန်းကို ပြောခွင့်ရ Ned Price က ပြန်ဖြေသွားခဲ့တာပါ။


"မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းတာကို ဆက်လက်ဆန့်ကျင်နေချိန်မှာ သူတို့လိုပဲ အမေရိကန်အနေနဲ့လည်း ဒီမိုကရေစီပြန်လည်ဖော်ဆောင်တာကို မြင်လိုပါတယ်၊ ဒီအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ သံတမန်ရေး၊ စီးပွားပိတ်ဆို့ဒဏ်ခတ်မူတွေသုံးပြီး ကြိုးပမ်းပေးနေတယ်" လို့ ပြောခွင့်ရ Ned Price ကပြောသွားပါတယ်။

ဒီစစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ၊ သူတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တွေကို ကျင့်သံုံးရုံ ကျင့်သုံးသူတွေအပါအဝင် မြန်မာလူထုအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေအပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်တာတွေ လုပ်ထားပြီး ဒါဟာ အမေရိကန်က ဆက်လုပ်သွားမှာဖြစ်ပါတယ်လို့လည်း ပြောခွင့် Ned Price ကပြောသွားပါတယ်။

အခုလိုအချိန်မှာ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတချို့ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီ စတဲ့ဒေသတချို့မှာ ဆက်ဖြစ်ခဲ့ပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG