သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ၿခိမ္းေျခာက္ခံရမႈ အေမရိကန္႐ႈတ္ခ်


(Zawgyi/ Unicode)

ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို တိုက္ခိုက္ဖို႔ ၿခိမ္းေျခာက္မႈကို ျပတ္ျပတ္သားသား ရႈတ္ခ်ၿပီး သံအမတ္ႀကီးနဲ႔ အတူ ရပ္တည္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာနက အဂၤါေန႔မွာ ေျပာပါတယ္။

အာဏာရွင္ ေခါင္းေဆာင္ေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြက သူတို႔ကို ဆန္႔က်င္သူေတြ ၊ ရဲရင့္စြာ ေ၀ဖန္သူေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ သတင္းေထာက္ေတြကို ဖိႏွိပ္၊ ႏွိပ္ကြပ္ႏိုင္ေရး အတြက္ အေမရိကန္ ႏိုင္ငံတြင္း အပါအ၀င္ ကမ ၻာတ၀န္းထိ လိုက္လံ အေႏွာင့္အယွက္ေပးေနတဲ႔ ပံုစံမ်ိဳးနဲ႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အခုလို ၿခိမ္းေျခာက္မႈကို ျပတ္ျပတ္သားသား ရႈတ္ခ်ပါတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ႏိုင္ငံျဖတ္ေက်ာ္ၿပီး ဖိႏွိပ္ ႏွိပ္ကြပ္တဲ႔ လုပ္ရပ္မ်ိဳးကို ကမ ၻာတလႊားက ရႈတ္ခ်ရမွာ ျဖစ္ၿပီး အျပည့္အ၀ တာ၀န္ယူမႈ တာ၀န္ခံမႈ ရွိရမွာ ျဖစ္ေၾကာင္း၊ အာဏာရွင္ေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြက လူထု အေပၚ ဖိႏွိပ္မႈေတြကို အေမရိကန္ ေျမေပၚမွာေရာ၊ တျခားႏိုင္ငံေတြမွာပါ ခြင့္ျပဳမွာ မဟုတ္သလို ႏိုင္ငံျဖတ္ေက်ာ္ ဖိႏွိပ္ ႏွိပ္ကြပ္မႈေတြကို တိုက္ဖ်က္ေရး အတြက္ အေမရိကန္ရဲ႕ မိတ္ဖက္ေတြ မဟာမိတ္ေတြနဲ႔ ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔လည္း ေျပာခြင့္ရက ေျပာပါတယ္။

ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အျပင္းအထန္ ဒဏ္ရာ ရေစဖို႔ ဒါမဟုတ္လည္း သတ္ျဖတ္ဖို႔ အေမရိကန္ ေျမေပၚမွာ ၾကံစည္တယ္ဆိုတဲ႔ သူေတြကို အေမရိကန္ တရားဥပေဒ စိုးမိုးေရး တာ၀န္ရွိသူေတြက အျမန္ဆံုး ဖမ္းဆီးႏိုင္ခဲ႔ၿပီး တရားဥပေဒေၾကာင္း အရ ေဆာင္ရြက္ ေနတဲ႔အေပၚမွာလည္း ေက်နပ္ အားရ ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရက ေျပာပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ သံအမတ္ႀကီးကို လုပ္ၾကံဖို႔ ၾကံစည္တယ္ဆိုတဲ့ စြပ္စဲြခ်က္ဟာ ျမန္မာႏိုင္ငံနဲ႔ တိုက္႐ိုက္ပတ္သက္မႈ မရွိေၾကာင္း တနလၤာေန႔က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုထားပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို တိုက္ခိုက္ဖို႔ ၾကံစည္မႈ စြပ္စဲြခ်က္နဲ႔ ျမန္မာႏိုင္ငံသားေတြ ျဖစ္ၾကတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ၿဖိဳးဟိန္းထြဋ္ နဲ႔ အသက္ ၂၀ အရြယ္ ရဲဟိန္းေဇာ္ တို႔ ၂ ဦးကို အေမရိကန္ အာဏာပိုင္ေတြက ဖမ္းဆီးထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ခြိမ်းခြောက်ခံရမှု အမေရိကန်ရှုတ်ချ

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချပြီး သံအမတ်ကြီးနဲ့ အတူ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

အာဏာရှင် ခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေက သူတို့ကို ဆန့်ကျင်သူတွေ ၊ ရဲရင့်စွာ ဝေဖန်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေကို ဖိနှိပ်၊ နှိပ်ကွပ်နိုင်ရေး အတွက် အမေရိကန် နိုင်ငံတွင်း အပါအဝင် ကမ ္ဘာတဝန်းထိ လိုက်လံ အနှောင့်အယှက်ပေးနေတဲ့ ပုံစံမျိုးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အခုလို ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံဖြတ်ကျော်ပြီး ဖိနှိပ် နှိပ်ကွပ်တဲ့ လုပ်ရပ်မျိုးကို ကမ ္ဘာတလွှားက ရှုတ်ချရမှာ ဖြစ်ပြီး အပြည့်အ၀ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ကြောင်း၊ အာဏာရှင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေက လူထု အပေါ် ဖိနှိပ်မှုတွေကို အမေရိကန် မြေပေါ်မှာရော၊ တခြားနိုင်ငံတွေမှာပါ ခွင့်ပြုမှာ မဟုတ်သလို နိုင်ငံဖြတ်ကျော် ဖိနှိပ် နှိပ်ကွပ်မှုတွေကို တိုက်ဖျက်ရေး အတွက် အမေရိကန်ရဲ့ မိတ်ဖက်တွေ မဟာမိတ်တွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အပြင်းအထန် ဒဏ်ရာ ရစေဖို့ ဒါမဟုတ်လည်း သတ်ဖြတ်ဖို့ အမေရိကန် မြေပေါ်မှာ ကြံစည်တယ်ဆိုတဲ့ သူတွေကို အမေရိကန် တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေက အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ပြီး တရားဥပဒေကြောင်း အရ ဆောင်ရွက် နေတဲ့အပေါ်မှာလည်း ကျေနပ် အားရ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောပါတယ်။

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သံအမတ်ကြီးကို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိကြောင်း တနင်္လာနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် တို့ ၂ ဦးကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG