သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
(Zawgyi/ Unicode)
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့နဲ့ အကြမ်းဖက်ဖို့ ကြံစည်သူလို့ စွပ်စွဲပြီး လူ ၂ဦးကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ကိစ္စမှာ ကုလသမဂ္ဂ အနေနဲ့ ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာင်္နေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို လုပ်ကြံဖို့ ကြံစည်ကြိုးစားမှုနဲ့ လူ ၂ ဦးကို နယူးယောက်မှာ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တုံ့ပြန်ချက်၊ နောက် ဒီ ကိစ္စ စုံစမ်းစစ်ဆေးမှုမှာ ကုလသမဂ္ဂက ပါဝင် ပတ်သက်မှု ရှိနေသလားဆိုတာကို သတင်းထောက်က တနလာင်္နေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့တာပါ။
ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် NGO အဖွဲ့ တခုဖြစ်တဲ့ Myanmar Accountability Project အဖွဲ့ကတော့ ကုသလမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို သတ်ဖြတ်ဖို့ ကြံစည်မှု အပေါ်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres တို့က ရှုတ်ချကြဖို့ တနလာင်္နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုပါတယ်။
(Unicode)
မြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ ကြံစည်တဲ့စွဲချက်အမေရိကန်ရဲ့စုံစမ်းဖေါ်ထုတ်မှု ကုလကြိုဆို
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့နဲ့ အကြမ်းဖက်ဖို့ ကြံစည်သူလို့ စွပ်စွဲပြီး လူ ၂ဦးကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ကိစ္စမှာ ကုလသမဂ္ဂ အနေနဲ့ ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂဝင်း အပြင်ဘက်မှာ ဖြစ်တဲ့ ကိစ္စတွေမှာ ကျနော်တို့ အနေနဲ့ ပါဝင် ပတ်သက်မှာ မဟုတ်ပါဘူး။ အမေရိကန် အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုကိုတော့ အထူးဘဲ ကျေးဇူးတင်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
သံအမတ်ကြီးတွေနဲ့ သံတမန် အသိုင်းအဝိုင်းကို အိမ်ရှင် နိုင်ငံတွေက အကာအကွယ် ပေးရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို လုပ်ကြံဖို့ ကြံစည်ကြိုးစားမှုနဲ့ လူ ၂ ဦးကို နယူးယောက်မှာ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တုံ့ပြန်ချက်၊ နောက် ဒီ ကိစ္စ စုံစမ်းစစ်ဆေးမှုမှာ ကုလသမဂ္ဂက ပါဝင် ပတ်သက်မှု ရှိနေသလားဆိုတာကို သတင်းထောက်က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့တာပါ။
ဒီကိစ္စက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ခန့်ထားရေးနဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ Credentials Committee က မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ရွေးချယ်မယ့် အပေါ်မှာ သက်ရောက်မှု ရှိလားဆိုတာကိုလည်း သတင်းထောက်က မေးတာမှာတော့ Credentials ကော်မတီက သူ့လုပ်ငန်းစဉ် အတိုင်း ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ် အတိုင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ဖြေကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် NGO အဖွဲ့ တခုဖြစ်တဲ့ Myanmar Accountability Project အဖွဲ့ကတော့ ကုသလမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို သတ်ဖြတ်ဖို့ ကြံစည်မှု အပေါ်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres တို့က ရှုတ်ချကြဖို့ တနလာၤနေ့မှာ ကြေညာချက်ထုတ် တောင်းဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် တို့ ၂ ဦးကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ
XS
SM
MD
LG