သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံရတဲ့ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းေမးျမန္းခ်က္


Myanmar Ambassador U Kyaw Moe Tun ဓါတ္ပံု- KyawSoe Latt

(Zawgyi/Unicode)

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔ ႀကံစည္တယ္ဆိုတဲ့ အမႈမွာ ထိုင္းႏိုင္ငံမွာရွိတဲ့ လက္နက္ပြဲစား တဦးက နယူးေယာက္မွာရွိတဲ့ ျမန္မာႏိုင္ငံသား ၂ ဦးကို ေငြေပး ခိုင္းေစခဲ့တာမ်ိဳး စစ္ေဆးေပၚေပါက္ ခဲ့တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။ အခုလို ႀကံစည္တယ္ဆိုတဲ့အမႈ ေပၚေပါက္ခဲ့ၿပီးေနာက္ ဦးေက်ာ္မိုးထြန္းရဲ႕ လုံၿခဳံေရးအတြက္ အေမရိကန္တာဝန္ရွိသူေတြ အခ်ိန္ျပည့္ အကာအကြယ္ ေပးထားေၾကာင္း သူက ေျပာပါတယ္။ ဒီလို လုပ္ႀကံဖို႔ ႀကံစည္မႈကို ဘယ္လို သိရွိခဲ့ပါသလဲလို႔ VOA ကိုဉာဏ္ဝင္းေအာင္က သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေမးျမန္းရာမွာ ခုလို စရွင္းျပပါတယ္။

ဦးေက်ာ္မိုးထြန္း။ ။ က်ေနာ္ Tuesday မွာေတာ့ အဲလိုမ်ိဴးေပါ့ေနာ္။ က်ေနာ္နဲ႔ပက္သက္ၿပီးေတာ့ တခုခု အသက္အႏၲရာယ္ရွိေအာင္ေပါ့ေနာ္ သူတို႔လုပ္ဖို႔ရွိတယ္ဆိုတဲ့ သတင္းၾကားတယ္ေပါ့ေနာ္။ က်ေနာ့္ကို ဒီလိုလုပ္ဖို႔ရွိတယ္။ ေငြေပးၿပီးေတာ့ ငွါးထားတယ္တို႔၊ ဘာတို႔ဆိုၿပီးေတာ့။ အဲလိုသတင္းစၾကားတာေပါ့ခင္ဗ်။ ၾကားေတာ့ ဒီမွာရွိတဲ့ US ဖြဲ႕႐ုံးကိုေတာ့ ဒီမွာရွိတဲ့ လုံၿခဳံေရးနဲ႔ဆိုင္တဲ့အဖြဲ႕အစည္းေတြကိုေပါ့၊ FBI ကို က်ေနာ္တို႔အေၾကာင္းၾကားခဲ့ပါတယ္ခင္ဗ်။ အေၾကာင္းၾကားၿပီးေတာ့ လိုအပ္တဲ့ ဥစၥာကိုေတာ့ FBI တို႔၊ သူတို႔ရဲ႕လုံၿခဳံေရးအဖြဲ႕အစည္းေတြကေနၿပီးေတာ့ ဆက္လက္ေဆာင္႐ြက္သြားတာပါခင္ဗ်။ က်ေနာ္အဲဒီလိုမ်ိဳး အသိေပးၿပီးတဲ့ အဂၤါေန႔ထဲက စၿပီးေတာ့ ဒီဘက္ သက္ဆိုင္ရာ အစိုးရကေတာ့ လိုအပ္တဲ့ လုံၿခဳံေရးတို႔၊ ဘာတို႔ေတာ့ သူတို႔ပံ့ပိုးေပးထားပါတယ္ခင္ဗ်။

ကိုဉာဏ္ဝင္းေအာင္။ ။ အဲဒီေတာ့ အခု အေမရိကန္တာဝန္ရွိသူေတြဘက္ကေဖာ္ထုတ္လိုက္တဲ့ ျမန္မာလူငယ္ႏွစ္ဦးနဲ႔သံအမတ္ႀကီးက အရင္တုန္းက ေတြ႕ဆုံတာမ်ိဳးေရာ ရွိပါသလား။
ဦးေက်ာ္မိုးထြန္း။ ။ မရွိပါဘူးခင္ဗ်။ ဟုတ္ကဲ့။

ကိုဉာဏ္ဝင္းေအာင္။ ။ က်ေနာ္တို႔နယူးေယာ့ခ္ အသိုင္းအဝိုင္းက ၾကားရတဲ့ သတင္းေတြအရေပါ့ေနာ္ ဒီလူငယ္ႏွစ္ဦးဟာ သံအမတ္ႀကီးရွိေနတဲ့ ျမန္မာသံ႐ုံးအဝန္းအဝိုင္းထဲကိုေတာင္ ေရာက္ခဲ့ဘူးတဲ့လူေတြလို႔ၾကားသိရပါတယ္။ အဲဒီအပိုင္းမွာေရာ သံအမတ္ႀကီး… …။
ဦးေက်ာ္မိုးထြန္း။ ။ အဲဒီထဲမွာ သိမွာေပါ့ေနာ္၊ တေယာက္ကေတာ့ က်ေနာ္တို႔႐ုံးမွာ ေန႔ဘက္ဆိုရင္ လုံၿခဳံေရးအတြက္ေပါ့ေနာ္ Volunteer လာေစာင့္ေပးေနတဲ့ သူေတြရွိပါတယ္။ အဲဒီလူေတြက်ေတာ့ အလွည့္နဲ႔သြားေနၾကတဲ့ဥစၥာေတြရွိတယ္။ ဒါက Volunteer ပါ။ အဲဒီထဲမွာေတာ့ ကေလးတေယာက္ကေတာ့ လာၿပီးေစာင့္ေပးဖူးတယ္လို႔ သိရတယ္ေပါ့ေနာ္။ က်ေနာ္ နဲ႔ေတာ့ တခါမွေတာ့ မေတြ႕ဖူးလိုက္ဘူးေပါ့ေနာ္။ က်ေနာ္သတိမထားမိတာလည္း ျဖစ္ေကာင္းျဖစ္မယ္။ ေတြ႕ၿပီးေတာ့ က်ေနာ္သတိမထားမိတာလည္း ျဖစ္ေကာင္းျဖစ္မယ္။ က်ေနာ္သတိထားမိတဲ့ အထဲမွာေတာ့ မပါဘူး။ ေနာက္ၿပီးေတာ့ က်ေနာ္ အၾကမ္းဖ်ဥ္းသိရတာေတာ့ အဲဒီလိုမ်ိဳး ဂြၽန္လေလာက္က လာခဲ့ဖူးတယ္လို႔ေတာ့ သိရတယ္ဗ်ာ။ ဟုတ္ကဲ့။

ကိုဉာဏ္ဝင္းေအာင္။ ။ အဲဒါက အသက္ ၂၀ နဲ႔၂၈ အ႐ြယ္ထဲမွာ အငယ္တေယာက္လား၊ အႀကီးတေယာက္လားခင္ဗ်။
ဦးေက်ာ္မိုးထြန္း။ ။ အတိအက်ေတာ့ က်ေနာ္မသိဘူးခင္ဗ်။ ဟုတ္ကဲ့။

ကိုဉာဏ္ဝင္းေအာင္။ ။ သံအမတ္ႀကီးကို အသက္အႏၲရာယ္ရန္ရွာမယ္ဆိုတဲ့ သတင္းကိုၾကားတဲ့အခ်ိန္မွာ သံအမတ္ႀကီး စိတ္ထဲမွာ ဘယ္လို စျဖစ္ပါသလဲ။
ဦးေက်ာ္မိုးထြန္း ။ ။ ေထြေထြထူးထူးေတာ့ ဘယ္ရယ္လို႔မွမရွိပါဘူး။ ဒါေပမယ့္ လိုအပ္တဲ့ဥစၥာ ခုနကေျပာသလို သက္ဆိုင္တဲ့သူေတြကို သတင္းပို႔တာမ်ိဳးပဲ လုပ္ျဖစ္ပါတယ္။ အျခားဒီ က်ေနာ္တို႔နဲ႔ရင္းနီးတဲ့သူေတြ၊ ျမန္မာအသိုင္းအဝိုင္းေတြကေတာ့ သတိထားၿပီးေနဖို႔ေတာ့ ေတာက္ေလွ်ာက္ေတာ့ ေျပာေနတာေပါ့။ အစထဲကေပါ့ေနာ္။ အဲဒါမ်ိဳးေတာ့ ရွိပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ အခု အေမရိကန္တာဝန္ရွိသူေတြေဖာ္ထုတ္လိုက္တဲ့ သံအမတ္ႀကီးအေပၚ အသက္အႏၲရာယ္ျပဳႏိုင္ေလာက္တယ္လို႔စြပ္စြဲခံထားရတဲ့ လူငယ္ႏွစ္ဦးေပါ့ေလ။ သူတို႔စိတ္ဆႏၵနဲ႔လုပ္တာမ်ိဴးျဖစ္ႏိုင္သလား။ ဒါမွမဟုတ္ရင္ တစုံတေယာက္က ေနာက္ကြယ္ကေနတြန္းအားေၾကာင့္ သူတို႔ေတြဟာ ဒါမ်ိဳးေတြကို လုပ္လာသလား။ သံအမတ္ႀကီး အဲဒီအပိုင္းမွာ ဘယ္လိုမ်ိဳး သုံးသပ္ပါသလဲ။
ဦးေက်ာ္မိုးထြန္း။ ။ က်ေနာ့္အေနနဲ႔ ေတာ့ သူတို႔ရဲ႕ ရင္ထဲကရွိတာကို ေျပာလို႔ခတ္တာေပါ့ေနာ္။ ဒါေပမယ့္ Department of Justice ကေနၿပီးေတာ့ ထုတ္ျပန္တဲ့အထဲမွာလည္း ဘန္ေကာက္မွာရွိတဲ့ လက္နက္ပြဲစား Arm Dealer တေယာက္က ခိုင္းတယ္ဆိုၿပီးေတာ့ ေဖာ္ျပထားတာေတာ့ ေတြ႕တယ္။ အဲဒီထက္ေတာ့ ပိုၿပီးေတာ့ က်ေနာ္မသိပါဘူးခင္ဗ်။

ကိုဉာဏ္ဝင္းေအာင္။ ။ တခုကလည္းေလ နယူးေယာက္ သံ႐ုံးကေန သံအမတ္ႀကီးကိုဖယ္ရွားတဲ့ လႈပ္ရွားမႈတခ်ိဳ႕ေပါ့ေလ။ အေစာပိုင္းမွာရွိခဲ့တယ္လို႔က်ေနာ္တို႔ၾကားသိခဲ့ရဖူးပါတယ္။ အဲဒါက ဘယ္လိုမ်ိဳးပါလဲ။
ဦးေက်ာ္မိုးထြန္း။ ။ ႐ုံးကေန ဖယ္ရွားတာကေတာ့ အဲဒီသေဘာေတာ့မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာ မိန႔္ခြန္းေျပာၿပီးေတာ့ ၂၇ ရက္ေန႔မွာ က်ေနာ့္ကို Dismiss လုပ္တယ္လို႔ေျပာတယ္။ ဒီ႐ုံးနဲ႔မဆိုင္ေတာ့ဘူးဆိုတဲ့ ဥစၥာ အေၾကာင္းၾကားတာေတြရွိတယ္ေပါ့ေနာ္။ ခုနကေျပာတဲ့ လူအင္အားနဲ႔လာၿပီး လုပ္တယ္လို႔ေတာ့ မရွိေတာ့ မရွိပါဘူး။ ဟိုအရင္ကေတာ့ သတင္းေတြထြက္တယ္။ စစ္သံမႈးႀကီးဆင္းလာတာတို႔၊ ဝါရွင္တန္မွာရွိတဲ့ ျမန္မာသံအမတ္ႀကီး ဆင္းလာတာတို႔ အဲလိုမ်ိဳးေတြ သတင္းထြက္တာမ်ိဳးေတာ့ ရွိပါတယ္။ ဒါေတြက မွန္းႀကီးေတာ့ ေျပာတဲ့ဥစၥာေတြပဲရွိပါတယ္။ သူတို႔ကာယကံရွင္အေနနဲ႔ေတာ့ ပိုေတာ့ သိတာေပါ့ေနာ္။

ကိုဉာဏ္ဝင္းေအာင္။ ။ သံအမတ္ႀကီးသိတဲ့အတိုင္းပဲ ဒီ စက္တင္ဘာလထဲမွာ ႏိုင္ငံေတြရဲ႕ ကိုယ္စားလွယ္ေတြ ျမန္မာႏိုင္ငံနဲ႔ပက္သက္လာရင္ ဦးေက်ာ္မိုးထြန္းကို ခန႔္အပ္မလား။ ဒါမွမဟုတ္ရင္ စစ္ေကာင္စီက တင္သြင္းလိုက္တဲ့ ကိုယ္စားလွယ္ကိုပဲ ခန႔္အပ္မလားဆိုတဲ့ ဆုံးျဖတ္ရမယ့္ အခန္းက႑တခုရွိေနပါတယ္။ အဲဒီမတိုင္ခင္ေလးမွာ သံအမတ္ႀကီးရဲ႕ အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံရတဲ့ ကိစၥႀကီးေပၚလာတဲ့အတြက္ေၾကာင့္မို႔လို႔ သံအမတ္ႀကီးဟာ ကုလသမဂၢဌာနခ်ဳပ္ႀကီးမွာ တာဝန္ဆက္လက္ထမ္းေဆာင္ဖို႔အတြက္ပိုၿပီးေတာ့ အခြင့္သာသြားေစတယ္လို႔သုံးသပ္တာေတြရွိတယ္။ ဆိုေတာ့ သံအမတ္ႀကီး ဘယ္လို ျမင္မိပါလဲ။

ဦးေက်ာ္မိုးထြန္း။ ။ ဒီလိုကိစၥေတြနဲ႔ပက္သက္လို႔ေပါ့ေနာ္။ အမွန္တရားဟာ ဖုံးကြယ္လို႔မရပါဘူး။ ႏိုင္ငံအက်ိဳး၊ ျပည္သူ႔အက်ိဳးအတြက္ အသုံးျပဳသြားႏိုင္မယ္ဆိုရင္ေတာ့ ဘာမဆိုေကာင္းပါတယ္ခင္ဗ်။ အခုလာမယ့္ စက္တင္ဘာမွာ Credential နဲ႔ပက္သက္ၿပီေတာ့ စိန္ေခၚမႈေတြရွိလာမယ္။ အဲဒီလိုမ်ိဳးစိန္ေခၚမႈေတြရွိတဲ့ အခါမွာ UN မွာရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ Seat က အေရးႀကီးပါတယ္။ အဲဒီ Seat ကို ျမန္မာျပည္သူေတြရဲ႕ အသံကို ေျပာၾကားေပးမယ့္၊ ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ကသာ ဆက္ရွိေနျခင္းအားျဖင့္ ျမန္မာျပည္သူေတြရဲ႕ အက်ိဳး၊ ျမန္မာႏိုင္ငံရဲ႕ အက်ိဳးအတြက္ကို ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္မယ္လို႔အားလုံးက ယုံၾကည္ထားၿပီးျဖစ္တယ္ေပါ့။ ဒါေၾကာင့္ ဒါကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဒီလိုမ်ိဳးရႈျမင္ေအာင္ က်ေနာ္တို႔ေတြ ဆက္လက္ၿပီးေတာ့ စည္း႐ုံးၿပီး ေျပာၾကားသြားဖို႔လိုပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းမေးမြန်းချက်

(Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ အမှုမှာ ထိုင်းနိုင်ငံမှာရှိတဲ့ လက်နက်ပွဲစား တဦးက နယူးယောက်မှာရှိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ငွေပေး ခိုင်းစေခဲ့တာမျိုး စစ်ဆေးပေါ်ပေါက် ခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ အခုလို ကြံစည်တယ်ဆိုတဲ့အမှု ပေါ်ပေါက်ခဲ့ပြီးနောက် ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေးအတွက် အမေရိကန်တာဝန်ရှိသူတွေ အချိန်ပြည့် အကာအကွယ် ပေးထားကြောင်း သူက ပြောပါတယ်။ ဒီလို လုပ်ကြံဖို့ ကြံစည်မှုကို ဘယ်လို သိရှိခဲ့ပါသလဲလို့ VOA ကိုဉာဏ်ဝင်းအောင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မေးမြန်းရာမှာ ခုလို စရှင်းပြပါတယ်။

ဦးကျော်မိုးထွန်း။ ။ ကျနော် Tuesday မှာတော့ အဲလိုမျိူးပေါ့နော်။ ကျနော်နဲ့ပက်သက်ပြီးတော့ တခုခု အသက်အန္တရာယ်ရှိအောင်ပေါ့နော် သူတို့လုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းကြားတယ်ပေါ့နော်။ ကျနော့်ကို ဒီလိုလုပ်ဖို့ရှိတယ်။ ငွေပေးပြီးတော့ ငှါးထားတယ်တို့၊ ဘာတို့ဆိုပြီးတော့။ အဲလိုသတင်းစကြားတာပေါ့ခင်ဗျ။ ကြားတော့ ဒီမှာရှိတဲ့ US ဖွဲ့ရုံးကိုတော့ ဒီမှာရှိတဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေကိုပေါ့၊ FBI ကို ကျနော်တို့အကြောင်းကြားခဲ့ပါတယ်ခင်ဗျ။ အကြောင်းကြားပြီးတော့ လိုအပ်တဲ့ ဥစ္စာကိုတော့ FBI တို့၊ သူတို့ရဲ့လုံခြုံရေးအဖွဲ့အစည်းတွေကနေပြီးတော့ ဆက်လက်ဆောင်ရွက်သွားတာပါခင်ဗျ။ ကျနော်အဲဒီလိုမျိုး အသိပေးပြီးတဲ့ အင်္ဂါနေ့ထဲက စပြီးတော့ ဒီဘက် သက်ဆိုင်ရာ အစိုးရကတော့ လိုအပ်တဲ့ လုံခြုံရေးတို့၊ ဘာတို့တော့ သူတို့ပံ့ပိုးပေးထားပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ အခု အမေရိကန်တာဝန်ရှိသူတွေဘက်ကဖော်ထုတ်လိုက်တဲ့ မြန်မာလူငယ်နှစ်ဦးနဲ့သံအမတ်ကြီးက အရင်တုန်းက တွေ့ဆုံတာမျိုးရော ရှိပါသလား။
ဦးကျော်မိုးထွန်း။ ။ မရှိပါဘူးခင်ဗျ။ ဟုတ်ကဲ့။

ကိုဉာဏ်ဝင်းအောင်။ ။ ကျနော်တို့နယူးယော့ခ် အသိုင်းအဝိုင်းက ကြားရတဲ့ သတင်းတွေအရပေါ့နော် ဒီလူငယ်နှစ်ဦးဟာ သံအမတ်ကြီးရှိနေတဲ့ မြန်မာသံရုံးအဝန်းအဝိုင်းထဲကိုတောင် ရောက်ခဲ့ဘူးတဲ့လူတွေလို့ကြားသိရပါတယ်။ အဲဒီအပိုင်းမှာရော သံအမတ်ကြီး… …။
ဦးကျော်မိုးထွန်း။ ။ အဲဒီထဲမှာ သိမှာပေါ့နော်၊ တယောက်ကတော့ ကျနော်တို့ရုံးမှာ နေ့ဘက်ဆိုရင် လုံခြုံရေးအတွက်ပေါ့နော် Volunteer လာစောင့်ပေးနေတဲ့ သူတွေရှိပါတယ်။ အဲဒီလူတွေကျတော့ အလှည့်နဲ့သွားနေကြတဲ့ဥစ္စာတွေရှိတယ်။ ဒါက Volunteer ပါ။ အဲဒီထဲမှာတော့ ကလေးတယောက်ကတော့ လာပြီးစောင့်ပေးဖူးတယ်လို့ သိရတယ်ပေါ့နော်။ ကျနော် နဲ့တော့ တခါမှတော့ မတွေ့ဖူးလိုက်ဘူးပေါ့နော်။ ကျနော်သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ တွေ့ပြီးတော့ ကျနော်သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ကျနော်သတိထားမိတဲ့ အထဲမှာတော့ မပါဘူး။ နောက်ပြီးတော့ ကျနော် အကြမ်းဖျဉ်းသိရတာတော့ အဲဒီလိုမျိုး ဂျွန်လလောက်က လာခဲ့ဖူးတယ်လို့တော့ သိရတယ်ဗျာ။ ဟုတ်ကဲ့။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒါက အသက် ၂၀ နဲ့၂၈ အရွယ်ထဲမှာ အငယ်တယောက်လား၊ အကြီးတယောက်လားခင်ဗျ။
ဦးကျော်မိုးထွန်း။ ။ အတိအကျတော့ ကျနော်မသိဘူးခင်ဗျ။ ဟုတ်ကဲ့။

ကိုဉာဏ်ဝင်းအောင်။ ။ သံအမတ်ကြီးကို အသက်အန္တရာယ်ရန်ရှာမယ်ဆိုတဲ့ သတင်းကိုကြားတဲ့အချိန်မှာ သံအမတ်ကြီး စိတ်ထဲမှာ ဘယ်လို စဖြစ်ပါသလဲ။
ဦးကျော်မိုးထွန်း ။ ။ ထွေထွေထူးထူးတော့ ဘယ်ရယ်လို့မှမရှိပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ဥစ္စာ ခုနကပြောသလို သက်ဆိုင်တဲ့သူတွေကို သတင်းပို့တာမျိုးပဲ လုပ်ဖြစ်ပါတယ်။ အခြားဒီ ကျနော်တို့နဲ့ရင်းနီးတဲ့သူတွေ၊ မြန်မာအသိုင်းအဝိုင်းတွေကတော့ သတိထားပြီးနေဖို့တော့ တောက်လျှောက်တော့ ပြောနေတာပေါ့။ အစထဲကပေါ့နော်။ အဲဒါမျိုးတော့ ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အခု အမေရိကန်တာဝန်ရှိသူတွေဖော်ထုတ်လိုက်တဲ့ သံအမတ်ကြီးအပေါ် အသက်အန္တရာယ်ပြုနိုင်လောက်တယ်လို့စွပ်စွဲခံထားရတဲ့ လူငယ်နှစ်ဦးပေါ့လေ။ သူတို့စိတ်ဆန္ဒနဲ့လုပ်တာမျိူးဖြစ်နိုင်သလား။ ဒါမှမဟုတ်ရင် တစုံတယောက်က နောက်ကွယ်ကနေတွန်းအားကြောင့် သူတို့တွေဟာ ဒါမျိုးတွေကို လုပ်လာသလား။ သံအမတ်ကြီး အဲဒီအပိုင်းမှာ ဘယ်လိုမျိုး သုံးသပ်ပါသလဲ။
ဦးကျော်မိုးထွန်း။ ။ ကျနော့်အနေနဲ့ တော့ သူတို့ရဲ့ ရင်ထဲကရှိတာကို ပြောလို့ခတ်တာပေါ့နော်။ ဒါပေမယ့် Department of Justice ကနေပြီးတော့ ထုတ်ပြန်တဲ့အထဲမှာလည်း ဘန်ကောက်မှာရှိတဲ့ လက်နက်ပွဲစား Arm Dealer တယောက်က ခိုင်းတယ်ဆိုပြီးတော့ ဖော်ပြထားတာတော့ တွေ့တယ်။ အဲဒီထက်တော့ ပိုပြီးတော့ ကျနော်မသိပါဘူးခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ တခုကလည်းလေ နယူးယောက် သံရုံးကနေ သံအမတ်ကြီးကိုဖယ်ရှားတဲ့ လှုပ်ရှားမှုတချို့ပေါ့လေ။ အစောပိုင်းမှာရှိခဲ့တယ်လို့ကျနော်တို့ကြားသိခဲ့ရဖူးပါတယ်။ အဲဒါက ဘယ်လိုမျိုးပါလဲ။
ဦးကျော်မိုးထွန်း။ ။ ရုံးကနေ ဖယ်ရှားတာကတော့ အဲဒီသဘောတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မိန့်ခွန်းပြောပြီးတော့ ၂၇ ရက်နေ့မှာ ကျနော့်ကို Dismiss လုပ်တယ်လို့ပြောတယ်။ ဒီရုံးနဲ့မဆိုင်တော့ဘူးဆိုတဲ့ ဥစ္စာ အကြောင်းကြားတာတွေရှိတယ်ပေါ့နော်။ ခုနကပြောတဲ့ လူအင်အားနဲ့လာပြီး လုပ်တယ်လို့တော့ မရှိတော့ မရှိပါဘူး။ ဟိုအရင်ကတော့ သတင်းတွေထွက်တယ်။ စစ်သံမှုးကြီးဆင်းလာတာတို့၊ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဆင်းလာတာတို့ အဲလိုမျိုးတွေ သတင်းထွက်တာမျိုးတော့ ရှိပါတယ်။ ဒါတွေက မှန်းကြီးတော့ ပြောတဲ့ဥစ္စာတွေပဲရှိပါတယ်။ သူတို့ကာယကံရှင်အနေနဲ့တော့ ပိုတော့ သိတာပေါ့နော်။

ကိုဉာဏ်ဝင်းအောင်။ ။ သံအမတ်ကြီးသိတဲ့အတိုင်းပဲ ဒီ စက်တင်ဘာလထဲမှာ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံနဲ့ပက်သက်လာရင် ဦးကျော်မိုးထွန်းကို ခန့်အပ်မလား။ ဒါမှမဟုတ်ရင် စစ်ကောင်စီက တင်သွင်းလိုက်တဲ့ ကိုယ်စားလှယ်ကိုပဲ ခန့်အပ်မလားဆိုတဲ့ ဆုံးဖြတ်ရမယ့် အခန်းကဏ္ဍတခုရှိနေပါတယ်။ အဲဒီမတိုင်ခင်လေးမှာ သံအမတ်ကြီးရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ ကိစ္စကြီးပေါ်လာတဲ့အတွက်ကြောင့်မို့လို့ သံအမတ်ကြီးဟာ ကုလသမဂ္ဂဌာနချုပ်ကြီးမှာ တာဝန်ဆက်လက်ထမ်းဆောင်ဖို့အတွက်ပိုပြီးတော့ အခွင့်သာသွားစေတယ်လို့သုံးသပ်တာတွေရှိတယ်။ ဆိုတော့ သံအမတ်ကြီး ဘယ်လို မြင်မိပါလဲ။

ဦးကျော်မိုးထွန်း။ ။ ဒီလိုကိစ္စတွေနဲ့ပက်သက်လို့ပေါ့နော်။ အမှန်တရားဟာ ဖုံးကွယ်လို့မရပါဘူး။ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် အသုံးပြုသွားနိုင်မယ်ဆိုရင်တော့ ဘာမဆိုကောင်းပါတယ်ခင်ဗျ။ အခုလာမယ့် စက်တင်ဘာမှာ Credential နဲ့ပက်သက်ပြီတော့ စိန်ခေါ်မှုတွေရှိလာမယ်။ အဲဒီလိုမျိုးစိန်ခေါ်မှုတွေရှိတဲ့ အခါမှာ UN မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ Seat က အရေးကြီးပါတယ်။ အဲဒီ Seat ကို မြန်မာပြည်သူတွေရဲ့ အသံကို ပြောကြားပေးမယ့်၊ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကသာ ဆက်ရှိနေခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ အကျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးအတွက်ကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့အားလုံးက ယုံကြည်ထားပြီးဖြစ်တယ်ပေါ့။ ဒါကြောင့် ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလိုမျိုးရှုမြင်အောင် ကျနော်တို့တွေ ဆက်လက်ပြီးတော့ စည်းရုံးပြီး ပြောကြားသွားဖို့လိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG