သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအႀကီးအကဲရဲ႕ လမ္းစဥ္ ဒီမိုကေရစီနဲ႔ ပိုအလွမ္းေဝး (ကုလအတြင္းေရးမႉးခ်ဳပ္)


(Zawgyi/ Unicode)

ျမန္မာစစ္တပ္က ၂၀၂၃ ႏွစ္လယ္ေလာက္အထိ အာဏာဆက္လက္ ခ်ဳပ္ကိုင္ထားဖို႔ လုပ္ေနတာဟာ ကုလသမဂၢနဲ႔ အဖြဲ႕ဝင္ႏိုင္ငံေတြ ေတာင္းဆိုထားတဲ့ ျမန္မာႏိုင္ငံ ဒီမိုကေရစီအုပ္ခ်ဳပ္ေရး လမ္းေၾကာင္းေပၚျပန္ေရာက္ေစမယ့္ လုပ္ရပ္ မဟုတ္ဘူးလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျဖၾကားခဲ့ပါတယ္။

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္က ျမန္မာႏိုင္ငံမွာ ၂၀၂၃ ၾသဂုတ္လအထိ သူတို႔ရဲ႕လုပ္ငန္းစဥ္ကို ဆက္လက္ေဆာင္႐ြက္ရဦးမွာ ျဖစ္ေၾကာင္းနဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အိမ္ေစာင့္အစိုးရအျဖစ္ ေျပာင္းလဲၿပီး သူကိုယ္တိုင္ ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ရဲ႕ သေဘာထားကို ေမးျမန္းရာမွာ အခုလို ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

တိုတို ေျပာရရင္ေတာ့ ဒါဟာ လမ္းေၾကာင္းမွန္ကို သြားေနတာ မဟုတ္ဘူးလို႔ ထင္ပါတယ္။ ဒီလိုလုပ္ေဆာင္တာဟာ ျမန္မာႏိုင္ငံ ဒီမိုကေရစီနည္းက်အုပ္ခ်ဳပ္ေရး ျပန္ရဖို႔၊ ႏိုင္ငံေရး အက်ဥ္းသားအားလုံးလႊတ္ေပးဖို႔ အၾကမ္းဖက္ ေျခမႈန္းမႈေတြရပ္ပစ္ဖို႔ ဆိုၿပီး ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံေတြေတာင္းဆိုေနတဲ့ လမ္းေၾကာင္းကေန ပိုေဝးသြားေစတာ ျဖစ္ၿပီး စစ္တပ္အာဏာသိမ္း ထားတဲ့ ၆ လအတြင္း ျမန္မာႏိုင္ငံရဲ႕ အေျခေနဟာ အေတာ့္ကို ဆိုးဝါးသြားသလို ေဒသတြင္းမတည္မၿငိမ္ျဖစ္ မယ့္ ၿခိမ္းေျခာက္မႈကိုပါ ရင္ဆိုင္လာရတာပါ။

ဒါ့အျပင္ ကိုဗစ္ ၁၉ ဒဏ္ကိုပါ ခံလာၾကရတာေၾကာင့္ အေျခေနဟာ ပိုဆိုးလာတဲ့ အတြက္ ကမာၻႀကီးအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး တညီတၫြတ္တည္း ဆုံးျဖတ္လုပ္ကိုင္ၾကဖို႔ သိပ္ကို အေရးႀကီးေနဆဲပဲလို႔ ေျပာသြားတာပါ။

စစ္တပ္ရဲ႕ ပစ္ခတ္ဖမ္းဆီးမႈေတြနဲ႔ ကိုဗစ္ကပ္ေရာဂါဒဏ္ခံရတဲ့ ၾကားကေန ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရး၊ လူ႔အခြင့္ေရးနဲ႔ တရားဥပေဒစိုးမိုးမႈ ရဖို႔ ႀကိဳးပမ္းေနတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔အတူ ကုလသမဂၢက တသားတည္းရပ္တည္ေနပါတယ္လို႔ လည္း ေျပာပါတယ္။
ေဖေဖၚဝါရီ ၁ ရက္ကေန အခုခ်ိန္ထိ စစ္တပ္နဲ႔ ရဲေၾကာင့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ ေသဆုံးရသူ အနည္းဆုံး ၉၃၀ နဲ႔ ဒဏ္ရာရသူ ေထာင္ခ်ီရွိေနသလို ခုထိ အဖမ္းခံေနရသူက ၃၀၀၀ ထက္မနည္း ရွိေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ႀကဳံေနရတဲ့ ျပႆနာေၾကာင့္ လိုအပ္သူေတြဆီ လူသားခ်င္းစာနာမႈ အကူညီေပးေရးမွာေရာ ပညာေရး၊ က်န္းမာေရးနဲ႔ ကိုဗစ္ ၁၉ တိုက္ဖ်က္ေရးေတြနဲ႔ အတူ အေျခခံလူ႔အခြင့္ေရးေတြကိုပါ ထိခိုက္ေစတယ္လို႔လည္း ေျပာပါတယ္။

ဒီႏွစ္ထဲမွာ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ က်န္းမာေရးနဲ႔ ႏိုင္ငံေရးေတြ ျပႆနာႀကဳံေနရခ်ိန္မွာ တိုက္ပြဲေတြပါ ျပင္းျပင္းထန္ထန္ ျဖစ္ပြါးေနတာဟာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အတြက္ သိပ္ကို အႏၲရာယ္ႀကီးတယ္လို႔ ျမန္မာႏိုင္ငံတြင္းက ကုလသမဂၢ လူဦးေရးဆိုင္ရာရံပုံေငြအဖြဲ႕ UNPF နဲ႔ UN WOMEN ကုလအမ်ိဳးသမီးအဖြဲ႕ တို႔ကလည္း ပူူတြဲေၾကညာခ်က္ ထုတ္ျပန္ သတိေပးခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္း လူမႈစီးပြါးယိုယြင္းေနတဲ့ အေျခအေနေၾကာင့္ လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ေနသူ ေနာက္ထပ္ သိန္းနဲ႔ခ်ီရွိလာ ေနၿပီလို႔လည္း ေျပာပါတယ္။

(Unicode)

စစ်ကောင်စီအကြီးအကဲရဲ့ လမ်းစဉ် ဒီမိုကရေစီနဲ့ ပိုအလှမ်းဝေး (ကုလအတွင်းရေးမှူးချုပ်)

မြန်မာစစ်တပ်က ၂၀၂၃ နှစ်လယ်လောက်အထိ အာဏာဆက်လက် ချုပ်ကိုင်ထားဖို့ လုပ်နေတာဟာ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းကြောင်းပေါ်ပြန်ရောက်စေမယ့် လုပ်ရပ် မဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ၂၀၂၃ သြဂုတ်လအထိ သူတို့ရဲ့လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရဦးမှာ ဖြစ်ကြောင်းနဲ့ စစ်အုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲပြီး သူကိုယ်တိုင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ သဘောထားကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တိုတို ပြောရရင်တော့ ဒါဟာ လမ်းကြောင်းမှန်ကို သွားနေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်ရဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးဖို့ အကြမ်းဖက် ခြေမှုန်းမှုတွေရပ်ပစ်ဖို့ ဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေတောင်းဆိုနေတဲ့ လမ်းကြောင်းကနေ ပိုဝေးသွားစေတာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်း ထားတဲ့ ၆ လအတွင်း မြန်မာနိုင်ငံရဲ့ အခြေနေဟာ အတော့်ကို ဆိုးဝါးသွားသလို ဒေသတွင်းမတည်မငြိမ်ဖြစ် မယ့် ခြိမ်းခြောက်မှုကိုပါ ရင်ဆိုင်လာရတာပါ။

ဒါ့အပြင် ကိုဗစ် ၁၉ ဒဏ်ကိုပါ ခံလာကြရတာကြောင့် အခြေနေဟာ ပိုဆိုးလာတဲ့ အတွက် ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တညီတညွတ်တည်း ဆုံးဖြတ်လုပ်ကိုင်ကြဖို့ သိပ်ကို အရေးကြီးနေဆဲပဲလို့ ပြောသွားတာပါ။

စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ကိုဗစ်ကပ်ရောဂါဒဏ်ခံရတဲ့ ကြားကနေ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေးနဲ့ တရားဥပဒေစိုးမိုးမှု ရဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ကုလသမဂ္ဂက တသားတည်းရပ်တည်နေပါတယ်လို့ လည်း ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်ကနေ အခုချိန်ထိ စစ်တပ်နဲ့ ရဲကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးရသူ အနည်းဆုံး ၉၃၀ နဲ့ ဒဏ်ရာရသူ ထောင်ချီရှိနေသလို ခုထိ အဖမ်းခံနေရသူက ၃၀၀၀ ထက်မနည်း ရှိကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာကြောင့် လိုအပ်သူတွေဆီ လူသားချင်းစာနာမှု အကူညီပေးရေးမှာရော ပညာရေး၊ ကျန်းမာရေးနဲ့ ကိုဗစ် ၁၉ တိုက်ဖျက်ရေးတွေနဲ့ အတူ အခြေခံလူ့အခွင့်ရေးတွေကိုပါ ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

ဒီနှစ်ထဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျန်းမာရေးနဲ့ နိုင်ငံရေးတွေ ပြဿနာကြုံနေရချိန်မှာ တိုက်ပွဲတွေပါ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် သိပ်ကို အန္တရာယ်ကြီးတယ်လို့ မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂ လူဦးရေးဆိုင်ရာရံပုံငွေအဖွဲ့ UNPF နဲ့ UN WOMEN ကုလအမျိုးသမီးအဖွဲ့ တို့ကလည်း ပူူတွဲကြေညာချက် ထုတ်ပြန် သတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူမှုစီးပွါးယိုယွင်းနေတဲ့ အခြေအနေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ နောက်ထပ် သိန်းနဲ့ချီရှိလာ နေပြီလို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG