သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတဲ့ အစဥ္အလာကို လက္မခံၾကဖို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ တိုက္တြန္း


(Zawgyi/Unicode)

စစ္တပ္အာဏာသိမ္းတဲ့ အစဥ္အလာ ကမာၻမွာရွိေနတာကို လံုးဝမလိုလားတဲ့ အတြက္
ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ ေဖၚေဆာင္ၿပီး ႏိုင္ငံေရးအရ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ နဲ႔ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ သတ္ျဖတ္မႈေတြရပ္ပစ္ဖို႔ ျမန္မာစစ္တပ္ကို ကုလသမဂၢအဖြဲ႔ဝင္ ၁၉၃ ႏိုင္ငံေတြက ျပတ္ျပတ္သားသား ေျပာဆိုၾကဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔မွာ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

“စစ္တပ္အာဏာသိမ္းတာဟာ လံုးဝလက္ခံႏိုင္စရာ မရွိသလို အာဏာသိမ္းတာဟာ အစဥ္အလာလို ျဖစ္ေနတဲ့ ကမာၻႀကီးမွာ က်ေနာ္တို႔ မေနႏိုင္တဲ့အတြက္ ဒါကို ကုလသမဂၢ အေထြေထြညီလာခံကေန ျပတ္ျပတ္သားသား သတင္းစကား ပါးႏိုင္မယ္လို႔ " ေမွ်ာ္လင့္ေၾကာင္း ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ ကေန အခုအခ်ိန္အထိ စစ္ေကာင္စီတပ္ေတြေၾကာင့္ ေသဆံုးရသူ ၈၆၀ ေက်ာ္ေနၿပီလို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က သတင္းထုတ္ျပန္ထားတာ ျဖစ္ၿပီး စစ္ေကာင္စီကေတာ့ ေသဆံုးသူအေရအတြက္ ၃၀၀ ဝန္းက်င္ပဲ ရွိတယ္လို႔ ေျပာဆိုထားတာပါ။

ျမန္မာစစ္တပ္ကို လက္နက္မေရာင္းခ်ဖို႔၊ ၂၀၂၀ ႏိုဝင္ဘာေရြးေကာက္ပြဲ ရလဒ္ကို ေလးစားဖို႔နဲ႔ ျမန္မာ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရး အက်ဥ္းသားေတြကို လႊတ္ေပးဖို႔ ကုလသမဂၢ အေထြေထြညီလာခံက ေသာၾကာေန႔ အစည္းေဝးကေန ေတာင္းဆိုဖို႔ စီစဥ္ထားတယ္လို႔ သံတမန္ေတြရဲ႕ ေျပာၾကားခ်က္ကို ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

ဒီေတာင္းဆိုခ်က္ပါဝင္တဲ့ ဆံုးျဖတ္ခ်က္ မူၾကမ္းကို ကုလသမဂၢအေထြေထြ ညီလာခံမွာ မဲခြဲ မဆံုးျဖတ္ခင္မွာပဲ အတြင္းေရးမႈးခ်ဳပ္ Guterres ကေတာ့ အေထြေထြ ညီလာခံကေန ျပတ္သားတဲ့ သတင္းစကား ပါးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့တာပါ။

ကုလသမဂၢအေထြေထြညီလာခံက ခ်မွတ္တဲ့ အဆိုျပဳ ဆံုးျဖတ္ခ်က္ေတြဟာ ကုလသမဂၢ လံုျခံဳေရးေကာင္စီက ခ်မွတ္တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ မတူပဲ လိုက္နာဖို႔ မလိုအပ္ေပမယ့္ ႏိုင္ငံတကာရဲ႕ ႏိုင္ငံေရးအရ ဖိအားေပးမႈေတြရွိလာႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

စစ်အာဏာသိမ်းတဲ့ အစဉ်အလာကို လက်မခံကြဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

(Unicode)

စစ်တပ်အာဏာသိမ်းတဲ့ အစဉ်အလာ ကမ္ဘာမှာရှိနေတာကို လုံးဝမလိုလားတဲ့ အတွက်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ပြီး နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ နဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ သတ်ဖြတ်မှုတွေရပ်ပစ်ဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတွေက ပြတ်ပြတ်သားသား ပြောဆိုကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“စစ်တပ်အာဏာသိမ်းတာဟာ လုံးဝလက်ခံနိုင်စရာ မရှိသလို အာဏာသိမ်းတာဟာ အစဉ်အလာလို ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ မနေနိုင်တဲ့အတွက် ဒါကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ပြတ်ပြတ်သားသား သတင်းစကား ပါးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်တွေကြောင့် သေဆုံးရသူ ၈၆၀ ကျော်နေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်းထုတ်ပြန်ထားတာ ဖြစ်ပြီး စစ်ကောင်စီကတော့ သေဆုံးသူအရေအတွက် ၃၀၀ ဝန်းကျင်ပဲ ရှိတယ်လို့ ပြောဆိုထားတာပါ။

မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့၊ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့နဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက သောကြာနေ့ အစည်းဝေးကနေ တောင်းဆိုဖို့ စီစဉ်ထားတယ်လို့ သံတမန်တွေရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီတောင်းဆိုချက်ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မဲခွဲ မဆုံးဖြတ်ခင်မှာပဲ အတွင်းရေးမှုးချုပ် Guterres ကတော့ အထွေထွေ ညီလာခံကနေ ပြတ်သားတဲ့ သတင်းစကား ပါးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်တဲ့ အဆိုပြု ဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ မတူပဲ လိုက်နာဖို့ မလိုအပ်ပေမယ့် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေရှိလာနိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG