သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျပန္အလွန္ သတ္ျဖတ္မႈေတြအေပၚ ဘယ္လိုအျမင္ရွိၾကလဲ


ရန္ကုန္က ဗံုးခြဲလုပ္ၾကံမႈတရပ္ျမင္ကြင္း ( ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)

စစ္ေကာင္စီက ခန္႔အပ္ထားတဲ့အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ဒလန္လို႔စြပ္စြဲခံရသူေတြကို လုပ္ၾကံတဲ့ျဖစ္ရပ္ေတြ ခုေနာက္ပိုင္းမွာ မၾကာခနဆိုသလိုရွိလာေနပါတယ္။ တဘက္မွာလည္း အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကိုဆက္စပ္သူေတြကို သတ္ျဖတ္ ရန္ျပဳတာေတြလည္း ရွိပါတယ္။ ဒီအေျခအေနေတြအေပၚ သံုးသပ္ခ်က္အျမင္တခ်ဳိ႕ကို စုစည္းၿပီး ရန္ကုန္ကေပးပို႔ထားတာကို မစုျမတ္မြန္ကေျပာျပပါမယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဒလန္လို႔စြပ္စြဲခံရသူေတြ စစ္ေကာင္စီကခန္႔အပ္ထားတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြ သတ္ျဖတ္ခံရတာ အခုေနာက္ပိုင္း ခပ္စိပ္စိပ္ ရွိလာေနတာပါ။
ဇြန္လ ၁၇ ရက္ေန႔မွာ ရန္ကုန္တိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္က သံတံတားရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္မိုး (ခ) မိုးမိုးဟာ သူ႔ရဲ႕ေနအိမ္မွာ ဘယ္သူဘယ္ဝါမသိတဲ့ ေသနတ္သမားရဲ႕ ပစ္ခတ္မႈေၾကာင့္ ညာဘက္နားရြက္ဒ ဏ္ရာရခဲ့ၿပီး ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရပါတယ္။ VOA က သိထားသေလာက္ ဇြန္လ ၁၆ ရက္ေန႔ တရက္တည္းမွာတင္ လိႈင္သာယာၿမိဳ႕နယ္ အမွတ္ ၁၃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးလွဦး ဦးေခါင္းမွာေသနတ္နဲ႔ ပစ္သတ္ခံရၿပီး ေက်ာက္တန္းၿမိဳ႕နယ္ ဒုပညာေရးမွဴး ဦးေအးထြန္းဟာလည္း ေသနတ္နဲ႔
ပစ္သတ္ခံခဲ့ရသလို ကရင္ျပည္နယ္ ဘုရားသံုးဆူၿမိဳ႕က စစ္တပ္သတင္းေပးလို႔ စြပ္စြဲခံရသူတဦး ေသနတ္န႔ဲပစ္သတ္ခံရပါတယ္။

လူေတြ အျပန္အလွန္ သတ္ျဖတ္တာေတြကို အားမေပးသလို အာဏာသိမ္း စစ္ေကာင္စီရဲ႕ သတ္ျဖတ္မႈကိုလည္း ျပင္းျပင္းထန္ထန္ ကန္႔ကြက္တယ္လို႔ သတင္းစာဆရာတဦးက ေျပာပါတယ္။

“လူေတြ အခ်င္းခ်င္းသတ္ျဖတ္တာေတြက ဒါေကာင္းတဲ့အလုပ္မဟုတ္ဘူး ေနာ္၊ အျပန္အလွန္ သတ္ျဖတ္ေနတာလည္း တိုင္းျပည္အတြက္ ေကာင္းလာမယ္ အေရွ႕ကို ပိုေကာင္းလာမယ္လို႔ မယူဆဘူး၊ ယူဆလည္းမရွိဘူးေပါ့ေနာ္။ ဒီအျပန္အလွန္သတ္ျဖတ္မႈေတြက၊ ပိုၿပီးေတာ့ အျပန္အလွန္အညွိဳးထားၾကမယ္။အျပန္အလွန္ လက္စားေခ်တယ္ဆိုတဲ့ ဆိုးက်ဳိးသံသရာထဲကို ဆင္းသြားႏိုင္စရာရွိတယ္၊ အဲ့ေတာ့ ကိုယ့္ရဲ႕ ကိုယ္က်င့္သီလနဲ႔ စံႏႈန္းတန္ဖိုးအရ ဘာသာေရးအဆံုးအမအရ ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ ဘယ္သူ႔ဘယ္သူကိုမွ သတ္ျဖတ္တာမ်ဳိး မလိုလားဘူးေပါ့ေနာ္၊ မျမင္ခ်င္ဘူး ဒါေထာက္ခံအားေပးမလုပ္ခ်င္ဘူးဆိုတဲ့ သေဘာတရားရွိတယ္၊ အဲ့ေတာ့ အျမင္တခုကို ျပတ္ျပတ္သားသားေျပာရလို႔ရွိရင္ေတာ့ အဲ့စံႏႈန္းတန္ဖိုးအေပၚမွာ အေျခခံၿပီးေျပာခ်င္တယ္၊ သတ္ျဖတ္တာ ဘယ္သူ႔ပဲျဖစ္ျဖစ္ေပါ့ေနာ္ စစ္ေကာင္စီကသတ္တာပဲျဖစ္ျဖစ္ ဒလန္ဆိုၿပီး နာမည္တပ္ၿပီးေတာ့ သတ္တာပဲျဖစ္ျဖစ္ သတ္ျဖတ္မႈကေတာ့ မေကာင္းဘူး၊ သတ္ျဖတ္တာေၾကာင့္ တိုင္းျပည္ေျပလည္သြားမယ္လို႔လည္း မယူဆဘူး၊ သို႔ေသာ္အဲ့လိုေျပာလို႔ အာဏာသိမ္းတာကို၊ အာဏာသိမ္းတဲ့ စစ္ေကာင္စီက သတ္ျဖတ္တာကို သေဘာတူတယ္ဆိုတဲသေဘာ မသက္ေရာက္ဘူးေပါ့ေနာ္ အဲ့ဒါကိုလည္း ျပင္းျပင္းထန္ထန္ဆန္႔က်င္တယ္ ကန္႔ကြက္တယ္။”

လက္နက္ခ်င္းယွဥ္ၿပီး တိုက္ခိုက္တာမဟုတ္တာေၾကာင့္႔ ဒလန္လို႔ နာမည္တပ္ၿပီး လူမွားမသတ္မိဖို႔ ဆင္ျခင္ဖို႔လိုတယ္လို႔ ေနာက္ သတင္းစာဆရာတဦးကလည္း သတိေပးပါတယ္။
“ေတာ္လွန္ေရးအင္အားစုက တပ္က လက္နက္အားကိုးနဲ႔ ျပည္သူလူထုကို ဖိႏွိပ္တဲ့အတြက္ လက္နက္နဲ႔ျပန္ၿပီးေတာ့ ေတာ္လွန္တိုက္ခိုက္တာ ဒီကိစၥတရားတယ္၊ ဥပမာအားျဖင့္ ကယားမွာ အခုျဖစ္ေနတဲ့တိုက္ပြဲလို ဟာမ်ဳိးေပါ့ေနာ္၊ မင္းတပ္မွာျဖစ္ေနတဲ့ တိုက္ပြဲလိုဟာမ်ဳိး၊ ဒီကိစၥတရားတယ္ေပါ့ေနာ္၊ ႏွစ္ဘက္အျပန္အလွန္ တိုက္ၾကတာျဖစ္တဲ့အတြက္၊ ဒလန္ကို ေနာက္ပိုးသိပ္ၿပီး သတ္တဲ့ကိစၥေတာ့ ဒီကိစၥေတာ့ တရားတယ္လို႔ မယူဆဘူးေပ့ါေနာ္ ကိုယ့္အေနနဲ႔၊ သို႔ေသာ္တရားတယ္လို႔ မယူေပမယ့္ ဒီကိစၥကိုလုပ္ေနတာကို အားမေပးဘူး၊ သို႔ေသာ္လုပ္ေနတဲ့သူေတြလည္း အျပစ္မတင္ခ်င္ဘူး၊ ျဖစ္ေနတဲ့ ျပႆနာကေပါ့ေနာ္၊ သို႔ေသာ္လူမမွားေအာင္
လူမွားၿပီးမသတ္ေအာင္ေတာ့ ဆင္ျခင္သတိထားဖို႔လိုမယ္ဆိုတဲ့ဟာကေတာ့ ေျပာခ်င္တာေပ့ါေနာ္။”

စစ္ေကာင္စီကို လိုလားသူေတြ ပစ္မွတ္ထား အသတ္ခံေနရတာဟာ အာဏာသိမ္းစစ္ေကာင္စီရဲ႕အၾကမ္းဖက္ ရက္စက္မႈေတြေၾကာင့္ ျဖစ္လာရတယ္လို႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးသန္းစိုးႏိုင္က ျမင္ပါတယ္။

“အဲ့ဒါျဖစ္ရတဲ့ အေၾကာင္းကေတာ့ ခုနကလို လံုၿခံဳေရးတပ္ဖြဲ႔ေတြကေနၿပီးေတာ့ ျပည္သူလူထု ၿငိမ္းခ်မ္းစြာဆႏၵျပမႈကို အၾကမ္းဖက္ၿဖိဳခြဲမႈေတြကေန ေပၚေပါက္လာတယ္လို႔ က်ေနာ္ျမင္ပါတယ္။ အဲ့ဒီအေပၚမွာ ျပန္ၿပီးတုန္႔ျပန္တိုက္ခိုက္မႈေတြ ရွိတယ္လို႔လည္း က်ေနာ္ယူဆပါတယ္။”

ၿငိမ္းခ်မ္းစြာဆႏၵျပတာေတြ၊ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈေတြကေန လက္ရွိမွာ ခုခံကာကြယ္ေရး လႈပ္ရွားမႈဘက္ကို ေျပာင္းလာေနၾကၿပီး ဒီေနရာမွာ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့ အင္အားစုအေပၚ တုန္႔ျပန္တိုက္ခိုက္တာမ်ဳိး ျဖစ္လာတာလို႔ ႏိုင္ငံေရးေလ့လာသံုးသူ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

“အင္အားစုႏွစ္ရပ္ေပါ့၊ အင္အားစုဆိုတာ စစ္ေကာင္စီလိုလားတဲ့ အင္အားစုနဲ႔ စစ္ေကာင္စီဆန္႔က်င္တဲ့ အင္အားစုေတြၾကားမွာ ေနာ္ … အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္လာတယ္၊ အဲ့ဒီလိုျဖစ္လာတာဟာ တိုင္းျပည္အတြက္ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး၊ အဲ့ဒါေတြ ရပ္သြားေစခ်င္လို႔ရွိရင္ စစ္ေကာင္စီအေနနဲ႔ ဒီ လံုၿခံဳေရးလုပ္ငန္းေတြ လုပ္ရြက္တဲ့ေနရာမွာ တရားမဲ့ ဖိႏွိပ္မႈေတြ သတ္ျဖတ္မႈေတြ မလုပ္ဖို႔ အဲ့ဒါေတြ ရပ္ဖို႔ လုိပါတယ္၊ အဲ့ဒါေတြရပ္မွသာလွ်င္ ဒါရပ္ဆိုင္းသြားႏိုင္မယ္ ေလ်ာ့ပါးသြားႏိုင္မယ့္ အေျခအေနရွိတယ္လို႔
က်ေနာ္ျမင္ပါတယ္ခင္ဗ်။ ဒါေပမယ့္ ကေန႔အခ်ိန္ထိ စစ္ေကာင္စီက ၿမိဳ႔ျပမွာေရာ ေက်းလက္မွာပါအခုဆက္လက္ၿပီးေတာ့ ဖိႏွိပ္သတ္ျဖတ္မႈေတြ ဆက္လုပ္ေနသမွ်ေတာ့ အဲ့ဒီကိစၥေတြက ရွိလာဦးမွာ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ႏွိမ္နင္းတာ၊ စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြၾကား တိုက္ခုိက္တာေတြကေန လူေပါင္း ၈၆၀ ေက်ာ္ေသဆုံးခဲ့ၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရသူ ၆,၀၀၀ ရွိတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ထားပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


အပြန်အလှန် သတ်ဖြတ်မှုတွေအပေါ် ဘယ်လိုအမြင်ရှိကြလဲ

(Unicode)

စစ်ကောင်စီက ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးနဲ့ ဒလန်လို့စွပ်စွဲခံရသူတွေကို လုပ်ကြံတဲ့ဖြစ်ရပ်တွေ ခုနောက်ပိုင်းမှာ မကြာခနဆိုသလိုရှိလာနေပါတယ်။ တဘက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုဆက်စပ်သူတွေကို သတ်ဖြတ် ရန်ပြုတာတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေအပေါ် သုံးသပ်ချက်အမြင်တချို့ကို စုစည်းပြီး ရန်ကုန်ကပေးပို့ထားတာကို မစုမြတ်မွန်ကပြောပြပါမယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒလန်လို့စွပ်စွဲခံရသူတွေ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာ အခုနောက်ပိုင်း ခပ်စိပ်စိပ် ရှိလာနေတာပါ။

ဇွန်လ ၁၇ ရက်နေ့မှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်က သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး (ခ) မိုးမိုးဟာ သူ့ရဲ့နေအိမ်မှာ ဘယ်သူဘယ်ဝါမသိတဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ညာဘက်နားရွက်ဒ ဏ်ရာရခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ VOA က သိထားသလောက် ဇွန်လ ၁၆ ရက်နေ့ တရက်တည်းမှာတင် လှိုင်သာယာမြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး ဦးခေါင်းမှာသေနတ်နဲ့ ပစ်သတ်ခံရပြီး ကျောက်တန်းမြို့နယ် ဒုပညာရေးမှူး ဦးအေးထွန်းဟာလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရသလို ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူတဦး သေနတ်နဲ့ပစ်သတ်ခံရပါတယ်။

လူတွေ အပြန်အလှန် သတ်ဖြတ်တာတွေကို အားမပေးသလို အာဏာသိမ်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ သတင်းစာဆရာတဦးက ပြောပါတယ်။

“လူတွေ အချင်းချင်းသတ်ဖြတ်တာတွေက ဒါကောင်းတဲ့အလုပ်မဟုတ်ဘူး နော်၊ အပြန်အလှန် သတ်ဖြတ်နေတာလည်း တိုင်းပြည်အတွက် ကောင်းလာမယ် အရှေ့ကို ပိုကောင်းလာမယ်လို့ မယူဆဘူး၊ ယူဆလည်းမရှိဘူးပေါ့နော်။ ဒီအပြန်အလှန်သတ်ဖြတ်မှုတွေက၊ ပိုပြီးတော့ အပြန်အလှန်အညှိုးထားကြမယ်။အပြန်အလှန် လက်စားချေတယ်ဆိုတဲ့ ဆိုးကျိုးသံသရာထဲကို ဆင်းသွားနိုင်စရာရှိတယ်၊ အဲ့တော့ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလနဲ့ စံနှုန်းတန်ဖိုးအရ ဘာသာရေးအဆုံးအမအရ ပြောမယ်ဆိုလို့ရှိရင်တော့ ဘယ်သူ့ဘယ်သူကိုမှ သတ်ဖြတ်တာမျိုး မလိုလားဘူးပေါ့နော်၊ မမြင်ချင်ဘူး ဒါထောက်ခံအားပေးမလုပ်ချင်ဘူးဆိုတဲ့ သဘောတရားရှိတယ်၊ အဲ့တော့ အမြင်တခုကို ပြတ်ပြတ်သားသားပြောရလို့ရှိရင်တော့ အဲ့စံနှုန်းတန်ဖိုးအပေါ်မှာ အခြေခံပြီးပြောချင်တယ်၊ သတ်ဖြတ်တာ ဘယ်သူ့ပဲဖြစ်ဖြစ်ပေါ့နော် စစ်ကောင်စီကသတ်တာပဲဖြစ်ဖြစ် ဒလန်ဆိုပြီး နာမည်တပ်ပြီးတော့ သတ်တာပဲဖြစ်ဖြစ် သတ်ဖြတ်မှုကတော့ မကောင်းဘူး၊ သတ်ဖြတ်တာကြောင့်
တိုင်းပြည်ပြေလည်သွားမယ်လို့လည်း မယူဆဘူး၊ သို့သော်အဲ့လိုပြောလို့ အာဏာသိမ်းတာကို၊ အာဏာသိမ်းတဲ့ စစ်ကောင်စီက သတ်ဖြတ်တာကို သဘောတူတယ်ဆိုတဲသဘော မသက်ရောက်ဘူးပေါ့နော် အဲ့ဒါကိုလည်း ပြင်းပြင်းထန်ထန်ဆန့်ကျင်တယ် ကန့်ကွက်တယ်။”

လက်နက်ချင်းယှဉ်ပြီး တိုက်ခိုက်တာမဟုတ်တာကြောင့့် ဒလန်လို့ နာမည်တပ်ပြီး လူမှားမသတ်မိဖို့ ဆင်ခြင်ဖို့လိုတယ်လို့ နောက် သတင်းစာဆရာတဦးကလည်း သတိပေးပါတယ်။

“တော်လှန်ရေးအင်အားစုက တပ်က လက်နက်အားကိုးနဲ့ ပြည်သူလူထုကို ဖိနှိပ်တဲ့အတွက် လက်နက်နဲ့ပြန်ပြီးတော့ တော်လှန်တိုက်ခိုက်တာ ဒီကိစ္စတရားတယ်၊ ဥပမာအားဖြင့် ကယားမှာ အခုဖြစ်နေတဲ့တိုက်ပွဲလို ဟာမျိုးပေါ့နော်၊ မင်းတပ်မှာဖြစ်နေတဲ့ တိုက်ပွဲလိုဟာမျိုး၊ ဒီကိစ္စတရားတယ်ပေါ့နော်၊ နှစ်ဘက်အပြန်အလှန် တိုက်ကြတာဖြစ်တဲ့အတွက်၊ ဒလန်ကို နောက်ပိုးသိပ်ပြီး သတ်တဲ့ကိစ္စတော့ ဒီကိစ္စတော့ တရားတယ်လို့ မယူဆဘူးပေ့ါနော် ကိုယ့်အနေနဲ့၊ သို့သော်တရားတယ်လို့ မယူပေမယ့် ဒီကိစ္စကိုလုပ်နေတာကို အားမပေးဘူး၊ သို့သော်လုပ်နေတဲ့သူတွေလည်း အပြစ်မတင်ချင်ဘူး၊ ဖြစ်နေတဲ့ ပြဿနာကပေါ့နော်၊ သို့သော်လူမမှားအောင်
လူမှားပြီးမသတ်အောင်တော့ ဆင်ခြင်သတိထားဖို့လိုမယ်ဆိုတဲ့ဟာကတော့ ပြောချင်တာပေ့ါနော်။”

စစ်ကောင်စီကို လိုလားသူတွေ ပစ်မှတ်ထား အသတ်ခံနေရတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့
အကြမ်းဖက် ရက်စက်မှုတွေကြောင့် ဖြစ်လာရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြင်ပါတယ်။
“အဲ့ဒါဖြစ်ရတဲ့ အကြောင်းကတော့ ခုနကလို လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့ ပြည်သူလူထု ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲမှုတွေကနေ ပေါ်ပေါက်လာတယ်လို့ ကျနော်မြင်ပါတယ်။ အဲ့ဒီအပေါ်မှာ ပြန်ပြီးတုန့်ပြန်တိုက်ခိုက်မှုတွေ ရှိတယ်လို့လည်း ကျနော်ယူဆပါတယ်။”

ငြိမ်းချမ်းစွာဆန္ဒပြတာတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကနေ လက်ရှိမှာ ခုခံကာကွယ်ရေး လှုပ်ရှားမှုဘက်ကို ပြောင်းလာနေကြပြီး ဒီနေရာမှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အင်အားစုအပေါ် တုန့်ပြန်တိုက်ခိုက်တာမျိုး ဖြစ်လာတာလို့ နိုင်ငံရေးလေ့လာသုံးသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အင်အားစုနှစ်ရပ်ပေါ့၊ အင်အားစုဆိုတာ စစ်ကောင်စီလိုလားတဲ့ အင်အားစုနဲ့ စစ်ကောင်စီဆန့်ကျင်တဲ့ အင်အားစုတွေကြားမှာ နော် … အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာတယ်၊ အဲ့ဒီလိုဖြစ်လာတာဟာ တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး၊ အဲ့ဒါတွေ ရပ်သွားစေချင်လို့ရှိရင် စစ်ကောင်စီအနေနဲ့ ဒီ လုံခြုံရေးလုပ်ငန်းတွေ လုပ်ရွက်တဲ့နေရာမှာ တရားမဲ့ ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ မလုပ်ဖို့ အဲ့ဒါတွေ ရပ်ဖို့ လိုပါတယ်၊ အဲ့ဒါတွေရပ်မှသာလျှင် ဒါရပ်ဆိုင်းသွားနိုင်မယ် လျော့ပါးသွားနိုင်မယ့် အခြေအနေရှိတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။ ဒါပေမယ့် ကနေ့အချိန်ထိ စစ်ကောင်စီက မြို့ပြမှာရော ကျေးလက်မှာပါအခုဆက်လက်ပြီးတော့ ဖိနှိပ်သတ်ဖြတ်မှုတွေ ဆက်လုပ်နေသမျှတော့ အဲ့ဒီကိစ္စတွေက ရှိလာဦးမှာ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်နှိမ်နင်းတာ၊ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ခိုက်တာတွေကနေ လူပေါင်း ၈၆၀ ကျော်
သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၆,၀၀၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG