သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆို-ဖ႐ူဆိုလမ္း တံတားႏွစ္စင္း မိုင္းခဲြ ဖ်က္ဆီးခံရ


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြၾကား ဒီေန႔ ေမလ ၃၁ ရက္ေန႔မွာ တိုက္ပြဲျဖစ္ခဲ့တာမွာ စစ္ေကာင္စီဘက္က ရဟတ္ယာဥ္ လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတယ္လို႔ၿမိဳ႕ခံေတြကေျပာပါတယ္။ လြိဳင္ေကာ္၊ ဒီးေမာ့ဆို စတဲ့ၿမိဳ႕ ေတြအတြက္ သြားလာေရးမွာ အေရးပါတဲ့ တံတား ၂ စင္းလည္း မိုင္းခြဲဖ်က္စီးခံရပါတယ္။ စစ္တပ္နဲ႔ PDF တပ္ေတြၾကား တိုက္ပြဲေတြျဖစ္ခဲ့ၿပီးကတည္းက ကယားျပည္နယ္ထဲ ေမာ္ေတာ္ယာဥ္ အဝင္အထြက္ကို စစ္ေကာင္စီက ပိတ္ထားတဲ့ၾကားမွာ ခုလို ဒီးေမာ့ဆိုၿမိဳ႕နဲ႔ ဖ႐ူဆိုၿမိဳ႕ၾကားက တံတား ၂ စင္း ဖ်က္စီးခံရတဲ့အတြက္ ေဒသခံေတြ ကုန္စည္ျပတ္လတ္မႈနဲ႔ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေနေျပာၿပေပးမွာပါ။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ ဒီေန႔ ေမလ ၃၁ ရက္ ညေနပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နီျပည္သူ႔ကာကြယ္ေရး အဖြဲ႕တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီးအပါဝင္ ရဟတ္ယာဥ္နဲ႔ပါ ပစ္ခတ္ေနတယ္လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။

"ခုဏက ပစ္ေနတယ္ေပါ့။ ဒီးေမာ့ဆိုဘက္မွာ အေျမာက္နဲ႔ေရာ၊ ဟက္စကီးနဲ႔ပါပစ္ေနတာေပါ့။ ဟုတ္တယ္ ႏွစ္ဘက္တပ္ဆိုေပမဲ့ သူတို႔က အေပၚကေန ရဟတ္ယာဥ္အေျမာက္ေတြသုံးၿပီးေတာ့ ပစ္ေနတယ္ဗ်။ လြိဳင္ေကာ္က အေျမာက္တပ္ကေန ဒီးေမာ့ဆိုကို လွမ္းပစ္တယ္။ ၿပီးလို႔ရွိရင္ ဟက္စကီးနဲ႔ သူတို႔ ဒီးေမာ့ဆိုၿမိဳ႕အေပၚဝဲၿပီးေတာ့ပစ္ေနတယ္ေပါ့အခု။"

အျပန္အလွန္ ပစ္ခတ္မႈအတြင္း ထိခိုက္မႈကိုေတာ့ မသိရေသးပါဘူး။

ေမလ ၃၀ ရက္ ညကေတာ့ ဒီးေမာ့ဆိုၿမိဳ႕ကေန ဖ႐ူဆိုၿမိဳ႕သြားတဲ့ ကားလမ္းမႀကီးေပၚက တံတား ၂ စင္း မိုင္းခြဲဖ်က္စီးခံရပါတယ္။

"ဒီးေမာ့ဆို ဖ႐ူဆိုဘက္ တံတားႀကီးႏွစ္စင္းေပါ့ေနာ္။ အဲဒီလိုမ်ိဳး အဖ်က္ခံရတယ္။ ဘာေၾကာင့္ဖ်က္တာလဲဆိုရင္ေတာ့... ဒါေတာ့ ဘယ္အဖြဲ႕အစည္းကေန လုပ္တာလဲေတာ့ က်ေနာ္တို႔ မသိဘူး။ ဒါေပမဲ့လို႔ တံတားက ဗုံးေဖာက္ခြဲ မိုင္း ေဖာက္ခြဲခံရတဲ့ ပုံစံလိုမ်ိဳးပဲ။"

ဒီးေမာ့ဆိုနဲ႔ ဖ႐ူဆိုၿမိဳ႕အၾကား ကဒါးလားေက်းရြာအနီးမွာ တံတားေတြ မိုင္းခြဲဖ်က္စီးခံခဲ့ရတာပါ။ ဒီတံတားမွာ လုံျခဳံေရး အေစာင့္မရွိဘဲ စစ္တပ္ဘက္က ရံဖန္ရံခါ ကင္းလွည့္ေနတာလို႔လဲ ေဒသခံေတြကေျပာပါတယ္။ ဒီတံတားေၾတ ေဖာက္ခဲြ ခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

"တံတား ၂ စင္းေဖာက္ခြဲခံရတာေပါ့။ ဒီးေမာ့ဆိုနဲ႔ က်ေနာ္တို႔ ဟိုဘက္ ေဘာ္လခဲတံတား ၂ စင္းကို ဒါဖ်က္စီးတဲ့ျဖစ္စဥ္ရွိပါတယ္။ KNPP နဲ႔ ဟိုဟာအဖြဲ႕ေတြ အဲဒီဘက္မွာ လုပ္ေနတဲ့အၾကမ္းဖက္အဖြဲ႕ပဲ ထင္ပါတယ္။"

ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ KNPP နဲ႔ ကရင္နီျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြ ေဖာက္ခြဲဖ်က္စီးတာလို႔ စစ္ေကာင္စီဘက္က စြပ္စြဲထားပါတယ္။ ဒါေပမဲ့ ကရင္နီျပည္သူ႔ကာကြယ္ေရးအဖြဲ႕ရဲ့ ျပန္ၾကားေရးတာဝန္ခံကေန ျငင္းဆိုထားပါတယ္။

"က်ေနာ္တို႔ကေတာ့ အမ်ားျပည္သူသြားလာေနတဲ့လမ္းေပါ့။ အဓိကကေတာ့ ကိုယ္ေတြျပည္သူေတြ ကိုယ္တိုင္ အားကိုးအားထားၿပီး သြားေနရတဲ့လမ္းကိုေတာ့ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔မွ ဖ်က္စီးမွာေတာ့ မဟုတ္ဘူးခင္ဗ်။ ၿပီးေတာ့ အဲဒီတံတားဖ်က္စီးေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း က်ေနာ္တို႔႔ဘက္က ဘာလႈပ္ရွားမႈမွ မရွိပါဘူးခင္ဗ်။ သူတို႔ဒီစစ္ေကာင္စီဘက္ကလူေတြ ဖ်က္စီးတာပဲ ျဖစ္နိုင္ေျခမ်ားတယ္ဗ်။"

အဆိုပါ ဖ်က္စီးခံရတဲ့တံတားဟာ လြိဳင္ေကာ္ၿမိဳ႕၊ ဒီးေမာဆိုၿမိဳ႕ကေန ဖ႐ူဆိုၿမိဳ႕၊ ေဘာလခဲၿမိဳ႕၊ ဖားေဆာင္းၿမိဳ႕၊ မယ္စဲ့ၿမိဳ႕ဘက္ကို ျဖတ္သြားတဲ့ လမ္းမႀကီးေပၚက တံတားေတြျဖစ္ၿပီးကယားျပည္နယ္ရဲ့ ကုန္စည္ပို႔ေဆာင္ေရးအတြက္ အဓိကလမ္းႀကီးျဖစ္တယ္လို႔ ဒီးေမာ့ဆို ၿမိဳ႕ခံေတြကေျပာပါတယ္။

"ဘယ္ေလာက္အထိ အေရးပါလဲဆိုရင္ေတာ့ ကယားျပည္နယ္ရဲ့ ၿမိဳ႕ေတာ္ ၄ ၿမိဳ႕နယ္ေလာက္က အဲဒီဘက္ျခမ္းရွိေနတယ္။ မယ္စဲ့၊ ေဘာ္လခဲ၊ ဖားေဆာင္း၊ ဖ႐ူဆိုက အဲဒီဘက္လမ္းေၾကာင္း အဲဒီၿမိဳ႕နယ္ကုန္စည္စီးဆင္းမႈေတြ ျပတ္ေတာက္ကုန္မယ္။ ေနာက္ၿပီးေတာ့အခက္ခဲေတြၾကဳံလာမယ္ေပါ့။"

ဒီးေမာ့ဆို ၿမိဳ႕ဘက္မွာ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕နဲ႔ စစ္ေကာင္ စီတပ္တို႔အၾကား ေမလ (၂၁) ရက္ေန႔ကေန (၃၁) ရက္ ေန႔ အထိ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ပြါးခဲ့ပါတယ္။ ကယားျပည္နယ္ လြိဳင္ေကာ္ ဒီးေမာ့ဆိုနဲ႔ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္ အစပ္ မိုးျဗဲၿမိဳ႕မွာ ႏွစ္ဘက္ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ပြါးခဲ့ၿပီးေနာက္ ေမလ ၂၉ ရက္ေန႔မွာ ကယားျပည္နယ္ဘက္ ယာဥ္အဝင္အထြက္ကို စစ္ေကာင္စီဘက္က ပိတ္ပင္ခဲ့တာပါ။

ဒီလို ယာဥ္အဝင္အထြက္ပိတ္ပင္ထားတဲ့အတြက္ ကုန္စည္ျပတ္လပ္ေနၿပီး ေစ်းႏႈန္းျမင့္တက္လာေနတယ္လို႔ လြိဳင္ေကာ္ ၿမိဳ႕ခံတဦးကေျပာပါတယ္။

"အခုပိတ္ေနတယ္။ ကေလာ ေအာင္ပန္းလမ္းဘက္မွာလည္း ပိတ္ထားတယ္။ ေနာက္ၿပီးေတာ့ပင္ေလာင္းဘက္မွာလည္း ပိတ္ထားတယ္... ၀င္လို႔ မရဘူး။ အခုလိြဳင္ေကာ္မွာ ဆန္တအိတ္ ၇၀,၀၀၀ ျဖစ္ကုန္ၿပီးလို႔ ေျပာတယ္။ နဂိုလ္မူလဆန္တအိတ္ ၃၀,၀၀၀ ကေန ၄၀,၀၀၀ ၾကားေတာ့ရွိတာေပါ့။ ဆန္မွ မဟုတ္ဘူး တျခားကုန္ပစၥည္းေတြလည္း ေစ်းတက္ကုန္ၿပီ။"

ကယားျပည္နယ္ကို အဝင္အထြက္ပိတ္ပင္ထားတာဟာ လုံျခဳံေရးအရ စစ္ေဆးေနတာျဖစ္ေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာဆိုခဲ့ပါတယ္။

ကယားျပည္နယ္ထဲက ေဒသခံျပည္သူ႕ကာကြယ္ေရးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ပစ္ခတ္တိုက္ခိုက္မွဳေတြေၾကာင့္ လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ဖ႐ူဆို၊ မိုးၿမဲ စတဲ့ၿမိဳ႕ေတြက ေဒသခံ ၇၀,၀၀၀ ေလာက္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ လမ္းေတြ ပိတ္ဆို႔ထားတဲ့အတြက္ စစ္ေဘးဒုကၡသည္ေတြအတြက္ ကူညီေရးမွာအခက္ေတြ႕ေနတယ္လို႕ စစ္ေရွာင္ေကာ္မီတီ၀င္တဦးက ေျပာပါတယ္။

"ေန႔႐ွည္ထပ္ပိတ္မယ္ဆိုရင္ေတာ့ ဒုကၡေရာက္တာပဲ ရွိမယ္။ အခုေနေတာင္မွ ကေလးေတြအတြက္၊ အမ်ိဳးသမီးေတြအတြက္၊ သက္ႀကီးရြယ္အိုေတြအတြက္ သူတို႕အတြက္ေဆးေတြကလည္း ျပတ္ေနတယ္။ စစ္ေရွာင္ေတြအတြက္လာလွဴတဲ့ ဆန္ေတြ၊ ဆီေတြ၊ ေနာက္ေဆး၀ါးပစၥည္းေတြ လာလွဴလို႔ မရေတာ့ဘူးေပါ့။"

ကယားျပည္နယ္ထဲက အိုးအိမ္ပစ္ ထြက္ေျပးေနၾကရသူေတြအတြက္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းကေန အေရးေပၚ ကယ္ဆယ္ေရးပစၥည္းေတြ ေပးပို႔တယ္လို႔ ထုတ္ျပန္ထားေပမဲ့ လက္ရွိဒုကၡသည္ေတြ လက္ထဲမေရာက္ေသးပါဘူး။ စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးမယ့္သူေတြအတြက္ လံုၿခံဳေရးကလည္း စိုးရိမ္စရာျဖစ္ေနတာမို႔ ဒုကၡသည္ေတြ အကူအညီရႏိုင္ဖုိ႔ အေတာ္ေလး ခက္ခဲေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒီးမော့ဆို-ဖရူဆိုလမ်း တံတားနှစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဒီနေ့ မေလ ၃၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆို စတဲ့မြို့ တွေအတွက် သွားလာရေးမှာ အရေးပါတဲ့ တံတား ၂ စင်းလည်း မိုင်းခွဲဖျက်စီးခံရပါတယ်။ စစ်တပ်နဲ့ PDF တပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးကတည်းက ကယားပြည်နယ်ထဲ မော်တော်ယာဉ် အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားတဲ့ကြားမှာ ခုလို ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့ကြားက တံတား ၂ စင်း ဖျက်စီးခံရတဲ့အတွက် ဒေသခံတွေ ကုန်စည်ပြတ်လတ်မှုနဲ့ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့ မေလ ၃၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပါဝင် ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"ခုဏက ပစ်နေတယ်ပေါ့။ ဒီးမော့ဆိုဘက်မှာ အမြောက်နဲ့ရော၊ ဟက်စကီးနဲ့ပါပစ်နေတာပေါ့။ ဟုတ်တယ် နှစ်ဘက်တပ်ဆိုပေမဲ့ သူတို့က အပေါ်ကနေ ရဟတ်ယာဉ်အမြောက်တွေသုံးပြီးတော့ ပစ်နေတယ်ဗျ။ လွိုင်ကော်က အမြောက်တပ်ကနေ ဒီးမော့ဆိုကို လှမ်းပစ်တယ်။ ပြီးလို့ရှိရင် ဟက်စကီးနဲ့ သူတို့ ဒီးမော့ဆိုမြို့အပေါ်ဝဲပြီးတော့ပစ်နေတယ်ပေါ့အခု။"

အပြန်အလှန် ပစ်ခတ်မှုအတွင်း ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

မေလ ၃၀ ရက် ညကတော့ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့သွားတဲ့ ကားလမ်းမကြီးပေါ်က တံတား ၂ စင်း မိုင်းခွဲဖျက်စီးခံရပါတယ်။

"ဒီးမော့ဆို ဖရူဆိုဘက် တံတားကြီးနှစ်စင်းပေါ့နော်။ အဲဒီလိုမျိုး အဖျက်ခံရတယ်။ ဘာကြောင့်ဖျက်တာလဲဆိုရင်တော့... ဒါတော့ ဘယ်အဖွဲ့အစည်းကနေ လုပ်တာလဲတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့လို့ တံတားက ဗုံးဖောက်ခွဲ မိုင်း ဖောက်ခွဲခံရတဲ့ ပုံစံလိုမျိုးပဲ။"

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့အကြား ကဒါးလားကျေးရွာအနီးမှာ တံတားတွေ မိုင်းခွဲဖျက်စီးခံခဲ့ရတာပါ။ ဒီတံတားမှာ လုံခြုံရေး အစောင့်မရှိဘဲ စစ်တပ်ဘက်က ရံဖန်ရံခါ ကင်းလှည့်နေတာလို့လဲ ဒေသခံတွေကပြောပါတယ်။ ဒီတံတားတြေ ဖောက်ခွဲ ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"တံတား ၂ စင်းဖောက်ခွဲခံရတာပေါ့။ ဒီးမော့ဆိုနဲ့ ကျနော်တို့ ဟိုဘက် ဘော်လခဲတံတား ၂ စင်းကို ဒါဖျက်စီးတဲ့ဖြစ်စဉ်ရှိပါတယ်။ KNPP နဲ့ ဟိုဟာအဖွဲ့တွေ အဲဒီဘက်မှာ လုပ်နေတဲ့အကြမ်းဖက်အဖွဲ့ပဲ ထင်ပါတယ်။"

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဖောက်ခွဲဖျက်စီးတာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကနေ ငြင်းဆိုထားပါတယ်။

"ကျနော်တို့ကတော့ အများပြည်သူသွားလာနေတဲ့လမ်းပေါ့။ အဓိကကတော့ ကိုယ်တွေပြည်သူတွေ ကိုယ်တိုင် အားကိုးအားထားပြီး သွားနေရတဲ့လမ်းကိုတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဖျက်စီးမှာတော့ မဟုတ်ဘူးခင်ဗျ။ ပြီးတော့ အဲဒီတံတားဖျက်စီးရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ဘက်က ဘာလှုပ်ရှားမှုမှ မရှိပါဘူးခင်ဗျ။ သူတို့ဒီစစ်ကောင်စီဘက်ကလူတွေ ဖျက်စီးတာပဲ ဖြစ်နိုင်ခြေများတယ်ဗျ။"

အဆိုပါ ဖျက်စီးခံရတဲ့တံတားဟာ လွိုင်ကော်မြို့၊ ဒီးမောဆိုမြို့ကနေ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့ဘက်ကို ဖြတ်သွားတဲ့ လမ်းမကြီးပေါ်က တံတားတွေဖြစ်ပြီးကယားပြည်နယ်ရဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကလမ်းကြီးဖြစ်တယ်လို့ ဒီးမော့ဆို မြို့ခံတွေကပြောပါတယ်။

"ဘယ်လောက်အထိ အရေးပါလဲဆိုရင်တော့ ကယားပြည်နယ်ရဲ့ မြို့တော် ၄ မြို့နယ်လောက်က အဲဒီဘက်ခြမ်းရှိနေတယ်။ မယ်စဲ့၊ ဘော်လခဲ၊ ဖားဆောင်း၊ ဖရူဆိုက အဲဒီဘက်လမ်းကြောင်း အဲဒီမြို့နယ်ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ကုန်မယ်။ နောက်ပြီးတော့အခက်ခဲတွေကြုံလာမယ်ပေါ့။"

ဒီးမော့ဆို မြို့ဘက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင် စီတပ်တို့အကြား မေလ (၂၁) ရက်နေ့ကနေ (၃၁) ရက် နေ့ အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။ ကယားပြည်နယ် လွိုင်ကော် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ် မိုးဗြဲမြို့မှာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့မှာ ကယားပြည်နယ်ဘက် ယာဉ်အဝင်အထွက်ကို စစ်ကောင်စီဘက်က ပိတ်ပင်ခဲ့တာပါ။

ဒီလို ယာဉ်အဝင်အထွက်ပိတ်ပင်ထားတဲ့အတွက် ကုန်စည်ပြတ်လပ်နေပြီး ဈေးနှုန်းမြင့်တက်လာနေတယ်လို့ လွိုင်ကော် မြို့ခံတဦးကပြောပါတယ်။

"အခုပိတ်နေတယ်။ ကလော အောင်ပန်းလမ်းဘက်မှာလည်း ပိတ်ထားတယ်။ နောက်ပြီးတော့ပင်လောင်းဘက်မှာလည်း ပိတ်ထားတယ်... ဝင်လို့ မရဘူး။ အခုလွိုင်ကော်မှာ ဆန်တအိတ် ၇၀,၀၀၀ ဖြစ်ကုန်ပြီးလို့ ပြောတယ်။ နဂိုလ်မူလဆန်တအိတ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြားတော့ရှိတာပေါ့။ ဆန်မှ မဟုတ်ဘူး တခြားကုန်ပစ္စည်းတွေလည်း ဈေးတက်ကုန်ပြီ။"

ကယားပြည်နယ်ကို အဝင်အထွက်ပိတ်ပင်ထားတာဟာ လုံခြုံရေးအရ စစ်ဆေးနေတာဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးမြဲ စတဲ့မြို့တွေက ဒေသခံ ၇၀,၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီရေးမှာအခက်တွေ့နေတယ်လို့ စစ်ရှောင်ကော်မီတီဝင်တဦးက ပြောပါတယ်။

"နေ့ရှည်ထပ်ပိတ်မယ်ဆိုရင်တော့ ဒုက္ခရောက်တာပဲ ရှိမယ်။ အခုနေတောင်မှ ကလေးတွေအတွက်၊ အမျိုးသမီးတွေအတွက်၊ သက်ကြီးရွယ်အိုတွေအတွက် သူတို့အတွက်ဆေးတွေကလည်း ပြတ်နေတယ်။ စစ်ရှောင်တွေအတွက်လာလှူတဲ့ ဆန်တွေ၊ ဆီတွေ၊ နောက်ဆေးဝါးပစ္စည်းတွေ လာလှူလို့ မရတော့ဘူးပေါ့။"

ကယားပြည်နယ်ထဲက အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့တယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိဒုက္ခသည်တွေ လက်ထဲမရောက်သေးပါဘူး။ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးမယ့်သူတွေအတွက် လုံခြုံရေးကလည်း စိုးရိမ်စရာဖြစ်နေတာမို့ ဒုက္ခသည်တွေ အကူအညီရနိုင်ဖို့ အတော်လေး ခက်ခဲနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG