သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂ ဖက္ အက်အဆံုးရွိတဲ့ ဗန္းေမာ္-ကသာ ကားလမ္းေပၚက တိုက္ပဲြ


ဗန္းေမာ္ခ႐ုိင္အတြင္း တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံျပည္သူမ်ား။ (ေမ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ႏိုင္ငံတလႊား ဆက္လက္ ေပၚေပါက္ေနခ်ိန္မွာပဲ ကသာၿမိဳ႕နယ္ထဲမွာေတာ့ ဗန္းေမာ္-ကသာ ကားလမ္းေပၚက ေရႊျပည္သစ္ရြာနဲ႔ ဟဲနားရြာၾကားမွာ ေဒသခံ PDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ တနဂၤေႏြေန႔ မနက္ ၉ နာရီခြဲကေန ၂ နာရီေက်ာ္ၾကာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ ေသဆံုးမႈေတြ ရွိခဲ့တယ္လို႔႔ ေဒသခံ ရြာသားတဦးက ဗြီအိုေအကို ေျပာပါတယ္။

“စစ္ေကာင္စီဘက္က အခုေလာေလာဆယ္မွာ ၅ ေယာက္က်တယ္။ ၁၃ ေယာက္ အျပင္းအထန္ ဒဏ္ရာရတယ္။ ေမးၾကည့္တာေတာ့ အခု ကသာေဆး႐ုံကို ေရာက္ေနၿပီ။ လိုက္ၿပီးေတာ့ စစ္လိုက္တဲ့အခါက်ေတာ့ ေဒသခံ PDF ထဲက မိုးတားႀကီးရြာက ၄ ေယာက္ က်ဆံုးတယ္ေပါ့ေနာ္။ ဒီ PDF အဖြဲ႔က ၄ ေယာက္ က်ဆံုးတယ္။ စစ္ေကာင္စီဘက္ကလည္း သူတို႔လူေတြ အေလာင္းက်န္ေသးတယ္ဆိုၿပီး လိုက္ေတာ့ ရွာေနတာေပါ့ေနာ္။ အဲဒီအနားမွာ။”

စစ္ေကာင္စီဘက္က လာေရာက္တဲ့ စစ္သားက ၅၀ ေက်ာ္ေလာက္ ရွိတာေၾကာင့္ ေပ်ာက္ဆံုးသူ ၁၀ ေယာက္ဝန္းက်င္ေလာက္ ရွိေနတာျဖစ္ၿပီး အခု ေပ်ာက္ဆံုးသူေတြကို စစ္တပ္က လိုက္လံရွာေဖြေနတာလို႔လည္း ေျပာပါတယ္။

လြန္ခဲ့တဲ့ ၄ ရက္ေလာက္က ကသာၿမိဳ႕နယ္ထဲမွာရွိတဲ့ မိုးတားေလးရြာ ရဲစခန္း မီး႐ႈိ႕ခံခဲ့ရတာပါ။ အခု စစ္ေကာင္စီတပ္ေတြ လာေရာက္ခ်ိန္မွာ ေဒသခံ ကာကြယ္ေရးတပ္ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ၿပီး စစ္တပ္ဘက္က ၆၀ မမ အပါအဝင္ လက္နက္ႀကီးေတြသံုး ပစ္ခတ္ခဲ့တယ္လို႔လည္း ေဒသခံက ေျပာပါတယ္။

တိုက္ခိုက္မႈေတြအတြင္း မိုးတားေလးရြာနားက မိုးတားႀကီးရြာခံ ရြာသား ၄ ဦး ေသဆံုးခဲ့ၿပီး ၂ ဦး ဒဏ္ရာရတယ္လို႔လည္း ေျပာပါတယ္။ စစ္ေကာင္စီဘက္က ၅ ဦးက တိုက္ပြဲအတြင္း ေသဆံုးခဲ့ၿပီး ဒဏ္ရာရတဲ့ ၁၃ ေယာက္ကလည္း ဒဏ္ရာျပင္းထန္တယ္လို႔ ေျပာပါတယ္။ တနဂၤေႏြေန႔မွာ ျဖစ္ပြားခဲ့တဲ့ ကသာၿမိဳ႕နယ္တြင္းက တိုက္ပြဲနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကေတာ့ သတင္းမထုတ္ျပန္ေသးပါဘူး။

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္အတြင္းမွာေတာ့ စစ္​ေကာင္စီ တပ္ဖြဲ႔ဝင္ေတြနဲ႔ ​ေဒသခံ Chinland Defense Force (CDF) တပ္ဖြဲ႔ၾကား စေနေန႔ကေန တနဂၤေႏြေန႔အထိ ႀကိဳးၾကား ႀကိဳးၾကား ပစ္ခတ္မႈေတြ ျဖစ္ပြားေနၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

၂ ဖက် အကျအဆုံးရှိတဲ့ ဗန်းမော်-ကသာ ကားလမ်းပေါ်က တိုက်ပွဲ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ နိုင်ငံတလွှား ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ ကသာမြို့နယ်ထဲမှာတော့ ဗန်းမော်-ကသာ ကားလမ်းပေါ်က ရွှေပြည်သစ်ရွာနဲ့ ဟဲနားရွာကြားမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲကနေ ၂ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ ရွာသားတဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီဘက်က အခုလောလောဆယ်မှာ ၅ ယောက်ကျတယ်။ ၁၃ ယောက် အပြင်းအထန် ဒဏ်ရာရတယ်။ မေးကြည့်တာတော့ အခု ကသာဆေးရုံကို ရောက်နေပြီ။ လိုက်ပြီးတော့ စစ်လိုက်တဲ့အခါကျတော့ ဒေသခံ PDF ထဲက မိုးတားကြီးရွာက ၄ ယောက် ကျဆုံးတယ်ပေါ့နော်။ ဒီ PDF အဖွဲ့က ၄ ယောက် ကျဆုံးတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့လူတွေ အလောင်းကျန်သေးတယ်ဆိုပြီး လိုက်တော့ ရှာနေတာပေါ့နော်။ အဲဒီအနားမှာ။”

စစ်ကောင်စီဘက်က လာရောက်တဲ့ စစ်သားက ၅၀ ကျော်လောက် ရှိတာကြောင့် ပျောက်ဆုံးသူ ၁၀ ယောက်ဝန်းကျင်လောက် ရှိနေတာဖြစ်ပြီး အခု ပျောက်ဆုံးသူတွေကို စစ်တပ်က လိုက်လံရှာဖွေနေတာလို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ ရက်လောက်က ကသာမြို့နယ်ထဲမှာရှိတဲ့ မိုးတားလေးရွာ ရဲစခန်း မီးရှို့ခံခဲ့ရတာပါ။ အခု စစ်ကောင်စီတပ်တွေ လာရောက်ချိန်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ၆၀ မမ အပါအဝင် လက်နက်ကြီးတွေသုံး ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း မိုးတားလေးရွာနားက မိုးတားကြီးရွာခံ ရွာသား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီဘက်က ၅ ဦးက တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ ၁၃ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တဲ့ ကသာမြို့နယ်တွင်းက တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ Chinland Defense Force (CDF) တပ်ဖွဲ့ကြား စနေနေ့ကနေ တနင်္ဂနွေနေ့အထိ ကြိုးကြား ကြိုးကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG