သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္တြင္း ပစ္ခတ္ဖမ္းဆီးမႈေတြ ဆက္ျဖစ္ေန


မုိးၿဗဲရဲစခန္းကို သိမ္းပိုက္ဖို႔ ႀကိဳးစားေနတဲ့ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေမ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ေကာင္စီတပ္နဲ႔ ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္တို႔အၾကား စစ္ေရးတင္းမာေနတဲ့ ကယားျပည္နယ္မွာ ဒီကေန႔မွာလည္း ဒီးေမာ့ဆိုၿမိဳ႕မွာ ပစ္ခတ္မႈ ရွိေနတယ္လို႔ ေဒသခံေတြကေျပာသလို ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္ ရွိတယ္လို႔ ထင္တဲ့ေနရာကို စစ္တပ္ဘက္က ရမ္းပစ္တာလို႔ PDF ျပန္ၾကားေရးဘက္က ေျပာပါတယ္။ ဒါ့အျပင္ ေဘာ္လခဲၿမိဳ႕မွာလည္း စစ္အာဏာရွင္ကို ဆန္႔က်င္တဲ့ လူငယ္ႏွစ္ဦးလည္း ဒီကေန႔မွာ ဖမ္းဆီးခံရပါတယ္။ ကယားျပည္နယ္ဘက္က ပစ္ခတ္ဖမ္းဆီးမႈ အေျခအေနကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ ဒီေန႔မွာလည္း စစ္ေကာင္စီတပ္နဲ႔ ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ဒီေန႔ကေတာ့ ပစ္ခတ္မႈေတြ ရွိေနေသးတယ္ေပါ့ေနာ္။ ၁၁ နာရီ ၄၀ မွာ ပစ္ခတ္မႈေတြ ရွိေနေသးတယ္ေပါ့ေနာ္။ ေန႔တိုင္း မေန႔ညကလည္း ပစ္ခတ္တာေတြ ရွိေသးတယ္။”

ကရင္နီ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ ျပန္ၾကားေရး တာဝန္ရွိသူ တဦးကေတာ့ ဒီကေန႔ ဒီးေမာ့ဆို ပစ္ခတ္မႈမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြကေန KPDF အဖြဲ႔ေတြ ရွိႏုိင္တဲ့ေနရာကို လာေရာက္ပစ္ခတ္တာလို႔ ေျပာပါတယ္။

“အျပန္အလွန္ ပစ္ခတ္မႈေတာ့ မျဖစ္ပြားဘူးခင္ဗ်။ ဒီေန႔ေတာ့ ေငြေတာင္ဆည္ကေန ေတာင္ငူခြဲသြားတဲ့ လမ္းေပါ့ေနာ္။ အဲဒီလမ္းကေနၿပီးေတာ့ စစ္အင္အား အနည္းငယ္ေလာက္နဲ႔ လမ္းေပၚကေနၿပီးေတာ့ ဒီလိုပဲ ရမ္းသန္းပစ္ၿပီးေတာ့ ျပန္သြားတာ။ အင္အားလာစမ္းတဲ့ သေဘာမ်ိဳး ျဖစ္မယ္ဗ်။”

ကယားျပည္နယ္ လြိဳင္ေကာ္၊ ဒီးေမာ့ဆိုနဲ႔ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္အစပ္ မုိးၿဗဲၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိခဲ့သလို စစ္ေကာင္စီတပ္ဘက္ကလည္း စစ္အင္အား တိုးခ်ဲ႕မႈေတြ လုပ္ေဆာင္လာပါတယ္။

ဒါေပမယ့္ ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ အေနနဲ႔ ဆက္လက္ တုိက္ပြဲဝင္သြားမယ္လို႔ ျပန္ၾကားေရးတာဝန္ခံက ဆက္ေျပာပါတယ္။

“သူတို႔ဘက္က အင္အားေတြျမႇင့္တယ္ ဆုိတာေတာ့ PDF အဖြဲ႔အစည္းေတြက ရွိေနတယ္။ သူ႔ၿမိဳ႕နယ္အလိုက္ ကရင္နီျပည္နယ္ တခုလုံးေပါ့ေနာ္။ က်ေနာ္တုိ႔ေအာက္မွာ ဝင္လာတဲ့ PDF အဖြဲ႔အစည္းေတြ ရွိေသးတယ္။ ၿပီးလို႔ရွိရင္ ရြာသားေတြ အားလုံးကလည္း အနည္းဆုံးေတာ့ လက္လုပ္ေသနတ္ေလးေတြ ရွိေနၾကလို႔ လူတိုင္းကလည္း ကာကြယ္ေရးတပ္ဖြဲ႔ဝင္ေတြ ျဖစ္လာႏုိိင္တယ္ေပါ့။ ၿပီးေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြကလည္း မ်ားေတာ့ အဲဒီဘက္ကို သူတို႔ဘက္က သတိႀကီးႀကီး ထားၿပီးေတာ့ ႀကိဳတင္ျပင္ဆင္ထားတဲ့ ပုံပါပဲဗ်။ ေရွ႕ဆက္ ဘာျဖစ္မယ္ဆိုတာ မသိဘူးေလေနာ္။”

ကယားျပည္နယ္ဘက္မွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြကို ခုခံေတာ္လွန္မႈေတြ ရွိေနသလို စစ္တပ္ဘက္ကလည္း ဖမ္းဆီးမႈေတြ ဆက္လက္ရွိေနတာပါ။

ဒီေန႔မနက္မွာ ေဘာ္လခဲၿမိဳ႕က လူငယ္ႏွစ္ေယာက္ကို စစ္ေကာင္စီတပ္ဘက္က ဖမ္းဆီးသြားတယ္လို႔ ၿမိဳ႕ခံ အမ်ိဳးသမီးတဦးက ေျပာပါတယ္။

“ဒီမနက္ ဖမ္းသြားတာ ကေလး ၂ ေယာက္။ တေယာက္က ရွမ္းပိုင္းဘက္က ေဌးႏုိင္လြင္၊ တေယာက္က ေတာင္ပိုင္းဘက္က မဇင္မာေဌး။ သူတို႔ ဘာေၾကာင့္ဖမ္းတယ္ ဆုိတာကေတာ့ ကေလးေတြက ဖုန္းနဲ႔ အဆက္အသြယ္ ရွိၾကတယ္တဲ့။ ဘာနဲ႔အဆက္အသြယ္ရွိတယ္ေတာ့ မသိဘူး။ ဖုန္းစစ္ေဆးၿပီးမွ ေခၚသြားတယ္၊ ဖမ္းသြားတယ္၊ အဲဒီလိုေတာ့ ေျပာတာပဲ။ စစ္တပ္က ဖမ္းသြားတာ။ သူတို႔ အခုေလာေလာဆယ္ေတာ့ ဗ်ဴဟာထဲမွာပဲလို႔ ေျပာတယ္။”

အဖမ္းခံရသူေတြကေတာ့ ေဘာလခဲၿမိဳ႕ ရွမ္းပိုင္းရပ္ကြက္ေနထိုင္သူ ေဌးႏုိင္လြင္ (ခ) အိုက္သား ၁၉ ႏွစ္နဲ႔ ေတာင္ပိုင္းရပ္ကြက္ EPC နဲ႔ ေထြအုပ္ဆက္စပ္လမ္းထိပ္ ေနထိုင္တဲ့ မဇင္မာေဌးတို႔ ျဖစ္ၾကပါတယ္။

အလားတူ ေမလ ၂၉ ရက္ေန႔မွာ လြိဳင္ေကာ္ၿမိဳ႕ရွိ နာနတ္ေတာရပ္ကြက္မွာ ျပည္သူတဦးကို စစ္ေကာင္စီတပ္ကေန အေၾကာင္းမဲ့ ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“လိြဳင္ေကာ္ၿမိဳ႕ ဘိုးဘြားရိပ္သာမွာ ပစ္သတ္ခံရတယ္ ဆုိတာကေတာ့ ဘိုးဘြားရိပ္သာေက်ာင္းထဲ သူတို႔ ဝင္လာတာေပါ့။ ဝင္လာၿပီးေတာ့ ထမင္းမခ်က္ေပးတဲ့ ဦးေလးကို ပစ္သတ္လိုက္တယ္။ ဘာအေၾကာင္းျပခ်က္ကို မရွိတာ။ အေၾကာင္းျပခ်က္ မရွိဘဲနဲ႔ကို ပစ္တာ။”

ကယားျပည္နယ္မွာ ျဖစ္ပြားလာတဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ခုခံေတာ္လွန္မႈ တိုက္ပြဲေတြေၾကာင့္ ဒီးေမာ့ဆို၊ လြိဳင္ေကာ္ၿမိဳ႕နယ္က စစ္ေရွာင္ ၇၀,၀၀၀ ခန္႔ စစ္ေဘးတိမ္းေရွာင္ေနရသလို အမိုးအကာနဲ႔ ေဆးဝါးအကူအညီ လိုအပ္ေနပါတယ္။

မေန႔ စေနေန႔ကစၿပီး ကယားျပည္နယ္ ယာဥ္အဝင္အထြက္ ပိတ္ပင္လိုက္တာေၾကာင့္ ေဒသခံေတြနဲ႔ စစ္ေရွာင္ေတြအတြက္ စားနပ္ရိကၡာ က်န္းမာေရးကိစၥေတြအတြက္ ပိုမိုခက္ခဲလာမယ့္ အေျခအေနမွာ ရွိလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ

စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့မှာ ပစ်ခတ်မှု ရှိနေတယ်လို့ ဒေသခံတွေကပြောသလို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် ရှိတယ်လို့ ထင်တဲ့နေရာကို စစ်တပ်ဘက်က ရမ်းပစ်တာလို့ PDF ပြန်ကြားရေးဘက်က ပြောပါတယ်။ ဒါ့အပြင် ဘော်လခဲမြို့မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်နှစ်ဦးလည်း ဒီကနေ့မှာ ဖမ်းဆီးခံရပါတယ်။ ကယားပြည်နယ်ဘက်က ပစ်ခတ်ဖမ်းဆီးမှု အခြေအနေကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ပစ်ခတ်မှုတွေ ရှိနေသေးတယ်ပေါ့နော်။ ၁၁ နာရီ ၄၀ မှာ ပစ်ခတ်မှုတွေ ရှိနေသေးတယ်ပေါ့နော်။ နေ့တိုင်း မနေ့ညကလည်း ပစ်ခတ်တာတွေ ရှိသေးတယ်။”

ကရင်နီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တဦးကတော့ ဒီကနေ့ ဒီးမော့ဆို ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေကနေ KPDF အဖွဲ့တွေ ရှိနိုင်တဲ့နေရာကို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။

“အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ပွားဘူးခင်ဗျ။ ဒီနေ့တော့ ငွေတောင်ဆည်ကနေ တောင်ငူခွဲသွားတဲ့ လမ်းပေါ့နော်။ အဲဒီလမ်းကနေပြီးတော့ စစ်အင်အား အနည်းငယ်လောက်နဲ့ လမ်းပေါ်ကနေပြီးတော့ ဒီလိုပဲ ရမ်းသန်းပစ်ပြီးတော့ ပြန်သွားတာ။ အင်အားလာစမ်းတဲ့ သဘောမျိုး ဖြစ်မယ်ဗျ။”

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်အင်အား တိုးချဲ့မှုတွေ လုပ်ဆောင်လာပါတယ်။

ဒါပေမယ့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

“သူတို့ဘက်က အင်အားတွေမြှင့်တယ် ဆိုတာတော့ PDF အဖွဲ့အစည်းတွေက ရှိနေတယ်။ သူ့မြို့နယ်အလိုက် ကရင်နီပြည်နယ် တခုလုံးပေါ့နော်။ ကျနော်တို့အောက်မှာ ဝင်လာတဲ့ PDF အဖွဲ့အစည်းတွေ ရှိသေးတယ်။ ပြီးလို့ရှိရင် ရွာသားတွေ အားလုံးကလည်း အနည်းဆုံးတော့ လက်လုပ်သေနတ်လေးတွေ ရှိနေကြလို့ လူတိုင်းကလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်လာနိုင်တယ်ပေါ့။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း များတော့ အဲဒီဘက်ကို သူတို့ဘက်က သတိကြီးကြီး ထားပြီးတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ပုံပါပဲဗျ။ ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ မသိဘူးလေနော်။”

ကယားပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတော်လှန်မှုတွေ ရှိနေသလို စစ်တပ်ဘက်ကလည်း ဖမ်းဆီးမှုတွေ ဆက်လက်ရှိနေတာပါ။

ဒီနေ့မနက်မှာ ဘော်လခဲမြို့က လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားတယ်လို့ မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဒီမနက် ဖမ်းသွားတာ ကလေး ၂ ယောက်။ တယောက်က ရှမ်းပိုင်းဘက်က ဌေးနိုင်လွင်၊ တယောက်က တောင်ပိုင်းဘက်က မဇင်မာဌေး။ သူတို့ ဘာကြောင့်ဖမ်းတယ် ဆိုတာကတော့ ကလေးတွေက ဖုန်းနဲ့ အဆက်အသွယ် ရှိကြတယ်တဲ့။ ဘာနဲ့အဆက်အသွယ်ရှိတယ်တော့ မသိဘူး။ ဖုန်းစစ်ဆေးပြီးမှ ခေါ်သွားတယ်၊ ဖမ်းသွားတယ်၊ အဲဒီလိုတော့ ပြောတာပဲ။ စစ်တပ်က ဖမ်းသွားတာ။ သူတို့ အခုလောလောဆယ်တော့ ဗျူဟာထဲမှာပဲလို့ ပြောတယ်။”

အဖမ်းခံရသူတွေကတော့ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်နေထိုင်သူ ဌေးနိုင်လွင် (ခ) အိုက်သား ၁၉ နှစ်နဲ့ တောင်ပိုင်းရပ်ကွက် EPC နဲ့ ထွေအုပ်ဆက်စပ်လမ်းထိပ် နေထိုင်တဲ့ မဇင်မာဌေးတို့ ဖြစ်ကြပါတယ်။

အလားတူ မေလ ၂၉ ရက်နေ့မှာ လွိုင်ကော်မြို့ရှိ နာနတ်တောရပ်ကွက်မှာ ပြည်သူတဦးကို စစ်ကောင်စီတပ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လွိုင်ကော်မြို့ ဘိုးဘွားရိပ်သာမှာ ပစ်သတ်ခံရတယ် ဆိုတာကတော့ ဘိုးဘွားရိပ်သာကျောင်းထဲ သူတို့ ဝင်လာတာပေါ့။ ဝင်လာပြီးတော့ ထမင်းမချက်ပေးတဲ့ ဦးလေးကို ပစ်သတ်လိုက်တယ်။ ဘာအကြောင်းပြချက်ကို မရှိတာ။ အကြောင်းပြချက် မရှိဘဲနဲ့ကို ပစ်တာ။”

ကယားပြည်နယ်မှာ ဖြစ်ပွားလာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်မှု တိုက်ပွဲတွေကြောင့် ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်က စစ်ရှောင် ၇၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရသလို အမိုးအကာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်။

မနေ့ စနေနေ့ကစပြီး ကယားပြည်နယ် ယာဉ်အဝင်အထွက် ပိတ်ပင်လိုက်တာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ကျန်းမာရေးကိစ္စတွေအတွက် ပိုမိုခက်ခဲလာမယ့် အခြေအနေမှာ ရှိလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG