သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လိြဳင္ေကာ္အနီး ရဲစခန္းတခုကို ကာကြယ္ေရးတပ္ေတြ တိုက္ခိုက္


မိုးၿဗဲရဲစခန္းကို ေဒသခံ ကာကြယ္ေရးတပ္ေတြက တိုက္ခိုက္သိမ္းယူခဲ့စဥ္(ANONYMOUS SOURCE via AFPTV )

{{Zawgyi/Unicode}}
ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္က ရဲစခန္းတခုကို ကာကြယ္ေရးတပ္ဘက္ကေန ဒီေန႕မနက္မွာတိုက္ခိုက္ခဲ့သလို ဒီးေမာ့ဆိုၿမိဳ႕ နဲ႕ ရွမ္းျပည္နယ္မိုးျဗဲၿမိဳ႕ဘက္မွာ ပစ္ခတ္မွဳေတြရွိေနတယ္လို႕ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

ကယားျပည္နယ္လြိဳင္ေကာ္ၿမိဳ႕နယ္ ဒီေမာဆိုၿမိဳ႕နဲ႕ ရွမ္းျပည္နယ္မိုးျဗဲၿမိဳ႕ဘက္မွာ ပစ္ခတ္တိုက္ခိုက္မွဳေတြျဖစ္ပြါးျဖစ္ပါတယ္။

ဒီေန႕မနက္အေစာပိုင္းမွာ လြိဳင္ေကာ္ၿမိဳ႕နယ္ ေျမာက္ဘက္ လြိဳင္လင္ေလးရြာအနီးက ထီးစဲခါးရဲစခန္းကို ကရင္နီျပည္သူ႕ကာကြယ္ ေရးအဖြဲ႕ကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႕ လြိဳင္ေကာ္ၿမိဳ႕ခံတဦးကေျပာပါတယ္။

"PDFအဖြဲ႕ကေတာ့ လြိဳင္လင္ေလး ထီးစဲခါးစခန္းေပါ့။ ရဲနဲ႕စစ္တပ္ရွိတယ္။ ရွမ္းကယားနယ္စပ္ေပါ့။ ထီးစဲခါးရြာအနီးေပါ့။ ထီးစဲခါးရဲစခန္း သူက တပ္လဲ၀င္ထိုင္ေနတယ္။ အဲတာPDF တိုက္တယ္။ မီးေလာင္သြားတယ္ေျပာတာဘဲ "

ရွမ္းျပည္နယ္နဲ႕ ကယားျပည္နယ္ နယ္စပ္ထီးစဲခါးစခန္း ပစ္ခတ္တိုက္ခိုက္ခံရမွဳနဲ႕ပက္သက္လို႕ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကိုအခုလိုေျပာပါတယ္။

"ပစ္ခတ္တိုက္ခိုက္တာေတာ့ရွိပါတယ္ဗ်။ ဒီေန႕မနက္ပိုင္းမွာလဲ တခ်ိဳ႕စခန္းေတြကို လာေရာက္ပစ္ခတ္တာေတာ့ရွိပါတယ္။ အဲဒီမွာေတာ့ကြ်န္ေတာ္တို႕ဆီက ရဲတခ်ိဳ႕ေတာ့ ထိခိုက္ဒဏ္ရာရရွိမွဳအနဲငယ္ရွိပါတယ္"

ပစ္ခတ္တိုက္ခိုက္မွဳျပင္းထန္ျဖစ္ပြါးခဲ့တဲ့ ဒီးေမာ့ဆိုၿမိဳ႕မွာလဲ စစ္ေကာင္စီတပ္ဘက္ကေန ပစ္ခတ္ခဲ့လို႕ေဒသခံတခ်ိဳ႕ ထိခိုက္ မွဳရွိတယ္လို႕ ဒီေမာဆိုၿမိဳ႕ခံတဦးကေျပာပါတယ္။

"ဒီေမာဆိုၿမိဳ႕ ၿမိဳ႕နယ္တ၀ိုက္မွာ အရပ္သားျပည္သူေတြကို လမ္းသြားလမ္းလာေတြကို စစ္ေကာင္စီကေသနတ္နဲ႕လိုက္ပစ္တယ္ဗ်။ တေယာက္ေသသြားၿပီး ႏွစ္ေယာက္ဒဏ္ရာရ။ ဟုတ္ကဲ့အရပ္သားေတြဗ်။ ခရီးသြားျပည္သူေတြ။ ကြ်န္ေတာ္တို႕လဲအပစ္ခံထိတယ္။ ဒါေပမဲ့မထိလို႕"

ျပီးခဲ့တဲ့ တနလၤာ အဂၤါေန႕ေတြတုန္း ဒီေမာဆိုၿမိဳ႕တြင္းစစ္ေကာင္စီတပ္စြဲရာရဲစခန္းနဲ႕ အစိုးရရံုးေတြကို ျပည္သူ႕ကာကြယ္ေရး အဖြဲ႕ကေန ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ဒီေမာဆိုၿမိဳ႕မွာ လုံျခံဳေရးတပ္ဖြဲ႕ေတြကေန အင္အားထပ္မံျဖည့္တင္း ေနရာယူထားသလို လမ္းသြားလာသူေတြအေပၚ စီစစ္ပစ္ခတ္မွဳေတြရွိလာေနတာပါ။

မေန႕က ဒီေမာဆိုၿမိဳ႕တြင္းရဲစခန္းတိုက္ခိုက္ခံရေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

"မေန႕ကလဲ အဲဒီမွာဒီေမာဆိုရဲစခန္းေပါ့။ ဒီေမာဆိုရဲစခန္းကို လာပစ္တာရွိပါတယ္။ ကြ်န္ေတာ္တို႕ဒီေမာဆိုျဖစ္စဥ္မွာလဲ ရဲ (၃)ဦးေလာက္ေတာ့ဒဏ္ရာရရွိတာရွိပါတယ္"

အလားတူ ရွမ္းျပည္နယ္ဖယ္ခုံၿမိဳ႕နယ္ မိုးျဗဲၿမိဳ႕ပြဲကုန္း(၃)ရပ္ကြက္မွာလဲ ဒီကေန႕မွာ စစ္ေကာင္စီဘက္ကပစ္ခတ္မွဳေတြေၾကာင့္ ၿမိဳ႕ခံေတြ တိမ္းေရွာင္ေနရတယ္လို႕ ၿမိဳ႕ခံတဦးကေျပာပါတယ္။

"သူတို႕မိုးၿဗဲပြဲကုန္း(၃)မွာ သူမ်ားအိမ္ကိုအကုန္လုံးရမ္းသန္းပစ္တယ္။ သူတို႕အိမ္ေတြလဲအကုန္လုံးေပါက္။ အိမ္ေတြအကုန္ ထိတယ္။ ပြဲကုန္း(၃)ရပ္ကြက္မွာ။ မနက္အေစာႀကီး သူတို႕ ဘာအ၀တ္စားမွမယူအားဘူး။ ေျပးလာၾကတယ္ဒီဖက္ေပါ့ေလ။ (၆)နာရီေနာက္ပိုင္းလုံး၀သြားလို႕မရဘူး။ မနက္အေစာႀကီးဘဲ သူတို႕ပစ္တယ္။ စစ္တပ္ဘက္ပစ္တာ။ စစ္သားေတြအမ်ားႀကီးဘဲ စခန္းခ်တာေလမိုးျဗဲမွာ"

မိုးျဗဲၿမိဳ႕မွာ စစ္ေရွာင္ဦးေရႏွစ္ေသာင္းေလာက္ရွိေနၿပီး သူတို႕တေတြဟာ အေနာက္ပေဒါင္ သယ္ရင္းရြာမဘက္ေတြမွာ စစ္ေဘးတိမ္းေရွာင္ေနၾကပါတယ္။

ကယားျပည္နယ္အတြင္း စစ္ေကာင္စီတပ္နဲ႕ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕တို႕အၾကားစစ္ေရးတင္းမာမွဳမွာ လြိဳင္ေကာ္နဲ႕ ဒီးေမာ့ဆိုၿမိဳ႕နယ္က ေဒသခံ(၅) ေသာင္းခန္႕ စစ္ေရွာင္ေနရၿပီးအကူညီလိုအပ္ေနတယ္လို႕ စစ္ေရွာင္ကူညီေရးအဖြဲ႕၀င္တဦးကေျပာပါတယ္။

"လြိဳင္ေကာ္တၿမိဳ႕နယ္စာလုံးဆိုလို႕ရွိရင္ေတာ့ အားလုံး(၃) ေသာင္းေလာက္ေတာ့ရွိမယ္။ ဒါနဲ႕တျပည္နယ္လုံးအတိုင္းတာဆိုလို႕ ရွိရင္ေတာ့ (၅) ေသာင္းေလာက္ေတာ့ရွိမယ္။ အဓိကခက္ခဲတာၾကေတာ့ ကေလးနဲ႕ အမ်ိဳးသမီးက အဓိကေဆး၀ါးေတြလိုတယ္။ ေနာက္ထပ္သူတို႕အတြက္ မိုးရြာလာျပီးအခါက်ေတာ့ မိုးကာေတြအခင္းေတြ အဲတာေတြအဓိကလိုအပ္တယ္ေပါ့"

ျမန္မာနိုင္ငံၾကက္ေျခနီအသင္းကေန ကယားျပည္နယ္ရွိ တိုက္ပြဲေရွာင္ျပည္သူေတြအတြက္ အေရးေပၚကယ္ဆယ္ေရးပစၥည္းေတြ ေပးပို႕လာတယ္လို႕ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ လက္ရွိကယားျပည္နယ္အတြင္းလုံျခံဳေရးနဲ႕လမ္းေၾကာင္ူအေျခအေနအရ စစ္ေရွာင္စခန္းကို ေရာက္မလာေသးဘူးလို႕ စစ္ေရွာင္ကူညီေရးအဖြဲ႕၀င္တဦးကေျပာပါတယ္။

"သူတို႕ဘက္ကဆက္သြယ္လာတာရွိတယ္။ သူတို႕အဲဒီဘက္မွာပစၥည္းေတြဝယ္ထားတာရွိတယ္ သူတို႕ေျပာတယ္။ ပို႕လို႕ေတာ့ လမ္းေၾကာင္းမရွင္းတဲ့အခါက်ေတာ့ သူတို႕ပို႕ခ်င္ရင္ပို႕လို႕မရဘူးျဖစ္ေနတယ္။ လမ္းေၾကာင္းလဲမရွင္းေသးဘူး။ နဲနဲေလးလမ္း ေၾကာင္းပြင့္တဲ့ေန႕မွ ပို႕ေပးမယ္လို႕ေတာ့ သူတို႕ကေျပာထားတယ္"

ကယားျပည္နယ္အတြင္းစစ္ေကာင္စီတပ္နဲ႕ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕တို႕အၾကားပစ္ခတ္တိုက္ခိုက္မွဳျဖစ္ပြါးအၿပီး လြိဳင္ေကာ္နဲ႕ ဒီေမာဆိုၿမိဳ႕နယ္ဘက္မွာ စစ္တပ္ဘက္က အင္အားျဖည့္တင္းထားသလို လမ္းေၾကာင္းစစ္ေဆးမွဳေတြတင္းၾကပ္လာတာေၾကာင့္ သြားလာေရးမွာ ခက္ခဲလာၿပီး စစ္ေရွာင္သူေတြအတြက္စားေသာက္ေရး က်န္းမာေရးကိစၥေတြမွာအခက္ခဲရွိေနတယ္လို႕ စစ္ေရွာင္ကူညီေရးအဖြဲ႕ေတြကေျပာပါတယ္။

..............................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ရဲစခန်းတခုကို ကာကွယ်ရေးတပ်ဘက်ကနေ ဒီနေ့မနက်မှာတိုက်ခိုက်ခဲ့သလို ဒီးမော့ဆိုမြို့ နဲ့ ရှမ်းပြည်နယ်မိုးဗြဲမြို့ဘက်မှာ ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ကယားပြည်နယ်လွိုင်ကော်မြို့နယ် ဒီမောဆိုမြို့နဲ့ ရှမ်းပြည်နယ်မိုးဗြဲမြို့ဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးဖြစ်ပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာ လွိုင်ကော်မြို့နယ် မြောက်ဘက် လွိုင်လင်လေးရွာအနီးက ထီးစဲခါးရဲစခန်းကို ကရင်နီပြည်သူ့ကာကွယ် ရေးအဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတဦးကပြောပါတယ်။

"PDFအဖွဲ့ကတော့ လွိုင်လင်လေး ထီးစဲခါးစခန်းပေါ့။ ရဲနဲ့စစ်တပ်ရှိတယ်။ ရှမ်းကယားနယ်စပ်ပေါ့။ ထီးစဲခါးရွာအနီးပေါ့။ ထီးစဲခါးရဲစခန်း သူက တပ်လဲဝင်ထိုင်နေတယ်။ အဲတာPDF တိုက်တယ်။ မီးလောင်သွားတယ်ပြောတာဘဲ "

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ထီးစဲခါးစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

"ပစ်ခတ်တိုက်ခိုက်တာတော့ရှိပါတယ်ဗျ။ ဒီနေ့မနက်ပိုင်းမှာလဲ တချို့စခန်းတွေကို လာရောက်ပစ်ခတ်တာတော့ရှိပါတယ်။ အဲဒီမှာတော့ကျွန်တော်တို့ဆီက ရဲတချို့တော့ ထိခိုက်ဒဏ်ရာရရှိမှုအနဲငယ်ရှိပါတယ်"

ပစ်ခတ်တိုက်ခိုက်မှုပြင်းထန်ဖြစ်ပွါးခဲ့တဲ့ ဒီးမော့ဆိုမြို့မှာလဲ စစ်ကောင်စီတပ်ဘက်ကနေ ပစ်ခတ်ခဲ့လို့ဒေသခံတချို့ ထိခိုက် မှုရှိတယ်လို့ ဒီမောဆိုမြို့ခံတဦးကပြောပါတယ်။

"ဒီမောဆိုမြို့ မြို့နယ်တဝိုက်မှာ အရပ်သားပြည်သူတွေကို လမ်းသွားလမ်းလာတွေကို စစ်ကောင်စီကသေနတ်နဲ့လိုက်ပစ်တယ်ဗျ။ တယောက်သေသွားပြီး နှစ်ယောက်ဒဏ်ရာရ။ ဟုတ်ကဲ့အရပ်သားတွေဗျ။ ခရီးသွားပြည်သူတွေ။ ကျွန်တော်တို့လဲအပစ်ခံထိတယ်။ ဒါပေမဲ့မထိလို့"

ပြီးခဲ့တဲ့ တနင်္လာ အင်္ဂါနေ့တွေတုန်း ဒီမောဆိုမြို့တွင်းစစ်ကောင်စီတပ်စွဲရာရဲစခန်းနဲ့ အစိုးရရုံးတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒီမောဆိုမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ အင်အားထပ်မံဖြည့်တင်း နေရာယူထားသလို လမ်းသွားလာသူတွေအပေါ် စီစစ်ပစ်ခတ်မှုတွေရှိလာနေတာပါ။

မနေ့က ဒီမောဆိုမြို့တွင်းရဲစခန်းတိုက်ခိုက်ခံရကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

"မနေ့ကလဲ အဲဒီမှာဒီမောဆိုရဲစခန်းပေါ့။ ဒီမောဆိုရဲစခန်းကို လာပစ်တာရှိပါတယ်။ ကျွန်တော်တို့ဒီမောဆိုဖြစ်စဉ်မှာလဲ ရဲ (၃)ဦးလောက်တော့ဒဏ်ရာရရှိတာရှိပါတယ်"

အလားတူ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ပွဲကုန်း(၃)ရပ်ကွက်မှာလဲ ဒီကနေ့မှာ စစ်ကောင်စီဘက်ကပစ်ခတ်မှုတွေကြောင့် မြို့ခံတွေ တိမ်းရှောင်နေရတယ်လို့ မြို့ခံတဦးကပြောပါတယ်။

"သူတို့မိုးဗြဲပွဲကုန်း(၃)မှာ သူများအိမ်ကိုအကုန်လုံးရမ်းသန်းပစ်တယ်။ သူတို့အိမ်တွေလဲအကုန်လုံးပေါက်။ အိမ်တွေအကုန် ထိတယ်။ ပွဲကုန်း(၃)ရပ်ကွက်မှာ။ မနက်အစောကြီး သူတို့ ဘာအဝတ်စားမှမယူအားဘူး။ ပြေးလာကြတယ်ဒီဖက်ပေါ့လေ။ (၆)နာရီနောက်ပိုင်းလုံးဝသွားလို့မရဘူး။ မနက်အစောကြီးဘဲ သူတို့ပစ်တယ်။ စစ်တပ်ဘက်ပစ်တာ။ စစ်သားတွေအများကြီးဘဲ စခန်းချတာလေမိုးဗြဲမှာ"

မိုးဗြဲမြို့မှာ စစ်ရှောင်ဦးရေနှစ်သောင်းလောက်ရှိနေပြီး သူတို့တတွေဟာ အနောက်ပဒေါင် သယ်ရင်းရွာမဘက်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြပါတယ်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြားစစ်ရေးတင်းမာမှုမှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က ဒေသခံ(၅) သောင်းခန့် စစ်ရှောင်နေရပြီးအကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

"လွိုင်ကော်တမြို့နယ်စာလုံးဆိုလို့ရှိရင်တော့ အားလုံး(၃) သောင်းလောက်တော့ရှိမယ်။ ဒါနဲ့တပြည်နယ်လုံးအတိုင်းတာဆိုလို့ ရှိရင်တော့ (၅) သောင်းလောက်တော့ရှိမယ်။ အဓိကခက်ခဲတာကြတော့ ကလေးနဲ့ အမျိုးသမီးက အဓိကဆေးဝါးတွေလိုတယ်။ နောက်ထပ်သူတို့အတွက် မိုးရွာလာပြီးအခါကျတော့ မိုးကာတွေအခင်းတွေ အဲတာတွေအဓိကလိုအပ်တယ်ပေါ့"

မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ ကယားပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့လာတယ်လို့ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်ရှိကယားပြည်နယ်အတွင်းလုံခြုံရေးနဲ့လမ်းကြောင်ူအခြေအနေအရ စစ်ရှောင်စခန်းကို ရောက်မလာသေးဘူးလို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

"သူတို့ဘက်ကဆက်သွယ်လာတာရှိတယ်။ သူတို့အဲဒီဘက်မှာပစ္စည်းတွေဝယ်ထားတာရှိတယ် သူတို့ပြောတယ်။ ပို့လို့တော့ လမ်းကြောင်းမရှင်းတဲ့အခါကျတော့ သူတို့ပို့ချင်ရင်ပို့လို့မရဘူးဖြစ်နေတယ်။ လမ်းကြောင်းလဲမရှင်းသေးဘူး။ နဲနဲလေးလမ်း ကြောင်းပွင့်တဲ့နေ့မှ ပို့ပေးမယ်လို့တော့ သူတို့ကပြောထားတယ်"

ကယားပြည်နယ်အတွင်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြားပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးအပြီး လွိုင်ကော်နဲ့ ဒီမောဆိုမြို့နယ်ဘက်မှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းထားသလို လမ်းကြောင်းစစ်ဆေးမှုတွေတင်းကြပ်လာတာကြောင့် သွားလာရေးမှာ ခက်ခဲလာပြီး စစ်ရှောင်သူတွေအတွက်စားသောက်ရေး ကျန်းမာရေးကိစ္စတွေမှာအခက်ခဲရှိနေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေကပြောပါတယ်။

XS
SM
MD
LG