သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးၿဗဲ၊ လြိဳင္ေကာ္နဲ႔ ဒီေမာ့ဆို ၿမိဳ႕နယ္ေတြမွာ တိုက္ပဲြျဖစ္ပြား


ုမုိးၿဗဲရဲစခန္းကို သိမ္းပိုက္ဖို႔ ႀကိဳးစားေနတဲ့ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေမ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

မုိးၿဗဲ၊ လြိဳင္ေကာ္၊ ဒီေမာ့ဆို အစရွိတဲ့ ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြအၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ပြားေနပါတယ္။ ဒီပစ္ခတ္မႈနဲ႔အတူ ေဒသခံေတြလည္း ေဘးလြတ္ရာ စစ္ေရွာင္ေနၾကရပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္ အစပ္မွာရွိတဲ့ မုိးၿဗဲၿမိဳ႕နယ္နဲ႔ ကယားျပည္နယ္ လြဳိင္ေကာ္၊ ဒီေမာ့ဆုိၿမိဳ႕နယ္ေတြမွာ ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား ဒီကေန႔မွာ တိုက္ပြဲျဖစ္ပြားေနတာပါ။

ဖယ္ခုံၿမိဳ႕နယ္ မိုးၿဗဲဘက္မွာ ဒီမနက္ ပစ္ခတ္မႈမွာ ေဒသခံ ကာကြယ္ေရးအဖြဲ႔ကေန မိုးၿဗဲရဲစခန္းကို သိမ္းပိုက္ႏုိင္ခဲ့ၿပီး ၿမိဳ႕အႏွံ႔မွာလည္း တိုက္ပြဲျဖစ္ေနတယ္လို႔ မိုးၿဗဲၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ေနာက္ဆုံးအေျခအေနေတာ့ ျပည္သူဘက္ေတာ့ ရဲစခန္းကို သိမ္းပိုက္လိုက္တယ္ေပါ့။ ရဲ ၄ ေယာက္ကို ဖမ္းမိထားတယ္။ အဲဒီအဖြဲ႔ေတြကေတာ့ အက်မ်ားတယ္။ ျပည္သူဘက္ကေတာ့ ၂ ေယာက္ထိတယ္။ ၂ ေယာက္ဒဏ္ရာရတယ္။ PDF ဘက္က သူက ျပန္ဆုတ္တယ္။ စစ္ကူေတြလာလို႔တဲ့။ အခုက က်ေနာ္တုိ႔ ဒီဘက္မွာေတာ့ တိုက္ပြဲကေတာ့ ရပ္ကြက္တိုင္း ရပ္ကြက္တိုင္း ျဖစ္ေနတယ္။”

ပစ္ခတ္မႈေတြအတြင္း မိုးၿဗဲၿမိဳ႕က ေဒသခံ ၂ ဦး လက္နက္ႀကီးထိမွန္ ဒဏ္ရာရခဲ့ေပမယ့္ စိုးရိမ္ရတဲ့ အေျခအေန မရွိဘူးလို႔ သူကေျပာပါတယ္။

မနက္တုန္းက မိုးၿဗဲအေျခစိုက္ ၄၂၂ တပ္ရင္းကိုလည္း PDF အဖြဲ႔ေတြကေန ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ မိုးၿဗဲၿမိဳ႕တြင္းပစ္ခတ္မႈမွာ ၿမိဳ႕ခံေတြ ရာနဲ႔ခ်ီ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။

“ဒီမွာ ေျပးလာတာ အမ်ားႀကီးပဲ။ တပုံတပါး။ ဒီမနက္ ၿမိဳ႕ထဲကလူေတြ အကုန္လုံး ဒီဘက္မွာ ေျပးလာတာ အမ်ားႀကီးပဲ။ ဒီ အေနာက္ပေဒါင္ သယ္ရင္းရြာမဘက္။”

ဒီေန႔မြန္းလြဲပိုင္းမွာ မိုးၿဗဲၿမိဳ႕နဲ႔ ၄ မိုင္ခန္႔ေဝးတဲ့ လြိဳင္ေကာ္ၿမိဳ႕နယ္ ပီကင္းေကာခူေက်းရြာက စစ္ေဘးဒုကၡသည္ စခန္းမွာလည္း ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနတယ္လုိ႔ စစ္ေရွာင္တဦးက ေျပာပါတယ္။

“အခု က်ေနာ္တုိ႔ေက်းရြာမွာလည္း PDF အဖြဲ႔နဲ႔ စစ္တပ္အဖြဲ႔ ဆက္ပစ္ေနတယ္။ တနာရီေက်ာ္မွာ။ အခု ရြာသားေတြလည္း က်ည္ထိတာ ေလးငါးေယာက္ရွိလာၿပီေပါ့။ သြားကူလို႔လည္း မရဘူး။”

ဒီပစ္ခတ္မႈမွာ စစ္ေရွာင္ေတြ ဒဏ္ရာရတာေတြ ရွိေနေပမယ့္ အကူအညီ မရရွိေသးဘူးလို႔ ဆိုပါတယ္။

အလားတူ လြိဳင္ေကာ္ၿမိဳ႕အတြင္းမွာလည္း PDF တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔တို႔ ပစ္ခတ္မႈေတြ ရွိေနသလို လြိဳင္ေကာ္နဲ႔ ဒီေမာ့ဆိုအၾကားမွာလည္း ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ၿမိဳ႕ထဲမွာဆိုရင္ ေသနတ္သံေတြေရာ ေပါက္ကြဲသံေတြေရာပဲ။ အခု လြိဳင္ေကာ္ၿမိဳ႕အထြက္ ပန္ကန္း(ဂိတ္)ဘက္မွာေတာ့ ပစ္သံေတြ ထပ္ၾကားေနတယ္ေပါ့။ အဖြဲ႔ကေတာ့ စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရး အဲဒါေတြပဲျဖစ္မွာ။ လြိဳင္ေကာ္နဲ႔ ကပ္ရက္ ၆ မိုင္ ဒီေမာ့ဆိုမွာလည္း ေတာက္ေလွ်ာက္ပစ္ေနတယ္။”

ေသာၾကာေန႔နဲ႔ စေနေန႔တုန္းကလည္း ဒီေမာ့ဆိုၿမိဳ႕မွာ PDF တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔တို႔ ပစ္ခတ္တိုက္ခိုက္မႈမွာေတာ့ စစ္ေကာင္စီစခန္းတခုျဖစ္တဲ့ ေဒါတဝီဂိတ္ကို ျပည္သူ႔ကာကြယ္ေရးအဖြဲ႔က သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။

ကယားျပည္နယ္အတြင္း ဒီရက္ပိုင္းေတြမွာ ပစ္ခတ္တိုက္ခိုက္မႈ အေျခအေနကို သိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ဒါ့အျပင္ စစ္ေကာင္စီတပ္ဖြဲ႔နဲ႔ ကယားျပည္နယ္ အေျချပဳ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) နဲ႔လည္း ေမလ ၂၀ ရက္ေန႔က ေဘာ္လခဲနဲ႔ ဖားေဆာင္းၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မိုးဗြဲ၊ လွိုင်ကော်နဲ့ ဒီမော့ဆို မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွား

မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို အစရှိတဲ့ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီပစ်ခတ်မှုနဲ့အတူ ဒေသခံတွေလည်း ဘေးလွတ်ရာ စစ်ရှောင်နေကြရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ မိုးဗြဲမြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ်တွေမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

ဖယ်ခုံမြို့နယ် မိုးဗြဲဘက်မှာ ဒီမနက် ပစ်ခတ်မှုမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့ကနေ မိုးဗြဲရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အနှံ့မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ မိုးဗြဲမြို့ခံတဦးက ပြောပါတယ်။

“နောက်ဆုံးအခြေအနေတော့ ပြည်သူဘက်တော့ ရဲစခန်းကို သိမ်းပိုက်လိုက်တယ်ပေါ့။ ရဲ ၄ ယောက်ကို ဖမ်းမိထားတယ်။ အဲဒီအဖွဲ့တွေကတော့ အကျများတယ်။ ပြည်သူဘက်ကတော့ ၂ ယောက်ထိတယ်။ ၂ ယောက်ဒဏ်ရာရတယ်။ PDF ဘက်က သူက ပြန်ဆုတ်တယ်။ စစ်ကူတွေလာလို့တဲ့။ အခုက ကျနော်တို့ ဒီဘက်မှာတော့ တိုက်ပွဲကတော့ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ဖြစ်နေတယ်။”

ပစ်ခတ်မှုတွေအတွင်း မိုးဗြဲမြို့က ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သူကပြောပါတယ်။

မနက်တုန်းက မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းကိုလည်း PDF အဖွဲ့တွေကနေ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မိုးဗြဲမြို့တွင်းပစ်ခတ်မှုမှာ မြို့ခံတွေ ရာနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

“ဒီမှာ ပြေးလာတာ အများကြီးပဲ။ တပုံတပါး။ ဒီမနက် မြို့ထဲကလူတွေ အကုန်လုံး ဒီဘက်မှာ ပြေးလာတာ အများကြီးပဲ။ ဒီ အနောက်ပဒေါင် သယ်ရင်းရွာမဘက်။”

ဒီနေ့မွန်းလွဲပိုင်းမှာ မိုးဗြဲမြို့နဲ့ ၄ မိုင်ခန့်ဝေးတဲ့ လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာက စစ်ဘေးဒုက္ခသည် စခန်းမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“အခု ကျနော်တို့ကျေးရွာမှာလည်း PDF အဖွဲ့နဲ့ စစ်တပ်အဖွဲ့ ဆက်ပစ်နေတယ်။ တနာရီကျော်မှာ။ အခု ရွာသားတွေလည်း ကျည်ထိတာ လေးငါးယောက်ရှိလာပြီပေါ့။ သွားကူလို့လည်း မရဘူး။”

ဒီပစ်ခတ်မှုမှာ စစ်ရှောင်တွေ ဒဏ်ရာရတာတွေ ရှိနေပေမယ့် အကူအညီ မရရှိသေးဘူးလို့ ဆိုပါတယ်။

အလားတူ လွိုင်ကော်မြို့အတွင်းမှာလည်း PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မှုတွေ ရှိနေသလို လွိုင်ကော်နဲ့ ဒီမော့ဆိုအကြားမှာလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲမှာဆိုရင် သေနတ်သံတွေရော ပေါက်ကွဲသံတွေရောပဲ။ အခု လွိုင်ကော်မြို့အထွက် ပန်ကန်း(ဂိတ်)ဘက်မှာတော့ ပစ်သံတွေ ထပ်ကြားနေတယ်ပေါ့။ အဖွဲ့ကတော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး အဲဒါတွေပဲဖြစ်မှာ။ လွိုင်ကော်နဲ့ ကပ်ရက် ၆ မိုင် ဒီမော့ဆိုမှာလည်း တောက်လျှောက်ပစ်နေတယ်။”

သောကြာနေ့နဲ့ စနေနေ့တုန်းကလည်း ဒီမော့ဆိုမြို့မှာ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီစခန်းတခုဖြစ်တဲ့ ဒေါတဝီဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း ဒီရက်ပိုင်းတွေမှာ ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကယားပြည်နယ် အခြေပြု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့လည်း မေလ ၂၀ ရက်နေ့က ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်ဘက်မှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG