သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔ ဖလမ္းမွာတိုက္ပြဲျဖစ္ 


ေမ(၁၉ )ရက္ေန႔က မင္းတပ္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔ CDF က စစ္တပ္ကားတစီးကို ၿခဳံခိုတိုက္ခိုက္ခဲ့စဥ္ (Photo by Handout / CHIN WORLD / AFP)

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕ နဲ႔ ကေလးၿမိဳ႕ၾကားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ဖလမ္း ေဒသခံကာကြယ္ေရးအဖဲြ႔ CDF တို႔ ဒီကေန႔ တုိက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ဖလမ္း CDF ဘက္က ၁ ေယာက္ေသဆံုးသလုိ စစ္တပ္ဖက္ကလည္း အက်အဆံုး႐ွိတယ္လုိ႔ သူတို႔က ေျပာပါတယ္။ ခ်င္းျပည္နယ္ဘက္မွာ တိုက္ခိုက္မႈေတြ ျဖစ္ေနခ်ိန္၊ ျမင္းၿခံၿမိဳ႕က တခ်ိဳ႕ေက်းရြာေတြမွာ တပ္ေတြ ခ်ေနပါတယ္။ ကခ်င္ျပည္နယ္မွာေတာ့ တက္ၾကြလႈပ္ရွားသူေတြကို ကားနဲ႔တိုက္ၿပီး ဖမ္းဆီးခဲ့ပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္း ကေျပာျပပါမယ္။

ဒီကေန႔ ေမ ၂၁ ရက္ မနက္ပိုင္းက ခ်င္းျပည္နယ္ ကေလးၿမိဳ႔နဲ႔ ဖလမ္းၿမိဳ႕ၾကားမွာ ဖလမ္းေဒသခံကာကြယ္ေရး CDF တပ္ဖြဲ႕က စစ္ေကာင္စီတပ္ကို ၾကားျဖတ္တိုက္ခိုက္ခဲ့ပါတယ္။ အျပန္အလွန္တိုက္ခိုက္မႈေတြအတြင္း ဖလမ္း CDF ဘက္္က ၁ ဦး ေသဆံုးခဲ့တယ္လို႔ တာ၀န္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“အခ်ိန္ကေတာ့ မနက္ ၈ နာရီေပါ့ေနာ္။ ဖလမ္းနဲ႔ကေလးၾကားမွာ အခုကပထမဦးဆံုး အႀကိမ္ေပါ့ေနာ္ ဖလမ္းအဖြဲ႕နဲ႔ဆိုရင္ ျဖစ္တာက ကေလးက စစ္ကူတက္လာတဲ့ဟာ ကြ်န္ေတာ္တို႔ဒီက CDF က စစ္ကူလာတဲ့ဟာကို ျဖစ္တဲ့တိုက္ပြဲေပါ့။ အဲ့ဒီစစ္တပ္ကေတာ ၆ ေယာက္ဆံုးတယ္ ၂ ေယာက္က ဒဏ္ရာနဲ႔ေျပးေနတယ္။ ကြ်န္ေတာ္တို႔ ဘက္က ၁ ေယာက္ဆံုးတယ္။ အတိအက်ေတာ့မသိဘူး။ အခုတေလာ ဟားခါးမွာျဖစ္ေနတာဆိုေတာ့ ဟားခါးကိုသြားဖို႔ ျဖစ္မယ္ထင္တယ္။”

စစ္တပ္ဖက္က ၆ ေယာက္ေသဆံုးတယ္လို႔ ေျပာေပမဲ့ သီးျခား အတည္မျပဳႏိုင္ပါဘူး။ ဒါ့အျပင္ မႏၱေလးတုိင္း ျမင္းၿခံၿမိဳ႕နားက သေျပသာရြာမွာ မေန႔ ေမ ၂၀ ရက္ကစၿပီး စစ္တပ္က တပ္စြဲထားလို႔ ေက်းရြာသားေတြဟာလည္း ထြက္ေျပးေနရပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို သေျပသာရြာသားတဦးကအခုလိုေျပာပါတယ္။

“ရြာထဲမွာေတာ့ တေယာက္မွ ေနလို႔မရဘူး။ ဖမ္းၿပီးေတာ့ စစ္တာေမးတာလုပ္တယ္ေပါ့ဗ်ာ။ ဒလံကတိုင္လို႔ဆိုၿပီး ဖမ္းတာလုပ္ၾကတာေပါ့။ မေန႔ကမနက္ခင္း အေစာႀကီးကတည္းက ၀င္လာတာခင္ဗ်။ ေရလုပ္သားေတြလည္းရွိတယ္ေလ။ ေရလုပ္သားေတြလည္း အလုပ္လုပ္ခြင့္မေပးဘူး။ ညဆိုလည္း သူတို႔က ေသနတ္ပစ္ၿပီးေတာ့ အကုန္လံုး ေတာေတြမဆင္းၾကဖို႔ ေရလုပ္သား မလုပ္ၾကဖို႔ တခါတည္း ဥပေဒအရထုတ္ျပန္ထားတာ။ အခုမနက္ခင္းေတာ့ ကား ၅ စီးထပ္လာတယ္။ ၅ စီးထပ္လာေတာ့ စကားမေျပာတတ္တဲ့လူေတြပါ ပါတယ္။ တရုတ္ေတြလုိ႔ေျပာၾကတယ္။ ကြ်န္ေတာ္တို႔က အကုန္ေရွာင္ၾက ရွားၾကဆိုေတာ့ ဘာမွမသိရဘူး။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ပစ္ခတ္တိုက္ခိုက္မႈေတြ ေနရာတခ်ဳိ႕မွာ ျဖစ္လို႔ ေနရပ္စြန္႔ စစ္ေဘးေ႐ွာင္ေနရသူေတြ မ်ားလားသလို စစ္တပ္က တပ္စြဲထားလို႔ ထြက္ေျပးေနရတဲ့ ေက်းရြာေတြလည္း အမ်ားအျပားရွိလာပါတယ္။

ဒါတင္မက တက္ႂကြလႈပ္႐ွားသူေတြကို ဖမ္းဆီးမႈေတြလည္း တိုးျမွင့္လုပ္ေနပါတယ္။ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က တက္ၾကြလႈပ္ရွားသူ ၂ ဦးျဖစ္တဲ့ ဆိုင္းႏူးပန္းနဲ႔လြမ္းေဇာင္းတို႔အပါအဝင္ လူငယ္ ၅ ဦးကို စစ္ေကာင္စီက အရပ္၀တ္ အိမ္စီးကားေတြနဲ႔ တိုက္ၿပီး ဖမ္းသြားပါတယ္။ လက္ရွိမွာေတာ့ ရဲစန္းမွာ စစ္ေဆးေနတာေတြလုပ္ေနတယ္လို႔ သူတို႔နဲ႔နီးစပ္သူ တဦးကေျပာပါတယ္။

“ဒီမနက္မွာ ဆိုင္းႏူးပန္းရဲ႕အဖိုးကေသသြားေတာ့ သူတို႔ကခ်င္ခရစ္ယာန္သခ်ိဳင္းမွာ သြားျမွုပ္ဖို႔သြားတဲ့ေနရာမွာ လမ္းမွာ အရပ္ကားနဲ႔၀င္တိုက္ခံလိုက္ရတာေပါ့ေနာ္။ ဆိုင္းႏူးပန္းနဲ႔လြမ္းေဇာင္းရယ္ တျခားလူငယ္ ၃ ေယာက္ရယ္ ပါသြားတယ္။ ၅ ေယာက္ေပါ့ေနာ္။ ဒီေန႔ပါသြားတာ။”

သူတို႔ ၂ ဦးဟာ လက္ထပ္ဖို႔ ေစ့စပ္ထားသူေတြျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြင္း ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီမွာ ဝင္ၿပိဳင္ခဲ့တဲ့ ကိုယ္စားလွယ္ေလာင္းေတြလည္း ျဖစ္သလို ကခ်င္ျပည္နယ္အေရး ေရွ႕ဆံုးကေန တက္ၾကြစြာ ပါဝင္လႈပ္ရွားသူေတြလည္းျဖစ္ပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ ကလေးမြို့ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဖလမ်း ဒေသခံကာကွယ်ရေးအဖွဲ့ CDF တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖလမ်း CDF ဘက်က ၁ ယောက်သေဆုံးသလို စစ်တပ်ဖက်ကလည်း အကျအဆုံးရှိတယ်လို့ သူတို့က ပြောပါတယ်။ ချင်းပြည်နယ်ဘက်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေချိန်၊ မြင်းခြံမြို့က တချို့ကျေးရွာတွေမှာ တပ်တွေ ချနေပါတယ်။ ကချင်ပြည်နယ်မှာတော့ တက်ကြွလှုပ်ရှားသူတွေကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။

ဒီကနေ့ မေ ၂၁ ရက် မနက်ပိုင်းက ချင်းပြည်နယ် ကလေးမြို့နဲ့ ဖလမ်းမြို့ကြားမှာ ဖလမ်းဒေသခံကာကွယ်ရေး CDF တပ်ဖွဲ့က စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေအတွင်း ဖလမ်း CDF ဘက်က ၁ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“အချိန်ကတော့ မနက် ၈ နာရီပေါ့နော်။ ဖလမ်းနဲ့ကလေးကြားမှာ အခုကပထမဦးဆုံး အကြိမ်ပေါ့နော် ဖလမ်းအဖွဲ့နဲ့ဆိုရင် ဖြစ်တာက ကလေးက စစ်ကူတက်လာတဲ့ဟာ ကျွန်တော်တို့ဒီက CDF က စစ်ကူလာတဲ့ဟာကို ဖြစ်တဲ့တိုက်ပွဲပေါ့။ အဲ့ဒီစစ်တပ်ကတော ၆ ယောက်ဆုံးတယ် ၂ ယောက်က ဒဏ်ရာနဲ့ပြေးနေတယ်။ ကျွန်တော်တို့ ဘက်က ၁ ယောက်ဆုံးတယ်။ အတိအကျတော့မသိဘူး။ အခုတလော ဟားခါးမှာဖြစ်နေတာဆိုတော့ ဟားခါးကိုသွားဖို့ ဖြစ်မယ်ထင်တယ်။”

စစ်တပ်ဖက်က ၆ ယောက်သေဆုံးတယ်လို့ ပြောပေမဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ ဒါ့အပြင် မန္တလေးတိုင်း မြင်းခြံမြို့နားက သပြေသာရွာမှာ မနေ့ မေ ၂၀ ရက်ကစပြီး စစ်တပ်က တပ်စွဲထားလို့ ကျေးရွာသားတွေဟာလည်း ထွက်ပြေးနေရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို သပြေသာရွာသားတဦးကအခုလိုပြောပါတယ်။

“ရွာထဲမှာတော့ တယောက်မှ နေလို့မရဘူး။ ဖမ်းပြီးတော့ စစ်တာမေးတာလုပ်တယ်ပေါ့ဗျာ။ ဒလံကတိုင်လို့ဆိုပြီး ဖမ်းတာလုပ်ကြတာပေါ့။ မနေ့ကမနက်ခင်း အစောကြီးကတည်းက ဝင်လာတာခင်ဗျ။ ရေလုပ်သားတွေလည်းရှိတယ်လေ။ ရေလုပ်သားတွေလည်း အလုပ်လုပ်ခွင့်မပေးဘူး။ ညဆိုလည်း သူတို့က သေနတ်ပစ်ပြီးတော့ အကုန်လုံး တောတွေမဆင်းကြဖို့ ရေလုပ်သား မလုပ်ကြဖို့ တခါတည်း ဥပဒေအရထုတ်ပြန်ထားတာ။ အခုမနက်ခင်းတော့ ကား ၅ စီးထပ်လာတယ်။ ၅ စီးထပ်လာတော့ စကားမပြောတတ်တဲ့လူတွေပါ ပါတယ်။ တရုတ်တွေလို့ပြောကြတယ်။ ကျွန်တော်တို့က အကုန်ရှောင်ကြ ရှားကြဆိုတော့ ဘာမှမသိရဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ နေရာတချို့မှာ ဖြစ်လို့ နေရပ်စွန့် စစ်ဘေးရှောင်နေရသူတွေ များလားသလို စစ်တပ်က တပ်စွဲထားလို့ ထွက်ပြေးနေရတဲ့ ကျေးရွာတွေလည်း အများအပြားရှိလာပါတယ်။

ဒါတင်မက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေလည်း တိုးမြှင့်လုပ်နေပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တက်ကြွလှုပ်ရှားသူ ၂ ဦးဖြစ်တဲ့ ဆိုင်းနူးပန်းနဲ့လွမ်းဇောင်းတို့အပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီက အရပ်ဝတ် အိမ်စီးကားတွေနဲ့ တိုက်ပြီး ဖမ်းသွားပါတယ်။ လက်ရှိမှာတော့ ရဲစန်းမှာ စစ်ဆေးနေတာတွေလုပ်နေတယ်လို့ သူတို့နဲ့နီးစပ်သူ တဦးကပြောပါတယ်။

“ဒီမနက်မှာ ဆိုင်းနူးပန်းရဲ့အဖိုးကသေသွားတော့ သူတို့ကချင်ခရစ်ယာန်သချိုင်းမှာ သွားမြှုပ်ဖို့သွားတဲ့နေရာမှာ လမ်းမှာ အရပ်ကားနဲ့ဝင်တိုက်ခံလိုက်ရတာပေါ့နော်။ ဆိုင်းနူးပန်းနဲ့လွမ်းဇောင်းရယ် တခြားလူငယ် ၃ ယောက်ရယ် ပါသွားတယ်။ ၅ ယောက်ပေါ့နော်။ ဒီနေ့ပါသွားတာ။”

သူတို့ ၂ ဦးဟာ လက်ထပ်ဖို့ စေ့စပ်ထားသူတွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွင်း ကချင်ပြည်နယ် ပြည်သူ့ပါတီမှာ ဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ဖြစ်သလို ကချင်ပြည်နယ်အရေး ရှေ့ဆုံးကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားသူတွေလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG