သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရး CDF အဖြဲ႔ ဟားခါးမွာ တိုက္ပြဲဆက္ျဖစ္


မတ္လ ၂၉ ရက္ေန႔တုန္းက ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ရဲ႕ အာဏာရွင္ဆန္႔က်င္ဆႏၵျပသပိတ္။ (မတ္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕မွာ ေဒသကာကြယ္ေရး Chinland Defense Force အဖြဲ႕နဲ႕ စစ္ေကာင္စီတပ္ေတြအၾကား အခုရက္ပိုင္း ပစ္ခတ္တိုက္ခိုက္မႈေတြ ႐ွိေနတာကို ႏွစ္ဘက္ တာ၀န္ရွိသူေတြက အတည္ျပဳပါတယ္။ တိုက္ခိုက္မႈေတြအတြင္း စစ္တပ္ဘက္က ၂ ေယာက္ထည္း မနည္း ဒဏ္ရာရခဲ့ပါတယ္။ ဟားခါးၿမိဳ႕ဘက္မွာ ျဖစ္ေနတဲ့ တိုက္ပဲြေတြအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပပါမယ္။

စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ ေဒသခံ ကာကြယ္ေရး CDF ဟားခါး တပ္ဖြဲ႕ေတြအၾကား အခုရက္ပိုင္း တိုက္ပြဲေတြ ျဖစ္ေနတာမွာ ေမလ ၁၉ ရက္ေန႔ ဗုဒၶဟူးေန႔က ဟားခါး မတူပီလမ္းဘက္မွာ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္တဲ့ စစ္ေကာင္စီတပ္ဖြဲ႕ကို ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ CDF တပ္ဖြဲ႕ျပန္ၾကားေရးတာ၀န္ခံက ဗီြအိုေအကို ေျပာပါတယ္။

"မေန႔က သူတို႔က လုံျခံဳေရးေတြ နယ္ေျမရွင္းလင္းေရးေတြ လုပ္တဲ့ အဖြဲ႕ေတြနဲ႔ က်ေနာ္တို႔ ၿခံဳခိုၿပီး သြားပစ္တယ္။ က်ေနာ္တို႔ ဟားခါး မတူပီ။ အဲဒီမွာ က်ေနာ္တို႔ မ်က္စိေရွ႕မွာ ပြဲခ်င္းၿပီးေသသြားတဲ့သူက ၇ ယာက္။"

ခုလုိ ၿခံဳခုိပစ္ခတ္ၿပီး CDF တပ္ဖြဲ႕ေတြ ျပန္ဆုတ္ခြာခ်ိန္ က်န္ခ့ဲတဲ့ေမာ္ေတာ္ဆိုင္ကယ္ေတြ မီးရွိဳ႕ခံခဲ့ရတယ္လို႔ ဟားခါးၿမိဳ႕ခံတဦးက ေျပာပါတယ္။

"၁၉ ရက္ေန႔က မတူပီ ဟားခါးလမ္းေပါ့ေနာ္ျဖစ္တာ။ သူတို႔ ယာယီစခန္းခ်ထားတဲ့ေနရာမွာ။ တိုက္ပြဲျဖစ္တာေပါ့ေနာ္။ အဲဒီမွာ တိုက္ပြဲျဖစ္ေတာ့ CDF ဘက္ျပန္ဆုတ္တာေပါ့ေနာ္။ တပ္ျပန္ဆုတ္တဲ့အခ်ိန္မွာ CDF က်န္ခဲ့တဲ့ဆိုင္ကယ္အကုန္ မီးရိႈ႕ခံရတယ္။ အစီး ၃၀ ေလာက္မီးရိႈ႕ခံရတယ္။"

မလ ၁၈ ရက္ေန႔ကလည္း ဟားခါးၿမိဳ႕မွာထဲက ေနရာ ၃ ခုမွ စစ္တပ္နဲ႔ တိုက္ခိုက္မႈေတြ႐ွိခဲ့တယ္လို႔ CDF တပ္ဖြဲ႕ျပန္ၾကားေရး တာ၀န္ခံက ဆက္ေျပာပါတယ္။

"၁၈ ရက္ေန႔ ညေနပိုင္း ၃ နာရီနဲ႔ ၅ နာရီၾကားေလာက္မွာ က်ေနာ္တို႔ ဟားခါးနဲ႔ ေလာ့လုံးေက်းရြာနားမွာရွိတဲ့ က်ေနာ္တို႔ ခနတျဖဳတ္နားေနတဲ့ေနရာကိုေလ သူတို႔ စစ္သားေတြကလာပစ္တယ္ဆိုေတာ့ တိုက္ခိုက္ဖို႕လာတယ္။ အဲဒီအခ်ိန္မွာ တိုက္ပြဲျဖစ္တယ္။ သူတို႔ကအလုံးအရင္းနဲ႔ အေယာက္က ၆၀ ေလာက္နဲ႔ လာေတာ့ က်ေနာ္တို႔ တပ္ျပန္ဆုတ္ရတယ္။ ေနာက္ၿပီးေတာ့ ၿမိဳ႕တြင္းမွာ ၆ လမ္းဆုံမွာလည္း တခါပစ္တယ္။ အဲဒီဟာကလည္း ၉ နာရီနဲ႔ ၁၀ နာရီၾကားေပါ့ေနာ္။ ေနာက္တခုက ဟားခါး ထန္တလန္ အ၀င္ဂိတ္မွာ လုံျခံဳေရးဂိတ္ရွိတယ္။ အဲဒီနားမွာ သြားပစ္တယ္။ အဲဒီက ညပိုင္းကျဖစ္ခဲ့တာေပါ့။"

ေမလ ၁၈ နဲ႔ ၁၉ ၂ ရက္တိုက္ပဲြေတြအတြင္း စစ္ေကာင္စီတပ္ဘက္က ၁၀ ေယာက္ က်ဆုံးၿပီး ၂၀ ေလာက္ဒဏ္ရာရွိခဲ့တယ္လို႔ ဟားခါး CDF တပ္ဖြဲ႔ဘက္ကေျပာေပမဲ့ ဗီြအိုေအအေနနဲ႔ သီးျခားအတည္မျပဳနိုင္ခဲ့ပါဘူး။

ဟားခါးၿမိဳ႕မွာ ျဖစ္ေနတ့ဲ တိုက္ပြဲ အေျခအေနေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

"မေန႔က မနက္ ၄ နာရီခြဲနဲ႔ ၇ နာရီေလာက္ၾကားမွာေတာ့ ဟားခါးရဲ႕ ေတာင္ဘက္မီတာ ၇,၀၀၀ ေလာက္မွာေတာ့ က်ေနာ္တို႔ အၾကမ္းဖက္အဖြဲ႕ လူ ၇ ဦးနဲ႕တၾကိမ္ ၄၀ ဦးနဲ႕တၾကိမ္ ထိေတြ႕မႈ ျဖစ္ပြါးခဲ့ပါတယ္။ အဲဒီအၾကမ္းဖက္သူေတြက ေလာက္လုံ ေက်းရြာဘက္ျပန္ဆုတ္သြားပါတယ္။ က်ေနာ္တို႔ အဲဒီအၾကမ္းဖက္ေတြဆီက တလုံးထိုးေသနတ္တလက္ ဖမ္းဆီးရမိတာရွိတယ္။ က်ေနာ္တို႔ဆီက စစ္သည္က ႏွစ္ဦးသုံးဦးေလာက္ အနည္းငယ္ထိခိုက္ဒဏ္ရာရတာရွိပါတယ္။ က်န္တဲ့ျဖစ္စဥ္ေတာ့ မရွိပါဘူး။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဟားခါးၿမိဳ႕မွာ စစ္တပ္က စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပခဲ့တဲ့လူငယ္ ၆၀ ေလာက္ကို စစ္ေကာင္စီကေန ဖမ္းဆီးခဲ့ၿပီး သူတို႔ကိုျပန္လႊတ္ေပးဖို႔ CDF အဖြဲ႕ဘက္က ေတာင္းဆိုခဲ့တာမွာ ျပန္မလႊတ္ေပးလို႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ဆက္တိုက္ျဖစ္ပြါးေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး CDF အဖွဲ့ ဟားခါးမှာ တိုက်ပွဲဆက်ဖြစ်

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသကာကွယ်ရေး Chinland Defense Force အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား အခုရက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကို နှစ်ဘက် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က ၂ ယောက်ထည်း မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဟားခါးမြို့ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပါမယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေး CDF ဟားခါး တပ်ဖွဲ့တွေအကြား အခုရက်ပိုင်း တိုက်ပွဲတွေ ဖြစ်နေတာမှာ မေလ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က ဟားခါး မတူပီလမ်းဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"မနေ့က သူတို့က လုံခြုံရေးတွေ နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ ခြုံခိုပြီး သွားပစ်တယ်။ ကျနော်တို့ ဟားခါး မတူပီ။ အဲဒီမှာ ကျနော်တို့ မျက်စိရှေ့မှာ ပွဲချင်းပြီးသေသွားတဲ့သူက ၇ ယာက်။"

ခုလို ခြုံခိုပစ်ခတ်ပြီး CDF တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာချိန် ကျန်ခဲ့တဲ့မော်တော်ဆိုင်ကယ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဟားခါးမြို့ခံတဦးက ပြောပါတယ်။

"၁၉ ရက်နေ့က မတူပီ ဟားခါးလမ်းပေါ့နော်ဖြစ်တာ။ သူတို့ ယာယီစခန်းချထားတဲ့နေရာမှာ။ တိုက်ပွဲဖြစ်တာပေါ့နော်။ အဲဒီမှာ တိုက်ပွဲဖြစ်တော့ CDF ဘက်ပြန်ဆုတ်တာပေါ့နော်။ တပ်ပြန်ဆုတ်တဲ့အချိန်မှာ CDF ကျန်ခဲ့တဲ့ဆိုင်ကယ်အကုန် မီးရှို့ခံရတယ်။ အစီး ၃၀ လောက်မီးရှို့ခံရတယ်။"

မလ ၁၈ ရက်နေ့ကလည်း ဟားခါးမြို့မှာထဲက နေရာ ၃ ခုမှ စစ်တပ်နဲ့ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ CDF တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

"၁၈ ရက်နေ့ ညနေပိုင်း ၃ နာရီနဲ့ ၅ နာရီကြားလောက်မှာ ကျနော်တို့ ဟားခါးနဲ့ လော့လုံးကျေးရွာနားမှာရှိတဲ့ ကျနော်တို့ ခနတဖြုတ်နားနေတဲ့နေရာကိုလေ သူတို့ စစ်သားတွေကလာပစ်တယ်ဆိုတော့ တိုက်ခိုက်ဖို့လာတယ်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်တယ်။ သူတို့ကအလုံးအရင်းနဲ့ အယောက်က ၆၀ လောက်နဲ့ လာတော့ ကျနော်တို့ တပ်ပြန်ဆုတ်ရတယ်။ နောက်ပြီးတော့ မြို့တွင်းမှာ ၆ လမ်းဆုံမှာလည်း တခါပစ်တယ်။ အဲဒီဟာကလည်း ၉ နာရီနဲ့ ၁၀ နာရီကြားပေါ့နော်။ နောက်တခုက ဟားခါး ထန်တလန် အဝင်ဂိတ်မှာ လုံခြုံရေးဂိတ်ရှိတယ်။ အဲဒီနားမှာ သွားပစ်တယ်။ အဲဒီက ညပိုင်းကဖြစ်ခဲ့တာပေါ့။"

မေလ ၁၈ နဲ့ ၁၉ ၂ ရက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက် ကျဆုံးပြီး ၂၀ လောက်ဒဏ်ရာရှိခဲ့တယ်လို့ ဟားခါး CDF တပ်ဖွဲ့ဘက်ကပြောပေမဲ့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

ဟားခါးမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"မနေ့က မနက် ၄ နာရီခွဲနဲ့ ၇ နာရီလောက်ကြားမှာတော့ ဟားခါးရဲ့ တောင်ဘက်မီတာ ၇,၀၀၀ လောက်မှာတော့ ကျနော်တို့ အကြမ်းဖက်အဖွဲ့ လူ ၇ ဦးနဲ့တကြိမ် ၄၀ ဦးနဲ့တကြိမ် ထိတွေ့မှု ဖြစ်ပွါးခဲ့ပါတယ်။ အဲဒီအကြမ်းဖက်သူတွေက လောက်လုံ ကျေးရွာဘက်ပြန်ဆုတ်သွားပါတယ်။ ကျနော်တို့ အဲဒီအကြမ်းဖက်တွေဆီက တလုံးထိုးသေနတ်တလက် ဖမ်းဆီးရမိတာရှိတယ်။ ကျနော်တို့ဆီက စစ်သည်က နှစ်ဦးသုံးဦးလောက် အနည်းငယ်ထိခိုက်ဒဏ်ရာရတာရှိပါတယ်။ ကျန်တဲ့ဖြစ်စဉ်တော့ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့လူငယ် ၆၀ လောက်ကို စစ်ကောင်စီကနေ ဖမ်းဆီးခဲ့ပြီး သူတို့ကိုပြန်လွှတ်ပေးဖို့ CDF အဖွဲ့ဘက်က တောင်းဆိုခဲ့တာမှာ ပြန်မလွှတ်ပေးလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG