(Zawgyi/Unicode)
မင္းတပ္ၿမိဳ႕ကို စစ္တပ္က ဝင္ေရာက္သိမ္းပိုက္ခဲ့ၿပီးေနာက္ ၿမိဳ႕တြင္းက ေနအိမ္ေတြအေပၚ ပစ္ခတ္မႈေတြကို ဆက္လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ အိမ္ထဲမွာ ႐ွိေနတဲ့ ကေလးငယ္တေယာက္ ဒဏ္ရာရထားေပမဲ့ ေဆးကုသႏိုင္ဖုိ႔ အခက္အခဲျဖစ္ေနပါတယ္။ ေဒသခံကာကြယ္ေရးတပ္ဖဲြ႔ေတြနဲ႔ စစ္တပ္ အျပန္အလွန္ ပစ္ခတ္မႈအတြင္း စစ္ေဘးလြတ္ရာကို ေျပးေနရသူေတြမွာလည္း အစားအစာ ေဆး၀ါးအကူအညီေတြ လိုအပ္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူ ကေျပာျပပါမယ္။
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္တပ္ၾကား မင္းတပ္ၿမိဳ႕မွာ တိုက္ခိုက္မႈေတြျဖစ္ခဲ့ၿပီးေနာက္ ကာကြယ္ေရးတပ္ေတြ ေနာက္ဆုတ္ေပးခဲ့တဲ့အတြက္ စစ္တပ္က ၿမိဳ႕တြင္းက အဓိကေနရာေတြမွာ ဝင္ေရာက္ တပ္စြဲေနပါတယ္။ ေမလ ၁၇ ရက္ေန႔က ၿမိဳ႕ထဲက လူေနအိမ္ တခ်ဳိ႕အေပၚ လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္ခဲ့လို႔ ကေလးငယ္တေယာက္ ထိခိုက္ ဒဏ္ရာရခဲ့တယ္လို႔ CDF က တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။
“မင္းတပ္ၿမိဳ႕တြင္းမွာ ကြ်န္ေတာ္တို႔ ခ်င္းကာကြယ္ေရးတပ္ဦးအေနနဲ႔ တပ္ဆုတ္ေပးထားတယ္ေပါ့ေနာ္။ လူထုကို ဒိုင္းသဖြယ္ အသံုးျပဳၿပီးေတာ့ လူသားဒိုင္းသဖြယ္ျပဳလုပ္လာလို႔ ကြ်န္ေတာ္တို႔က တပ္ဆုတ္ေပးထားတယ္။ တၿမိဳ႕လံုး တပ္ဆုတ္ေပးထားတာကို အဲ့ဒါကို ညဘက္ေကာ ေန႔ဘက္ေကာ လူထုရဲ႕အိမ္ေတြ ျပည္သူေတြရဲ႕ အိမ္ေတြကို လက္နက္ႀကီးေတြနဲ႔ လိုက္ပစ္ ၊ ေခြးေဟာင္တဲ့အသံ ၾကားရင္လည္း အဲ့ဘက္ကိုပစ္တာပဲ ၾကက္တြန္သံၾကားရင္လည္း ပစ္တာပဲ။ ဒီေန႔ ေန႔လည္ေလာက္မွာေပါ့ေလ လက္နက္ႀကီး ၄ ၊ ၅ ခ်က္ေလာက္ေတာ့ပစ္တယ္။ အဲ့မွာ အိမ္ထဲမွာ ပုန္းေနတဲ့ မိသားစုတစု ကေလးငယ္ေလး ကြ်န္ေတာ္ထင္တယ္ ၈ ႏွစ္ ၉ ႏွစ္ေလာက္ပဲရွိမယ္ ထင္တယ္။ ေနာက္လည္ပင္းရိုးေအာက္နားေလးမွာ ဒဏ္ရာရသြားတယ္။ ဒဏ္ရာက အေတာ္ႀကီးတယ္။ အဲ့လိုပဲ ထင္တိုင္းၾကဲေနေတာ့ အရပ္ေလးမ်က္ႏွာပစ္ေနတာ ဒဏ္ရာရတဲ့သူကိုလည္း တေယာက္နဲ႔တေယာက္ မကူညီႏိုင္ဘူး။ ေနာက္ေဆးအဖြဲ႕ေတြလည္း ကူညီေပးတာေတြ မလုပ္ႏိုင္ဘူး၊ မကူညီႏိုင္ဘူးျဖစ္သြားတာေပါ့။ ကြ်န္ေတာ္တို႔ CDF အေနနဲ႔ၿပီးခဲ့တဲ့ တေန႔ကတည္းက တပ္ဆုတ္ေပးထားတယ္ မပစ္ေတာ့ဘူး။ လူထုကို အထိနာမွာဆိုးလို႔ တပ္ဆုတ္ေပးထားတယ္။”
စစ္တပ္က ပစ္ခတ္တာေၾကာင့္ က်ည္ထိမွန္ခဲ့တဲ့ အသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ရဲ႕ မိသားစုနဲ႔ နီးစပ္သူ တဦးကလည္း ေဆးကုသဖုိ႔ခက္ခဲေနတဲ့ အေျခအေနကို ဗြီအိုေအကို အခုလိုေျပာပါတယ္။
“ညီမတို႔သိတာ က်ည္ဆံထိမွန္တယ္လို႔သိရပါတယ္။ ညီမတို႔ကို ဖုန္းလွမ္းဆက္တဲ့အခ်ိန္မွာ ကြ်န္မတို႔ သမီးက က်ည္ဆံထိမွန္သြားၿပီလို႔ အဲ့လိုပဲေျပာတယ္။ ဖုန္းလွမ္းဆက္တဲ့အခ်ိန္က ၁၀ နာရီ ၄၀ ၀န္းက်င္ဆိုေတာ့ ၁၀ နာရီခြဲေလာက္က ျဖစ္တာပါရွင့္။ ညီမတို႔က အိမ္ထဲကေန အိမ္ျပင္လည္း ထြက္လို႔မရဘူး။ ပုန္းခိုဖို႔ ထြက္ေျပးဖို႔ တိမ္းေရွာင္ဖို႔သြားရင္လည္း ေတြ႕တာနဲ႔တန္းပစ္တယ္ တန္းဖမ္းၾကတယ္ဆိုေတာ့ ေဆးခန္းသြားဖို႔လည္း အေျခအေန မေပးႏိုင္ၾကဘူး။ အဲ့ဒါေၾကာင့္မို႔ ကေလးရဲ႕အေျခအေနကလည္း သိပ္ၿပီးေတာ့ စိုးရိမ္ရတယ္ဆိုတာထက္ ေဆးခန္းလည္း သြားျပလို႔ မရဘူးဆိုေတာ့ အေျခအေန သိပ္မေကာင္းႏိုင္ဘူး။”
ေမ ၁၃ ရက္ညပိုင္းက မင္းတပ္ၿမိဳ႕နယ္ထဲမွာ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ခဲ့ၿပီး ေမ ၁၄ ရက္နဲ႔ ၁၅ ရက္ေတြေတြမွာ ၂ ဖက္ၾကား တိုက္ပြဲေတြျဖစ္ခဲ့တာမွာ စစ္တပ္ဘက္က ေလေၾကာင္း ကေန အင္အားအလံုးအရင္းနဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္
ေဒသခံေတြ အမ်ားအျပား ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ထြက္ေျပး တိမ္းေရွာင္သူေတြဟာ နီးစပ္ရာ ေတာထဲမွာ ခိုလံႈေနရၿပီး အစားအစာ ေဆး၀ါးနဲ႔ အမိုးအကာေတြ အေရးေပၚ လိုအပ္ေနၾကပါတယ္။ အခုလို အေရးေပၚအကူအညီ လိုအပ္ေနတာနဲ႔ပတ္သက္လို႔ ကိုယ္တိုင္ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ ေနရသူ တဦးက အခုလိုေျပာပါတယ္။
“ေျပာရမယ္ဆိုရင္ မင္းတပ္မွာရွိတဲ့ လူဦးေရရဲ႕ ၃ ပံု ပံုရင္ ၁ ပံုေလာက္ပဲ ၿမိဳ႕ထဲမွာ က်န္ေနတာ ၂ ပံုေလာက္က နီးစပ္ရာ ေတာေတာင္ေတြနဲ႔ ေက်းရြာေတြကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္။ ကြ်န္ေတာ္တို႔ ေရွာင္ေျပးေနရတဲ့ ေနရာမွာဆိုရင္ လူဦးေရ ၅၀၀ ေလာက္ရွိတယ္။ အခုထြက္ေျပးေနတဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးငယ္ေတြ ေတာ္ေတာ္မ်ားမ်ား ထြက္ေျပးေနၾကတယ္ေပါ့။ ေတာထဲ ေတာင္ထဲမွာ ေရာက္ေနတယ္ဆိုေတာ့ ေလာေလာဆယ္ ေဆး၀ါး အစားအေသာက္ေတြရယ္ ေတာင္ေပၚေဒသဆိုေတာ့ အစားအေသာက္ ခက္ခဲတဲ့ေနရာမ်ိဳး ျဖစ္ေနတဲ့အခါက်ေတာ့ အစားအေသာက္လိုတယ္။ ၿပီးရင္ ေနထိုင္စရာ အမိုးအကာေတြလည္း လိုအပ္တယ္။ ေလာေလာဆယ္လိုအပ္တာက။ ကြ်န္ေတာ္တို႔ၿမိဳ႕ေပၚမျပန္ႏိုင္ဘူးဆိုရင္ ေတာ့ ပိုပိုၿပီးေတာ့ ခက္ခဲလာမယ့္အေျခအေနပဲရွိပါတယ္။ ေလာေလာဆယ္ေတာ့ ဘာအကူညီမွ မရဘူးေပါ့။ သို႔ေသာ္ ျပည္ပက ေဆြမ်ိဳးသားခ်င္းေတြဆီက အားေပးစကားေတြနဲ႔ပဲ အားတင္းထားတာေပါ့။ ကြ်န္ေတာ္တို႔ အားတင္းထားတယ္။ သူတို႔ကိုလည္း ေက်းဇူးလည္းတင္တယ္။ တိုက္ပြဲရွိေနသေရြ႕ေတာ့ ကြ်န္ေတာ္တို႔က တိမ္းေရွာင္ရမယ့္ အေျခအေနမွာ ရွိေနပါတယ္။”
မင္းတပ္ၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္သူေတြကို စစ္တပ္က ဖမ္းဆီးသြားၿပီးေနာက္ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုရာကေန စစ္ေကာင္စီဘက္က ျပန္မလႊတ္ေပးတဲ့အတြက္ ၂ ဖက္အျပန္အလွန္ တိုက္ပြဲေတြ စတင္ခဲ့တာပါ။
ေမ ၁၄ ရက္နဲ႔ ၁၅ ရက္တြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္းမွာ မင္းတပ္ CDF ဘက္က ၆ ဦး ေသဆံုးခဲ့ၿပီး စစ္ေကာင္စီဘက္ကလည္း အမ်ားအျပား က်ဆံုးခဲ့တယ္လို႔ မင္းတပ္ CDF ဘက္က ေျပာေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ ေသဆံုးတဲ့ စာရင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ ဒါ့အျပင္ မင္းတပ္ CDF ဘက္က စစ္ကား ၆ စီးကို မီးရိႈ႕ခဲ့ၿပီး ကားေပၚပါလာတဲ့ လက္နက္ေတြကိုလည္း သိမ္းဆည္းခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ စစ္ေကာင္စီဘက္က အင္အားျဖည့္ၿပီး ေလေၾကာင္းကေနပါ တိုက္ခိုက္ၿပီး မင္းတပ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့တာျဖစ္ပါတယ္။
.................
မင်းတပ်မြို့တွင်း စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ် (မင်းတပ် CDF အဖွဲ့ဝင်)
(Unicode)
မင်းတပ်မြို့ကို စစ်တပ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းက နေအိမ်တွေအပေါ် ပစ်ခတ်မှုတွေကို ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အိမ်ထဲမှာ ရှိနေတဲ့ ကလေးငယ်တယောက် ဒဏ်ရာရထားပေမဲ့ ဆေးကုသနိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ဘေးလွတ်ရာကို ပြေးနေရသူတွေမှာလည်း အစားအစာ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူ ကပြောပြပါမယ်။
ချင်းပြည်နယ် မင်းတပ်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မင်းတပ်မြို့မှာ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့တဲ့အတွက် စစ်တပ်က မြို့တွင်းက အဓိကနေရာတွေမှာ ဝင်ရောက် တပ်စွဲနေပါတယ်။ မေလ ၁၇ ရက်နေ့က မြို့ထဲက လူနေအိမ် တချို့အပေါ် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ကလေးငယ်တယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ CDF က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“မင်းတပ်မြို့တွင်းမှာ ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဦးအနေနဲ့ တပ်ဆုတ်ပေးထားတယ်ပေါ့နော်။ လူထုကို ဒိုင်းသဖွယ် အသုံးပြုပြီးတော့ လူသားဒိုင်းသဖွယ်ပြုလုပ်လာလို့ ကျွန်တော်တို့က တပ်ဆုတ်ပေးထားတယ်။ တမြို့လုံး တပ်ဆုတ်ပေးထားတာကို အဲ့ဒါကို ညဘက်ကော နေ့ဘက်ကော လူထုရဲ့အိမ်တွေ ပြည်သူတွေရဲ့ အိမ်တွေကို လက်နက်ကြီးတွေနဲ့ လိုက်ပစ် ၊ ခွေးဟောင်တဲ့အသံ ကြားရင်လည်း အဲ့ဘက်ကိုပစ်တာပဲ ကြက်တွန်သံကြားရင်လည်း ပစ်တာပဲ။ ဒီနေ့ နေ့လည်လောက်မှာပေါ့လေ လက်နက်ကြီး ၄ ၊ ၅ ချက်လောက်တော့ပစ်တယ်။ အဲ့မှာ အိမ်ထဲမှာ ပုန်းနေတဲ့ မိသားစုတစု ကလေးငယ်လေး ကျွန်တော်ထင်တယ် ၈ နှစ် ၉ နှစ်လောက်ပဲရှိမယ် ထင်တယ်။ နောက်လည်ပင်းရိုးအောက်နားလေးမှာ ဒဏ်ရာရသွားတယ်။ ဒဏ်ရာက အတော်ကြီးတယ်။ အဲ့လိုပဲ ထင်တိုင်းကြဲနေတော့ အရပ်လေးမျက်နှာပစ်နေတာ ဒဏ်ရာရတဲ့သူကိုလည်း တယောက်နဲ့တယောက် မကူညီနိုင်ဘူး။ နောက်ဆေးအဖွဲ့တွေလည်း ကူညီပေးတာတွေ မလုပ်နိုင်ဘူး၊ မကူညီနိုင်ဘူးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ CDF အနေနဲ့ပြီးခဲ့တဲ့ တနေ့ကတည်းက တပ်ဆုတ်ပေးထားတယ် မပစ်တော့ဘူး။ လူထုကို အထိနာမှာဆိုးလို့ တပ်ဆုတ်ပေးထားတယ်။”
စစ်တပ်က ပစ်ခတ်တာကြောင့် ကျည်ထိမှန်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်ရဲ့ မိသားစုနဲ့ နီးစပ်သူ တဦးကလည်း ဆေးကုသဖို့ခက်ခဲနေတဲ့ အခြေအနေကို ဗွီအိုအေကို အခုလိုပြောပါတယ်။
“ညီမတို့သိတာ ကျည်ဆံထိမှန်တယ်လို့သိရပါတယ်။ ညီမတို့ကို ဖုန်းလှမ်းဆက်တဲ့အချိန်မှာ ကျွန်မတို့ သမီးက ကျည်ဆံထိမှန်သွားပြီလို့ အဲ့လိုပဲပြောတယ်။ ဖုန်းလှမ်းဆက်တဲ့အချိန်က ၁၀ နာရီ ၄၀ ဝန်းကျင်ဆိုတော့ ၁၀ နာရီခွဲလောက်က ဖြစ်တာပါရှင့်။ ညီမတို့က အိမ်ထဲကနေ အိမ်ပြင်လည်း ထွက်လို့မရဘူး။ ပုန်းခိုဖို့ ထွက်ပြေးဖို့ တိမ်းရှောင်ဖို့သွားရင်လည်း တွေ့တာနဲ့တန်းပစ်တယ် တန်းဖမ်းကြတယ်ဆိုတော့ ဆေးခန်းသွားဖို့လည်း အခြေအနေ မပေးနိုင်ကြဘူး။ အဲ့ဒါကြောင့်မို့ ကလေးရဲ့အခြေအနေကလည်း သိပ်ပြီးတော့ စိုးရိမ်ရတယ်ဆိုတာထက် ဆေးခန်းလည်း သွားပြလို့ မရဘူးဆိုတော့ အခြေအနေ သိပ်မကောင်းနိုင်ဘူး။”
မေ ၁၃ ရက်ညပိုင်းက မင်းတပ်မြို့နယ်ထဲမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီး မေ ၁၄ ရက်နဲ့ ၁၅ ရက်တွေတွေမှာ ၂ ဖက်ကြား တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်တပ်ဘက်က လေကြောင်း ကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့်
ဒေသခံတွေ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေး တိမ်းရှောင်သူတွေဟာ နီးစပ်ရာ တောထဲမှာ ခိုလှုံနေရပြီး အစားအစာ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေကြပါတယ်။ အခုလို အရေးပေါ်အကူအညီ လိုအပ်နေတာနဲ့ပတ်သက်လို့ ကိုယ်တိုင်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရသူ တဦးက အခုလိုပြောပါတယ်။
“ပြောရမယ်ဆိုရင် မင်းတပ်မှာရှိတဲ့ လူဦးရေရဲ့ ၃ ပုံ ပုံရင် ၁ ပုံလောက်ပဲ မြို့ထဲမှာ ကျန်နေတာ ၂ ပုံလောက်က နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကျွန်တော်တို့ ရှောင်ပြေးနေရတဲ့ နေရာမှာဆိုရင် လူဦးရေ ၅၀၀ လောက်ရှိတယ်။ အခုထွက်ပြေးနေတဲ့ တော်တော်များများကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ တော်တော်များများ ထွက်ပြေးနေကြတယ်ပေါ့။ တောထဲ တောင်ထဲမှာ ရောက်နေတယ်ဆိုတော့ လောလောဆယ် ဆေးဝါး အစားအသောက်တွေရယ် တောင်ပေါ်ဒေသဆိုတော့ အစားအသောက် ခက်ခဲတဲ့နေရာမျိုး ဖြစ်နေတဲ့အခါကျတော့ အစားအသောက်လိုတယ်။ ပြီးရင် နေထိုင်စရာ အမိုးအကာတွေလည်း လိုအပ်တယ်။ လောလောဆယ်လိုအပ်တာက။ ကျွန်တော်တို့မြို့ပေါ်မပြန်နိုင်ဘူးဆိုရင် တော့ ပိုပိုပြီးတော့ ခက်ခဲလာမယ့်အခြေအနေပဲရှိပါတယ်။ လောလောဆယ်တော့ ဘာအကူညီမှ မရဘူးပေါ့။ သို့သော် ပြည်ပက ဆွေမျိုးသားချင်းတွေဆီက အားပေးစကားတွေနဲ့ပဲ အားတင်းထားတာပေါ့။ ကျွန်တော်တို့ အားတင်းထားတယ်။ သူတို့ကိုလည်း ကျေးဇူးလည်းတင်တယ်။ တိုက်ပွဲရှိနေသရွေ့တော့ ကျွန်တော်တို့က တိမ်းရှောင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။”
မင်းတပ်မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ စစ်ကောင်စီဘက်က ပြန်မလွှတ်ပေးတဲ့အတွက် ၂ ဖက်အပြန်အလှန် တိုက်ပွဲတွေ စတင်ခဲ့တာပါ။
မေ ၁၄ ရက်နဲ့ ၁၅ ရက်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ မင်းတပ် CDF ဘက်က ၆ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အများအပြား ကျဆုံးခဲ့တယ်လို့ မင်းတပ် CDF ဘက်က ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးတဲ့ စာရင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒါ့အပြင် မင်းတပ် CDF ဘက်က စစ်ကား ၆ စီးကို မီးရှို့ခဲ့ပြီး ကားပေါ်ပါလာတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး လေကြောင်းကနေပါ တိုက်ခိုက်ပြီး မင်းတပ်မြို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။