သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေပၚ အေမရိကန္အေရးယူဒဏ္ခတ္စာရင္းတိုး


ေမလ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ေနရာတခုမွာ ေတြ႔ရတဲ့ စစ္ေကာင္စီ တပ္ဖဲြ႔ဝင္တခ်ိဳ႕။ (ေမ ၇၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုရဲ႕ အေရးယူမႈ စာရင္းထဲ ျမန္မာႏိ္ုင္ငံက ေနာက္ထပ္ လူပုဂၢိဳလ္ ၁၆ ဦးနဲ႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (SAC)တို႔ကို ဒီကေန႔ရက္စဲြနဲ႔ စာရင္းထည့္သြင္းလိုက္ပါတယ္။ SAC အရပ္သားစစ္ေကာင္စီအဖဲြ႔၀င္ေတြနဲ႔ စစ္ေကာင္စီက ခန္႔အပ္တဲ့ ျပည္ေထာင္စု၀န္ႀကီးေတြ လူပုဂၢိဳလ္စာရင္းထဲမွာ ပါ၀င္ၿပီးေတာ့ အေရးယူဒဏ္ခတ္ခံရတဲ့ အဖဲြ႕အစည္းစာရင္းထဲ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ထည့္သြင္းထားပါတယ္။

အရပ္သား စစ္ေကာင္စီအဖဲြ႕၀င္ေတြျဖစ္တဲ့ ဦးသိန္းၫြန္႔၊ ဦးခင္ေမာင္ေဆြ၊ မန္းၿငိမ္းေမာင္၊ စိုင္းလံုစိုင္းတို႔ ပါ၀င္သလို အစိုးရအဖဲြ႕၀င္ေတြထဲကဆိုရင္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးကိုကိုလိႈင္၊ နယ္စပ္ေရးရာ ၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးထြန္းထြန္းေနာင္၊ စီးပြားကူးသန္း၀န္ႀကီး ဦးပြင့္ဆန္း၊ ဘ႑ာေရး၀န္ႀကီး ဦး၀င္းရွိန္၊ က်န္းမာေရး၀န္ႀကီး ဦးသက္ဆိုင္၀င္း၊ သဘာ၀သယံဇာတ၀န္ႀကီး ဦးခင္ေမာင္ရီ၊ တိုင္းရင္းသားေရးရာ၀န္ႀကီး ဦးထြန္းေအာင္ျမင့္တို႔ ဒီစာရင္းထဲပါ၀င္ေနပါတယ္။ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းၿငိမ္း၊ ေရြးေကာက္ပဲြေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးတို႔ကိုလည္း ထည့္သြင္းထားပါတယ္။ စစ္ေကာင္စီအဖဲြ႕၀င္ ဗိုလ္ခ်ဳပ္ႀကီးတခ်ိဳ႕ရဲ႕ သားသမီးေတြကိုလည္း စာရင္းထဲ ထည့္သြင္းထားပါတယ္။

ျမန္မာႏိ္ုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္၊ ကန္႔ကြက္ဆႏၵျပမႈေတြ ႏိုင္ငံအ၀ွမ္းျဖစ္ခဲ့ရာမွာ စစ္တပ္ကအၾကမ္းဖက္ၿဖိဳခဲြေနပါတယ္။ AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ စာရင္းအရဆိုရင္ အၾကမ္းဖက္ပစ္ခတ္မႈေၾကာင့္ ေသဆံုးသူ ၈၀၀ ေက်ာ္ရွိေနၿပီး၊ ဖမ္းဆီးခံထားရသူကလည္း ၄,၀၀၀ ေက်ာ္ရွိပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ AAPP ရဲ႕ ေသဆံုးစာရင္းဟာ မမွန္ကန္ဘူးလို႔ ျငင္းထားပါတယ္။ ျမန္မာစစ္အာဏာပိုင္ေတြဘက္က အခုလို ပစ္ခတ္ႏွိမ္နင္းတာေတြကို ခ်က္ျခင္းရပ္ၿပီး ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားဖို႔ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာက ေတာင္းဆိုထားပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕ စစ္အာဏာသိမ္းမႈနဲ႔ ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္းမႈေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပႏိုင္ငံေတြအပါအ၀င္ အေနာက္ႏိုင္ငံေတြက ျမန္မာစစ္ေကာင္စီကို အေရးယူဒဏ္ခတ္တာေတြ လုပ္ေနပါတယ္။ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြကို ပစ္ခတ္ထားအေရးယူ ဒဏ္ခတ္တာေတြရွိသလို စစ္တပ္ကို ၀င္ေငြေထာက္ပံ့မႈျဖစ္ေစမယ့္ လုပ္ငန္းကုမၸဏီေတြကို အေရးယူတာေတြလည္းရွိေနပါတယ္။

ဒီအေရးယူမႈစာရင္းပါ လူပုဂၢိဳလ္နဲ႔ အဖဲြ႕အစည္းေတြရဲ႕ ပိုင္ဆိုင္မႈေတြကို အေမရိကန္ျပည္ေထာင္စုက ထိန္းခ်ဳပ္မွာျဖစ္သလို သူတို႔နဲ႔ ဆက္ႏြယ္ပတ္သက္မႈ မွန္သမွ်ကိုလည္း ရပ္ဆိုင္းမွာျဖစ္ပါတယ္။

ျမန္မာအေပၚ အေမရိကန္အေရးယူဒဏ္ခတ္စာရင္းတိုး
please wait

No media source currently available

0:00 0:01:31 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး

အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှု စာရင်းထဲ မြန်မာနိုင်ငံက နောက်ထပ် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)တို့ကို ဒီကနေ့ရက်စွဲနဲ့ စာရင်းထည့်သွင်းလိုက်ပါတယ်။ SAC အရပ်သားစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ လူပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ပြီးတော့ အရေးယူဒဏ်ခတ်ခံရတဲ့ အဖွဲ့အစည်းစာရင်းထဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထည့်သွင်းထားပါတယ်။

အရပ်သား စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ မန်းငြိမ်းမောင်၊ စိုင်းလုံစိုင်းတို့ ပါဝင်သလို အစိုးရအဖွဲ့ဝင်တွေထဲကဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းထွန်းနောင်၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး ဦးသက်ဆိုင်ဝင်း၊ သဘာဝသယံဇာတဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်တို့ ဒီစာရင်းထဲပါဝင်နေပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ကိုလည်း ထည့်သွင်းထားပါတယ်။ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးတွေကိုလည်း စာရင်းထဲ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်၊ ကန့်ကွက်ဆန္ဒပြမှုတွေ နိုင်ငံအဝှမ်းဖြစ်ခဲ့ရာမှာ စစ်တပ်ကအကြမ်းဖက်ဖြိုခွဲနေပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရဆိုရင် အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိနေပြီး၊ ဖမ်းဆီးခံထားရသူကလည်း ၄,၀၀၀ ကျော်ရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ သေဆုံးစာရင်းဟာ မမှန်ကန်ဘူးလို့ ငြင်းထားပါတယ်။ မြန်မာစစ်အာဏာပိုင်တွေဘက်က အခုလို ပစ်ခတ်နှိမ်နင်းတာတွေကို ချက်ခြင်းရပ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေအပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို အရေးယူဒဏ်ခတ်တာတွေ လုပ်နေပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပစ်ခတ်ထားအရေးယူ ဒဏ်ခတ်တာတွေရှိသလို စစ်တပ်ကို ဝင်ငွေထောက်ပံ့မှုဖြစ်စေမယ့် လုပ်ငန်းကုမ္ပဏီတွေကို အရေးယူတာတွေလည်းရှိနေပါတယ်။

ဒီအရေးယူမှုစာရင်းပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်မှာဖြစ်သလို သူတို့နဲ့ ဆက်နွယ်ပတ်သက်မှု မှန်သမျှကိုလည်း ရပ်ဆိုင်းမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG