သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လံုျခံဳေရးတင္းၾကပ္မႈၾကားက ဆႏၵျပပဲြမ်ား၊ ထားဝယ္ ၅ ဦး ဖမ္းခံရ


မေကြးတိုင္း ဂန႔္ေဂါၿမိဳ႕နယ္ ႏွမ္းခါး႐ြာ စစ္အာဏာရွင္ဆန္႔က်င္သပိတ္ စစ္ေၾကာင္း။ (ေမ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြကို လံုၿခံဳေရးတင္းၾကပ္တဲ့ အေျခအေနၾကားကပဲ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ဆက္လုပ္ေနၾကပါတယ္။ ထားဝယ္ၿမိဳ႕က ဆႏၵျပပြဲေတြကို စစ္တပ္က ၿဖိဳခဲြမႈအတြင္း ၅ ေယာက္ထက္မနည္း အဖမ္းခံရပါတယ္။ ရန္ကုန္မွာေတာ့ အဖမ္းအဆီး အစစ္အေဆးမ်ားေနတဲ့အတြက္ ဆႏၵျပပဲြတခ်ဳိ႕ကို နားထားၾကပါတယ္။ ခုလို ႏိုင္ငံအႏံွ႔က ဆႏၵျပပြဲအေျခအေန ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္ကတင္ျပပါမယ္။

အခုရက္ပိုင္း ဆႏၵျပမႈေတြ တျဖည္းျဖည္း နည္းသြားတဲ့ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပပြဲ ဦးေဆာင္သူေတြကို ႐ွာေဖြဖမ္းဆီးတာ၊ ဆႏၵျပပြဲ လူစုခဲြခ်ိန္မွာ လိုက္လံဖမ္းဆီးတာေတြ ႐ွိေနတာေၾကာင့္ လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပႏိုင္ဖုိ႔ ခက္ခဲလာတယ္လို႔ ေတာင္ဒဂုံသပိတ္စစ္ေၾကာင္းဦးေဆာင္သူက ေျပာပါတယ္။ ဒါေပမဲ့ သူတုိ႔အေနနဲ႔ တျခားနည္းလမ္းေတြနဲ႔ စစ္အာဏာ႐ွင္စနစ္ဆန္႔က်င္မႈေတြ လုပ္သြားမယ္လို႔ ေျပာပါတယ္။

“ရန္ကုန္မွာေတာ့ က်ေနာ္တို႔ ဒီဘက္ေပါ့ေနာ္။ ေတာင္ဒဂုံအေနနဲ႔ ဆႏၵျပပြဲေတြေတာ့ ရပ္လိုက္ရတယ္ဗ်။ တစ္ေန႔က ေတာ္လွန္ေသြးမကုန္ ေတာင္ဒဂုံေစ်းသပိတ္လုပ္တယ္ေလ။ ေစ်းသပိတ္လုပ္ေတာ့ အဲ့ဒီမွာတင္ က်ေနာ္တို႔ကို စစ္ေကာင္စီဘက္ ႏွစ္ဘက္ပိတ္ၿပီး ဖမ္းတာမ်ိဳးေတြရွိခဲ့ေတာ့ က်ေနာ္တို႔ ဒီရက္ပိုင္းအတြင္းမွာ ဆႏၵျပဖို႔အတြက္ေပါ့ေနာ္။ နားလိုက္ရတယ္ဗ်။ ၿပီးေတာ့ တျခားၿမိဳ႕နယ္ေတြ လုပ္တာလည္း က်ေနာ္တို႔ကို Join တာ မရွိေသးဘူးဗ်။ ဒီေန႔ သပိတ္ေကာ္မတီေရာ၊ မထြက္တဲ့ အဖြဲ႕ေတြ မ်ားလာတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္တို႔က ဒီသပိတ္ေတြထက္ တျခားလမ္းေၾကာင္းဘက္ကို ဦးတည္ေနတယ္ေပါ့ေနာ္။”

ၿဖိဳခြဲဖမ္းဆီးမႈေတြ ႐ွိေနတဲ့ၾကားမွာပဲ ျမန္မာႏိုင္ငံေတာင္ပိုင္း ထားဝယ္ၿမိဳ႕က ဆႏၵျပသူေတြကေတာ့ ဒီေန႔လည္း ဆက္ၿပီး ဆႏၵျပၾကပါတယ္။ တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းက မနက္အေစာပိုင္းက ထိုင္သပိတ္လုပ္ၿပီး လူစုခဲြႏိုင္ခဲ့ေပမဲ့ ေန႔လယ္ပိုင္းလုပ္တဲ့ ထားဝယ္ပင္မသပိတ္စစ္ေၾကာင္းကိုေတာ့ စစ္ေကာင္စီတပ္ေတြက ရဲကားနဲ႔ သပိတ္ေၾကာင္းကို ဝင္တိုက္ၿပီး ဖမ္းဆီးခဲ့တဲ့အတြက္ ၅ ေယာက္ အနည္းဆံုး ဖမ္းဆီးခံခဲ့ရတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“၁၁ နာရီမွာ ထြက္တာဗ်။ ထြက္ၿပီး မၾကာခင္ပဲ စုရပ္ကို ျပန္ဝင္ၾကတဲ့ အခ်ိန္ေပါ့။ ရဲကားနဲ႔ သူတို႔ ဝင္လာၿပီး ထိပ္တိုက္ေတြ႕ဆုံမႈ ရွိခဲ့ပါတယ္။ သူတို႔က ရဲကားနဲ႔ တိုက္႐ိုက္လာၿပီးေတာ့ ဆႏၵျပစစ္ေၾကာင္းကို ဝင္တိုက္တာဗ်။ တိုက္ၿပီးေတာ့ ဖမ္းတာေတြရွိတယ္။ ေသနတ္ပစ္ခတ္မႈေတြလည္း ရွိခဲ့ပါတယ္ဗ်။ ဖမ္းဆီးခံရတာက ေလာေလာဆယ္ေတာ့ ၅ ေယာက္လို႔ေတာ့ အတည္ျပဳလို႔ရထားပါတယ္။ ဒါေပမဲ့ အတည္ျပဳလို႔ မရေသးတဲ့ သူေတြလည္း ရွိမယ္လို႔ေတာ့ ထင္ပါတယ္။ ၅ ေယာက္ထက္မနည္း ဖမ္းခံရတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္ဗ်။ ဖမ္းသြားတဲ့ထဲမွာ ရာဘာက်ည္ထိၿပီးေတာ့ ထိခိုက္ဒဏ္ရာရသြားတဲ့သူ တစ္ေယာက္ပါတယ္ဗ်။ ကားနဲ႔ တိုက္တာက ၂ ေယာက္ေတာ့ ထိခိုက္ဒဏ္ရာရတာ ရွိပါတယ္ဗ်။ အဲ့ဒီႏွစ္ေယာက္က ကားနဲ႔ ဝင္တိုက္တဲ့ ေနရာမွာ တိုက္မိသြားတာေပါ့ေနာ္။ တိုက္မိၿပီး သူတို႔လည္း ဖမ္းခံရပါတယ္ဗ်။”

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ ေတာင္ပိုင္းဇုန္မွာ ေက်ာင္းသူ၊ ေက်ာင္းသား၊ ဆရာ၊ ဆရာမနဲ႔ ျပည္သူလူထုအပါအဝင္ အင္အား ၄၀၀ ေလာက္က လက္ရွိ ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနကို အျပန္အလွန္ ေဆြးေႏြးေဟာေျပာတဲ့ ထိုင္သပိတ္ျပဳလုပ္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ လံုၿခံဳေရးေတြ ေရာက္မလာခင္မွာပဲ ေစာေစာလူစုခြဲခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူ တစ္ဦးက ေျပာပါတယ္။

“ဒီကေန႔က် ပဒိုင္ေတာ႐ြာကို သြားၿပီးေတာ့ ထိုင္သပိတ္ေပါ့။ ကေလးေတြနဲ႔ စည္းစည္းကားကားေလးနဲ႔ အားလုံးက ေဒသခံျပည္သူေတြရဲ႕ နားလည္သေဘာေပါက္မႈ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေနအထားေလးေတြကို အမ်ားျပည္သူလူထုသိေအာင္ အျပန္အလွန္ေလးေတြ ေျပာၾကေဆြးေႏြးၾကတာေပ့ါ။ အဲ့ဒီလိုေလးလုပ္ၾကတာ အၿမဲတမ္းပါ။ လူကေတာ့ ၂၀၀ ေက်ာ္၊ ၃၀၀ ေလာက္ ပတ္ဝန္းက်င္က လာတယ္ဗ်။ ႐ြာထဲက ၁၀၀ ေလာက္ဆိုရင္ေတာ့ ၄၀၀ ေလာက္ျဖစ္မွာေပါ့။ မ်ားေသာအားျဖင့္ က်ေနာ္တို႔က အတုန္းကေတာ့ ဆိုင္ကယ္နဲ႔ေပါ့... အနည္းဆုံး ၅ ႐ြာေလာက္ တစ္ေန႔ကို ေရာက္ေအာင္ ဆႏၵျပမႈေလးကို ေဆာင္႐ြက္ၾကတာဗ်။ ကင္းေထာက္ကေလးေတြ ထားတာေပ့ါ အဲ့ဒီလိုထားၿပီးကာမွ အေျခအေနေပၚမူတည္ၿပီးေတာ့ ေအးေအးေဆးေဆး ထိုင္သင့္တဲ့ ေန႔ဆိုရင္ ေအးေအးေဆးေဆးေပ့ါ။ ဒီကေန႔ဆိုရင္ေတာ့ အခ်ိန္မီ ရွင္းလင္းလိုက္ရတာေပ့ါ ကိုယ့္ကေလးေတြကို။”

ၿမိဳင္ၿမိဳ႕နယ္ ေတာင္ပိုင္းဇုန္ ထိုင္သပိတ္ ေဘးကင္းကင္းနဲ႔ လူစုခဲြႏိုင္ခဲ့ေပမဲ့ ၿမိဳင္ၿမိဳ႕နယ္ထဲက တျခားေက်း႐ြာ တခ်ဳိ႕မွာတာ့ စစ္ေကာင္စီတပ္ေတြက ၿဂိဳလ္တု စေလာင္းေတြကို ႐ိုက္ခ်ိဳး ျဖဳတ္သိမ္းတာေတြ လုပ္ခဲ့ၿပီး သပိတ္ဦးေဆာင္သူလို႔ သံသယျဖစ္တဲ့ အိမ္ေတြကို ရွာေဖြစစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္က ေက်း႐ြာတခ်ိဳ႕ စုေပါင္းၿပီး လူရာခ်ီနဲ႔ ထိုင္သပိတ္ လမ္းေလွ်ာက္သပိတ္ဆင္ႏႊဲခဲ့ၾကပါတယ္။ ဒီပဲရင္းၿမိဳ႕နယ္မွာလည္း NUG ေထာက္ခံတဲ့ စာတမ္းကိုင္ေဆာင္ၿပီး စစ္အာဏာရွင္ျပဳတ္က်ေရးအတြက္ ဆရာ၊ ဆရာမအပါအဝင္ လူထုရာနဲ႔ခ်ီ လမ္းေပၚထြက္ခ်ီတက္ဆႏၵျပေနၾကပါတယ္။ မႏၲေလးၿမိဳ႕မွာ အရင္ေန႔ေတြကထက္ လုံၿခဳံေရးေတြ ပိုခ်ထားတဲ့ၾကားကပဲ သံဃာ့သမဂၢသပိတ္၊ အင္ဂ်င္နီယာသပိတ္ နဲ႔ တကသသပိတ္စစ္ေၾကာင္းေတြ လမ္းေပၚထြက္ဆႏၵျပၾကပါတယ္။

ဖားကန္႔ၿမိဳ႕မွာလည္း ေမွာ္ေပါင္းစုံသပိတ္အျပင္ ဆိုင္ကယ္သပိတ္နဲ႔ စစ္ကြၽန္ပညာေရးအလိုမရွိေၾကာင္း ျပသတဲ့ ႐ြာတြင္းသပိတ္ေတြ ျပဳလုပ္ၾကပါတယ္။ ေလာင္းလုံ၊ ပခုကၠဴ၊ တန္႔ဆည္၊ ဒီပဲယင္း၊ ေက်ာက္မဲ၊ မိုးေကာင္း၊ ဆားလင္းႀကီးၿမိဳ႕ေတြမွာ လမ္းေလွ်ာက္သပိတ္၊ ဆိုင္ကယ္သပိတ္ေတြ ဆင္ႏႊဲၾကၿပီး ျမင္းၿခံ၊ပဲခူး၊ ၿမိဳင္၊ သီေပါ၊ အမရပူရၿမိဳ႕နယ္ေတြမွာ ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္ေတြ ပုံစံမ်ိဳးစုံ ျပဳလုပ္ၾကၿပီး စစ္အာဏာရွင္စနစ္ဆန္႔က်င္ေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လုံခြုံရေးတင်းကြပ်မှုကြားက ဆန္ဒပြပွဲများ၊ ထားဝယ် ၅ ဦး ဖမ်းခံရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတင်းကြပ်တဲ့ အခြေအနေကြားကပဲ မြို့တော်တော်များများမှာ ဆက်လုပ်နေကြပါတယ်။ ထားဝယ်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွဲမှုအတွင်း ၅ ယောက်ထက်မနည်း အဖမ်းခံရပါတယ်။ ရန်ကုန်မှာတော့ အဖမ်းအဆီး အစစ်အဆေးများနေတဲ့အတွက် ဆန္ဒပြပွဲတချို့ကို နားထားကြပါတယ်။ ခုလို နိုင်ငံအနံှ့က ဆန္ဒပြပွဲအခြေအနေ ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်ကတင်ပြပါမယ်။

အခုရက်ပိုင်း ဆန္ဒပြမှုတွေ တဖြည်းဖြည်း နည်းသွားတဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ရှာဖွေဖမ်းဆီးတာ၊ ဆန္ဒပြပွဲ လူစုခွဲချိန်မှာ လိုက်လံဖမ်းဆီးတာတွေ ရှိနေတာကြောင့် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြနိုင်ဖို့ ခက်ခဲလာတယ်လို့ တောင်ဒဂုံသပိတ်စစ်ကြောင်းဦးဆောင်သူက ပြောပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ တခြားနည်းလမ်းတွေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

“ရန်ကုန်မှာတော့ ကျနော်တို့ ဒီဘက်ပေါ့နော်။ တောင်ဒဂုံအနေနဲ့ ဆန္ဒပြပွဲတွေတော့ ရပ်လိုက်ရတယ်ဗျ။ တစ်နေ့က တော်လှန်သွေးမကုန် တောင်ဒဂုံဈေးသပိတ်လုပ်တယ်လေ။ ဈေးသပိတ်လုပ်တော့ အဲ့ဒီမှာတင် ကျနော်တို့ကို စစ်ကောင်စီဘက် နှစ်ဘက်ပိတ်ပြီး ဖမ်းတာမျိုးတွေရှိခဲ့တော့ ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှာ ဆန္ဒပြဖို့အတွက်ပေါ့နော်။ နားလိုက်ရတယ်ဗျ။ ပြီးတော့ တခြားမြို့နယ်တွေ လုပ်တာလည်း ကျနော်တို့ကို Join တာ မရှိသေးဘူးဗျ။ ဒီနေ့ သပိတ်ကော်မတီရော၊ မထွက်တဲ့ အဖွဲ့တွေ များလာတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့က ဒီသပိတ်တွေထက် တခြားလမ်းကြောင်းဘက်ကို ဦးတည်နေတယ်ပေါ့နော်။”

ဖြိုခွဲဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားမှာပဲ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့က ဆန္ဒပြသူတွေကတော့ ဒီနေ့လည်း ဆက်ပြီး ဆန္ဒပြကြပါတယ်။ တပ်ပေါင်းစု သပိတ်စစ်ကြောင်းက မနက်အစောပိုင်းက ထိုင်သပိတ်လုပ်ပြီး လူစုခွဲနိုင်ခဲ့ပေမဲ့ နေ့လယ်ပိုင်းလုပ်တဲ့ ထားဝယ်ပင်မသပိတ်စစ်ကြောင်းကိုတော့ စစ်ကောင်စီတပ်တွေက ရဲကားနဲ့ သပိတ်ကြောင်းကို ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တဲ့အတွက် ၅ ယောက် အနည်းဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၁ နာရီမှာ ထွက်တာဗျ။ ထွက်ပြီး မကြာခင်ပဲ စုရပ်ကို ပြန်ဝင်ကြတဲ့ အချိန်ပေါ့။ ရဲကားနဲ့ သူတို့ ဝင်လာပြီး ထိပ်တိုက်တွေ့ဆုံမှု ရှိခဲ့ပါတယ်။ သူတို့က ရဲကားနဲ့ တိုက်ရိုက်လာပြီးတော့ ဆန္ဒပြစစ်ကြောင်းကို ဝင်တိုက်တာဗျ။ တိုက်ပြီးတော့ ဖမ်းတာတွေရှိတယ်။ သေနတ်ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်ဗျ။ ဖမ်းဆီးခံရတာက လောလောဆယ်တော့ ၅ ယောက်လို့တော့ အတည်ပြုလို့ရထားပါတယ်။ ဒါပေမဲ့ အတည်ပြုလို့ မရသေးတဲ့ သူတွေလည်း ရှိမယ်လို့တော့ ထင်ပါတယ်။ ၅ ယောက်ထက်မနည်း ဖမ်းခံရတယ်လို့တော့ ပြောလို့ရပါတယ်ဗျ။ ဖမ်းသွားတဲ့ထဲမှာ ရာဘာကျည်ထိပြီးတော့ ထိခိုက်ဒဏ်ရာရသွားတဲ့သူ တစ်ယောက်ပါတယ်ဗျ။ ကားနဲ့ တိုက်တာက ၂ ယောက်တော့ ထိခိုက်ဒဏ်ရာရတာ ရှိပါတယ်ဗျ။ အဲ့ဒီနှစ်ယောက်က ကားနဲ့ ဝင်တိုက်တဲ့ နေရာမှာ တိုက်မိသွားတာပေါ့နော်။ တိုက်မိပြီး သူတို့လည်း ဖမ်းခံရပါတယ်ဗျ။”

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်းဇုန်မှာ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမနဲ့ ပြည်သူလူထုအပါအဝင် အင်အား ၄၀၀ လောက်က လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို အပြန်အလှန် ဆွေးနွေးဟောပြောတဲ့ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတွေ ရောက်မလာခင်မှာပဲ စောစောလူစုခွဲခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“ဒီကနေ့ကျ ပဒိုင်တောရွာကို သွားပြီးတော့ ထိုင်သပိတ်ပေါ့။ ကလေးတွေနဲ့ စည်းစည်းကားကားလေးနဲ့ အားလုံးက ဒေသခံပြည်သူတွေရဲ့ နားလည်သဘောပေါက်မှု လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအနေအထားလေးတွေကို အများပြည်သူလူထုသိအောင် အပြန်အလှန်လေးတွေ ပြောကြဆွေးနွေးကြတာပေ့ါ။ အဲ့ဒီလိုလေးလုပ်ကြတာ အမြဲတမ်းပါ။ လူကတော့ ၂၀၀ ကျော်၊ ၃၀၀ လောက် ပတ်ဝန်းကျင်က လာတယ်ဗျ။ ရွာထဲက ၁၀၀ လောက်ဆိုရင်တော့ ၄၀၀ လောက်ဖြစ်မှာပေါ့။ များသောအားဖြင့် ကျနော်တို့က အတုန်းကတော့ ဆိုင်ကယ်နဲ့ပေါ့... အနည်းဆုံး ၅ ရွာလောက် တစ်နေ့ကို ရောက်အောင် ဆန္ဒပြမှုလေးကို ဆောင်ရွက်ကြတာဗျ။ ကင်းထောက်ကလေးတွေ ထားတာပေ့ါ အဲ့ဒီလိုထားပြီးကာမှ အခြေအနေပေါ်မူတည်ပြီးတော့ အေးအေးဆေးဆေး ထိုင်သင့်တဲ့ နေ့ဆိုရင် အေးအေးဆေးဆေးပေ့ါ။ ဒီကနေ့ဆိုရင်တော့ အချိန်မီ ရှင်းလင်းလိုက်ရတာပေ့ါ ကိုယ့်ကလေးတွေကို။”

မြိုင်မြို့နယ် တောင်ပိုင်းဇုန် ထိုင်သပိတ် ဘေးကင်းကင်းနဲ့ လူစုခွဲနိုင်ခဲ့ပေမဲ့ မြိုင်မြို့နယ်ထဲက တခြားကျေးရွာ တချို့မှာတာ့ စစ်ကောင်စီတပ်တွေက ဂြိုလ်တု စလောင်းတွေကို ရိုက်ချိုး ဖြုတ်သိမ်းတာတွေ လုပ်ခဲ့ပြီး သပိတ်ဦးဆောင်သူလို့ သံသယဖြစ်တဲ့ အိမ်တွေကို ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်က ကျေးရွာတချို့ စုပေါင်းပြီး လူရာချီနဲ့ ထိုင်သပိတ် လမ်းလျှောက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဒီပဲရင်းမြို့နယ်မှာလည်း NUG ထောက်ခံတဲ့ စာတမ်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆရာ၊ ဆရာမအပါအဝင် လူထုရာနဲ့ချီ လမ်းပေါ်ထွက်ချီတက်ဆန္ဒပြနေကြပါတယ်။ မန္တလေးမြို့မှာ အရင်နေ့တွေကထက် လုံခြုံရေးတွေ ပိုချထားတဲ့ကြားကပဲ သံဃာ့သမဂ္ဂသပိတ်၊ အင်ဂျင်နီယာသပိတ် နဲ့ တကသသပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။

ဖားကန့်မြို့မှာလည်း မှော်ပေါင်းစုံသပိတ်အပြင် ဆိုင်ကယ်သပိတ်နဲ့ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ပြသတဲ့ ရွာတွင်းသပိတ်တွေ ပြုလုပ်ကြပါတယ်။ လောင်းလုံ၊ ပခုက္ကူ၊ တန့်ဆည်၊ ဒီပဲယင်း၊ ကျောက်မဲ၊ မိုးကောင်း၊ ဆားလင်းကြီးမြို့တွေမှာ လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်တွေ ဆင်နွှဲကြပြီး မြင်းခြံ၊ပဲခူး၊ မြိုင်၊ သီပေါ၊ အမရပူရမြို့နယ်တွေမှာ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်တွေ ပုံစံမျိုးစုံ ပြုလုပ်ကြပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG