(Zawgyi / Unicode)
ျမန္မာျပည္သူေတြအေနနဲ႔ မေကာင္းမႈေတြနဲ႔ ရင္ဆုိင္ေနရတဲ့အခ်ိန္ စိတ္ပ်က္ အားငယ္တာ၊ အခ်င္းခ်င္း ေသြးကြဲတာေတြ မျဖစ္ၾကဖုိ႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ျမန္မာႏုိင္ငံအတြက္ အထူးျပဳလုပ္ေပးတဲ့ ဆုေတာင္းပြဲအတြင္း ဒီကေန႔ မိန္႔ၾကားလုိက္ပါတယ္။
“ကေန႔အခ်ိန္မွာ ခင္ဗ်ားတုိ႔ ခ်စ္ျမတ္ႏုိးတဲ့ ျမန္မာႏုိင္ငံဟာ အၾကမ္းဖက္မႈေတြ၊ ပဋိပကၡေတြ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။ အခုခ်ိန္မွာ ကၽြႏု္ပ္တုိ႔ အလုပ္သင့္ဆုံးက ဘာသာတရားအေပၚ ယုံၾကည္မႈရွိဖုိ႔ ျဖစ္ပါတယ္။ ကၽြႏု္ပ္တုိ႔ကုိယ္တုိင္က အဲဒီလုိ ယုံၾကည္မႈ မရွိၾကေတာ့ဘူးဆုိရင္ ထြက္ေပါက္ကုိ မျမင္ႏုိင္တဲ့သူေတြအတြက္ စိတ္ပ်က္အားငယ္စရာေကာင္းတဲ့ သံသရာထဲက ႐ုန္းမထြက္ႏုိင္တဲ့ အေျခအေနကုိ ေရာက္သြားႏုိင္ပါတယ္။” လုိ႔ ပုပ္ရဟန္းမင္းႀကီးက ေျပာသြားတာပါ။
ခရစ္ယာန္ဘာသာဝင္ေတြ အထြတ္အျမတ္ထားတဲ့ ေယ႐ႈခရစ္ေတာ္ ေကာင္းကင္ဘံုကိုႂကြတဲ့ ပြဲေတာ္ေန႔ျဖစ္တဲ့ ဒီကေန႔ ေမလ ၁၆ ရက္၊ တနဂၤေႏြေန႔မွာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ျမန္မာႏုိင္ငံနဲ႔ အီတလီမွာ ရွိေနၾကတဲ့ ျမန္မာမိသားစု အသုိင္းအဝုိင္း ၿငိမ္းခ်မ္းေရးအတြက္ အထူးဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ပုပ္ရဟန္းမင္းႀကီးက အႀကိမ္ႀကိမ္ ျပစ္တင္႐ႈတ္ခ်ခဲ့ၿပီး ျဖစ္ပါတယ္။
ျမန္မာျပည္သူေတြအေနနဲ႔ မိစာၦဝါဒီေတြက အႏုိင္ရေနၿပီး ေသာကဖိစီးတဲ့ အေမွာင္ညေတြကို ျဖတ္သန္းေနရေပမယ့္ ယုံၾကည္မႈနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္သုဥ္းမသြားဖုိ႔ အေရးႀကီးေၾကာင္းလည္း ပုပ္ရဟန္းမင္းႀကီးက ထည့္သြင္း မိန္႔ၾကားခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ျမန္မာျပည္သူျပည္သားေတြအေနနဲ႔ အမုန္းတရားနဲ႔ လက္စားေခ်လုိစိတ္ေတြ မထားၾကဖုိ႔၊ ကုိယ့္ရဲ႕ စံတန္ဖုိးေတြကုိ စေတးမပစ္ၾကဖုိ႔တုိ႔အျပင္ စည္းလုံးညီညြတ္မႈဟာ အေရးပါေၾကာင္းေတြကုိလည္း မိန္႔ၾကားခဲ့ပါတယ္။
အာဏာနဲ႔ အက်ဳိးအျမတ္ ရလုိမႈေတြ ဖိစီးလာတဲ့အခါ ပဋိပကၡေတြနဲ႔ ေသြးကြဲမႈေတြ အလုိလုိျဖစ္လာၾကစၿမဲလုိ႔လည္း ပုပ္ရဟန္းမင္းႀကီးက သူ႔ရဲ႕ ျမန္မာႏုိင္ငံအတြက္ အထူးဆုေတာင္းပြဲမွာ ထည့္သြင္း မိန္႔ၾကားခဲ့ပါတယ္။
ဗုဒၶဘာသာဝင္ေတြ အမ်ားစုေနထုိင္တဲ့ ျမန္မာႏုိင္ငံမွာ ႐ုိမန္ကက္သလစ္ဘာသာဝင္ ၈ သိန္းေလာက္ရွိပါတယ္။
-------------------------
(Unicode)
ပုပ်ရဟန်းမင်း မြန်မာပြည်သူတွေအတွက် ဆုမွန်တောင်း အားပေး
မြန်မာပြည်သူတွေအနေနဲ့ မကောင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် စိတ်ပျက် အားငယ်တာ၊ အချင်းချင်း သွေးကွဲတာတွေ မဖြစ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံအတွက် အထူးပြုလုပ်ပေးတဲ့ ဆုတောင်းပွဲအတွင်း ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။
“ကနေ့အချိန်မှာ ခင်ဗျားတို့ ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုချိန်မှာ ကျွနု်ပ်တို့ အလုပ်သင့်ဆုံးက ဘာသာတရားအပေါ် ယုံကြည်မှုရှိဖို့ ဖြစ်ပါတယ်။ ကျွနု်ပ်တို့ကိုယ်တိုင်က အဲဒီလို ယုံကြည်မှု မရှိကြတော့ဘူးဆိုရင် ထွက်ပေါက်ကို မမြင်နိုင်တဲ့သူတွေအတွက် စိတ်ပျက်အားငယ်စရာကောင်းတဲ့ သံသရာထဲက ရုန်းမထွက်နိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားတာပါ။
ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ယေရှုခရစ်တော် ကောင်းကင်ဘုံကိုကြွတဲ့ ပွဲတော်နေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၁၆ ရက်၊ တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံနဲ့ အီတလီမှာ ရှိနေကြတဲ့ မြန်မာမိသားစု အသိုင်းအဝိုင်း ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပုပ်ရဟန်းမင်းကြီးက အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ မိစ္ဆာဝါဒီတွေက အနိုင်ရနေပြီး သောကဖိစီးတဲ့ အမှောင်ညတွေကို ဖြတ်သန်းနေရပေမယ့် ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းမသွားဖို့ အရေးကြီးကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အမုန်းတရားနဲ့ လက်စားချေလိုစိတ်တွေ မထားကြဖို့၊ ကိုယ့်ရဲ့ စံတန်ဖိုးတွေကို စတေးမပစ်ကြဖို့တို့အပြင် စည်းလုံးညီညွတ်မှုဟာ အရေးပါကြောင်းတွေကိုလည်း မိန့်ကြားခဲ့ပါတယ်။
အာဏာနဲ့ အကျိုးအမြတ် ရလိုမှုတွေ ဖိစီးလာတဲ့အခါ ပဋိပက္ခတွေနဲ့ သွေးကွဲမှုတွေ အလိုလိုဖြစ်လာကြစမြဲလို့လည်း ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ မြန်မာနိုင်ငံအတွက် အထူးဆုတောင်းပွဲမှာ ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာဝင် ၈ သိန်းလောက်ရှိပါတယ်။